Radiance

Radiance နည်းပညာခရီးသွားများအတွက် လမ်းပြကြယ် ⭐ High Tech, Low Tech, No Tech — လုပ်ငန်းတွေရဲ့ နည်းပညာစိန်ခေါ်မှုတွေကို 2009 ကတည်းက ဖြေရှင်းပေးနေပါတယ်။

01/09/2026

PDF ထင်ပေမယ့် PDF မဟုတ်ရင်ရော?

File name နောက်ဆုံးက .exe / .lnk ဖြစ်နေရင် Computer တစ်လုံးလုံး ပေါက်ကြားနိုင်တယ်။

Attachment ဖွင့်ခင် File name အပြည့်အစုံကို အမြဲ စစ်ပါ။

သတိထားပါ။ စစ်ဆေးပါ။ ဆုံးဖြတ်ပါ။

Trust, but verify.

ကုသိုလ် ၊ ပညာ ၊ ဥစ္စာ တိုးပွားတဲ့ နေ့လေးဖြစ်ပါစေ။

မောင်ပီစီ

31/08/2026

"Agency ရှိတဲ့သူ" ဆိုတာ ဘယ်လိုလူမျိုးလဲ?

မွေးရာပါ သတ္တိရှိကောင်းသူလား။
အမြဲ ယုံကြည်မှု အပြည့်နဲ့ နေတဲ့သူလား။
ဘယ်တော့မှ စိတ်မလှုပ်ရှားတဲ့ Character တစ်ခုလား။

မဟုတ်ဘူး။

မနက်က ဆုံးဖြတ်ချက်တစ်ခု။
နေ့လယ်က တုံ့ပြန်ပုံတစ်ခု။
ညနေက ရှေ့ဆက်ဖို့ လုပ်လိုက်တဲ့ အဆင့်လေးတစ်ခု။

Agency ဆိုတာ ကိုယ်ဘယ်လိုလူဆိုတဲ့ Label တစ်ခု မဟုတ်ဘူး။
နေ့စဉ် ထပ်ခါထပ်ခါ ရွေးချယ်နေရတဲ့ အလေ့အကျင့်တစ်ခုပါ။

ဒီနေ့ တစ်နေ့လုံးမှာ...
"ဒါက ငါ့ရွေးချယ်မှု ပါ" လို့ ပြောနိုင်တဲ့ အခိုက်အတန့် ဘယ်နှစ်ခု ရှိခဲ့လဲ?

Agency isn't who you are. It's what you choose, today.

ကုသိုလ် ၊ ပညာ ၊ ဥစ္စာ တိုးပွားတဲ့ နေ့လေးဖြစ်ပါစေ။
မိတ်ဆွေတို့ရဲ့ မောင်ပီစီ

31/08/2026

မနက်ဖြန်မှာ ရှိမယ့် ကိုယ့်ရဲ့ဘဝကို ဒီနေ့ ဘယ်သူ ဆုံးဖြတ်လဲ?

စားပွဲဝိုင်းတစ်ခု။
ကုလားထိုင် နှစ်လုံး၊
မျက်နှာချင်းဆိုင် လူနှစ်ဦး။

တစ်ဖက်မှာ "လက်ရှိ ငါ"။
ဆာလောင်နေတယ်။
လက်ထဲက ဇွန်း အသင့်ပဲ။

တစ်ဖက်ကနေ "မနက်ဖြန်ရဲ့ ငါ"။
မျက်နှာက ပင်ပန်းနေတယ်။
တစ်ခုခု တောင်းဆိုချင်ပုံပဲ ။
အသံထွက်မလာဘူး။

"လက်ရှိ ငါ" က သူ့ကို လှည့်တောင် မကြည့်ဘူးလေ။
ဇွန်းကို ချက်ချင်းကောက်ကိုင်ပြီး စားလိုက်တာပဲ။

ဘာလို့ လှည့်တောင် မကြည့်ရတာလဲ?

