Myanmar Network

Myanmar Network Internet Service Provider

🚨 ဝန်ထမ်းခေါ်ယူခြင်း — Myanmar Network🌐 Myanmar Network မှ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ FTTH Service Team တွင် တာဝန်ထမ်...
25/08/2026

🚨 ဝန်ထမ်းခေါ်ယူခြင်း — Myanmar Network

🌐 Myanmar Network မှ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ FTTH Service Team တွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းအသစ်များ ခေါ်ယူနေပါသည်။

📌 ခေါ်ယူနေသောရာထူးများ
👨‍💼 FTTH Supervisor — ၄ ဦး
👨‍🔧 FTTH Installer — ၁၀ ဦး
━━━━━━━━━━━━━━
✅ FTTH Supervisor
✔ FTTH တပ်ဆင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေးအဖွဲ့ကို ဦးဆောင်နိုင်သူ
✔ FTTH၊ ISP သို့မဟုတ် ဆက်သွယ်ရေးလုပ်ငန်းအတွေ့အကြုံရှိသူ
✔ Fiber Splicing၊ OTDR၊ ONU၊ Router နှင့် Network အခြေခံဗဟုသုတရှိသူ
✔ Network ပြဿနာများကို စစ်ဆေးဖြေရှင်းနိုင်သူ
✔ နေ့စဉ်လုပ်ငန်းအစီရင်ခံစာနှင့် အဖွဲ့၏လုပ်ငန်းမှတ်တမ်းများကို စနစ်တကျပြုလုပ်နိုင်သူ
✔ အဖွဲ့ကို စီမံခန့်ခွဲနိုင်ပြီး Customer များနှင့် ကောင်းမွန်စွာဆက်ဆံပြောဆိုနိုင်သူ
✔ တာဝန်ယူမှုရှိပြီး အဖွဲ့လိုက်ပူးပေါင်းလုပ်ကိုင်နိုင်သူ
✔ ကားမောင်းနိုင်ပြီး တရားဝင်ယာဉ်မောင်းလိုင်စင်ရှိသူကို ဦးစားပေးမည်

✅ FTTH Installer
✔ FTTH တပ်ဆင်ခြင်းလုပ်ငန်းအတွေ့အကြုံရှိသူကို ဦးစားပေးမည်
✔ အတွေ့အကြုံမရှိသေးသူများလည်း သင်ယူလိုစိတ်နှင့် ကြိုးစားလိုစိတ်ရှိပါက လျှောက်ထားနိုင်ပါသည်
✔ Fiber Cable ဆွဲခြင်း၊ ONU နှင့် Router တပ်ဆင်ခြင်းတို့ကို သင်ယူလုပ်ကိုင်နိုင်သူ
✔ ပြင်ပလုပ်ငန်းခွင်နှင့် အမြင့်နေရာများတွင် လုံခြုံစွာတာဝန်ထမ်းဆောင်နိုင်သူ
✔ ကျန်းမာရေးကောင်းမွန်ပြီး အဖွဲ့လိုက်ပူးပေါင်းလုပ်ကိုင်နိုင်သူ
✔ Customer များနှင့် ယဉ်ကျေးစွာဆက်ဆံပြောဆိုနိုင်သူ
✔ ကားမောင်းနိုင်ပြီး တရားဝင်ယာဉ်မောင်းလိုင်စင်ရှိသူကို ဦးစားပေးမည်
━━━━━━━━━━━━━━
🎁 ဝန်ထမ်းခံစားခွင့်များ
✅ အရည်အချင်းနှင့် လုပ်ငန်းအတွေ့အကြုံအလိုက် သင့်တော်သောလစာ
✅ ဖုန်းဘေလ်ထောက်ပံ့ကြေး
✅ အချိန်ပိုလုပ်ကိုင်ရပါက အချိန်ပိုကြေး
✅ ရက်မှန်ကြေးနှင့် လုပ်ငန်းစွမ်းဆောင်ရည်ဆုကြေး
✅ လုပ်ငန်းလိုအပ်ချက်အလိုက် နည်းပညာသင်တန်းများ ပို့ချပေးခြင်း
✅ လုပ်ငန်းစွမ်းဆောင်ရည်အလိုက် လစာပြန်လည်သုံးသပ်၍ တိုးမြှင့်ပေးခြင်း
✅ အလုပ်စွမ်းဆောင်ရည်ကောင်းမွန်ပါက ရာထူးတိုးတက်နိုင်သည့်အခွင့်အရေး
✅ ကုမ္ပဏီမှ သတ်မှတ်ထားသော ခွင့်ရက်နှင့် အများပြည်သူရုံးပိတ်ရက် ခံစားခွင့်
✅ လုပ်ငန်းသုံးယူနီဖောင်းနှင့် လုံခြုံရေးပစ္စည်းများ ပံ့ပိုးပေးခြင်း
✅ ISP နှင့် FTTH Network လုပ်ငန်းများကို လက်တွေ့လေ့လာ၍ နည်းပညာကျွမ်းကျင်မှု တိုးတက်နိုင်သည့်အခွင့်အရေး
━━━━━━━━━━━━━━
📍 အလုပ်တည်နေရာ — ရန်ကုန်တိုင်းဒေသကြီးအတွင်း
🕘 အလုပ်ချိန် — နံနက် (၉:၀၀) နာရီမှ ညနေ (၅:၀၀) နာရီအထိ
📅 ပိတ်ရက် — တစ်ပတ်လျှင် (၁) ရက်

