EscapeWifi

EscapeWifi Rural Wifi Service

Big thanks toလွ မ်ိဳးfor all your support! Congrats for being top fans on a streak 🔥!
26/11/2025

Big thanks to

လွ မ်ိဳး

for all your support! Congrats for being top fans on a streak 🔥!

22/11/2025

ဆိပ်ကြီးခနောင်တိုမြို့နယ်/ရန်ကုန်တိုင်း ဆမား (၄) ရပ်ကွက် (လှိုင်းဘုန်း) မှာ EscapeWifi အသုံး ပြုလို့ရပြီ ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်ရှင်။

Escapewifi သုံးစွဲ သူများ စိတ်ချမ်းမြေ့စေ ဖို့ အစဉ် အမြဲ ကြိုးစားနေပါတယ်ရှင်။

အခုမြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုသူတိုင်း ကြုံတွေ့ခံစားနေရတဲ့ အင်တာနက် အကျပ်အတည်းရဲ့ နောက်ကွယ်က အကြောင်းတရား အစုံအလင...
12/11/2025

အခုမြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုသူတိုင်း ကြုံတွေ့ခံစားနေရတဲ့ အင်တာနက် အကျပ်အတည်းရဲ့ နောက်ကွယ်က အကြောင်းတရား အစုံအလင်ကို သာမန်ပြည်သူတွေအနေနဲ့ အရှင်းလင်းဆုံးနဲ့ အပြည့်စုံဆုံး နားလည်သဘောပေါက်သွားအောင် အောက်မှာ အသေးစိတ် သုံးသပ် တင်ပြပေးပါမယ်။ (သိပြီး သူတွေထက် မသိသေးကြတဲ့ သာမန်ပြည်သူတွအတွက် ပါ)

အင်တာနက်လိုင်းတွေကျလို့/ ပင်လယ်ထဲက ကေဘယ်ကြီး ဖျာပုံဘက်ကနေ ဖြတ်လာတဲ့ကြိုးကြီး ဘာဖြစ်လို့ဆိုတဲ့အကြောင်းတွေ ကျနော်တို့မြန်မာပြည် အင်တာနက်ကို စပြီးတီးမိခေါက်မိကြတဲ့ ၂၀၀၀ ခုနှစ်အစပိုင်း အင်တာနက် Cafe(PAC) လေးတွေက​တည်းက ကျနော်တို့မကြာခဏကြုံခဲ့ကြားခဲ့ရတဲ့ပြဿနာပါ။

အခုလည်း ၂၀၂၅ ကာလအထိလည်း ကျနော်တို့ ကြုံရိုးကြုံစဥ်လမ်းရိုးကြီးဟာ နှစ်ပေါင်း အစိတ်သုံးဆယ်အထိ ဆက်ဖြစ်နေတုန်းဆိုတော့ စဥ်းစားတာကြည့်ပေါ့။ နောက်ပြီးကျွန်တော်တို့ ကြုံနေရတဲ့ ပြဿနာက တစ်ခုတည်း မဟုတ်ပါဘူး။ ဒုက္ခ နှစ်မျိုး တပြိုင်တည်း ပေါင်းပြီး ကျရောက်နေတာပါ။
အဲဒါတွေကတော့ _
၁။ အင်တာနက်ကေဘယ်ကြီးတွေဆိုတဲ့ တံတား ကိုယ်တိုင်က အားနည်းပြီး ကျိုးသွားတဲ့ ပြဿနာ ။
၂။ တံတားကို တမင် ပိတ်ထား၊ ကန့်သတ်ထားတဲ့ ပြဿနာ (နိုင်ငံရေး နဲ့ ထိန်းချုပ်မှု ပြဿနာ)။
ဒီနှစ်ခု ဘယ်လို ဖြစ်ပျက်​နေလဲဆိုတာ တပိုင်းချင်း
စီ ရှင်းပြပါမယ်။

အပိုင်း (၁) - တံတားကျိုးသွားတဲ့ ပြဿနာ (နည်းပညာနဲ့ အခြေခံအဆောက်အအုံပိုင်း အခက်အခဲ)
ဒါကို နားလည်ဖို့ အလွယ်ဆုံးဖြစ်မယ့် ကျွန်း နဲ့ တံတား ဥပမာလေးနဲ့ ရှင်းပြပါမယ်။