"မနက်ဖြန် ငါ" အကြောင်း စဉ်းစားတဲ့အခါ၊
ဦးနှောက်က တစ်ခါမှ မတွေ့ဖူးတဲ့ "လူစိမ်း" အကြောင်း
စဉ်းစားသလို ပုံစံတူ တုန့်ပြန်ကြတာတဲ့။

ဒီည "ဒီစာအုပ် ဖတ်ပြီးရင် အိပ်တော့မယ်" ဆိုပြီး
"Group chat ကြည့်လိုက်ဦးမယ်" ဆိုတဲ့ အခိုက်အတံ့
တကယ်တမ်း က "မနက်ဖြန် ငါ" အတွက်
အနားယူချိန်ကို ယူသုံးနေမိတာပါ။

"မနက်ဖြန် ငါ" ကို လူစိမ်းလို့ ခံစားမိနေလို့ပါ။

တကယ်တော့ သူ လူစိမ်းမဟုတ်ဘူး။
မနက်ဖြန်မနက် အိပ်ရေးမဝတဲ့ မျက်နှာနဲ့ ထလာမယ့် ငါပါ။
"ညက ဘာလို့ ငါ့ကို ဒီလောက်တောင် မကူညီခဲ့တာလဲ" လို့
စိတ်ထဲ တွေးနေမိမယ့် ငါပါ။

အခု ဆုံးဖြတ်ချက်တိုင်းက၊ သူ့အတွက် တစ်ခုခုလုပ်ပေးနေတာ။
အခု ခိုးထားတဲ့ အနားယူချိန်တိုင်းက၊ သူ့ဆီက ချေးနေတာ။
အခု ဂရုစိုက်မှုတိုင်းက ၊ သူ့ကို ချစ်တာပါ။

ဒီည အိပ်ရာမဝင်ခင်
"မနက်ဖြန် ငါ" အတွက် ဘာလေးတွေ လုပ်ပေးဖြစ်မလဲ ။

Meet future you.

(Hal Hershfield ရဲ့ သုတေသန ကို comment မှာ ထည့်ပေးထားပါတယ်နော်။)

ကုသိုလ် ၊ ပညာ ၊ ဥစ္စာ တိုးပွားတဲ့ နေ့လေးဖြစ်ပါစေ။
မောင်ပီစီ

30/08/2026

မနက် ၆ နာရီခွဲ။ မိုးသံက အိပ်ရာထဲအထိ လိုက်လာတယ်။

ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တော့ လမ်းပေါ်မှာ ရေတွေ ပြည့်နေပြီ။
သွားစရာ လုပ်စရာတွေက စိတ်ထဲမှာ တန်းစီပြီး ပေါ်လာတယ်။
ပြီးတော့ တစ်ချက် ညည်းမိတာပေါ့ —
"ဒီမိုးကလည်း ကွာ…"

မိုးက ကိုယ့်ကို ရည်ရွယ်ပြီး ရွာနေတာ မဟုတ်ဘူးလေ။
မိုးက သူ့အလုပ် သူလုပ်နေတာ။
စိတ်ညစ်တာက ကိုယ့်ဘက်က ထပ်ထည့်လိုက်တဲ့ ဝန်ပို ။

မိုးကို အပြစ်တင်လို့ မိုးမတိတ်ဘူး။
မိုးကို စောင့်နေလို့လည်း နေ့တစ်နေ့ ပြန်မရဘူး။
မိုးကို လက်ခံလိုက်မှ — ထီးတစ်လက် ရှိမှန်း သတိရတယ်။

weather app ကို တစ်နေ့ ဆယ်ခါလောက် ဖွင့်ကြည့်ဖူးတယ်။
ရာခိုင်နှုန်း ဘယ်လောက်ပဲပြပြ၊ မိုးက သူရွာချင်တဲ့အချိန်ပဲ ရွာတယ်။

ဘဝမှာလည်း မိုးလို အရာတွေ ရှိတယ်။
ဈေးနှုန်းတွေ တက်တာ။
လိုင်းကျတာ၊ မီးပျက်တာ။
ကိုယ်ပြောင်းလို့မရတဲ့ သူများရဲ့ ဆုံးဖြတ်ချက်တွေ။

ဒါတွေက မိုးလိုပဲ။
ကိုယ့်လက်ထဲမှာ ကျန်တာက တစ်ခုပဲ —
ထီးဆောင်းပြီး ဆက်လျှောက်မလား၊ မိုးကို ငေးပြီး ဆွေးပြီး ရပ်နေမလား။

တချို့မိုးတွေက ထီးနဲ့ မလုံလောက်အောင် သည်းတတ်ပါတယ်။
မိုးလွန်တဲ့အခါ ကောင်းကင်ကြည်တယ်ဆိုတာ
မိုးရာသီတိုင်းက သက်သေပြပြီးသား။

မိုးက ရာသီအလိုက် လာပြီး ပြန်သွားတယ်။
ကိုယ့်စိတ်ကတော့ ကိုယ်နဲ့ တစ်သက်လုံး နေရမှာ။
ဘယ်ဟာကို ပိုပြီး ဂရုစိုက်သင့်လဲ။

နောက်တစ်ခေါက် မိုးသံနဲ့ နိုးလာရင်
ညည်းမယ့်အစား တစ်ချက်လောက် နားထောင်ကြည့်ပါလား။
မိုးသံက တီးလုံးတစ်ခုလို ဖြစ်သွားချင် ဖြစ်သွားနိုင်တယ်။

Carry your own umbrella.

