12/07/2020
အကောင်းဆုံး သင်တန်းမဟုတ်ပါ။
------------------------------------------
တကယ်အမှန်ပြောတာပါ။ ကျနော်တို့ သင်တန်းဟာ ဘယ်တုန်းကမှ အကောင်းဆုံး သင်တန်းမဟုတ်ခဲ့ပါဘူး။
ဒါပေမယ့် ကျောင်းသားတွေ အပေါ်မှာ ထားတဲ့ စေတနာတွေ၊ ဂရုစိုက်မူ့တွေက အတိုင်းထက်လွန်ပါဘဲ။
သင်တန်းပျက်ရင် မပျက်အောင်၊ စာမလုပ်ချင်တဲ့ ကျောင်းသားကို စာလုပ်ချင်လာအောင် (သို့မဟုတ်) သူ့ဝါသနာပါတဲ့ လမ်းကြောင်းမှန်ပေါ် ရောက်အောင်၊ ငွေကြေးအားနည်းတဲ့ ကျောင်းသားကိုလည်း ပိုက်ဆံကြောင့် သူဝါသနာပါတဲ့ လမ်းကြောင်းကို မလုပ်လိုက်ရလေခြင်း မဖြစ်အောင် တက်နိင်သမျှကူညီပြီး စေတနာ အပြည့်နဲ့ဘဲ သင်ကြားပေးရုံပါ။
သင်တန်းရောက်လာတဲ့ ကျောင်းသားကို ကျောင်းသားလို့ တစ်ခါမှ မသတ်မှတ်ပါဘူး။ ကျနော်တို့ မိသားစုလိုဘဲ ဆက်ဆံပါတယ်။
သင်တန်းလာတက်တယ်ဆိုတာ တစ်ယောက်ထဲလည်း ဖြစ်တယ်၊ တချို့ သင်တန်းတစ်ခါမှ မတက်ဘူးတဲ့သူဆိုရင် ပိုအားငယ်တက်တယ်။
ဒါတွေကို ကိုယ်တိုင်လည်း ခံစားရဖူးတယ်။ ဒါ့ကြောင့်မို့ ရောက်လာတဲ့ ကျောင်းသားတိုင်းကို အားလုံးနဲ့ ရင်းရင်းနှီးနှီး ဖြစ်အောင် မိတ််ဆက်ခိုင်းတာ၊ တစ်ယောက်နဲ့ တစ်ယောက်ဖေးမပေးဖို့၊ ကူညီပေးဖို့ အမြဲပြောပြပါတယ်။
နောက်ပိုင်းဆိုရင်လည်း ကျောင်းသားတွေနဲ့ စုပေါင်းပြီးတော့ CSR အလုပ်တွေ အတူတကွ လုပ်သွားဖို့လည်း ရှိပါတယ်။
သင်တန်းအတွက် ပထမဦးစားပေးကတော့ တက်မြောက်မူ့ပါ။ နောက်တစ်ခုက စာသင်တဲ့အခါမှာ ပျော်ပျော်ရွင်ရွင်နဲ့ သင်ကြားဖို့ ဖြစ်ပါတယ်။ (တချို့ဆိုရင် သင်တန်းမှာ နေရတာ ဘယ်လောက်ပျော်လည်းဆိုရင် သင်တန်းချိန် ပြီးတာတောင် မပြန်လို့ မနည်းကို ပြန်လွှတ်ရတယ် 😅)
ကျနော်တို့ဆီမှာ သင်တန်းလာတက်တဲ့ ကျောင်းသား ၃ပုံ ၂ပုံလောက်က အလုပ်လုပ်ပြီး သင်တန်းလာတက်ကြတာများပါတယ်။
သူတို့ အလုပ်ထဲမှာ Stress တွေ ကြောင့် စိတ်ပင်ပန်းနေတယ်။ စာသင်တဲ့အခါမှာ ဟာသလေးတွေ ပြောပြပြီး စာသင်ချင်လာအောင်၊ အိပ်မငိုက်အောင် နည်းမျိုးစုံ သုံးပြီး သင်ကြားရပါတယ်။
စာသင်ခြင်း အလုပ်ဆိုတာလည်း မလွယ်ကူလှပါဘူး။ သင်မယ့် ဘာသာရပ်ကို ကျွမ်းကျင်ရုံနဲ့ သင်လို့ မရပါဘူး။ စာသင်ခြင်း အတက်ပညာကို တက်မှသာ သင်လို့ ရပါတယ်။ ဒါ့ကြောင့်လည်း စာသင်ပေးနေတဲ့ ဆရာတွေကို ကိုယ်တိုင်လည်း လေးစားမိပါတယ်။