• ကျနော်တို့ မြန်မာနိုင်ငံကို "ကျွန်း" တကျွန်းလို့ မြင်ယောင်လိုက်ပါ။
• ကမ္ဘာကြီး (Facebook, Google, YouTube ရှိ ရာ)ကို "ကုန်းမကြီး" အဖြစ်ပေါ့ ။

• ပင်လယ်ရေအောက် ကေဘယ်လ်ဆိုတာ ကျွန်းနဲ့ ကုန်းမကြီးကို ဆက်သွယ်ထားတဲ့ "တံတား"ပါ။

(က) ကျွန်တော်တို့ကျွန်း(မြန်မာ) ရဲ့ အခြေအနေ
အရကျွန်တော်တို့ ကျွန်းမှာ ကုန်းမကြီး(ကမ္ဘာကြီး) ကို သွားဖို့ တံတားအဓိက ဘယ်နှစင်း ရှိသလဲဆိုတော့ -
• ကား ၁၀ လမ်းသွား အမြန်လမ်းမကြီးမျိုးပါတဲ့ တံတား ကြီး (Super-Bridge) ၂ စင်းပဲ အဓိက ရှိပါတယ်။ (ဒါကို ပညာရှင်တွေက AAE-1 (၂၀၁၇ က) နဲ့ SMW5 (၂၀၁၆ က) လို့ ခေါ်တဲ့ ပင်လယ်ရေအောက် ကေဘယ်လ်ကြီးတွေပါ)။

ကျွန်တော်တို့နိုင်ငံရဲ့ ၉၀%သော အင်တာနက်အသွား
အလာ (Data) တွေက ဒီ တံတားကြီး ၂ စင်း ပေါ်က
နေပဲ ဖြတ်နေရတာပါ။

အရင်တုန်းက SMW3 (၁၉၉၉ က) ဆိုတဲ့ တံတားတစ်စင်း ရှိခဲ့ပေမယ့်၊ အခု နှစ်ပေါင်း ၂၅ နှစ်ကျော်
ပြီဖြစ်လို့ အလွန် ဟောင်းနွမ်းနေတဲ့ တံတားဟောင်း
(သို့မဟုတ် ဝန်အားနည်းတံတား) အဆင့်ပဲ ရှိပါ
တော့တယ်။

ဒါပေမယ့် အရံအနေနဲ့ အဲ့ဒီတံတားတွေအပြင်၊ လူသွားလမ်းလို ဆိုင်ကယ်လမ်းလို လူတွေ ယာဉ်ငယ်တွေသွားလို့ရမယ့် တံတားကျဉ်းလေးတွေ ၃- ၄ စင်းလည်း ရှိပါသေးတယ်။ (ဒါတွေက တရုတ်၊ ထိုင်း၊ အိန္ဒိယ နယ်စပ်က ဖြတ်သွယ်ထားတဲ့ ကုန်းတွင်းလိုင်းလေးတွေပါ)။သူတို့က ဝန်အားအများကြီး မနိုင်ပါဘူး။ (ပုံထဲမှာ အပြာ/အ၀ါတွေက တံတားကြီးတွေပါ။ အစိမ်း (SMW3) နဲ့ အနီတွေကတော့ ဘေးအရံလူယာဉ်ငယ်တို့သာ ဖြတ်လို့ရမယ့် ၀န်အားနည်းတံတားငယ်တွေ ဖြစ်ပါတယ်)

(ခ) အခု လက်ရှိဖြစ်နေတဲ့ နည်းပညာပြဿနာ
က ရှင်းရှင်းလေးပါ။ အခု နိုဝင်ဘာလ အစောပိုင်းမှာ အဲ့ဒီအဓိက "အမြန်လမ်းမကြီး တံတားကြီး ၂ စင်းထဲက ၁ စင်း" (ဥပမာ AAE-1) ဟာ ပင်လယ်အောက်မှာ တနေရာရာမှာ ပျက်စီး "ကျိုးသွားတာ" ဖြစ်ပါတယ်။

