NCP IT Services

NCP IT Services We Service ALL PC's and Laptops
Complete System Upgrades
Personalized Consultation on your PC,
PABX, CCTV and Network Infrastructure.

CCTV Installations
19/06/2022

CCTV Installations

Please contact us if necessary.Available with the cheaper price of Cisco Router & Switch Cisco Router 2900    3600 1900 ...
12/06/2022

Please contact us if necessary.

Available with the cheaper price of Cisco Router & Switch

Cisco Router
2900
3600
1900
2800

Switch Layer2, L3
2950
3750

NCP IT Services (Ph :09420009002)

Network Solution
09/03/2020

Network Solution

Woomool International limited တွင်CCTVတက်ဆင်ပြီး
10/06/2019

Woomool International limited တွင်CCTVတက်ဆင်ပြီး

Computers boot menu keys & system BISO keys
05/01/2019

Computers boot menu keys & system BISO keys

Networking (Microsoft) ///|||\\\  (Old Post).(ဒါတွေတင်ခဲ့တာ သိစေချင်လို့ အလကားဖြစ်ကုန်တယ်-ရှာဖွေစာဖတ်ကြပါ)ကွန်ပြူတာ တလုံ...
11/12/2018

Networking (Microsoft) ///|||\\\ (Old Post).
(ဒါတွေတင်ခဲ့တာ သိစေချင်လို့ အလကားဖြစ်ကုန်တယ်-ရှာဖွေစာဖတ်ကြပါ)

ကွန်ပြူတာ တလုံးနဲ.တလုံး ချိတ်ဆက်နိုင်ဖို.အတွက် ကြားခံ Media တွေ လိုအပ်ပါတယ်
Network Card , Cable , Switch , Hub , Router စသည်ဖြင်.အခြေခံ Network Medium တွေကို အသုံးပြု ပြီး Data တွေကို Translate လုပ်ကြတာ ပါ။ နည်းပညာပိုင်းကို ခဏလောက်ထားပြီး ဒီနေရာမှာ Hardware တွေရဲ.လုပ်ဆောင်ချက်လေးတွေ ကိုပဲ ရှင်းလိုက်ရအောင် ...

နက်ဝက်ကဒ်ကို ပို.ဆောင်ဆက်သွယ်ပေးမဲ. ကြိုးကတော. RJ45 Male တပ်ထားတဲ. ကြိုး ဖြစ်ပြီး ကြိုးအမျှည်ပေါင်း ၈ကြိုး ပါ၀င်ပါတယ်။ ကြိုး ထိုးတဲ.နေရာမှာတော. ဘီType(ဖြူမော်/မော်/ဖြူစိမ်း/ပြာ/ဖြူပြာ/စိမ်း/ဖြူညို/ညို)
A type (ပုံ ၁)

(ဖြူစိမ်း /စိမ်း /ဖြူမော် /ပြာ / ဖြူပြာ/မော် /ဖြူညို / ညို) ဆိုပြီး ၂မျိုး ၂စားရှိပါတယ် ။

ပုံ ၂

ကွန်ပြူတာ ၂လုံးထဲချိတ်မယ်ဆိုရင် Peer To Peer ချိတ်ဆက်တယ်လို.လဲခေါ်ပါတယ် ။ နက်ဝက်အသေးစား (၁၀လုံးအောက်) တွေမှာ တွေ.ရပြီးကြိုး တစ်ဖက်ကိုတော. A type ဖြစ်ပြီး အခြားတစ်ဘက်ရှိခေါင်းအား B type အဖြစ် လုပ်ပေးရပါမယ် ။ ဒီလို A type နဲ. B type ကို ထိုးပေးရတဲ. နေရာတွေကတော. ကွန်ပြူတာ အခြင်းခြင်း (ကြားခံ Switch ,Hub ) မပါပဲနဲ.ဖြစ်စေ ၊ တချို.နက်ဝက်ဘောက် အခြင်းခြင်းဖြစ်စေ ထိုနေရာတွေမှာ ပဲသုံးပြုပါတယ် ။ သူက ဒါရိုက်ချိတ်ဆက်ထားခြင်းဖြစ်လို. Sharing တော.ကောင်းတယ်။ Security အရမကောင်းဘူး။ Security လိုအပ်တဲ.နေရာတွေမှာ Peer Network ကို မသုံးသင်.ပါဘူး ။ စက်တလုံးလုံးကနေ ဖြစ်စေ စက်အားလုံးက ဖြစ်စေ ၊ အခြားကွန်ပြူတာတစ်လုံးစီမှ Sharing Data တွေယူလိုက်မယ်ဆိုရင် အယူခံရတဲ.ကွန်ပျူတာမှာ Performance ကျသွားပါတယ် ။ အပြန်အလှန် Data ပေးပို.နေတဲ.အတွက် ကွန်ပြူတာ (၁၀) လုံးထက် ပို၍အသုံးပြုဖို. မသင်.တော်ပါဘူး။
အများသော အားဖြင်. နက်ဝက်အကြီးစား (၁၀လုံးထက်ပိုပြီး) Switch တွေ ၊ Router တွေ နဲ.ချိတ်ဆက်မယ်ဆိုရင်တော. A type ပဲဖြစ်ဖြစ် B type ပဲဖြစ်ဖြစ် ကိုယ်နှစ်သက်ရာ နှစ်သက်သလို ကြိုးစီလို.ရပါတယ် ( အဓိက ကတော. ပာုိဘက်(တဖက်နက်ဝက်ခေါင်း)မှာ ဘယ်လိုစီစီ နောက်တဖက်မှာလဲ တဖက်ခေါင်းစီထားတဲ.အတိုင်း ပြန်စီပြီးထိုးလဲ အဆင်ပြေပါတယ် )။
နက်ဝက်ကြိုး ( Network Cabling ) က မီတာ ၁၀၀ ပတ်ဝန်းကျင်အထိပဲ အသုံးပြုရ အဆင်ပြေပြီးတော. မီတာ ၁၀၀ ကျော်သွားရင်တော. Network Speed လျှော.ကျမူ.ကြောင်. ဒေတာ မရနိုင်ပါဘူး ။ အဲ.နေရာတွေမှာ Network Speed ကိုထပ်တိုးပေးနိုင်မဲ. Switch , Hub တွေကို အသုံးပြုမှ အဆင်ပြေမှာပါ ။
ကွန်ပြူတာ အလုံးရေ လိုအပ်သလောက် Network Ports ( 8ports switch , 16ports Switch ) အရေအတွက် နဲ. ရှိပါတယ် ။
ပုံ ၃
Switch ရဲ.သဘော တရားကတော. ဖြန်.ဖူးပေးမဲ.အလုပ်နဲ. လမ်းညွှန်ပေးတဲ.အလုပ်ကိုပဲလုပ်ကိုင်မှာပါ ။ ဥပမာ ပေးရရင် ... ရပ်ကွက် မြေပုံ တခုလိုပေါ. အိမ်နံပါတ်ဘယ်လောက် ၊ ဘယ်လောက်ကို လာတဲ.ဧည်.သည် က ကိုယ်.ဘာသာ ကိုယ်ရှာပြီး သွားလို.ရအောင် ပြထားတဲ.သဘော မှာပဲလုပ်ကိုင်ပါတယ် ။