လျှောက်ထားရန်

မိမိ၏ ကိုယ်ရေးရာဇဝင် (CV)၊ လျှောက်ထားလိုသောရာထူး၊ မျှော်မှန်းလစာနှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်တို့ကို အောက်ပါ Email သို့မဟုတ် Viber/Telegram မှတစ်ဆင့် ပေးပို့လျှောက်ထားနိုင်ပါသည်။

📧 Email: [email protected]
📱 Viber / Telegram: 09 250 931 955

လျှောက်လွှာပေးပို့ရာတွင်—
FTTH Supervisor — Yangon
သို့မဟုတ်
FTTH Installer — Yangon
ဟု ရှင်းလင်းစွာ ဖော်ပြပေးပါရန်။

📢 နည်းပညာကျွမ်းကျင်မှု တိုးတက်လိုသူများ၊ သင်ယူလိုစိတ်ရှိသူများနှင့် တာဝန်ယူတတ်သူများကို Myanmar Network Team မှ နွေးထွေးစွာ ကြိုဆိုပါသည်။

🚨 WE'RE HIRING | Regional Operations Manager🌐 Myanmar Network မှ TwanTay Region အတွက် Regional Operations Manager (၁) ဦး...
24/08/2026

🚨 WE'RE HIRING | Regional Operations Manager

🌐 Myanmar Network မှ TwanTay Region အတွက် Regional Operations Manager (၁) ဦး အလိုရှိပါသည်။

Region တစ်ခုလုံး၏ Operation၊ Customer Service၊ Installation နှင့် Team Management လုပ်ငန်းများကို ဦးဆောင်နိုင်သူများကို ဖိတ်ခေါ်အပ်ပါသည်။

🎯 အဓိကတာဝန်များ

✅ Region ၏ နေ့စဉ်လုပ်ငန်းများကို စီမံကြီးကြပ်ခြင်း
✅ Operation၊ Customer Service၊ Installation နှင့် Sales Team များကို ပေါင်းစပ်ဦးဆောင်ခြင်း
✅ Customer Complaint နှင့် Operational Issue များကို အချိန်မီ ဖြေရှင်းပေးခြင်း
✅ KPI၊ Revenue၊ Expense နှင့် Performance များကို စောင့်ကြည့်သုံးသပ်ခြင်း
✅ Daily / Weekly / Monthly Report များ တင်ပြခြင်း