ကုသိုလ် ၊ ပညာ ၊ ဥစ္စာ တိုးပွားတဲ့ နေ့လေးဖြစ်ပါစေ။
မိတ်ဆွေတို့ရဲ့ မောင်ပီစီ

30/08/2026

တနင်္ဂနွေ မနက်ခင်း၊ ကော်ဖီ တစ်ခွက်နဲ့ ။
ပြက္ခဒိန်ကို လှမ်းကြည့်မိတော့
August ကကုန်တော့မယ်ဗျ။

နောက်နှစ်ရက်ဆို September။

အဲ့မှာ ခါတိုင်းလိုပဲ အတွေးတစ်ခု ဝင်လာတယ်။
"ဒီနှစ်တော့ ဒီလိုပဲပေါ့၊ နောက်နှစ်ကျမှ ပြန်စမယ်။"

ဒီစကားက အနားယူခွင့် တောင်းတာ ထက်
ကျန်သေးတဲ့ လေးလလုံးလုံးကို ကြိုပြီး လက်လျှော့လိုက်သလိုပဲ

နှစ်သစ်ကို ပြက္ခဒိန်က ပေးတယ်။
အသစ်စဖို့ နဲ့ အစသစ်တစ်ခု ကိုတော့ ကိုယ်တိုင်ယူမှ ရတယ်။

ကျနော်လည်း January မှာ ချရေးခဲ့တဲ့ စာရင်းလေး ရှိသေးတယ်။
ဘယ်ရောက်နေလဲတော့ မမေးကြပါနဲ့တော့ဗျာ။

ဒါပေမယ့် ရက်စွဲသစ်တစ်ခုရဲ့ စွမ်းအားကိုတော့ မငြင်းချင်ဘူး —
လသစ်တစ်လ၊ မွေးနေ့တစ်နေ့က စိတ်ကို တကယ် နိုးဆွပေးတတ်တယ်။

ဒါဆို September 1 ကရော။
နက်ဖန်မနက်ကရော။

ကျန်သေးတဲ့ လေးလက
တစ်နှစ်လုံးရဲ့ သုံးပုံတစ်ပုံ။

August ကို လှန်လိုက်တဲ့ လက်က
စာမျက်နှာတစ်ရွက်ပဲ လှန်တာလား
အစသစ်တစ်ခုပါ စဖြစ်မှာလား။

Start before January.

(ရက်စွဲသစ်တွေ ဘာလို့ စွမ်းအားရှိလဲဆိုတဲ့ သုတေသနလေး Comment မှာ ထားခဲ့ပေးမယ်နော်။)

ကုသိုလ် ၊ ပညာ ၊ ဥစ္စာ တိုးပွားတဲ့ နေ့လေးဖြစ်ပါစေ။
မိတ်ဆွေတို့ရဲ့ မောင်ပီစီ

29/08/2026

အသီး မသီးရင် ဘယ်သူမှ မသိဘူး

ကိုယ်က တစ်နှစ်လုံး လေ့လာခဲ့တယ်။
Course တွေ ပြီးအောင် တက်ခဲ့တယ်။
စာအုပ်တွေ ဖတ်ခဲ့တယ်။

ဒါပေမယ့် တစ်ခုခု မေးရင် —
"ဘာတွေ တတ်လဲ" ဆိုတော့
ပြောပြစရာ ဘာတစ်ခုမှ မရှိဘူး။

ဘာဖြစ်လို့လဲ။
အသီး မသီးသေးလို့ပါ။

သစ်ပင်တစ်ပင်က ဘယ်လောက်ပဲ
အမြစ်နက်နက်၊ အရွက်စိမ်းတွေရှိရှိ
ဖြတ်သွားတဲ့လူက ဘာနဲ့ မှတ်မိလဲ။
အသီးနဲ့ပဲ။