Router ကတော. Switch နဲ.ကွာခြားချက်တွေရှိပါတယ် ။ သူ.မှာ Function တွေပိုစုံလင်ပြီး သူကိုယ်တိုင်ဖြစ်စေ ၊ တခြား စက်တလုံးဖြစ်စေ ၊ နက်ဝက် တခုကိုဖြစ်စေ သွားရောက်ဖို.အတွက် သက်မှတ်ပေးနိုင်ပါတယ် ။ ပြီးတော. ရောက်ရှိလာတဲ. နက်ဝက် ရဲ. Speed ကို ပြန်ပြီး Routing အနေနဲ. တိုးပေးပါတယ် ။ အဲ.အတွက် နက်ဝက် ၂ခု ချိတ်ဆက်ရာမှာပိုပြီး လျှင်မြန်စေပါတယ် ။ Wireless router တွေကတော. ၁၀၀ မီတာ ကနေ ၂၀၀ မီတာ လောက်ကို point to point ကို access လုပ်နိုင်တယ် (ကြားခံ နံရံများ ၊ ပိတ်ဆို.မူများရှိရင်တော. မိတာ ၁၀၀ က အကောင်းဆုံးပါ ) ။ ဥပမာ ပေးရရင် ... ရပ်ကွက်တခုမှာလာတဲ.ဧည်.သည် ကို အိမ်တိုင်ရာရောက်လိုက်ပို.ပေး သလို ၊ သူ ကိုယ်တိုင် ကို က ရပ်ကွက် တခု တည်ထောင် နိုင် ပါတယ် ၊တခြားရပ်ကွက် က အိမ်ကို ပါ (သတ်မှတ်ပေးထားရင်) သူ လိုက်ပြနိုင် ပါတယ် ။ (ရှင်းလားတော. မသိဘူး ... အပာီး ဒီထက်လဲ မရှင်းတတ်တော.ဘူး )
ပုံ ၄

Network Card , Switch , Router တွေရှိတာနဲ. အားလုံးတတ်ဆင် ပြီးတာ နဲ. Network ရသလားဆိုတော. မရနိုင်သေးပါဘူး ။ ကားတစီးကို အားလုံးတတ်ဆင်ပြီးတာ နဲ. ကားက ၀ူးကနဲမထွက်သွားပါဘူး ၊ ကားကို မောင်နှင် နိုင်မဲ.သူရှိမှ အဆင်ပြေမှာပါ ။ အဲ.အတွက် ကွန်ပြူတာ အခြင်းခြင်း မှာလဲ နားလည်အောင် လုပ်ကိုင်ပေးမဲ.သူ Protocol ဆိုတာလိုအပ်တယ်။
ဥပမာ--
(၁) TCP/IP (Transmission Control Protocol/ Inernet Protocol)
(၂) NetBEUI( Net BIOS Extend User Interface)
စသဖြင်. Protocol တွေလိုအပ်လာပါတယ် ။ Protocol ဆိုတာက ကွန်ပြူတာတွေ အခြင်းခြင်း ဆက်သွယ်ရာမှာ လုပ်ဆောင်ကြရမယ် rule တွေလို.ပဲကျနော် သဘောပေါက်ထားပါတယ် ။ ဆော.၀ဲရေးသားထားသူ အပေါ်မှာ မူတည်ပြီး Protocol အများအပြားရှိနေမှာပါ ။ အခု အသုံးပြုမူ.အများဆုံးနဲ. အသုံးဝင်ဆုံး Protocol ကတော. TCP/IP Protocol ပဲဖြစ်ပါတယ်။

