Malikha Power Engineering

Malikha Power Engineering “Customer’s confidence is assured with our performance”

မင်္ဂလာပါခင်ဗျာ့။💥ဒီနေ့မိတ်ဆက်ပေးချင်တဲ့ ပစ္စည်း လေးကတော့💢 12kV Disconnecting Switch with Handle ( TBDS ) Yankai Type လေ...
29/08/2026

မင်္ဂလာပါခင်ဗျာ့။💥
ဒီနေ့မိတ်ဆက်ပေးချင်တဲ့ ပစ္စည်း လေးကတော့

💢 12kV Disconnecting Switch with Handle ( TBDS ) Yankai Type လေးပဲဖြစ်ပါတယ်ခင်ဗျာ။

💢ဈေးနှုန်းလေးကတော့ - 3,000,000ကျပ်ပဲ 💢ဖြစ်ပါတယ်ခင်ဗျာ။

💢 ပစ္စည်း instock ဖြစ်လို့ ချက်ချင်းဝယ်ယူလို့ ရသလို ရန်ကုန်မြို့တွင်းအိမ်အရောက်ဝန်ဆောင်မှုများလည်းရှိပါတယ်ခင်ဗျာ့။ နယ်မြို့များကိုလည်း ကားဂိတ်အရောက် ပို့ဆောင်ပေးပါတယ်ခင်ဗျာ။🤗

💢 လူကြီးမင်းတို့အနေနဲ့ ခုပဲ Malikha Power Engineering Limited နဲ့ဆက်သွယ် ပြီး ဖုန်း၊ Page messenger၊ Viber တို့မှ
တဆင့် မှာယူလိုက်ဖို့ သတင်းကောင်းပါးပါရစေခင်ဗျာ။🤗

Malikha Power Engineering Limited
ဆက်သွယ်ရန် - ☎️ 09 4200 71769 (viber)၊
09 -785478777

🏢Office : 1st Floor, San Pya Yankin Market Building, Beside of Yankin Centre, Sayar San Road, Yankin Township, Yangon.

📩 [email protected]

Fuse အကြောင်း  🔰 Fuse ဆိုသည်မှာ အမှန်စင်စစ် Wire ကြိုးငယ်လေးတစ်ချောင်းပင် ဖြစ်ပါသည်။ထို Wire ကြိုးလေးကို အလုံပိတ်ထားသော ...
29/08/2026

Fuse အကြောင်း

🔰 Fuse ဆိုသည်မှာ အမှန်စင်စစ် Wire ကြိုးငယ်လေးတစ်ချောင်းပင် ဖြစ်ပါသည်။ထို Wire ကြိုးလေးကို အလုံပိတ်ထားသော အိမ်ငယ်လေးအတွင်း ထည့်သွင်းတည်ဆောက်ထားခြင်း ဖြစ်သည်။အတွင်းရှိ Wire ကြိုး၏ လုံးပတ် Diameter အပေါ်မူတည်ပြီး Ampere ကွဲပြားစွာ ရှိပါသည်။Diameter ကြီးလျှင် Ampere တန်ဖိုးများမည် ဖြစ်ပြီး Diameter ငယ်လျှင် Ampere တန်ဖိုးငယ်မည် ဖြစ်သည်။သက်ဆိုင်ရာ Ampere တန်ဖိုးများကို ၄င်းတို့၏ ကိုယ်ထည်ပေါ်တွင် တွေ့မြင်နိုင်သည်။ထိုအခြေနေကို ကြည့်ခြင်းအားဖြင့် မိမိတို့ လိုအပ်သော Ampere တန်ဖိုးကို ရွေးချယ် ဝယ်ယူပြီး အသစ်လဲ တပ်ဆင်နိုင်သည်။

🔰 Fuse ကို Circuit ပတ်လမ်းများတွင် ဘာကြောင့် အသုံးပြုကြသလဲဆိုရင် အကြောင်းအမျိုးမျိုးကြောင့် Short Circuit ဖြစ်ပေါ်သွားသောအခါ အတွင်းရှိ Component များ မပျက်စီးစေရန် အတွက် အသုံးပြုခြင်းပင်ဖြစ်သည်။Circuit ပတ်လမ်းတွင် သတ်မှတ် Ampere ကျော်လွန်သွားသောအခါ Fuse သည် ပျက်စီးသွားသောနည်းဖြင့် Component များပျက်စီးခြင်းကို ကာကွယ်လိုက်ခြင်း ဖြစ်သည်။ထို့ကြောင့် Fuse ကို Protection Device ဟုလည်း ခေါ်ဆိုနိုင်ပါသည်။