✅ လိုအပ်သောအရည်အချင်းများ

✔ Management Role တွင် (၂) နှစ်နှင့်အထက် အတွေ့အကြုံရှိသူ
✔ Team Leadership နှင့် Problem Solving Skill ကောင်းမွန်သူ
✔ Microsoft Excel၊ Word၊ Email နှင့် Reporting Tools များ အသုံးပြုနိုင်သူ
✔ ISP / Telecom လုပ်ငန်းအတွေ့အကြုံရှိသူကို ဦးစားပေးမည်

ISP လုပ်ငန်းအတွေ့အကြုံ မရှိသော်လည်း Branch Management၊ Operations Management သို့မဟုတ် Team Management အတွေ့အကြုံရှိပြီး Leadership Skill ကောင်းမွန်သူများလည်း လျှောက်ထားနိုင်ပါသည်။

🎁 ကုမ္ပဏီမှ ပေးအပ်မည့် အခွင့်အရေးများ

💰 အတွေ့အကြုံနှင့် အရည်အချင်းအလိုက် လစာ
📱 Phone Bill/ Travel Allowance
🎓 Management & Technical Training
📈 Career Growth Opportunity
🌐 ISP Industry တွင် Region Management အတွေ့အကြုံ ရရှိနိုင်ခြင်း

📍 Work Location – TwanTay Region

📩 Apply Now
📧 [email protected]
📱 Viber / Telegram – 09 250 931 955
📌 Email Subject: Regional Operations Manager – TwanTay

👉 အဖွဲ့အစည်းတစ်ခုကို ဦးဆောင်စီမံပြီး ရေရှည် Career တည်ဆောက်လိုသူများကို Myanmar Network Team မှ နွေးထွေးစွာ ကြိုဆိုပါသည်။

📢 Myanmar Network Co.,Ltd တွင် ဝန်ထမ်းခေါ်ယူနေပါသည် ✅💼 ရာထူးCall Center Staff (Full-Time)9:30 AM to 5:00 PM 📍 အလုပ်နေရာ ...
03/08/2026

📢 Myanmar Network Co.,Ltd တွင် ဝန်ထမ်းခေါ်ယူနေပါသည် ✅

💼 ရာထူး

Call Center Staff (Full-Time)
9:30 AM to 5:00 PM

📍 အလုပ်နေရာ – Insein Yangon

⸝

✅ တာဝန်ဝတ္တရား

☎️ Customer များ၏ ဖုန်းခေါ်ဆိုမှုများကို လက်ခံဖြေကြားခြင်း
💬 Internet Service နှင့်ပတ်သက်သော မေးခွန်းများကို ကူညီဖြေရှင်းပေးခြင်း
📝 Customer Complaint များကို မှတ်တမ်းတင်ပြီး သက်ဆိုင်ရာဌာနသို့ လွှဲပြောင်းပေးခြင်း
📞 Customer Follow-up ပြုလုပ်ခြင်း
💻 Customer Data နှင့် Call Record များကို စနစ်တကျ မှတ်တမ်းတင်ခြင်း

⸝

✅ လျှောက်ထားရန် အရည်အချင်း

✔️ တက္ကသိုလ်ဘွဲ့ရ (သို့) ဘွဲ့ကြို (Final Year)
✔️ အသက် (18–35) နှစ်
✔️ Computer Basic အသုံးပြုနိုင်သူ
✔️ မြန်မာ/အင်္ဂလိပ် စာရိုက်နိုင်သူ
✔️ Communication Skill ကောင်းမွန်သူ
✔️ Customer Service ကို စိတ်ဝင်စားသူ
✔️ Call Center အတွေ့အကြုံရှိသူ ဦးစားပေးမည် (အတွေ့အကြုံမရှိသူများလည်း လျှောက်ထားနိုင်ပါသည်)

⸝

🎁 ခံစားခွင့်များ

✅ Attractive Salary
✅ Performance Bonus
✅ Training Program
✅ Career Growth Opportunity
✅ Annual Leave & Company Holidays
✅ Friendly Working Environment

⸝

📩 လျှောက်ထားရန်

📧 Email – [email protected]