Transmission Control Protocol (TCP)

TCP အကြောင်းကတော. သူ.မှာလုပ်ဆောင်ရမဲ. လုပ်ငန်းစဉ်တွေအများကြီးရှိပါတယ် ။ (ကျနော်တို. ကုန်တင်ကားကြီး ကို တခြားနယ်တခု လေယာဉ်ပြန်နဲ.ပို.ချင်တယ်ဆိုပါစို.ဗျာ ။ ဒါပေမယ်. လေယာဉ်ပျံက ကားတစီးလုံးကို သယ်နိုင်လောက်တဲ. အရွယ်အစား မရှိဘူး အဲ.တော. ကျနော်တို.အနေနဲ. ဘယ်လိုပို.ရမလဲ ။ ရှင်းပါတယ် ။ အမှတ်စဉ် အရည်အတွက် ရယ် ၊ ပါ၀င်မဲ. ပစ္စည်းအပိုင်း နေရာရယ် (ဥပမာ . ကားဘောဒီဆို ဘောဒီ ၊ ကားစက်ပိုင်းဆို ကားစက်ပိုင်း ) တခုထားပြီး ကားပစ္စည်းတခုခြင်းစီ ဖြုတ်ပြီး ပို.ပေါ. ။ အဲ.တော. ( အမှတ်စဉ် ၊ အမျိုးအစား ၊ ပစ္စည်း ) ပာုိရောက်တော.မှ အမှတ်စဉ် အတိုင်း သူ.နေရာနဲ.သူ ပြန်ကောက်တတ်လိုက်ယုံ ပဲလေ ။ ဒီလိုပါပဲ data တွေသည် အရွယ်အစားကြီးနေတယ်ဆိုရင် ပို.ဆောင်လို.အဆင်ပြေမဲ. အပိုင်းငယ်လေးတွေ ပိုင်းပြီး ပို.ဆောင်ရတဲ. တာဝန်ကို TCP ကလုပ်ဆောင် တာပါ ။ အဲ.ဒါကို segmentation လို.လဲခေါ်ပါတယ်။ ဒါက အစိတ်အပိုင်းလေးတွေ ပိုင်းထားတဲ. အချိန်ပဲရှိပါသေးတယ် ။

အမျိုးအစား(နေရာ)တွေရေးဖို. နေရာမှာတော. TCP header ကအလုပ်လုပ်မှာပါ ။သူ.နောက်မှာ စောစောက ပိုင်းထားတဲ. Data အစိတ်အပိုင်းတွေလာမှာပါ ။ TCP segment တွေကို အမှတ်စဉ် နံပါတ်တတ်ပေးဖို. လိုလာပြီ အဲ.အတွက် Sequence Number ဆိုတဲ.နေရာနဲ.အမှတ်စဉ် ထည်.ပေးမှာပါ ။ ဒါမှလဲ ပာုိရောက်လို. ဘယ်နေရာဘယ်အပိုင်း ၊ ဘယ်အမှတ်စဉ် လိုတယ် ချက်ချင်းသိပြီး လိုအပ်ရင် ပြန်ပို.လိုရအောင်ပါ ။ အဲ.တော. ( ၊ TCP Header ၊ Segment ) ဆိုပြီး အပိုင်းလေးတွေနဲ. ပို.ဆောင်ဖို.အဆင်သင်.ဖြစ်သွားပါပြီ ။
ပာုတ်ပြီဗျာ .. ကျနော်တို. ပို.ဆောင်ဖို.အတွက် အရာတွေအားလုံး ထုတ်ပိုးလို.ပြီးသွားတဲ. အချိန်မှာ ကျနော်တို. ဘယ်ကို ပို.မှာလဲဆိုတာ ကလိုအပ်လာပါတယ် ။ အင်းလေးလား ၊ တောင်ကြီးလား ၊ မန္တလေးလား ၊ ပြင်ဦးလွင်လား ။ ဘယ် အရပ်ဒေသ ကို ပို.ဆောင်မှာလဲ ??? ။ ဘယ်သူကကျနော်တို. ပို.မဲ. ပစ္စည်းတွေကို လက်ခံယူထားမှာလဲ ??? ။ ရှင်းပါတယ် ။ ပို.ချင်တဲ. နေရာ နဲ. လက်ခံမယ်.သူ နံမည်ကို ထည်.ပေးလိုက်ယုံပါပဲ ။ ( ဥပမာ ... သို. လက်ခံမဲ.သူ / မပာူရာနက်မှောင်မည်းကြီး ။ နေရပ် .. ခတ္တ ရှရှား ။။ ပေးပို.သူ / ခပ်ချောချောရဲအောင်သူ ။ နေရပ် .. ခတ္တ လူ.ပြည် ဘာညာပေါ.ဗျာ )

Internet Protocol ( IP )