တံတားကြီးတစင်း ကျိုးသွားတော့ အရင်က တံတား ကြီး ၂ စင်း ပေါ် ဖြန့်သွားနေတဲ့ ကား (Data) တွေ အားလုံးဟာ၊ အခု ကျန်နေတဲ့ "အဓိက တံတားကြီး ၁ စင်း" (SMW5) နဲ့ ဟို ဘေးကအကူတံတားငယ် အကျဉ်းလေးတွေပေါ်ကို အလုအယက် စုပုံ တက်ကြရပါတယ်။ ကျနော်တို့နိုင်ငံက အင်တာနက်သုံးစွဲသူ သန်း ၂၀ ၀န်းကျင်ကို ကားတွေ၊လူတွေလို့ မြင်ကြည့်လိုက်ပါ။အဲဒီသန်းနဲ့ချီတဲ့ကားတွေ လူတွေ တပြိုင်တည်းစုပြုံတိုးနေကြတာ ဘယ်လောက်နှေးကွေးလေးပင်နေကြမလဲဆိုတာပါ။

ဒီတော့ ~
၁၀ လမ်းသွား လမ်းမကြီးပေါ်က ကားတွေအားလုံး နောက်တံတားကြီး ၁ စင်းပေါ် ပြန်ကူးသွားယူကြရ
သလို အရမ်းများလွန်းတာကြောင့် ထပ်ကူးလို့ရမယ့် ၁ လမ်းသွား လမ်းကျဉ်းလေးတွေပေါ်ပါ စုပုံရောက်သွားသလို ဖြစ်ကုန်ပါတယ် ။

ဒါကြောင့် လိုင်းက လုံးဝ ပြတ်မသွားပေမယ့် သုံးလို့
မရလောက်အောင် ပိတ်ကျပ်နေ (Traffic Jam) ဖြစ်ပြီး နှေး နေရခြင်း ဖြစ်ပါတယ်။ ဒါကို နည်းပညာ အခေါ် Congestion (လိုင်းကျပ်ခြင်း)လို့ ခေါ်ပါတယ်။

ဒီလိုဖြစ်တော့ ဘေးက အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ကျွန်း(ထိုင်း)တို့ကရော ဘယ်လို ဆက်သွယ်သွား
လာကူးသန်းကြလဲ တွေးမိကြပါလိမ့်မယ်။

(ဂ) ဒီတော့ ဆက်စပ်နှိုင်းယှဥ်တဲ့အခါ ထိုင်းနိုင်ငံ
ဆို ကိုယ့်ထက်သုံးစွဲသူရော မြန်နှုန်းရော များနေ
တာကို (ဘာလို့ သူတို့ အကောင်းကြီး သုံးလို့ရနေ
ကြတာလဲ?)

ဒီနေရာမှာ ဘာလို့ ထိုင်းနိုင်ငံက ကောင်းနေလဲဆိုတဲ့ မေးခွန်း ပေါ်လာပါတယ်။အဖြေကတော့ ထိုင်းနိုင်ငံ ( ကျွန်း) မှာ "အမြန်လမ်းမကြီး တံတားကြီး" အနည်းဆုံး ၉ စင်း၊ ၁၀ စင်း လောက် ရှိပါတယ်။
ကျနော်တို့ထက် ၃/၄ ဆ သာပါတယ်။

• သူတို့လည်း ကျွန်တော်တို့လိုပဲ အခု ကျိုးသွားတဲ့ တံတား (ဥပမာ AAE-1) ကို သုံးပါတယ်။ ဒါပေမယ့် သူတို့ဆီမှာ ၁ စင်း ကျိုးသွားလည်း ဘာမှ မဖြစ်ပါဘူး။ ကျန်တဲ့ တံတားကြီး ၈ စင်းပေါ်ကို ကားတွေ/
လူတွေ ခွဲဝေ မောင်းနှင် သွားလာလိုက်ရုံပါပဲ။ လမ်း
မပိတ် သွားပါဘူး။

• ဒါကို အရန်စနစ် (Redundancy)လို့ ခေါ်ပါတယ်။ ဆိုလိုတာက တံတားအပိုသူတို့မှာ အများကြီး ရှိပြီး ကျွန်တော်တို့ဆီမှာ သူတို့​တွေနဲ့ယှဥ်ရင် လုံးဝ မရှိသလောက် နည်းပါးနေတာပါ။ ဟောဒါဆို နောက်တချက် ဆက်မေးစရာပေါ်လာပြန်ရော။

(ဃ) ကျွန်တော်တို့နိုင်ငံမှာ ဘာလို့ တံတားအပိုတွေ ထပ်မဆောက်တာလဲ?