📱 Viber / Telegram – 09 250 931 955

📄 Subject: Application for Call Center Staff

⏳ သတ်မှတ်ဝန်ထမ်းဦးရေ ပြည့်ပါက form ပိတ်ပါမည်၊
အမြန်ဆုံးလျှောက်ထားနိုင်ပါသည်။

⸝

🌐 Myanmar Network ISP

“အတူတကွ တိုးတက်ပြီး Customer Service အကောင်းဆုံး ပေးဆောင်နိုင်မည့် အသင်းဝင်အသစ်များကို ကြိုဆိုပါသည်။”

``ဒုတိယဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့)" `` သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်သံချို လဝါဆို"        ၂၀၂၆ခုနှစ် ဇူလိုင်လ ၂၉ ရက...
28/07/2026

``ဒုတိယဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့)"
`` သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်သံချို လဝါဆို"
၂၀၂၆ခုနှစ် ဇူလိုင်လ ၂၉ ရက် ၊ဗုဒ္ဓဟူးနေ့တွင် ကျရောက်သော ဒုတိယဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့) နေ့မှစ၍ တစ်နှစ်ပတ်လုံး Myanmar Network ၏ မိတ်ဟောင်းမိတ်သစ် Customer များအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပြီး စီးပွားလာဘ်လာဘများ ဒီရေအလားတိုးပွားကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်….. 🙏🙏🙏
၂၀၂၆ခုနှစ် ဇူလိုင်လ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့သည် ဒုတိယဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့) ဖြစ်ပါသောကြောင့် ကျွန်မတို့ရဲ့ Myanmar Network ရုံးများအားလုံး ပိတ်ထားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်….... 🙏🙏🙏



#ဝါဆိုလပြည့်နေ့ #ဒုတိယဝါဆိုလပြည့်နေ့ #ဓမ္မစကြာအခါတော်နေ့

“အာဇာနည်နေ့ တို့မမေ့ ”      ၂၀၂၆ ခုနှစ်၊ ဇူလိုင် (၁၉)ရက်နေ့ ၊ တနင်္ဂနွေနေ့  (၇၉)နှစ်မြောက် “အာဇာနည်နေ့” တွင် ဗိုလ်ချုပ်အ...
18/07/2026

“အာဇာနည်နေ့ တို့မမေ့ ”

၂၀၂၆ ခုနှစ်၊ ဇူလိုင် (၁၉)ရက်နေ့ ၊ တနင်္ဂနွေနေ့ (၇၉)နှစ်မြောက် “အာဇာနည်နေ့” တွင် ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ ကျဆုံးသွားခဲ့လေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား Myanmar Network မိသားစုမှ ရိုသေလေးစားစွာ အလေးပြု ဂုဏ်ပြုအပ်ပါသည်။

#အာဇာနည်နေ့ #အာဇာနည်နေ့တို့မမေ့ #19ဇူလိုင်မမေ့နိုင်

အခုလို AI ခေတ်ကြီးမှာ AI နည်းပညာကို အကောင်းဆုံးအသုံးချပြီး ဝင်ငွေလမ်းကြောင်းတွေဖန်တီးလို့ရနေပါပြီ။  AI နည်းပညာကို အသုံးပ...
29/06/2026