ကွန်ပြူတာတွေမှာလဲ တလုံးကနေ တလုံးကို ဒေတာတွေပို.ဆောင်ဖို.အတွက် သူ.တိုရဲ. ကိုယ်ပိုင် လိပ်စာတွေရှိမှ ဖြစ်မှာပါ ။ ဒီကိုယ်ပိုင်လိပ်စာတွေ ကတော. IP Address တွေဖြစ်လာပါတယ် ။ Data တွေကိုပို.ရန် IP ရဲ့အကူအညီ ကိုရယူပါတယ်။ TCP မှ segmentation လုပ်ပြီး ရလာသော segment ရှေ.မှာ IP header ထည်.ပေးပြီး (တံဆိပ်ခေါင်းတပ်ပေးလိုက်တာပေါ.ဗျာ) အဲ.မှာ source နဲ. destination IP address ပါရှိရမှာပါ ။ ပေးတဲ.သူ ရဲ.နံမယ်နဲ. လက်ခံမဲ.သူရဲ. နံမယ်လိုပေါ. ။ IP header မှာလဲ IP address (၂)ခု ပါရှိပါတယ်။ တစ်ခုက source IP address ဖြစ်ပြီး ကျန်တစ်ခုက destination IP address တို.ပါ ။ အဲ.ဒီလို အပိုင်းလေး အနေနဲ. ဖြစ်သွားပြီးမှ ပေးပို.ခြင်းကို စတင်လုပ်ကိုင် နိုင်မှာပါ ။ အဲ.ဒီလို ပေးပို.တဲ.အစိတ်အပိုင်းကို IP packet ( IP header +Data) လို.ခေါ်ပါတယ် ။ ပါဆယ်ထုတ်ပြီးသား လိပ်စာတတ်ပြီးသား ပေါ.ဗျာ ။

မှတ်ချက်။ ကျနော်လူပိန်း တယောက်ဖြစ်လို. လူပိန်းလို. ရှင်းပြထားမိတဲ.အတွက် နားလည်ပေးစေချင်ပါတယ်

IP address ဆိုပြီးနံမယ် ကိုတော. အင်တာနက်သုံးတဲ.လူတိုင်း နီးပါးသိကျမှာပါ ။ ှုIP ADDRESS က ဘာလဲ ှရှင်းပါတယ် ။ Internet Protocol ရဲ. လိပ်စာ ပေါ.ဗျာ ။ ကျနော်တို. အပြင်မှာ စာပို.တော.မယ်ဆိုရင် စာအိတ်ပေါ်မှာ အိမ်နံပါတ် ၊ လမ်း ၊ ရပ်ကွက် ၊ မြို့နယ် ၊ တိုင်း ၊ နိုင်ငံ ဘာညာကွိကွ တွေရေးပေးပြီး ပို.ပေးရသလိုမျိုးု IP address မှာလည်း internet protocol မှ သတ်မှတ်ပေးထားသော format ရှိပါတယ်။ IP address တွေက 32 bit binary ဂဏန်းတွေတွေပါ ။ စက်အချင်းချင်းနားလည်တဲ. ကိန်းဂဏန်းတွေနဲ. ဖော်ပြပေးတာဖြစ်ပြီး လူတွေအသုံးပြုရလွယ်ကူအောင်လို. Decimal ဂဏန်း တွေနဲ. အစားထိုးသုံးပြုပါတယ် ။

1010110100111011 = Binary ဂဏန်း
192 . 168 . 1 . 1 = Decimal ဂဏန်း

Binary ဂဏန်း
သူ.မှာ ၀ ရယ် ၁ ရယ်ပဲပါ၀င်ပြီး ။ ၀ နဲ. ၁ ကို တလှည်.စီ အသုံးပြုတာဖြစ်ပါတယ် ။
0001 = ၁ ဖြစ်ပြီး 0010 = ၂ ဖြစ်သွားပါတယ် ။ အလားတူစွာ 0011 = ၃ ဖြစ်သွားပါမယ် ။ အသေးစိတ်လေ.လာချင်ရင်တော. http://en.wikipedia.org/wiki/Binary_numeral_system မှာ လေ.လာနိုင်ပါတယ် ။

Decimal ဂဏန်း
သူ.မှာတော. 1st Octet 2nd Octet 3rd Octet 4th Octet ဆိုပြီး အပိုင်း ၄ ပိုင်းပါ၀င်ပါတယ် ။
decimal number တစ်ခုစီကို octet တစ်ခုလို.ခေါ်ပါတယ်။ decimal octet ရဲ.တန်ဖိုးက 8 bit ကိုကိုယ်စား
ပြုပါတယ် ။ ကွန်ပြူတာ တွေမှာ နက်ဝက်ကဒ် အတွက် လိပ်စာ သက်မှတ်ပေးတဲ.နေရာမှာလဲ အပြင်လောက လိုမျိုး နေရပ်လိပ်စာ မတူမှ အဆင်ပြေမှာပါ ။ ဒါမှလဲ လိပ်စာမှန်ပြီး ရောက်ရှိမှာဖြစ်ပါတယ် ။ ( ဥပမာ - စက်တစက် ကို 192.168.0.1 ပေးခဲ.ရင် နောက်စက်ကို 192.168.0.2 ဖြစ်ရပါမယ် ။

IP Address ရဲ. အပိုင်းလေးပိုင်း က တစ်ခုကြားကို Decimal Point တွေနဲ. ခွဲခြားထားပါတယ် ။ ပေးနိုင်တဲ. အတိုင်းအတာတွေကတော. ၁ ကနေ ၂၅၄ အထိပဲဖြစ်ပါတယ်။ အဲ.ဒီမှာ (Address for the Network )နဲ့ Hosts ရဲ.လိပ်စာ(Address for the Host) ဆိုပြီး ခွဲခြားထားတယ် ။ ပထမ 8 bits ဟာ အပိုင်းလေးပိုင်းထဲက ပထမဆုံးအပိုင်း Network address အပိုင်းဖြစ်ပြီး ကျန်သုံးပိုင်းဟာ Host address ပိုင်းဖြစ်ပါတယ် ။ အဲ.မှာ စပြီး CLASS A , CLASS B , CLASS C စသည်ဖြင်. နက်ဝက်အမျိုးအစား တွေပေါ်လာတာပါ ။ ဥပမာ - မြီု.နယ်ကြီးရင် အိမ်ခြေပိုများ သလိုပေါ. ။