🔰 Fuse ကို တပ်ဆင်အသုံးပြုသောအခါ ပတ်လမ်းတွင် Overload ဖြစ်ပေါ်ချိန် ကာကွယ်ရန်အတွက် သင့်တော် Ampere ကို ရွေးချယ်ရပါမည်။အကယ်၍ Fuse ၏ Ampere တန်ဖိုးသည် ပတ်လမ်းရှိ Ampere ထက်ပို၍ ကြီးနေပါက Protection ပြုလုပ်နိုင်မည် မဟုတ်ပါ။ထို့ကြောင့် Fuse ပျက်စီးသွား၍ အသစ်လဲ တပ်ဆင်မည်ဆိုပါက အဆိုပါ မူလ Original Fuse ၏ Specification အတိုင်း ရွေးချယ်တပ်ဆင်ရမည် ဖြစ်ပါသည်။

🔰 Fuse ပြတ်တောက်သွားသောအခါ နီးစပ်ရာ Wire ကြိုးဖြင့် အစားထိုးတပ်ဆင်ပြီး အသုံးပြုနေကြသည်ကို တွေ့မြင်နေရသည်။အကယ်၍များ မိမိတို့ အစားထိုးတပ်ဆင်လိုက်သော နီးစပ်ရာ Wire ကြိုးက မူလ Fuse ၏ Wire ထက် အရွယ်အစား ကြီးမားနေပါက Circuit ပတ်လမ်းသည် အလုပ်လုပ်နိုင်သော်ငြားလည်း အကြောင်း အမျိုးမျိုးကြောင့် ပတ်လမ်းတွင် Short Circuit ဖြစ်ပေါ်ပါက အတွင်းရှိ Component များကို ကာကွယ်နိုင်မည် မဟုတ်ပါ။ဥပမာ အနေဖြင့် မူလ Original Fuse ၏ Ampere သည် 1A ဖြစ်ပြီး အလွယ်အစားထိုးပြုလုပ်လိူက်သော နီးစပ်ရာ Wire က 2A ခန့်ဖြစ်နေမည်ဆိုပါက Component များ အလွယ်တကူ ပျက်စီးနိုင်သည်။Component များ ပျက်စီးသွားခြင်းကြောင့် ပြန်လည် ပြုပြင်ရသောအခါ လုပ်ငန်းတွင် Delay ဖြစ်ခြင်း ၊ ကုန်ကျစရိတ်များခြင်း ၊ အစားထိုးရန်အတွက် လိုအပ်သော Component များ ဝယ်ယူဖို့ရန် ခက်ခဲနိုင်ခြင်း အစရှိသော ပြသနာ ဖြစ်ပေါ်စေနိုင်ပါသည်။

🔷 ထို့ကြောင့် Fuse သည် Electronic တွင် ဖြစ်စေ Electrical တွင်ဖြစ်စေ အလွန်ပင် အသုံးဝင်သော Protection Device ဖြစ်သောကြောင့် ပျက်စီးသွားသောအခါ မူလ Fuse ၏ တန်ဖိုးအတိုင်း တပ်ဆင်ရန် သင့်တော်ကြောင်း ရေးသားလိုက်ပါသည်။

Aung Htet(Mech;)
Credit;မူရင်းရေးသားသူအား လေးစားစွာ credit ပေးအပ်ပါတယ်ခင်ဗျာ ။

Malikha Power Engineering Limited

Electrical Project များဆောင်ရွက်လိုပါက ဆက်သွယ်ရန် -

09-420071769 (Viber), 09-7854787777

Office : 1st Floor, San Pya Yankin Market Building, Beside of Yankin Centre, Sayar San Road , Yankin Township, Yangon.