အခုလို AI ခေတ်ကြီးမှာ AI နည်းပညာကို အကောင်းဆုံးအသုံးချပြီး ဝင်ငွေလမ်းကြောင်းတွေဖန်တီးလို့ရနေပါပြီ။ AI နည်းပညာကို အသုံးပြုပြီး ဝင်ငွေလမ်းကြောင်းတွေဖန်တီးလို့ရမယ့် နည်းလမ်းတွေကို ပြောပြပေးသွားမှာဖြစ်ပြီး သင့်အနေနဲ့ အောက်မှာဖော်ပြထားတဲ့ထဲကနေ ကိုယ်နဲ့သင့်တော်တဲ့ နည်းလမ်းကိုရွေးချယ်ပြီး တစ်နေ့ကို သေသေချာချာ (၂)နာရီ research လုပ်သွားမယ်ဆိုရင် သင်လိုချင်တဲ့ Target ကို အမြန်ဆုံးရောက်ရှိမှာဖြစ်ပါတယ်။
အရင်ဆုံး ပထမ (၁) နာရီမှာ - ကိုယ်ရွေးချယ်ထားတဲ့ Domain အလိုက် AI tools တွေကို ကျွမ်းကျင်အောင် ကလိပါ။ (ဥပမာ- Video ဆိုရင် Midjourney/Leonardo ကနေ 3D image ထုတ်၊ ပြီးရင် Runway ဒါမှမဟုတ် Luma AI နဲ့ ဗီဒီယိုပြောင်း၊ CapCut နဲ့ အချောသတ်တာမျိုး) ဒုတိယ (၁) နာရီမှာတော့ ကိုယ်ရွေးချယ်ထားတဲ့ service အလိုက် အဆင့်မြင့်မြင့် လုပ်နေတဲ့ ပြိုင်ဖက်တွေ (၃) ခုလောက်ကိုရှာပြီး သူတို့ရဲ့ အားသာချက်/အားနည်းချက်ကို လေ့လာပြီး သူတို့ထက် ပိုကောင်းအောင် လုပ်မယ်ဆိုရင် ခိုင်မာတဲ့ ဝင်ငွေလမ်းကြောင်းတစ်ခုကို သင်ပိုင်ဆိုင်နှိုင်မှာပဲဖြစ်ပါတယ်။
① AI Video Editing Service ⭐⭐⭐⭐⭐
လက်ရှိ Marketing လောကမှာ လူစိတ်အဝင်စားဆုံးနဲ့ Interaction အများဆုံးရနိုင်တာ "ဗီဒီယို" (Video Content) တွေပါပဲ။ အခုဆိုရင် AI နည်းပညာကို ထိရောက်စွာအသုံးပြုပြီး Facebook Ads၊ TikTok Ads စတာတွေအတွက် High-quality ဗီဒီယို Service တွေကို ကိုယ်တိုင် အလွယ်တကူ ဖန်တီးပေးနိုင်နေပါပြီ။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ဒီလို Video Marketing Service တွေကို တကယ်လိုအပ်နေတဲ့— Mobile & Laptop Shops ၊ Education & Training Centers စတဲ့ Client အလွှာစုံ၊ လုပ်ငန်းစုံ ရှိနေပါတယ်။ ဒီလို လိုအပ်ချက်ကြီးမားနေတဲ့ Market ကို ဦးတည်ပြီး ဗီဒီယိုတွေကို Package အလိုက် (လစဉ် သို့မဟုတ် အရေအတွက်အလိုက်) စနစ်တကျ ရောင်းချခြင်းဖြင့် အလားအလာရှိတဲ့ ဝင်ငွေလမ်းကြောင်းတစ်ခုကို အမိအရ ဖန်တီးယူနိုင်မှာ ဖြစ်ပါတယ်။
② AI Image Generation for Brands ⭐⭐⭐⭐⭐
ယနေ့ခေတ် Business အများစုမှာ Professional Product Photo တွေ မရှိကြတာများပါတယ်။ ကိုယ့်အနေနဲ့ AI နည်းပညာကို ထိရောက်စွာအသုံးပြုပြီး Professional ဆန်တဲ့ Product Poster ၊ Billboard ၊ စတာတွေအတွက် service ပေးလို့ရပါတယ်။ ဒီအပိုင်းမှာဆိုရင်လည်း Package အလိုက် Poster အခု ၂၀ ကို ဘယ်လောက်ဆိုပြီး ဈေးသတ်မှတ်ပြီးရယူနိုင်ပါတယ်။
③ AI Automation Setup ⭐⭐⭐⭐⭐