ပုံ ၅

Class-A ကတော. အလွန်ကြီးမားတဲ. နက်ဝက်တွေမှာ အသုံးပြုပါတယ် ။ Hosts ပေါင်း 16,777,216 ကို ကိုင်တွယ်နိုင်ပါတယ် ။
Class B ဆိုတာကတော့ အလယ်အလတ်တန်းစား ကွန်ရက်တွေ မှာ အသုံးပြုပါတယ် ။ Host ပေါင်း 1,048,576ကိုင်တွယ်နိုင်ပါတယ် ။
Class C ဆိုတာကတော. နက်ဝက်အသေးစား တွေအတွက်ပါ ။Hosts ပေါင်း 65,535 အများဆုံးပဲရနိုင်ပါတယ်။
အသေးစိတ် လေ.လာချင်ရင် တော. http://lanverse.com/tutorials/subnettin ... a-network/မှာ ဖတ်ရူနိုင်ပါတယ် ။

ကျနော်ဖတ်ဖုူးတဲ့ စာရေးသူဆရာကိုလဲ credit ပေးပါတယ်ခင်ဗျ

Network ကိုလေ့လာချင်သူများအတွက် 😁😁😁😁
10/12/2018

Network ကိုလေ့လာချင်သူများအတွက် 😁😁😁😁

10/12/2018

Network ကိုယ်တိုင်ချိတ်ဆက်နည်း
••••••••••••••••••••••••••••••••••••••••

မင်္ဂလာပါ သည်တခါတော့ ကျွန်တော် လေ့လာ မိခဲ့ဖူးတဲ့ Network ချိတ်ဆက်နည်းလေးပါ

သည်နည်းလေးကိုတော့ ကျွန်တော် မှတ်သားထားခဲ့ပေမယ့် ကြာတော့

ဘယ်သူဘယ်ဝါ ရေးသားထားတယ်ဆိုတာ ကိုတော့ အတိအကျ မမှတ်မိတော့ပါဘူး

စတင်ရေးသားခဲကသော နည်းပညာရှင်အား သည်နေရာကနေ ခရက် ပေးလိုက်ပါတယ်..

အခြေခံ Network ချိတ်နည်းလေးပါ .. ဒီနည်းလမ်းသိရုံလောက်နဲ့ကိုယ်တိုင်ချိတ်ဆက်လို့ ရပါပြီ ..။

အရင်ဆုံး Network မချိတ်ဆက်ခင် ကြိုးကိုက်တာသိဖို့လိုပါတယ် နှစ်မျိုးရှိပါတယ် ကွန်ပျူတာ 2

လုံးပဲချိတ်မှာလားအများကြီးချိတ်မှာလားဆိုတာတော့ ရွေးချယ်ပီး ကြိုးကိုက်ပါ..

ကြိုးကိုက်နည်းဆိုတာထက်ကြိုးအရောင်အလိုက်ခေါင်းမှာတပ်ဆင်ရမဲ့ကိစ္စပါ

လုပ်စရှိတဲ့သူဆိုရင်တော့တစ်ခါထဲ့အဆင်ပြေပါတယ်

လုံးဝကိုမလုပ်တတ်တဲ့သူကိုတော့စာနဲ့အသေးစိပ်ရေးပြရတာခက်လို့ကြိုးနဲ့ခေါင်းနဲ့

၀ယ်ရင်းအဲဒီဆိုင်မှာပဲလုပ်ခိုင်းလိုက်ပါ ။ ကြိုးအဆင်ပြေမပြေကိုတော့ စမ်းသပ်တဲ့ကိရိယာရှိပါတယ်

အဲဒါနဲ့စမ်းသပ်ပါ။နောက်ပီး မိမိစက်မှာ Network port မပါရင် Network card

လိုပါမယ်အားလုံးပြည့်စုံပြီဆိုရင်အောက်ကပုံကိုကြည့်ပါ

Window key + Pause Break (သို့)My computer ကို Right-click လုပ်ပီး Computer name tab

ကိုနိုပ်ပါ။ပီးရင် Change ကိုနိုပ်ပါ အဲဒီမှာ Computer name ကကျန်တဲ့စက်တွေနဲ့မတူအောင်ထားပီး

Workgroup nameကတော့အားလုံးတူရပါမယ်၊

ကိုယ်ချိတ်မဲ့စက်တွေအားလုံးအဲဒါလေးတွေပြင်ဆင်လိုက်ပါကွန်ပျူတာနှစ်လုံးထဲ့ချိတ်မယ်ဆိုရင်

တော့ Switch မလိုပါဘူး တစ်လုံးနဲ့တစ်လုံးကိုချိတ်ဆက်ဖို့ကြိုးပဲလိုပါတယ် 2

လုံးနှင့်အထက်ချိတ်မယ်ဆိုရင်တော့Switch လိုပါမယ် အားလုံးပီးပြည့်စုံလို့ချိတ်ဆက်တော့မယ်ဆိုရင် ..