သင်ယူထားတာက မိတ်ဆွေရဲ့ခေါင်းထဲမှာ။
အသီးက အပြင်မှာ။

Excel သင်ထားတယ်ရင်
ရုံးက report တစ်ခုကို ပြန်ဒီဇိုင်းဆွဲပြလိုက်ပါ။

စာရေးနည်း လေ့လာထားရင်
ကိုယ်လေ့လာခဲ့တာကို post တစ်ပုဒ် ရေးချလိုက်ပါ။

AI သုံးတတ်ထားရင်
အဖွဲ့ကို နည်းလမ်းတစ်ခု လောက် ပြပေးလိုက်ပါ။

ကြီးကြီးမား လုပ်စရာ မလိုပါဘူး။
သေးသေးလေး တစ်လုံးက
အသီးမရှိတဲ့ ပင်ထက် အများကြီး တန်တယ်။

ဒီလကုန်မတိုင်ခင်
တစ်လုံးလောက် သီးဖြစ်အောင် ကြိုးစားကြည့်ပါ။

Learning is private. Output is proof.

ကုသိုလ် ၊ ပညာ ၊ ဥစ္စာ တိုးပွားတဲ့ နေ့လေးဖြစ်ပါစေ။
မိတ်ဆွေတို့ရဲ့ မောင်ပီစီ

29/08/2026

ဘာလို့ Skill အသစ် မသင်ရဲကြတာလဲ ?

ကလေးတွေ တစ်နေ့ကို
အကြိမ်ပေါင်းများစွာ လဲတယ်။
လဲတိုင်း ရယ်ရင်း ပြန်ထတယ်။

လူကြီးတွေကျ တစ်ခါလဲရင် —
နောက်တစ်ခါ မစမ်းကြတော့ဘူး။

ပျင်းလို့ မဟုတ်ပါဘူး။

အမှားလုပ်ပြရမှာ ကြောက်လို့ ရှက်လို့။
"ဒီအရွယ်ရောက်မှ ဒါလေးတောင် မတတ်ဘူးလား" လို့
အပြောခံရမှာ ကြောက်လို့။

ကျနော်ဆိုလဲ ဆိုင်ကယ်စီး သင်မယ်ကြံတာ သုံးနှစ်ရှိပြီ —
YouTube tutorial တွေတော့ save ထားတာ အများကြီးပဲ ဗျ။

သတင်းစာဆရာ Tom Vanderbilt ဆို အသက် ၅၀ မှ
ချက်စ် ၊ သီချင်း ၊ Surfing ကို အစအဆုံး ပြန်စသင်ခဲ့တယ်။
သူ့စာအုပ် "Beginners" ထဲက တွေ့ရှိချက်က ရိုးရိုးလေး —
Beginner ဖြစ်ခွင့်ကို ကိုယ့်ကိုကိုယ် ပြန်ပေးလိုက်တာနဲ့
သင်ယူနိုင်စွမ်းက ပြန်ပွင့်လာတယ်တဲ့။

Software မှာတောင် Beta version မရှိရင်
Version 1.0 ဘယ်တော့မှ မထွက်ဘူးလေ။

ဒီနေ့ လုံးဝမတတ်တဲ့ အရာလေးတစ်ခုကို
မိနစ် ၂၀ လောက် တိတ်တိတ်လေး စမ်းကြည့်ပါလား။
ဘယ်သူ့မှ မပြရဘူး။
ကောင်းစရာလဲ မလိုဘူး။

စမ်းလိုက် ၊ မှားလိုက် ၊ ပြန်စလိုက်။

Dare to be bad first.

မိတ်ဆွေကရော — သင်ချင်နေတာကြာပြီ မစဖြစ်သေးတဲ့ Skill လေး ရှိလား။
Comment မှာ ရေးပေးခဲ့လို့ ရပါတယ်နော်။

ကုသိုလ် ၊ ပညာ ၊ ဥစ္စာ တိုးပွားတဲ့ နေ့လေးဖြစ်ပါစေ။
မောင်ပီစီ

28/08/2026

"ဖေရေ… ဒီမှာပြောတာ ကြည့်ပါဦး။"

ညနေခင်း ထမင်းဝိုင်းနားမှာ သားသားက ဖုန်းလေးထိုးပြရင်း ပြောလာတာ။
မျက်လုံးလေးတွေက တကယ် စိုးရိမ်နေတယ်။
သူပြတာကို ကြည့်လိုက်တော့
Share က တစ်သောင်းကျော်။
Like တွေက အပြည့်။