ဒီအပိုင်းကတော့ မြန်မာမှာ Future အကြီးဆုံးပါပဲ။ ဥပမာအနေနဲ့ မြင်သာအောင်ပြောရရင် Restaurant တစ်ခုဆိုပါဆို့ - Customer က Facebook Messenger ကနေ ဆက်သွယ်ပြောဆိုတာကို Auto Reply ပြန်ပေးတာကစပြီး Order လက်ခံကာ invoice ထုတ်ပြီး Customer ဆီကို လူကမလုပ်ဘဲ Automation Setup လုပ်ပေးတာမျိုးတွေကို AI ကိုအသုံးပြုပြီး service ပေးလို့ရပါတယ်။
④ AI Social Media Management ⭐⭐⭐⭐⭐
Client တွေအနေနဲ့ Post တင်ဖို့ကစပြီး Customer တစ်ယောက်ချင်းဆီကို အချိန်ပေးပြီး Reply ပြန်ဖို့ ဆိုတာ တော်တော်ခက်ခဲတဲ့အလုပ်တစ်ခုပဲဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ သင့်တော်တဲ့ AI တွေကိုသာ ကောင်ကောင်းအသုံးချပြီး ဒီလို service မျိုးတွေကိုလည်း ပေးလို့ရပါတယ်။ ဒီလို service မျိုးက Recurring Income ဖြစ်သလို Monthly Package အနေနဲ့ ဘယ်လောက်ဆိုပြီး ဈေးသတ်မှတ်ပြီး ရယူနိုင်တယ်။
⑤ AI Chatbot Builder ⭐⭐⭐⭐⭐
AI Chatbot Builder ဆိုရင်လည်း လုပ်ငန်းတစ်ခုအတွက် စမတ်ကျတဲ့ AI Chatbot တွေကို ဖန်တီးတည်ဆောက်ပေးရတာဖြစ်တဲ့အတွက် ဒီလိုဝန်ဆောက်မှုမျိုးကို တကယ်လိုအပ်နေတဲ့ customer တွေအများကြီး မြန်မာနိုင်ငံမှာ ရှိပါတယ်။ ဒီလုပ်ငန်းဟာဆိုရင်လည်း တစ်ခါလုပ်ပြီး Maintenance Fee လစဉ်ယူနိုင်တဲ့လုပ်ငန်းပဲဖြစ်ပါတယ်။
⑥ ChatGPT Consultation ⭐⭐⭐⭐
ChatGPT Consultation ဆိုတာ လုပ်ငန်းခွင်မှာ ChatGPT ကို ထိရောက်စွာ အသုံးချနိုင်အောင် Setup လုပ်ပြီး လမ်းညွှန်ပေးတဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။ လူအများစုက AI ကို အခြေခံလောက်ပဲ သုံးတတ်ပြီး လုပ်ငန်းခွင်သုံး Prompt ပေးနည်းနှင့် Data ချိတ်ဆက်နည်းကို မသိကြသေးတဲ့အတွက် AI Consultant တွေရဲ့ အခန်းကဏ္ဍက အခွင့်အလမ်းကောင်းတစ်ခု ဖြစ်လာပါတယ်။ ဥပမာအနေနဲ့ Marketing, HR, Teachers တို့အတွက် "Office Automation Training" သို့မဟုတ် "Consulting Workshop" များ ပေးခြင်းဖြင့် ခိုင်မာတဲ့ ဝင်ငွေလမ်းကြောင်းတစ်ခု ဖန်တီးနိုင်ပါတယ်။
⑦ AI Voiceover Service ⭐⭐⭐⭐
AI Voiceover Service ဆိုတာ စာသားတွေကို စတူဒီယိုအရည်အသွေးရှိ သဘာဝကျတဲ့အသံအဖြစ် စက္ကန့်ပိုင်းအတွင်း ပြောင်းလဲပေးပြီး အချိန်နဲ့ ကုန်ကျစရိတ်ကို အကုန်အကျ သက်သာစေတဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ (ဥပမာ- Restaurants, Hotels, Shops, ISP) အနေနဲ့ AI Video နဲ့ တွဲဖက်ထားတဲ့ Bundle Service တွေ၊ နိုင်ငံတကာအဆင့်မီ Multi-language (မြန်မာ၊ အင်္ဂလိပ်၊ တရုတ်) Ads တွေအပြင် လုပ်ငန်းရှင်ရဲ့ အသံကို Clone လုပ်ပြီး Promotion ဗီဒီယိုတွေမှာ ဆက်တိုက်အသုံးပြုနိုင်မည့် Voice Cloning Service ပုံစံမျိုးတွေအထိ ဗျူဟာကျကျ ဝန်ဆောင်မှု ပေးနိုင်တာကြောင့် ခိုင်မာတဲ့ ဝင်ငွေလမ်းကြောင်းတစ်ခု ဖန်တီးနိုင်ပါတယ်။