1 ကွန်ပျူတာတွေအားလုံး ကြိုးတွေထိုးပါ

2 ကွန်ပျူတာမှနက်ဝက်ကြိုးအားလုံးနှင့်Switch မှာချိတ်ဆက်ပါ

3 Run box မှာ ncpa.cpl ရိုက်ထဲ့ပီး Enter နိုပ်ပါ အဲမှာ Local area connection ဆိုတာတွေ့ပါမယ်

အဲဒါကကိုယ့်ရဲ့စက်မှာ Network card

တစ်ခုရှိရင်တစ်ခုပေါ်မယ် နှစ်ခုရှိရင်နှစ်ခုပေါ်ပါမယ်သိပ်အရေးမကြီးပါဘူး

ကိုယ်သုံးမယ်ကဒ်ကို Right-click နိုပ်ပီး Properties ကိုဝင်ပါပီးရင်အောက်ကပုံကိုကြည့်ပါ..

4 ပီးရင်internet protocol(TCP/IP) ကိုရွေးပါ အောက်မှာ properties ကိုနိုပ်ပါ

5 use the following ip address: ကိုရွေးပီး ip သတ်မှတ်ပေးရပါမယ် စက်တစ်လုံးက 192.168.1.1
ဆိုရင်နောက်စက်ရဲ့ IP မှာ 192.168.1.2 ပေါ့အဲလိုမျိုးပဲ နောက်ထပ်ချိတ်ဆက်ချင်တဲ့စက်တွေကိုလဲနောက်ဆုံးက
ဏန်းပဲပြောင်းပေးလိုက်ပါ ဒါဆို Network ချိတ်ဆက်တာအဆင်ပြေသွားပါပြီ။

စက်အားလုံး Network မိ မမိ စမ်းကြည့်မယ် ping လုပ်ကြည့်ရအောင် ကိုယ့်ရဲ့ Network group ထဲ့မှာ
IP 192.168.1.1ကနေ10 ထိရှိတယ်ဆိုပါစို့ အရင်ဆုံး Run box မှာcmd ရိုက်ပီး Enter နိုပ််ပါ Command prompt
ကျလာရင် ping 192.168.1.1 ဟုရိုက်ပီး Enter နိုပ်ပါ နောက်ပီး ping 192.168.1.2/3/4/5/6/7/8/9
/10 ဆိုပီးစက်တစ်လုံးချင်း ping ကြည့်ပါ အောက်ကပုံကိုကြည့်ပါ reply လာရင်ချိတ်မိပါပီ request timeout
ဆိုရင်မချိတ်မိသေးပါ ဒီလောက်ဆို Network ချိတ်ဆက်တာအဆင်ပြေပါပြီ

NETWORK ချိတ်နည်း (2)



ကွန်ပျူတာကိုတွေကို ....8 port switch နဲ့ ချိတ်တဲ့နည်းပြောပြပါမယ်..( peer to peer ပါ )
ပထမဆုံး ..RJ 45 ခေါင်းနဲ့ male ခေါင်းတွဲပါတဲ့ နက်ဝပ် cable တွေ နဲ့ switch မှာ ချိတ်ဆက်ထားဘို့ လိုပါတယ်...ပထမဆုံး စက်မှာ ..IP ထည့်ပါမယ်.. ခုပြောပြတဲ့အတိုင်း ထည့်ကြည့်ပါ...my network place > properties> TCP/IP ကို select လုပ် properties ကိုနှိပ်ပါ ..use following IP ဆိုတာမှာ IP address မှာ 15.11.80.1 ပြီးရင် tab ခုန်လိုက်ပါ ..subnetmark ကိုသူ့အတိုင်းရှိပါစေ..default gateway မှာလဲ...15.11.80.1 လို့ရိုက်ထည့်ပါ...အားလုံးကို ok လုပ်ပြီးထွက်..General Tab ကို ပြန်ရောက်ရင်..show icon in notification ဆိုတာကို အမှန်ချစ် လုပ်ပေးခဲ့ပါ..( tray မှာ ကွန်ပျူတာပုံလေးပေါ်လာအောင်ပေါ့) ဒါဆို ပထမ ဆာဗာအထိုင်စက် ပြီးပါပြီ...

တခြားစက်တွေ ချိတ်ပါမယ်..
my network place > properties> TCP/IP ကို select လုပ် properties ကိုနှိပ်ပါ ..use following IP ဆိုတာမှာ IP address မှာ 15.11.80.2 ပြီးရင် tab ခုန်လိုက်ပါ ..subnetmark ကိုသူ့အတိုင်းရှိပါစေ..default gateway မှာလဲ...15.11.80.1 လို့ရိုက်ထည့်ပါ...အားလုံးကို ok လုပ်ပြီးထွက်ပါ ...
ဒီလိုဘဲ တစ်လုံးပြီး တစ်လုံး IP address မှာ 2 . 3 . 4စသဖြင့် ဆီးရီး ပေးသွားပါ..
အားလုံးပြီးသွားပြီ ဆိုရင်တော့ ...စက်အားလုံး ရဲ့ mycomputer > properties > computer name မှာ အမည်တွေပေးပါ...အောက်မှာရှိတဲ့ workgroup ဆိုတာမှာ ..စက်အားလုံးကို Group name တစ်ခုထဲ တူညီစွာပေးထားပါ...