Share များတဲ့ post ဆိုရင် ကျနော်ကိုယ်တိုင်လည်း မစစ်ဘဲ ယုံခဲ့ဖူးတာ အကြိမ်ကြိမ်ပါ။

"ကိုယ့်ငါးချဉ် ချဉ်တယ်" ဆိုတဲ့
အဖွားပြောခဲ့ဖူးတဲ့ စကား သတိရသွားတယ်။

ရောင်းသူတိုင်းမှာ ရောင်းချင်တဲ့စိတ် ရှိတယ်။
ပို့သူတိုင်းမှာလည်း ပို့ချင်တဲ့အကြောင်း ရှိတယ်။

သတင်းတစ်ပုဒ်ရဲ့ အလုပ်က အမှန်တရားပြောဖို့ချည်း မဟုတ်ဘူးတဲ့။
တစ်ခါတလေ Like ရဖို့။
တစ်ခါတလေ ကြောက်သွားအောင်လုပ်ဖို့။
တစ်ခါတလေ တစ်ခုခု ရောင်းဖို့။

ဒါကြောင့် သားသားမီးမီးတို့ကို သင်ပေးစရာက မေးခွန်း နှစ်ခွန်းတည်း —
"ဒါ ဘယ်သူပို့တာလဲ။
သူ ဘာလိုချင်တာလဲ ? ဘာရသွားချင်လို့လဲ။"

ဒီနေ့ည ထမင်းဝိုင်းမှာ ကလေးနဲ့အတူ detective ကစားနည်းလေး စမ်းကြည့်ပါ။
Feed ထဲက post တစ်ခုယူ၊ အဲ့ဒီမေးခွန်းနှစ်ခွန်း အတူတွေးကြည့်ပါ။
ကလေးအတွက် မေးခွန်း checklist လေးကို Comment မှာ ထည့်ပေးထားပါတယ်နော်။

မေးပါ။
စဉ်းစားပါ။
ပြီးမှ ယုံပါ။

Check the sender, not just the story.

ကုသိုလ် ၊ ပညာ ၊ ဥစ္စာ တိုးပွားတဲ့ နေ့လေးဖြစ်ပါစေ။
မောင်ပီစီ

27/08/2026

ချက်ချင်းစလိုက်တာ အမြန်ဆုံးလို့ ပြောကြတယ်
ဒါက လမ်းမှန်နေမှပါ

အပ်ချုပ်သမားက ကတ်ကြေး မကိုင်ခင်
အတိုင်းအတာ အရင်ယူတယ်
ခဲမျဉ်းအရင်ဆွဲတယ်
ခဲမျဉ်းလွဲရင် ခဲဖျက်နဲ့ ဖျက်လိုက်ရုံပဲ
ကတ်ကြေး တစ်ချက်လွဲရင်တော့
အထည်တစ်ထည်လုံး သွားပြီ

AI နဲ့အလုပ်လုပ်တာလည်း ဒီအတိုင်းပဲဗျ
ကျနော် အလုပ်တစ်ခု တန်းခိုင်းလိုက်တယ်
သူက မရပ်ဘူး ဆက်လုပ်သွားတယ်
တစ်ဆင့်ပြီး တစ်ဆင့်
နောက်ဆုံးကြည့်လိုက်တော့
ကျနော်လိုချင်တဲ့ လမ်းကြောင်း လုံးဝမဟုတ်တော့ဘူး
ပထမတစ်ဆင့်ကတည်းက လွဲသွားတာ
ကျန်တဲ့ ခြောက်ဆင့်က အဲ့ဒီအမှားပေါ်မှာ ဆင့်ထားတာ

လူဆိုရင် လမ်းမှားနေရင် ခဏရပ်ပြီး မေးတယ်
AI က မမေးဘူး — ဆက်လုပ်တတ်တယ်
မြန်မြန်လုပ်လေ လွဲရင် ဝေးလေ

မလုပ်ခင် တစ်မိနစ် စောင့်ရမှာ ဘာလို့များ ပျင်းကြတာလဲ

ဒီနေ့ အလုပ်တစ်ခု AI ကိုမခိုင်းခင် တစ်ခေါက် ပိုမေးပါ
"ဘယ်လိုလုပ်မလဲ အရင်ပြောပြပါ။ မလုပ်နဲ့ဦး"
အဆင့်တွေ ဖတ်လိုက်ပါ
လွဲနေတာ တွေ့ရင် အဲ့ဒီမှာပဲ ပြင်လိုက်ပါ
စာနှစ်ကြောင်း ပြင်ရတာက
အလုပ်တစ်ခုလုံး ပြန်ခိုင်းရတာထက် အများကြီးသက်သာတယ်

မှားရရင် အစီအစဥ်ထဲမှာ မှားပါစေ

A plan is the cheapest place to be wrong.