[email protected]


28/08/2026

🎉 လူတိုင်း စောင့်မျှော်နေကြတဲ့ FRIDAY PROMOTION လေး ပြန်လည် ရောက်ရှိ လာပါပြီခင်ဗျာ🎊

🔰 11kV Spacer (PLP – Thailand) ရဲ့ သောကြာနေ့ အထူး လျှော့စျေး Special Promotion🎊

လျှပ်စစ်လိုင်းတည်ဆောက်ရေး နဲ့ Distribution Line Installation များအတွက် အရည်အသွေးမြင့် 11kV Spacer (PLP – Thailand Brand) ကို အထူးဈေး နှုန်း ဖြင့် ဝယ်ယူနိုင်မယ့် အစီအစဥ်လေးက ယနေ့ သောကြာနေ့မှာပဲ ရောက်ရှိလာပါပြီခင်ဗျာ 🤩

💥 11kV Spacer - PLP Thailand Brand ဟာ💰 ပုံမှန်ရောင်းစျေး – 48,000 ကျပ် / တစ်ခုဈေးနှုန်း ဖြစ်ပေမဲ့

🎯 ယခု သောကြာနေ့ အထူး Promotion အဖြစ် 🎊 သောကြာနေ့မှ တနင်္လာနေ့ သုံးရက်အတွင်း လာရောက် ဝယ်ယူပါက တစ်ခုလျှင် 39,800 ကျပ် နဲ့ ရရှိနိုင်တော့မှာ ဖြစ်ပါတယ် ခင်ဗျာ။😍

💵 တစ်ခုလျှင် 8,200 ကျပ်သက်သာစေမှာဖြစ်လို့ လုပ်ငန်းလိုအပ်ချက်အတွက် ဝယ်ယူချင်လို့ပဲ ဖြစ်ဖြစ် ၊ တစ်ဆင့်ပြန်လည်ရောင်းချချင်လို့ပဲ ဖြစ်ဖြစ် လက်လွှတ်မခံသင့်တဲ့ အခွင့်ရေးလေးပဲ ဖြစ်ပါတယ်ခင်ဗျာ။🥰

✅ ပစ္စည်းလေး instock ရှိလို့ ချက်ချင်းဝယ်ယူလို့ ရသလို ရန်ကုန်မြို့တွင်းအိမ်အရောက်ဝန်ဆောင်မှုများလည်းရှိပါတယ်ခင်ဗျာ။💞

🏢 Office : 1st Floor, San Pya Yankin Market Building, Beside of Yankin Centre,Sayar San Road, Yankin Township, Yangon.
☎️ 09-420071769 (Viber), 09-785478777
📩 [email protected]

ABC Cable ဆိုတာဘာလဲ❓ABC Cable ဆိုသည်မှာ Phase Conductor များနှင့် Neutral/Messenger Conductor ကို တစ်စုတစ်စည်းတည်း Bundl...
28/08/2026

ABC Cable ဆိုတာဘာလဲ❓

ABC Cable ဆိုသည်မှာ Phase Conductor များနှင့် Neutral/Messenger Conductor ကို တစ်စုတစ်စည်းတည်း Bundle ပြုလုပ်ထားသော Cable စနစ်ဖြစ်ပါတယ်။ ရိုးရိုး Overhead Line များကဲ့သို့ ကြိုးတစ်ချောင်းနှင့်တစ်ချောင်းကို အကွာအဝေးထားပြီး သွယ်တန်းရခြင်းမဟုတ်ဘဲ ကြိုးများကို စုစည်းပြီး Insulation ဖြင့် ကာကွယ်ထားခြင်းက ABC Cable ၏ အဓိကထူးခြားချက် ဖြစ်ပါတယ်။

ABC Cable ၏ ပုံမှန်ဖွဲ့စည်းပုံမှာ Stranded Aluminium Conductor ကို လျှပ်စစ်စီးဆင်းစေရန် အသုံးပြုထားပြီး၊ Conductor တစ်ချောင်းချင်းစီကို အများအားဖြင့် XLPE (Cross-linked Polyethylene) Insulation ဖြင့် ကာရံထားပါတယ်။ လိုအပ်ချက်အရ Neutral သို့မဟုတ် Messenger Conductor ကို Bundle ၏ အလယ်ဗဟို သို့မဟုတ် ထောက်ပံ့ကြိုးအဖြစ် ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ Medium Voltage အမျိုးအစားများတွင် HDPE Outer Sheath၊ Copper Wire/Tape Screen နှင့် Galvanized Steel Support Wire များလည်း ပါဝင်နိုင်ပါတယ်။