စက်အားလုံးကိုရီစတပ်ချလိုက်ပါ ...ဒါဆိုရင် .. စက်အားလုံးချိတ်လို့ပြီးနေပါပြီ...
တစ်လုံးက တစ်လုံးကို ခေါ်ချင်ရင် .. run box မှာ ..\\ 15.11.80.2\ .enter ခေါက်လိုက်ရင် .. IP no 2 စက်ကို ခေါ်လို့ ရပါပြီ...နဲနဲလေးစောင့်ပြီးမကြာခင်မှာတက်လာမှာပါ ...

အားလုံးအဆင်ပြေကြပါစေ...သည်နည်းလေးကို စတင်ရေးခဲကသော နည်းပညာရှင်အား သည်နေရာကနေကျေးဇူးတင်စကားပြောလိုက်ပါတယ်..

ဘလော့ခရီးသည် ( မျှဝေသူ )

Kolinlin

NCP IT Services
ph:09420009002 / 09961830020
hello သာလုပ်လိုက် လူကြီးတို့ရဲ့လုပ်ငန်းအခက်အခဲအာလုံးကိုတာဝန်ယူဖြေရှင်းပေးနိုင်ပါတယ်

Windows (10) Update ပိတ်နည်း  Update ပိတ်နည်း (၁)  + R => services.msc ရိုက်ထည့်ပါ။ကျလာတဲ့ Windows Box မှာ Windows Updat...
06/12/2018

Windows (10) Update ပိတ်နည်း

Update ပိတ်နည်း (၁)

+ R => services.msc ရိုက်ထည့်ပါ။
ကျလာတဲ့ Windows Box မှာ Windows Update ရှာပီး အဲ့ပေါ်မှာ Double-Click နှိပ်ပါ။
ပီးရင် Properties ကိုနှိပ်ပြီး
Startup Type မှာ Disabled ကို ရွေးပါ။
Service Status မှာ Stop Button ကို နှိပ်ပါ။ ပြီးရင် OK နှိပ်ပါ။

Update ပိတ်နည်း (၂)

Start Menu က Settings ကို ရွေးပါ။ Update & Security ကို ပြန်နှိပ်ပါ။
Advanced options ကို ထပ်နှိပ်ပေးပါ။
Pause Updates ကို Off ပေးထားလိုက်ပါ။ ဒါဆို ရပါပြီ။

Store Apps Update ပိတ်နည်း

Start Menu + Pause Updates ကို Off ပေးထားလိုက်ပါ။
Search မှာ Store လို ့ရိုက်ထည့်ပြီး Windows Store ကို ရွေးပါ။
ညာဘက်ဒေါင်းက အစက်အပြောက် သုံးစက်ပေါ်ကို နှိပ်ပြီး
Sign in ဝင်ရတဲ့ နေရာအောက်က Settings ကို ရွေးပြီး ။
Update Apps ကို OFF လုပ်ပေးထားပါ။

Driver Updates ပိတ်နည်း

Start Menu + Search မှာ Advanced လို ့ရိုက်ထည့်ပြီး
ကျလာတဲ့ ဘောက်လေးမှာ Type: ကို Hardware ကိုရွေးထားပြီး
Device Installation Settings ကို နှိပ်ပေးပါ။
ပြီးရင်တော့ အဲ့မှာ No ကို ရွေးပေးထားပြီး Save Changes ပေးလိုက်ပါတယ်ဗျာ။
ဒါဆိုတော့ Windows (၁၀) သုံးစွဲသူ
အခြေခံလေ့လာနေသူများအတွက် Update ပိတ်နည်းခြင်းဖြင့်
Windows 10 ကို ကောင်းမွန်စွာ အသုံးပြုနိုင်ပါပြီး။

Credits

ကိုယ့်ကွန်ပြူတာကို bios ၀င်တတ်ဖို့ကိုယ့်ကွန်ပြူတာကို bios ၀င်တတ်ဖို့လောက် တော့ လူတိုင်းတတ်သိထားသင့်တယ် Computer များအတွက...
24/11/2018

ကိုယ့်ကွန်ပြူတာကို bios ၀င်တတ်ဖို့
ကိုယ့်ကွန်ပြူတာကို bios ၀င်တတ်ဖို့လောက် တော့ လူတိုင်းတတ်သိထားသင့်တယ် Computer များအတွက် Bios ၀င်ဖို့ function key များ