⑧ AI Content Writing ⭐⭐⭐⭐
AI Content Writing ဆိုတာ စီးပွားရေးလုပ်ငန်းတွေအတွက် Marketing စာသားတွေနဲ့ ဆောင်းပါးတွေကို မြန်ဆန်ထိရောက်စွာ ရေးသားပေးတဲ့ ဝန်ဆောင်မှု ဖြစ်တာကြောင့် အခုခေတ်မှာ ရောင်းအားတက်ဖို့ "Content ကောင်း" ရရန် အဓိကကျနေဆဲဖြစ်လို့ Facebook Post ကနေစပြီး Website၊ Email၊ Proposal နဲ့ Presentation အဆုံး နယ်ပယ်စုံမှာ အရည်အသွေးမီ Content တွေ ဖန်တီးပေးနိုင်မယ်ဆိုရင် ဒါဟာ ခိုင်မာတဲ့ ဝင်ငွေလမ်းကြောင်းတစ်ခု ဖြစ်လာမှာပဲ ဖြစ်ပါတယ်။
⑨ AI Prompt Engineer ⭐⭐⭐
AI Prompt Engineer ဆိုတာ AI Tools (Text, Image, Video) တွေဆီကနေ အတိကျဆုံး ရလဒ်တွေရဖို့ Prompts တွေကို ဗျူဟာကျကျ ဒီဇိုင်းထွင်ရေးသားပေးရတဲ့ အတတ်ပညာရှင် ဖြစ်တာကြောင့် ဒီကျွမ်းကျင်မှုနဲ့အတူ နယ်ပယ်အလိုက် (Sales, HR) အသင့်သုံး Prompt Pack များ ရောင်းချခြင်း၊ လုပ်ငန်းများအတွက် နေ့စဉ်သုံး Custom Prompts Framework တည်ဆောက်ပေးခြင်း၊ Chatbot Backend အတွက် Prompt Setup လုပ်ပေးခြင်းနှင့် ကုမ္ပဏီတွင်း ဝန်ထမ်းများအတွက် In-House Training (Corporate Trainer) ပေးခြင်းဖြင့် ခိုင်မာတဲ့ ဝင်ငွေလမ်းကြောင်းတစ်ခု ဖန်တီးနိုင်ပါတယ်။
⑩ AI Email Marketing ⭐⭐⭐
ဒီဝန်ဆောင်မှုကတော့ AI ကို သုံးပြီး Client တွေဆီ ကမ်းလှမ်းချက်တွေကို လူအလိုက် (Personalized) အလိုအလျောက် ပေးပို့တဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။ B2B၊ Real Estate နဲ့ ISP လုပ်ငန်းတွေအတွက် ROI အမြင့်ဆုံး Channel ဖြစ်ပြီး AI ကြောင့် အရောင်းပိတ်နိုင်ခြေ (Conversion Rate) ပိုမြင့်လာပါတယ်။ မြန်မာနိုင်ငံမှာတော့ Export, Travel, Education နဲ့ SaaS လုပ်ငန်းတွေမှာ Demand ရှိနေလို့ ဒီ Service ကို စနစ်တကျ ပေးနိုင်ရင် ခိုင်မာတဲ့ ဝင်ငွေလမ်းကြောင်းတစ်ခု တည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်။

#ငွေရှာနည်းများ

Address

No. 289, (B/Kha)8 Lane, (Ka/Kha)Ward, Myo Thit Market, Insein Township
Yangon
11011

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30

Telephone

+9595059811

Alerts

Be the first to know and let us send you an email when Myanmar Network posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Network:

Shortcuts

Share