ကိုယ်တိုင်လည်း စာသင်ရတဲ့ ပတ်ဝန်းကျင်ကို ကြိုက်တဲ့အတွက်ကြောင့် အပြင်မှာ ထွက်အလုပ်လုပ်တာထက် ဆရာတစ်ယောက်အနေနဲ့ဘဲ ရပ်တည်လာခဲ့ပါတယ်။ (ဒီလို ပြောလို့ အပြင်အတွေ့အကြုံ မရှိဘူးထင်နေပါဦးမယ်။ ကျနော် အပြင်မှာလည်း Infrastructure Engineer, Network Engineer, Freelance Network Engineer အနေနဲ့ လည်း အလုပ်လုပ်ခဲ့ပါသေးတယ်။)
ကိုယ်တိုင် ရူးသွပ်တဲ့ အလုပ်တစ်ခု ဖြစ်နေတာကြောင့် စာသင်ရင် အမြဲ 100% ထည့်သင်တယ်။
စာသင်ကြားတဲ့အခါမှာ Theory, Practical, Lab, စတာတွေအပြင် Concept ရအောင် ထည့်ပေးလေ့ ရှိပါတယ်။ Theory မကြိုက်တဲ့ ကျောင်းသားကို နားထောင်ချင်လာအောင်၊ Practical မလုပ်ချင်တဲ့ ကျောင်းသားကို Practical စမ်းချင်လာအောင် နည်းမျိုးစုံ သုံးရပါတော့တယ်။
စာချည်းဘဲ ဖိသင်နေတာမျိုး မဟုတ်ဘဲ၊ တကယ့် လက်တွေ့ဘဝမှာ ပြန်သုံးလို့ရတဲ့ Soft Skills တွေကို အမြဲ ပြောပြလေ့ ရှိပါတယ်။ တနည်အားဖြင့် စိတ်ကိုပါ ပြုပြင် သင်ပေးလေ့ ရှိပါတယ်။
ဒီလို ပြောတော့ တော်တော်များတက်နေလားပေါ့။ ဝန်ခံပါတယ်၊ တော်တော် တက်မနေပါဘူး။ ဘာကောင်ကြီးမှလည်း မဟုတ်ပါဘူး။ သို့ပေမယ့် ကိုယ်တိုင်ကြိုးစားနေစဉ်မှာ ကြုံခဲ့ရတာတွေကို ပြန်လည် ဝေမျှခြင်းပါ။
ကိုယ်တိုင် ပင်ပင်ပန်းပန်းနဲ့ သွားတဲ့လမ်းကို တခြားသူ လွယ်လွယ်နဲ့ သွားလို့ရအောင် ဖောက်ပေးရုံပါ။
လက်ခံတဲ့သူမှာလည်း မူတည်သေးတာပေါ့ဗျာ။
ကဲ ဒါကြောင့်မို့ မိတ်ဆွေ အနေနဲ့ အကောင်းဆုံးဆိုတဲ့ သင်တန်းတွေ တက်ချင်တယ်ဆိုရင် ကျနော်တို့ဆီကို လာမတက်ပါနဲ့။
အပေါ်မှာ ပြောထားတဲ့ အချက်တွေကို လိုချင်တယ် ဆိုရင်တော့ ကျနော်တို့ဆီကို လာတက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
လမ်းတူရင် သွားရတာ ခရီးရောက်သလို လမ်းမတူတဲ့သူနှစ်ယောက်ခရီးသွားရင် နှောင့်နှေးတက်လို့ပါဗျာ။
စာကို အဆုံးထိ ဖတ်လာပေးလို့ ကျနော်နဲ့ တော်တော်လေး ရေစက်ရှိမယ် ထင်ပါတယ်။ ရေစက်ရှိသေးရင် သင်တန်းမှာ ထပ်တွေ့ချင်ပါသေးတယ်ဗျာ။
အားလုံးကို ချစ်ခင်လေးစွာဖြင့်
ကိုကောင်းမြတ်