Acer
----------------------------------------------------------------------------------------
Aspire, Power, Veriton, Extensa, Ferrari, TravelMate, Altos ပါဝါ ဖွင် ့ပြီးနောက် ( Del or F2 ) ကိုနိုပ်ပါ။
------------------------------------------------------------------------------------------------- The Acer Veriton L480G အတွက် ဆို ရင် F12. Acer Altos 600 serverဆို ရင် တော ့ Ctrl+Alt+Esc key (သို ့မဟုတ် ) F1 keyကိုနိုပ်ပါ။ သက်တမ်း ကြာ နေ တဲ ့ Acer computers model များ ကိုတော ့ F1 or Ctrl+Alt+Esc keys ကိုနိုပ်ပြီးBIOS ကို ဝင် နိုင်ပါတယ်။
------------------------------------------------------------------------------------------------- Compaq
------------------------------------------------------------------------------------------------- Presario, Prolinea, Deskpro, Systempro, Portable F10 ကိုနိုပ်ပြီး BIOS ထဲ ကို ဝင် နိုင်ပါတယ်။ သက်တမ်း ရင် ့ မော်ဒယ် Compaq computers များ F1, F2, F10, or Del key ကိုနိုပ်ပါ
------------------------------------------------------------------------------------------------- Hewlett-Packard (HP) Pavilion, TouchSmart, Vectra, OmniBook, Tablet စီးရီးများ အတွက် F1, F10, F11 ကိုနိုပ်ပါ။ Tablet PCs များ အတွက် က တော ့ F10 or F12. ကိုနိုပ်ပါ။ အခြား HP computers F2 (သို ့ ) Esc keys ကိုနိုပ် ရ တာ လဲ ရှိ ပါတယ်။
------------------------------------------------------------------------------------------------- Dell XPS, Dimension, Inspiron, Latitude. OptiPlex, Precision, Vostro များ အတွက် Dell logo ပေါ် လာ တာ နှင် ့ F2ကို နိုပ်ပါ။. Dell desktops နှင် ့ laptops old model များ အတွက် Ctrl+Alt+Enter or Del ( သို ့မဟုတ် ). Fn+Esc or Fn+F1.ကိုနိုပ်ပါ။
------------------------------------------------------------------------------------------------- eMachines eMonster, eTower, eOne, S-Series, T-Series များ အတွက် Tab (သို ့မဟုတ် ) Del ကိုနိုပ်ပါ။ အခြား eMachine computers များ F2ကိုနိုပ်ပြီး BIOS ထဲ ကို ဝင် နိုင် ပါတယ်။ ------------------------------------------------------------------------------------------------- Fujitsu LifeBook, Esprimo, Amilo, Tablet, DeskPower များ အတွက် F2 ကိုနိုပ်ပါ။
------------------------------------------------------------------------------------------------- Gateway DX, FX, One, GM, GT, GX, Profile, Astro များ အတွက် F1 ကို နိုပ်ပါ။ မော်ဒယ် ဟောင်းနေတဲ ့ computers များ F2 ကိုနိုပ်ပါ။
-------------------------------------------------------------------------------------------------IBM PC, XT, AT F1ကို ချက် ခြင်း နိုပ်ပါ။ IBM computers (အဟောင်းတွေနဲ ့ laptops တစ်ချိူ ့ ကတော ့) F2 key ကိုနိုပ်ပေး ရပါတယ်။
------------------------------------------------------------------------------------------------- Lenovo (formerly IBM) ThinkPad, IdeaPad, 3000 Series, ThinkCentre, ThinkStation စီးရီးများ အတွက် F1 (သို ့ ) F2 ကိုနိုပ်ပါ။ Lenovo အခြား မော်ဒယ်များ အတွက် Ctrl+Alt+F3, Ctrl+Alt+Ins, or Fn+F1 ကို တွဲ နို်ပ်ပါ။
------------------------------------------------------------------------------------------------- Micron (MPC Computers) ClientPro, TransPort များ အတွက်F1, F2(သို ့ ) Delကိုနို်ပ်ပါ။
------------------------------------------------------------------------------------------------- NEC PowerMate, Versa, W-Series များ အတွက် F2 ကိုနိုပ်ပြီး BIOS ထဲ ကို ဝင် ရောက်ပေး ပါ။
------------------------------------------------------------------------------------------------- Packard Bell 8900 Series, 9000 Series, Pulsar, Platinum, EasyNote, imedia, iextreme များ အတွက် F1, F2,(သို ့ ) Del ကိုနိုပ်ပြီး BIOS ထဲ ကို ဝင် ပါ။
------------------------------------------------------------------------------------------------- Samsung Series 'x' laptops များ အတွက် F2ပါ။
------------------------------------------------------------------------------------------------- Sharp Notebook Laptops, Actius UltraLite များ အတွက် F2 ပါ။ အရမ်း ဟောင်း နွမ်း နေ တဲ ့Sharp PCs များ အတွက် (Setup Diagnostics Disk ) ကိုအသုံးပြု ပြီး BIOS ထဲ ကို ဝင် ပါ။
------------------------------------------------------------------------------------------------- Shuttle Glamor G-Series, D'vo, Prima P2-Series, Workstation, X Mini XPC, Surveillance F2 (သို ့ ) Del ကိုနိုပ်ပါ။
------------------------------------------------------------------------------------------------- Sony VAIO, PCG-Series, VGN-Series များ အတွက် F1, F2 or F3 ကိုနိုပ်ပါ။
------------------------------------------------------------------------------------------------- Toshiba Portégé, Satellite, Tecra, Equium များ အတွက် F1 (သို ့ ) Esc ကိီး ကို နိုပ်ပါ။ Press F12 on a Toshiba Equium. ------------------------------------------------------------------------------------------------- ARI / ALR / AST (Advantage) - များ အတွက် Ctrl+Alt+Esc (သို ့ ) Ctrl+Alt+Del keys.ကိုနိုပ်ပါ။
------------------------------------------------------------------------------------------------- Cybermax - အတွက် Esc key ကိုနိုပ်ပါ။
------------------------------------------------------------------------------------------------- Tandon -အတွက် Ctrl+Shift+Esc keys.ကိုနိုပ်ပါ။
------------------------------------------------------------------------------------------------- Medion -အတွက် Del key.ကိုနိုပ်ပါ။

Credit

ACM

Address

Mingalar Taung Nyunt
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959420009002

Website

Alerts

Be the first to know and let us send you an email when NCP IT Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to NCP IT Services:

Share