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလိုင်းများကို တပ်ဆင်ရာတွင် ရိုးရိုး Bare Conductor လိုင်းများအပြင် ABC Cable (Aerial Bundled Cable / Aerial Bundled Conductor) ကိုလည်း နိုင်ငံအများအပြားတွင် အသုံးပြုလာကြပါတယ်။ အထူးသဖြင့် မြို့ပြဧရိယာ၊ လူနေထူထပ်သောနေရာ၊ သစ်ပင်များပြားသောလမ်းကြောင်း၊ ကျေးလက်ဓာတ်အားဖြန့်ဖြူးရေးနှင့် Street Lighting စနစ်များတွင် ABC Cable က လက်တွေ့အသုံးဝင်သော Overhead Distribution Solution တစ်ခု ဖြစ်ပါတယ်။

Insulation ပါရှိသောကြောင့် လူ၊ သစ်ကိုင်း၊ တိရစ္ဆာန်နှင့် ပြင်ပပစ္စည်းများကြောင့် ဖြစ်နိုင်သော Accidental Contact နှင့် Phase-to-Phase Fault အချို့ကို လျှော့ချနိုင်ပါတယ်။ Conductors များကို Bundle အဖြစ် စုစည်းထားနိုင်သောကြောင့် Bare Conductor စနစ်ထက် Phase Spacing နှင့် Right-of-way လိုအပ်ချက် ပိုမိုနည်းပါးနိုင်ပါတယ်။ မြို့ပြလမ်းများ၊ အဆောက်အအုံများနှင့် နေရာကျဉ်းမြောင်းသော လမ်းကြောင်းများတွင် အထူးသင့်တော်ပါတယ်။

ABC Cable သည် Insulated Conductors များကို Bundle ပြုလုပ်၍ တိုင်ပေါ်မှ ဓာတ်အားဖြန့်ဖြူးပေးသော စနစ် ဖြစ်ပါတယ်။ လုံခြုံရေးတိုးတက်ခြင်း၊ နေရာလွတ်လိုအပ်ချက်နည်းခြင်း၊ သစ်ပင်နှင့် ရာသီဥတုကြောင့် Fault အချို့လျော့နည်းခြင်း၊ တပ်ဆင်ပြုပြင်ထိန်းသိမ်းမှု ပိုမိုလွယ်ကူခြင်းနှင့် Life-cycle Cost သက်သာနိုင်ခြင်းတို့ကြောင့် မြို့ပြနှင့် ကျေးလက်ဓာတ်အားဖြန့်ဖြူးရေးတွင် အသုံးဝင်ပါတယ်။သို့သော် ABC Cable ၏ အကျိုးကျေးဇူးကို အပြည့်အဝရရှိရန် Cable Size၊ Voltage Class၊ Standard၊ Accessories နှင့် Installation Method တို့ကို Project အလိုက် မှန်ကန်စွာ ဒီဇိုင်းရွေးချယ်ရပါမယ်။ Cable ကောင်းရုံသာမက ဒီဇိုင်းကောင်း၊ ပစ္စည်းမှန်၊ တပ်ဆင်မှုမှန်နှင့် လုံခြုံရေးစည်းကမ်းလိုက်နာမှုတို့ ပေါင်းစပ်မှသာ ယုံကြည်စိတ်ချရသော ဓာတ်အားလိုင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

⚡ Transformer Oil ဆိုတာ ဘာလဲ? ဘာကြောင့် အရေးကြီးတာလဲ? ⚡Transformer တစ်လုံး ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့ Transformer ...
27/08/2026