ကျွန်တော်တို့လည်း တံတားတွေ အများကြီး ထပ်ဆောက်ပေါ့လို့ အတွန့်တက် စရာ ရှိပါတယ်။ မလွယ်ရေးချာမှ မလွယ်ပါဗျ။ ဘာလို့ဆို အခက်အခဲကြီး ၂ ခု ကြောင့် ဖြစ်ပါတယ်။

• ဒီလို တံတားကြီး (ပင်လယ်ရေအောက် ကေဘယ်လ်) တစင်းဆောက်ဖို့ နိုင်ငံတကာ ကုမ္ပဏီတွေနဲ့ ပေါင်းပြီး ရင်းနှီးမြှုပ်နှံရတာဟာ အမေရိကန် ဒေါ်လာ ခန့်မှန်းသန်း ၅၀ ကနေ ၁၅၀ (သန်းပေါင်းရာချီ) ကုန်ကျပါတယ်။ ဒီလောက်ငွေကို ISP ကုမ္ပဏီလေးတွေ မတတ်နိုင်ပါဘူး။

• ရတယ် ကျွန်တော်တို့မှာ ငွေရှိတယ်ဗျာ ။ ရအောင်တာ ဆော​က်မယ်လည်းဆိုတော့ ​ဒီလိုတံတားဆောက်ဖို့က ငွေရှိတိုင်းလည်း ဆောက်လို့ မရပါဘူး။ ဒီလို နိုင်ငံတကာတံတားဆောက်ဖို့တံတားဂိတ်ကြီး(ဒါကို IGW - International Gateway လို့ ခေါ်ပါတယ်) ဖွင့်ဖို့ဆိုတာ အစိုးရ(ဆက်သွယ်ရေး)ရဲ့ အမြင့်ဆုံး လိုင်စင် NFS(I) License ဆိုတာ လိုပါတယ်။ ဒါက နိုင်ငံတော် လုံခြုံရေးနဲ့ ဆိုင်လို့ ဘယ်ကုမ္ပဏီကိုမှ အလွယ်တကူခွင့်ပြုချက် (Approval) ချမပေး
ပါဘူး။

နောက်ဆုံး အနှစ်ချုပ်ပြန်သုံးသပ်ရမယ်ဆိုရင်
အပိုင်း (၁)ရဲ့ အချုပ်ဖြစ်တဲ့ ကျွန်တော်တို့ရဲ့
အင်တာနက် တည်ဆောက်ပုံ အ ခြေခံကိုယ်တိုင်က တံတားနည်းပါးပြီး အလွန် ထိခိုက်လွယ် (Fragile) နေပါတယ်။ ဒါကြောင့် တံတားတစ်စင်း ကျိုးတာနဲ့ တနိုင်ငံလုံး အင်တာနက်သုံးစွဲရ ဒုက္ခ ရောက်ကုန်တာပါ။

အပိုင်း (၂) - တံတားတွေ တမင် ပိတ်ဆို့ထားတဲ့ ပြဿနာ (နိုင်ငံရေးပိုင်း အခက်အခဲ)

ဒါက ဒုတိယ ဒုက္ခပါ။ အပေါ်က တံတားကျိုးတဲ့ ပြဿနာကတော့ နည်းပညာအခက်ခဲကြောင့် နှေး တာပါ။ အခုပြောမယ့် ပြဿနာက အစိုးရတွေက နိုင်ငံရေးအခြေအနေကြောင့် တမင်တကာ ပိတ်
တာ၊ဖြတ်တာပါ။ (ဒါက နိုင်ငံရေး ပြဿနာဖြစ်
နေတဲ့ နိုင်ငံတိုင်း ကြုံရလေ့ရှိတဲ့အခက် ခဲပြဿနာဖြစ်ပါတယ်)။

