Micro InfoTechnology Group

Micro InfoTechnology Group One Stop ICT Solution Center.

Micro Info Technology Group မှRose Garden Hotel ရဲ့ Server System ကို On-site သွားရောက်စစ်ဆေးပေးခဲ့ဖြစ်ပါတယ်။ Serverရဲ့H...
03/08/2026

Micro Info Technology Group မှ

Rose Garden Hotel ရဲ့ Server System ကို On-site သွားရောက်စစ်ဆေးပေးခဲ့ဖြစ်ပါတယ်။ Serverရဲ့Hardware၊ RAID Storage Status၊ Power Supply နဲ့ Cooling System အခြေအနေများကို စစ်ဆေးကာ Server ရဲ့ လက်ရှိလုပ်ဆောင်မှုအခြေအနေကို အတည်ပြုခဲ့ပါတယ်📩

28/07/2026

Video Management Systemတွေအများကြိးရှိတဲ့ထဲက Space XလိုCompanyတွေမှာသုံးတဲ့
Security NX Witness VMSကို
အဓိကလိုအပ်တဲ့အချက်လေးတွေကိုရှင်းပြပေးထားပါတယ်🎥🪐

🌊 Ngwe Saung ရှိ  Sunny Paradise Hotel တွင် CCTV System များကို ရေရှည်တည်ငြိမ်စွာ အသုံးပြုနိုင်စေရန် Micro Info Technolo...
10/07/2026

🌊 Ngwe Saung ရှိ Sunny Paradise Hotel တွင် CCTV System များကို ရေရှည်တည်ငြိမ်စွာ အသုံးပြုနိုင်စေရန် Micro Info Technology Group မှ Preventive Maintenance Service ဆောင်ရွက်ခဲ့ပါတယ်။

ကမ်းခြေဒေသဖြစ်တာရယ် မိုး၊ လေ၊ စိုထိုင်းဆနှင့် ဆားဓာတ် တို့ကြောင့် CCTV Camera များနှင့် Network Equipment များ ပျက်စီးမှုကိုကာကွယ်ဖို့

ကျွန်မတို့ IT Team မှ
✅ CCTV များ ပြန်လည်နေရာချခြင်းနှင့် စစ်ဆေးခြင်း
✅ Cable နှင့် Connector များ စစ်ဆေးထိန်းသိမ်းခြင်း
✅ Waterproof Protection စစ်ဆေးခြင်း
✅ Camera Lens သန့်ရှင်းရေးနှင့် ချိန်ညှိခြင်း
✅ Recording System နှင့် Storage စစ်ဆေးခြင်း
✅ အနာဂတ်တွင် ဖြစ်နိုင်သော ချို့ယွင်းချက်များကို ကြိုတင်ပြုပြင်ခြင်း

စသည့် Preventive Maintenance လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ါတယ်

💡 "မပျက်ခင် ထိန်းသိမ်းခြင်းက ပျက်ပြီးမှ ပြင်ဆင်ခြင်းထက် အချိန်နှင့် ကုန်ကျစရိတ်ကို ပိုမိုသက်သာစေပါသည်။"

လုပ်ငန်းရဲ့ Security System များကို ယုံကြည်စိတ်ချစွာ လည်ပတ်နိုင်ရန် Micro Info Technology Group က အမြဲအသင့်ရှိနေတယ်။

#𝗖𝗖𝗧𝗩𝗠𝗮𝗶𝗻𝘁𝗲𝗻𝗮𝗻𝗰𝗲

08/07/2026

📱 Your Business. Your Security. In Your Pocket.

No matter where you are, stay connected to your CCTV system.

✅ Live Camera Monitoring
✅ Instant Playback
✅ Smart Event Search
✅ Real-Time Alerts

Monitor multiple locations from a single mobile app.

Security has never been this simple.

Nx Witness VMS – Smart Security, Anytime, Anywhere.

📩 Contact Micro IT for a free demo.

🧠CPU နာမည်နောက်က U, P, H, HX, HK, K, KF, KS, F, T, G ဆိုတဲ့ စာလုံးတွေက ဘာကို ဆိုလိုတာလဲ?CPU Model နာမည်နောက်က စာလုံးတွေ ...
05/07/2026

🧠CPU နာမည်နောက်က
U, P, H, HX, HK,
K, KF, KS, F, T, G
ဆိုတဲ့ စာလုံးတွေက ဘာကို ဆိုလိုတာလဲ?