မိတ်ဆွေရော — အစကတည်းက လမ်းလွဲနေမှန်း နောက်မှသိရတဲ့ အလုပ်မျိုး ကြုံဖူးလား?

ကုသိုလ် ၊ ပညာ ၊ ဥစ္စာ တိုးပွားတဲ့ နေ့လေးဖြစ်ပါစေ။
မိတ်ဆွေတို့ရဲ့ မောင်ပီစီ

26/08/2026

နှစ်ပတ်ပဲ ရှိသေးတယ်

ဖျားနာလို့ နှစ်ပတ်လောက် အိပ်ရာထဲ လဲနေပြီးတဲ့နောက်
ပထမဆုံး ထလျှောက်ကြည့်ဖူးလား ?

ခြေထောက်က ကိုယ့်ဟာမှန်း မသိတော့သလိုပဲ ။
ဒူးတွေက တုန်နေတယ် ။

နှစ်ပတ်ပဲ ရှိသေးတာ ။

အိပ်ရာက ခွန်အား ခိုးသွားတာ လား ? မဟုတ်ပါဘူး ။
ခန္ဓာကိုယ်က "ဒါတွေ မလိုတော့ဘူးထင်တယ်" ဆိုပြီး
ရုပ်သိမ်းလိုက်တာ ။

အာကာသယာဉ်မှူးတွေဆို ပိုဆိုးတယ် ။
အာကသထဲမှာ လကြာကြာ နေရင်
အရိုးသိပ်သည်းဆက တစ်လကို
၁ ရာခိုင်နှုန်းလောက် ဆုံးရှုံးသွားတယ် ။ တဲ့

ဘာမှ ရုန်းကန်နေရမရှိတော့လို့ ဖြစ်တာပါ ။

ခန္ဓာကိုယ်မှာ စည်းမျဉ်း တစ်ခုပဲ ရှိတယ် —
အသုံးမလိုတာကို ထားမနေဘူး ။

ဒီတော့ —

လှေကားတက်ရင်း မောတာ ။
အထုပ်သယ်ရင်း လက်ညောင်းတာ ။
မနက်ခင်း ကြွက်သားတွေ တင်းနေတာ ။

အဲ့ဒါတွေက ပျက်စီးနေတဲ့ လက္ခဏာ မဟုတ်ဘူး ။
"မင်း ငါ့ကို လိုအပ်နေသေးတယ်" လို့
ခန္ဓာကိုယ်က ပြန်ပြောနေတာ ။

နည်းနည်း ခံရတာက ခိုင်စေတယ် ။
လုံးဝ မခံရတာက လျော့ပါးစေပါတယ် ။

ဘဝကလည်း ဒီအတိုင်းပဲ ။
အဆင်ပြေလွန်းလို့ ခံနိုင်ရည် တည်ဆောက်ပြီးသား
ဖြစ်သွားတာ မရှိဘူး ။

ဒီတစ်ပတ် ဓာတ်လှေကားအစား
လှေကားထစ်လေး တွေကို တစ်ခေါက်လောက်
ရွေးကြည့်လို့ ရပါတယ်နော် ။

💚 မိတ်ဆွေ ဒီရက်ပိုင်း အလွယ်ဆုံးလမ်းကို
ရွေးဖြစ်နေတာ ဘာများရှိလဲ ?

Bonus လေး Comment မှာ ချန်ထားခဲ့ပါတယ်နော် 👇

Bone doesn't grow from comfort.
It grows from being needed.

ကုသိုလ် ၊ ပညာ ၊ ဥစ္စာ တိုးပွားတဲ့ နေ့လေးဖြစ်ပါစေ ။
မိတ်ဆွေတို့ရဲ့ မောင်ပီစီ

Address

178, 49th Street (Upper Lucky7 Block), Pazundaung Township, Myanmar (Burma)
Yangon
11171

Alerts

Be the first to know and let us send you an email when Radiance posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Radiance:

Shortcuts

Share