ဒီပြဿနာမှာ လမ်းပိတ်တာအပြင်၊ ပိုမို နက်ရှိုင်းတဲ့ ထိန်းချုပ်မှုတခု ရှိနေပါသေးတယ်။ အဲဒါကတော့
ရေထိန်းခလုတ်လိုမျိုး ပြဿနာပါ။ ပုံစံကတော့ ကျွန်တော်တို့နိုင်ငံက တံတားကြီး တွေအတွက် နိုင်ငံတကာဆီက အင်တာနက်အရှိန် (Quota) အများကြီး ဝယ်ထားပေမယ့် နိုင်ငံထဲကို မဝင်ခင် တံတားဂိတ် (IGW) တွေမှာ တပ်ဆင်ထားတဲ့ ရေထိန်းခလုတ်(Control Valve)ကို တမင် လှည့်ပိတ်ပြီး ရသင့်တဲ့ အရှိန်ရဲ့ ၅% သို့မဟုတ် ၁၀% လောက် အနည်းငယ်ကိုပဲ ပြည်သူတွေဆီ စီးဆင်းခွင့် ပေး
ထားတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် တံတားတွေ ကောင်းနေတဲ့ အချိန်မှာတောင် ကျွန်တော်တို့ရဲ့
အင်တာနက်ဟာ ဘယ်တုန်းကမှ အရှိန်အပြည့်
အဝ မရရှိခဲ့ရခြင်း ဖြစ်ပါတယ်။

(က) လမ်းမကြီးတွေကို ပိတ်ဆို့ခြင်း (Blocking)
ဆိုတာက​တော့ တခါတလေမှာ အခုဖြစ်နေတဲ့ တံတားတွေက ပုံမှန်အတိုင်း ကောင်းနေရင်တောင် အစိုးရတွေက ကုန်းမကြီး(ကမ္ဘာ)ပေါ်က လူသုံးအများဆုံး နေရာတချို့ကို မသွားရလို့ အမိန့်ထုတ်
ပြီး လမ်းတွေကို ပိတ်ထားပါတယ်။ ဥပမာ- Facebook သွားတဲ့လမ်း၊ Twitter သွားတဲ့လမ်း၊ TikTok သွားတဲ့လမ်းတွေကို ပိတ်ထား (Block) ပါတယ်။ဒီလိုပိတ်​တော့ မသုံးရမနေနိုင်ကြတဲ့ ကျွန်
တော်တို့ပြည်သူတွေဟာ VPN ဆိုတာကို သုံးရပါ
တယ်။

VPN ဆိုတာက အဲ့ဒီပိတ်ထားတဲ့ လမ်းမကြီးကို
မသုံးဘဲ တခြား နိုင်ငံတခုကနေ တဆင့် (လမ်းကြို၊ လမ်းကြား)ကနေ ပတ်ပြီး သွားတဲ့ နည်းလမ်းပါ။

(ခ) တံတား အမျိုးအစားကို ကန့်သတ်ခြင်း (Control)
၂၀၂၁ နောက်ပိုင်းမှာ နိုင်ငံရေးပြဿနာကြီး​တွေ ဖြစ်လာတဲ့အချိန် အကြီးမားဆုံး ထိန်းချုပ်မှုကတော့ မိုဘိုင်းအင်တာနက်(Mobile Data) ဆိုတဲ့ တံတား အမျိုးအစားကို အချိန်အတော်ကြာ လုံးဝ ဖြတ်တောက် ပိတ်ပင်ထားခဲ့တာပါ။ နောက်ပိုင်းမှာ ဒေသ အလိုက်ပဲ ကန့်သတ်ဖြေလျော့ခဲ့တာရှိပါတယ်။

အချို့ကန့်သတ်နယ်မြေတွေမှာတော့ Starlink
ဂြိုလ်တုအင်တာနက်စနစ်တွေ သုံးစွဲပြီး အင်တာ
နက်ပြဿနာကို ဖြေရှင်းကြတယ်လို့သိရပါတယ်။ Starlink ဆိုတာ မြေကြီးပေါ်ကတံတားတွေနဲ့
မဆိုင်တဲ့ ကောင်းကင်ပေါ်ကလမ်းကြောင်း (ဂြိုလ်
တု အင်တာနက်)ပါ။