CPU Model နာမည်နောက်က စာလုံးတွေ (Suffix) က CPU ရဲ့ Performance၊ Power Consumption နဲ့ Feature တွေကို ဖော်ပြပေးတာ ဖြစ်ပါတယ်။

━━━━━━━━━━━━━━━

🔋 U Series (Ultra-Low Power)

✔️ ပါဝါစားသက်သာအောင် ဒီဇိုင်းထုတ်ထားပါတယ်။

✔️ Battery အသုံးခံပြီး အပူထုတ်နည်းပါတယ်။

━━━━━━━━━━━━━━━

⚖️ P Series (Performance)

✔️ U Series ထက် Performance ပိုကောင်းပါတယ်။

✔️ Power နဲ့ Performance ကို မျှတအောင် ဒီဇိုင်းထုတ်ထားပါတယ်။

━━━━━━━━━━━━━━━

🚀 H Series (High Performance)

✔️ Power Limit မြင့်ပါတယ်။

✔️ Clock Speed နဲ့ Multi-Core Performance ပိုကောင်းပါတယ်။

━━━━━━━━━━━━━━━

🔥 HX Series (High Performance eXtreme)

✔️ Desktop CPU နဲ့ နီးစပ်တဲ့ Performance ကို ပေးနိုင်ပါတယ်။

✔️ Core၊ Cache နဲ့ Power Limit ပိုမြင့်ပါတယ်။

━━━━━━━━━━━━━━━

🔓 HK Series

✔️ H Series Feature အားလုံး ပါဝင်ပါတယ်။

✔️ CPU Multiplier Unlock ဖြစ်တဲ့အတွက် Overclock ပြုလုပ်နိုင်ပါတယ်။

━━━━━━━━━━━━━━━

💻 HQ Series (အရင်မျိုးဆက်)

✔️ High Performance Quad-Core Processor ကို ရည်ညွှန်းပါတယ်။

✔️ Intel Laptop CPU အဟောင်းတွေမှာ အများဆုံး တွေ့ရပါတယ်။

━━━━━━━━━━━━━━━

⚡ K Series

✔️ CPU Multiplier Unlock ဖြစ်ပါတယ်။

✔️ Overclock ပြုလုပ်နိုင်ပါတယ်။

━━━━━━━━━━━━━━━

🚀 KF Series

✔️ K Series လို Overclock လုပ်နိုင်ပါတယ်။

✔️ Built-in Graphics မပါဝင်ပါ။

━━━━━━━━━━━━━━━

🏆 KS Series

✔️ K Series ရဲ့ Special Edition ဖြစ်ပါတယ်။

✔️ Factory Overclock လုပ်ထားပြီး Clock Speed ပိုမြင့်ပါတယ်။

━━━━━━━━━━━━━━━

🎮 F Series

✔️ Integrated Graphics (iGPU) မပါဝင်ပါ။

✔️ Dedicated Graphics Card (GPU) လိုအပ်ပါတယ်။

━━━━━━━━━━━━━━━

🌿 T Series

✔️ ပါဝါစားသက်သာတဲ့ Desktop Processor ဖြစ်ပါတယ်။

✔️ TDP နည်းပြီး အပူထုတ်နည်းပါတယ်။

━━━━━━━━━━━━━━━

🎨 G Series (အဟောင်း)

✔️ Intel Iris Plus Graphics ပါဝင်တဲ့ Processor တွေကို ရည်ညွှန်းပါတယ်။

✔️ 10th Gen Laptop CPU အချို့မှာသာ တွေ့ရပါတယ်။

━━━━━━━━━━━━━━━

📌 မှတ်ထားသင့်တာ

CPU နာမည်နောက်က စာလုံးတွေက...

✔️ Performance အမျိုးအစား

✔️ ပါဝါအသုံးပြုပုံ

✔️ Built-in Graphics ပါ/မပါ

✔️ Overclock လုပ်နိုင်/မနိုင်

✔️ CPU ရဲ့ Feature

တွေကို ဖော်ပြပေးတဲ့ CPU Suffix တွေ ဖြစ်ပါတယ်။




💻 RAM တိုးထားပေမယ့် Computer သွက်မလာရတဲ့ အကြောင်းရင်းComputer တစ်လုံးရဲ့ performance ကို RAM တစ်ခုတည်းနဲ့ မဆုံးဖြတ်နိုင်...
04/07/2026