ဒါဟာ အပေါ်က ပြဿနာ (၁)(တံတားကျိုးခြင်း)
နဲ့ ပြဿနာ (၂) (တံတားဂိတ်က ပိတ်ထားခြင်း/
အရှိန်လျှော့ထားခြင်း) နှစ်ခုလုံးကို ကျော်လွှားနိုင်တဲ့ တစ်ခုတည်းသော အရေးပေါ် ထွက်ပေါက်ဖြစ်ခဲ့ပါတယ်။ဒါပေမယ့် အခု ကျားဖြန် နှိမ်နင်ရေးကြောင့်ရော၊ (အဲဒီမတိုင်ခင်ကတည်းက တားမြစ်ထားတာရောနဲ့)အဲဒီ ထွက်ပေါက်ကိုပါ ပိတ်လိုက်တဲ့အခါ၊ ပြည်သူတွေဟာ တကယ့်ကျင်းထဲကျပ်ထဲမှာ ပိတ်
မိသွားခြင်း ဖြစ်ပါတယ်။ ပင်လယ်လမ်း (တံတား)ကလည်း ကျိုး၊ ကုန်းတွင်းလမ်း (ဂိတ်) ကလည်း ပိတ်၊ နောက်ဆုံး ကောင်းကင်လမ်း(Starlink) ကပါ ပိတ်သွားတဲ့ အခြေအနေပါ။

လူတွေကို ဖိုက်ဘာလိုင်း (Wi-Fi)ဆိုတဲ့ တံတား အမျိုးအစား တခုတည်းကိုပဲ အဓိက သုံးစေခဲ့ပါတယ်။ ဒါဟာ နိုင်ငံလူဦးရေအများစု အသုံးပြုတဲ့ လမ်းကြောင်းမှာ အခက်ခဲဖြစ်သွားတဲ့သဘောပါ။

အပြီးသတ်ခြုံငုံကြည့်မယ်ဆိုရင် -
ဒါကြောင့်... အခု မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ အင်တာနက် အကျပ်အတည်းဆိုတာ ဒုက္ခနှစ်ထပ် (သို့မဟုတ် သုံးထပ်) ကျရောက်နေခြင်း ဖြစ်ပါတယ်။

၁။ တံတားကျိုးခြင်း (နည်းပညာ)

ကျွန်တော်တို့ရဲ့ အဓိကအမြန်လမ်းမကြီး(AAE-1) ပျက်စီးနေလို့၊ ကျန်တဲ့ တံတားကြီးပေါ်နဲ့ လမ်းကျဉ်းလေးတွေပေါ်မှာ ကား(Data) တွေ ပြည့်ကျပ်ပြီး
အင်တာနက်က အလွန်အမင်း နှေးနေရပါတယ်။

၂။ လမ်းပိတ်/အရှိန်လျှော့ခြင်း (နိုင်ငံရေးအကျပ်
အတည်း )

အဲ့ဒီ နှေးနေတဲ့ လမ်းကြောင်းပေါ်ကနေပဲ၊ အစိုးရက (က) တမင် အရှိန်လျှော့(Throttling) ထားတဲ့အပြင်၊ (ခ) ပိတ်ပင် (Block) ထားတဲ့ Facebook တို့လို နေရာတွေကို သွားဖို့ VPN ထပ်ခံပြီး ပတ်သွားရတဲ့အတွက် ပိုပြီးတော့ နှေးသွားရပါတယ်။

နဂိုကတည်းက အားနည်းပြီးထိန်းချုပ်ခံထားရတဲ့ တံတား ပေါ်ကနေ၊ တကယ်ကျိုးသွားတဲ့အခါ၊ ပိတ်ထားတဲ့ နေရာတွေကို ပတ်သွားဖို့ ကြိုးစားနေရတဲ့ ယာဉ်ကြောပိတ်ဆို့မှု (Traffic Jam) အကြီးကြီးထဲမှာ ပိတ်မိနေကြတာ ဖြစ်ပါတယ်။