💻 RAM တိုးထားပေမယ့် Computer သွက်မလာရတဲ့ အကြောင်းရင်း

Computer တစ်လုံးရဲ့ performance ကို RAM တစ်ခုတည်းနဲ့ မဆုံးဖြတ်နိုင်ပါဘူး။

RAM တိုးထားပေမယ့်လည်း နှေးနေတတ်တဲ့ အကြောင်းရင်းတွေက တကယ်တော့ အောက်ပါအချက်တွေထဲမှာပဲ ရှိနေပါတယ်👇

---

① SSD / Storage ပြည့်နီးနီး ဖြစ်နေခြင်း

Storage မလွတ်တော့ရင် Windows ရဲ့ data read/write speed ကျလာပြီး system တစ်ခုလုံး နှေးလာနိုင်ပါတယ်။

② Restart မလုပ်တာကြာလာခြင်း

Memory နဲ့ background process တွေ စုပုံလာပြီး အချိန်ကြာလာတာနဲ့အမျှ performance ကျလာတတ်ပါတယ်။

③ Startup Program များလွန်းခြင်း

Computer ဖွင့်တာနဲ့တပြိုင်နက် မလိုအပ်တဲ့ software တွေ အလုပ်လုပ်နေရင် boot time(Computer ဖွင့်ပြီး “သုံးလို့ရတဲ့အခြေအနေ” ထိရောက်ဖို့ကြာချိန် )နှေးပြီး RAM usage တက်လာပါတယ်။

④ CPU အပူချိန်မြင့်ခြင်း

Fan မှာ ဖုန်တက်ခြင်း၊ cooling မကောင်းခြင်းကြောင့် CPU က သူ့ speed ကို အလိုအလျောက် လျှော့ချလိုက်နိုင်ပါတယ်။

⑤ System Update မလုပ်ထားခြင်း

Windows နဲ့ driver များ outdated ဖြစ်နေရင် performance လျော့ကျပြီး error တွေ ဖြစ်နိုင်ပါတယ်။

⑥ Disk Health မကောင်းခြင်း

Hard disk / SSD မှာ error စဖြစ်လာပြီဆိုရင် system တစ်ခုလုံး အချိန်ကြာလာတာနဲ့အမျှ နှေးလာပါတယ်။

---

🎯 Computer performance ဆိုတာ RAM တစ်ခုတည်းမဟုတ်ပါဘူး။ System တစ်ခုလုံးရဲ့ balance ပါ။

💡 တကယ်တမ်းမှာ RAM တိုးတာထက် အရေးကြီးတာက
👉 System ကို အမြဲ healthy ဖြစ်အောင် ထိန်းသိမ်းထားခြင်းပါ။

---

📌 Micro IT FM Service က Office Computer & Laptop တွေကို
Performance Check + Health Check + Preventive Maintenance ပြုလုပ်ပေးပြီး
Unexpected slow down / downtime မဖြစ်အောင် ကြိုတင်ကာကွယ်ပေးနေပါတယ်။

💬 သင့် Computer မှာရော RAM တိုးထားပေမယ့် မသွက်သေးတာမျိုး ကြုံဖူးလား?





🚨 "ပျက်မှပြင်မယ်" ဆိုတဲ့ အလေ့အကျင့်က လုပ်ငန်းကို ပိုကုန်စေနိုင်ပါတယ်။ICT Device အတွက် ကုန်ကျစရိတ် လျှော့ချင်တာက မှန်ပါတယ...
04/07/2026

🚨 "ပျက်မှပြင်မယ်" ဆိုတဲ့ အလေ့အကျင့်က လုပ်ငန်းကို ပိုကုန်စေနိုင်ပါတယ်။
ICT Device အတွက် ကုန်ကျစရိတ် လျှော့ချင်တာက မှန်ပါတယ်။

ဒါပေမယ့် "ပျက်မှ ပြင်မယ်" ဆိုတဲ့ အလေ့အကျင့်ကတော့ ပိုကုန်စေတဲ့ အကြောင်းရင်း ဖြစ်နိုင်ပါတယ်။

Computer, CCTV, Printer, Network တစ်ခုခု ပျက်သွားမှ ပြင်မယ်ဆိုရင်...

❌ အလုပ်ရပ်တန့်တယ်။
❌ Customer Service နှောင့်နှေးတယ်။
❌ အရေးပေါ် Repair Cost ပိုများတယ်။
❌ လုပ်ငန်းရဲ့ ယုံကြည်မှုနဲ့ Productivity ကို ထိခိုက်နိုင်တယ်။

🚗 ကားကို အင်ဂျင်မပျက်ခင် ဆီလဲသလို...

ICT Device တွေကိုလည်း ပုံမှန် စစ်ဆေး၊ ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။

🏢 ဒါက Facility Management (FM) Service ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ICT Preventive Maintenance ပါ။

ပုံမှန် စစ်ဆေးထိန်းသိမ်းပေးခြင်းက...

✅ Breakdown ကို လျှော့ချပေးတယ်။
✅ Downtime ကို လျှော့ချပေးတယ်။
✅ Device သက်တမ်းကို ပိုရှည်စေတယ်။
✅ အရေးပေါ် Repair Cost ကို လျှော့ချပေးတယ်။

Facility Management (FM) ဆိုတာ...

ရှိပြီးသား Computer, Network, CCTV, Printer နဲ့ အခြား ICT Device တွေကို စနစ်တကျ စစ်ဆေး၊ ထိန်းသိမ်းပြီး လုပ်ငန်းကို အနှောင့်အယှက်နည်းနည်းနဲ့ အကောင်းဆုံး လည်ပတ်နိုင်အောင် ကူညီပေးတဲ့ Service ဖြစ်ပါတယ်။

📩 ပြဿနာဖြစ်ပြီးမှ ဖြေရှင်းတာထက် မဖြစ်ခင် ကြိုတင်ကာကွယ်တာက ပိုတန်ဖိုးရှိပါတယ်။

Micro IT ရဲ့ Facility Management (FM) Service နဲ့ သင့်လုပ်ငန်းရဲ့ ICT Infrastructure ကို ယုံကြည်စိတ်ချစွာ ထိန်းသိမ်းလိုက်ပါ။

📩 အသေးစိတ် သိရှိလိုပါက Message မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Micro Info Technology Group မှ၃.၇.၂၀၂၆ MIC(Myanmar Imperial College )ကိုPower backup system , electrical faulty များကာကွ...
03/07/2026

Micro Info Technology Group မှ
၃.၇.၂၀၂၆
MIC(Myanmar Imperial College )ကို
Power backup system , electrical faulty များကာကွယ်ရန်နှင့် Internet သုံးစွဲမှုများ လုံခြုံမှုပိုမိုရရှိစေရန် Firewall တပ်ဆင်မှု ကိစ္စများ စသည့်နည်းပညာနှင့်ပတ်သတ်သော ဝန်ဆောင်မှုများ Survey လုပ်ဆောင်ခဲ့သည်။


မင်္ဂလာပါရှင့်🙏Micro Info Technology Groupမှ 2.7.2026 နေ့ACAE Intenational School တွင်System များ နဲ့ Network Infrastruc...
02/07/2026

မင်္ဂလာပါရှင့်🙏
Micro Info Technology Groupမှ 2.7.2026 နေ့
ACAE Intenational School တွင်
System များ နဲ့ Network Infrastructure ပိုင်းကို အဆင့်မြှင့်တင်ရန်အတွက် Survey ဆင်းခဲ့ပါသည်။

လူကြီးမင်းတို့ ၏ နည်းပညာ စနစ်များကို အဆင့်မြှင့်တင် လိုပါက Micro-IT Team သို့ ဆက်သွယ်နိုင်ပါတယ်ရှင့်။



18/06/2026

Network Optic VMS -Nx Witness
🇲🇲 Officially Available in Myanmar by Micro IT

NX VMS ဖြင့်
✅ Centralized Management of All Cameras
✅ Multi-Branch Centralized Monitoring
✅ Faster Investigation & Video Search
✅ Enterprise-Level Security Management
✅ Scalable & Future-Ready Solutions

🌎 Global Standard Technology ဖြင့်
📩 သင့်လုပ်ငန်း၏ Security & Monitoring System ကို Next Level သို့ မြှင့်တင်လိုပါက NX VMS Demo & Consultation အတွက် အခုပဲInbox Message ပို့လိုက်ပါ။




Address

No. 129, 2th Floor, Room (204), 36th Street (Middle Block), Kyattadar Tsp
Yangon

Opening Hours

Monday 09:30 - 16:00
Tuesday 09:30 - 16:00
Wednesday 09:30 - 16:00
Thursday 09:30 - 16:00
Friday 09:30 - 16:00

Telephone

+959954247597

Alerts

Be the first to know and let us send you an email when Micro InfoTechnology Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Micro InfoTechnology Group:

Shortcuts

Share