ဒါဟာ လက်ရှိ မြန်မာနိုင်ငံက အင်တာနက် အသုံး
ပြုသူတိုင်း ရင်ဆိုင်နေရတဲ့ အကျပ်အတည်းရဲ့ အကြောင်းရင်း အစုံအလင်ပဲ ဖြစ်ပါတယ်ဗျ။
အဓိက က​တော့ နိုင်ငံကချို့တဲ့တာရယ်၊ မပြေလည်ကြသေးတဲ့ နိုင်ငံရေးပြဿနာ​တွေရယ်ကြောင့်လို့ပဲ သည်းခံပြီး ပြေလည်ကြတဲ့အထိ စောင့်ကြရုံပေါ့။

🌿AI INFO TEAM 🌿
23:59 PM | 11 NOV 2025

Join MYAT THU KHA LIN FTTH WIFI on Viber
03/11/2025

Join MYAT THU KHA LIN FTTH WIFI on Viber

Internet Sales and Service

🔔🔔ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ Escape FTTH WiFi သုံးစွဲကြသော မိဘပြည်သူများရှင့်ကျွန်တော်များ Escape WiFi၏ internat...
02/11/2025

🔔🔔ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ Escape FTTH WiFi သုံးစွဲကြသော မိဘပြည်သူများရှင့်
ကျွန်တော်များ Escape WiFi၏ international Uplink တွင် အပြစ်ဖြစ်ပွား‌နေပါသဖြင့် အရန်ဆက်ကြောင်းများမှ ချိတ်ဆက်ထားခြင်း‌ကြောင့် အင်တာနက်သုံးစွဲရာတွင် အခက်အခဲ ကြုံတွေ့ရနိုင်ပါတယ်ရှင်။ အမြန်ဆုံး အချိန်နှင့် တပြေးညီ ပြန်လည်ရရှိနိုင်အောင် ကြိုးစား ပြုပြင်နေပြီဖြစ်ပါတယ်။
ထိုသို့ ပြုပြင်နေသည့် ကာလ အတွင်း အင်တာနက် လိုင်းမတည်ငြိမ်မှုများ၊ လိုင်းအား Bandwidth ပြည့်ဝမှု မရှိခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် 🙏သည်းခံနားလည်ခွင့်လွှတ်ပေးနိုင်ပါရန် ကြိုတင် အသိပေး အကြောင်းကြား မေတ္တာ ရပ်ခံအပ်ပါတယ်ရှင်...
အခြေအနေ အရပ်ရပ်ပေါ်မှုတည်၍ ပြင်ဆင်မှုများပြုလုပ်နေခြင်းကြောင့် Customer များမှ သည်းခံနားလည်ပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကြာမြင့်ချိန် အနည်းဆုံး နှင့် ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ရန်အတွက် ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ကြိုတင် အကြောင်းကြား အပ်ပါတယ်ရှင်...
ယခုကဲ့သို့ Customer များ ခေတ္တခဏ အဆင်မပြေမှုများကို ကြုံတွေ့ရခြင်း အတွက်လည်း အနူးအညွှတ်တောင်းပန်အပ်ပါတယ်ရှင်....
ချစ်ခင်လေးစားရတဲ့ Customer များအတွက် အမြဲကြိုးစား ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ရှင့်၊
ကျေးဇူးအများကြီးတင်ပါတယ်ရှင့်

ပွင့်လင်းရာသီရောက်လာတာနှင့်အညီ မီးပျက်ချိန်များလာခြင်းကြောင့် ကျွန်တော်များ Escape WiFi Company မှ မိတ်ဟောင်း/သစ်များ မီ...
20/12/2024

ပွင့်လင်းရာသီရောက်လာတာနှင့်အညီ မီးပျက်ချိန်များလာခြင်းကြောင့် ကျွန်တော်များ Escape WiFi Company မှ မိတ်ဟောင်း/သစ်များ မီးဘယ်လောက်ပြတ်ပြတ် WiFi မပြတ်စေဖို့ 𝐌𝐈𝐍𝐈 𝐃𝐂 𝐔𝐏𝐒 လေးများရောင်းချပေးနေပါသည်။
Escape WiFi မှ အသုံးပြုတပ်ဆင်ထားသော ONU များလိုအပ်သည့် Walt/Voltage တို့အားတွက်ချက်ပြီး အထူးပြုထုတ်လုပ်ထားခြင်းကြောင့် စိတ်ချယုံကြည်စွာအသုံးပြုနိုင်ပါသည်။

🤩 မီးပြတ် မီးလာတိုင်း Wi-Fi ကြိုး အဖြုတ်/တပ် လုပ်စရာမလို
🤩 သီးသန့်အားသွင်းစရာမလိုပဲ
🤩 မီးလာနေချိန်မှာ Auto အားသွင်းနေမှာဖြစ်ပြီး ၊
🤩 မီးပြတ်ရင်လည်း Wifi လိုင်းပြတ်တောက်သွားခြင်းမရှိပဲ ဆက်လက်အသုံးပြုနိုင်ပါတယ်ဗျ

🌟 𝐖𝐚𝐫𝐫𝐚𝐧𝐭𝐲 - 6 Months (ပစ္စည်း+လက်ခအခမဲ့)
🗓️ ၆လကျော်သွားပါကလည်း လက်ခအခမဲ့ဖြင့်ဆက်လက်ပြုပြင်ပေးသွားပါမည်။

💵 𝐏𝐫𝐢𝐜𝐞 - 50,000 MMK

🚴🏻‍♂️ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင်း ပို့ခ ( အခမဲ့ ) ဖြင့် အိမ်ရောက်ငွေချေ ပို့ဆောင်တပ်ဆင်ပေးပါသည်။

ယခု ရက်များ အတွင်း ရာသီ ဥတု ပြသနာ နှင့် မတော် တဆ မှု့ များ ကြောင့် အင်တာ နက် သယ်ဆောင်သော Uplink Fiber များ မကြာ ခန ပြတ် ...
28/05/2024

ယခု ရက်များ အတွင်း ရာသီ ဥတု ပြသနာ နှင့် မတော် တဆ မှု့ များ ကြောင့် အင်တာ နက် သယ်ဆောင်သော Uplink Fiber များ မကြာ ခန ပြတ် တောက်မှု့ များ ဖြစ်ပေါ် ခဲ့ ရာတွင် WiFi လိုင်းများ အသုံးပြု မရ ဖြစ်ပေါ် ခဲ့သည့် အတွက် EscapeWifi User များကို အနူးအညွတ် တောင်းပန် အပ်ပါတယ် ရှင်။ EscapeWifi team မှ အမြန် ဆုံး ပြန် လည် ရရှိ အောင် ကြိုးစားပြုပြင်‌‌ နေ ပါတယ် ရှင်။ အင်တာနက် ဆက်သွယ်မှု့ ထပ်မံ ပျက်တောက်မှု့ မရှိအောင် လဲ အားနည်းချက် ရှိသော စံနစ် များကို ထပ် မံ အဆင့်မြှင့်တင် ပြုပြင် သွားပါ့မယ်ရှင်။

အင်တာနက် ဆက်သွယ်မှု့များ 9:30 am အချိန်ခန့်တွင်  ပြန်လည် ရရှိပါပြီရှင့်။X#########cccccccဘုရင့်နောင် အင်းစိန် မှ လာသော U...
01/05/2024

အင်တာနက် ဆက်သွယ်မှု့များ 9:30 am အချိန်ခန့်တွင် ပြန်လည် ရရှိပါပြီရှင့်။

X#########ccccccc
ဘုရင့်နောင် အင်းစိန် မှ လာသော Uplink Fiber ကြိုးများ မီးလောင် ‌သွား ပါ သဖြင့် Internet ဆက်သွယ်မှု့များ 7AM အချိန်ခန့်မှ ယာယီ ပျက်တောက် နေပါတယ်ရှင့်။ ပျက်စီး သွားသော ကြိုးများ ကို သက်ဆိုင်ရာ Engineer team မှ အမြန် ဆုံး ပြန်လည် ပြုပြင်နေပြီ ဖြစ်ပါ တယ်ရှင့်။

အဆင်မပြ ဖြစ်မှု့များ အတွက် အနူးညွတ် တောင်းပန်ပါတယ် ရှင်။

02/04/2024

Address

No. (49), Baho Road, East Seikkyi Qtr, Seikkyi Khanaung Toe Tsp
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+951268331

Website

Alerts

Be the first to know and let us send you an email when EscapeWifi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share