⚡ Transformer Oil ဆိုတာ ဘာလဲ? ဘာကြောင့် အရေးကြီးတာလဲ? ⚡
Transformer တစ်လုံး ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့ Transformer ရဲ့ အတွင်းပိုင်းပစ္စည်းတွေသာမက Transformer Oil (ထရန်စဖော်မာဆီ) ရဲ့ အရည်အသွေးကလည်း အလွန်အရေးကြီးပါတယ်။ 💡
🔹 Transformer Oil ဆိုတာ ဘာလဲ?
Transformer Oil ဆိုတာ Oil-filled Transformer များအတွင်း အသုံးပြုတဲ့ Electrical Insulating Oil တစ်မျိုးဖြစ်ပါတယ်။
အဓိကအားဖြင့်—
⚡ Electrical Insulation
Transformer အတွင်းရှိ လျှပ်စစ်အားရှိသော အစိတ်အပိုင်းများကြား လျှပ်ကာ (Insulation) အဖြစ် ကူညီပေးပါတယ်။
🌡️ Cooling
Transformer အလုပ်လုပ်တဲ့အခါ ဖြစ်ပေါ်လာတဲ့ အပူကို ဆီက စုပ်ယူပြီး Radiator ဆီသို့ သယ်ဆောင်ပေးတာကြောင့် Transformer အပူချိန်ကို ထိန်းညှိပေးပါတယ်။
🛡️ Protection
Transformer အတွင်းရှိ Insulation System နဲ့ အစိတ်အပိုင်းများ ရေရှည်ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့ အထောက်အကူပြုပါတယ်။
🔥 Arc Quenching
အချို့သော Oil-filled Electrical Equipment များတွင် Electrical Arc ကို ထိန်းချုပ်/ငြိမ်းသတ်ရာမှာလည်း အရေးပါပါတယ်။

🔹 Transformer Oil ကောင်းတစ်မျိုးမှာ ဘယ်လို Characteristics တွေရှိသင့်လဲ?
✅ High Dielectric Strength / High BDV
လျှပ်စစ်ဓာတ်အားကို ခံနိုင်ရည်ကောင်းပြီး Insulation Performance ကောင်းရပါမယ်။
💧 Low Water Content
ဆီထဲမှာ Moisture နည်းရပါမယ်။ ရေဓာတ်များလာရင် Dielectric Strength ကျဆင်းနိုင်ပါတယ်။
🌡️ Good Heat Transfer & Suitable Viscosity
Transformer အတွင်း အပူကို ထိရောက်စွာ သယ်ဆောင်နိုင်ဖို့ Oil Flow ကောင်းရပါမယ်။
🔥 Suitable Flash Point
Operating temperature အခြေအနေမှာ လုံခြုံစိတ်ချရတဲ့ Thermal Characteristics ရှိဖို့လိုပါတယ်။
🧪 Low Acidity
Acidity နည်းခြင်းက Oil Condition နဲ့ Transformer Insulation System အတွက် အရေးကြီးပါတယ်။
🛡️ Good Oxidation Stability
အပူနှင့် Oxygen ကြောင့် ဆီအိုမင်းခြင်း၊ Sludge ဖြစ်ပေါ်ခြင်းတို့ကို ကောင်းမွန်စွာ ခုခံနိုင်ဖို့လိုပါတယ်။
🔩 Non-Corrosive Sulphur
Copper နဲ့ Transformer အတွင်းရှိ သက်ဆိုင်ရာပစ္စည်းများကို Corrosion မဖြစ်စေဖို့ အရေးကြီးပါတယ်။
⚡ Low Dielectric Dissipation Factor (DDF / tan δ)
Electrical losses နည်းပြီး Dielectric Quality ကောင်းဖို့လိုပါတယ်။

⚠️ Transformer Oil အရည်အသွေးကျလာရင် ဘာတွေဖြစ်နိုင်လဲ?
Transformer Oil ဟာ အသုံးပြုချိန်ကြာလာတာနဲ့အမျှ Heat, Moisture, Oxygen နဲ့ Contamination တို့ရဲ့ သက်ရောက်မှုကို ခံရနိုင်ပါတယ်။
ဒါကြောင့် Oil Condition မကောင်းတော့ရင်—
❌ Insulation Performance ကျဆင်းနိုင်ခြင်း
❌ Cooling Efficiency လျော့နည်းနိုင်ခြင်း
❌ Transformer အပူချိန်မြင့်တက်နိုင်ခြင်း
❌ Internal Insulation ကို ထိခိုက်စေနိုင်ခြင်း
❌ Transformer ရဲ့ Reliability နဲ့ Service Life ကို ထိခိုက်နိုင်ခြင်း
တို့ ဖြစ်ပေါ်နိုင်ပါတယ်။
🔍 ဒါကြောင့် Transformer Oil ကို အရောင်ကြည့်ရုံနဲ့ ဆုံးဖြတ်တာထက် BDV, Moisture, Acidity, DDF နှင့် အခြားသက်ဆိုင်ရာ Oil Tests များကို အချိန်အလိုက် စစ်ဆေးခြင်း က ပိုမိုသင့်တော်ပါတယ်။
💡 အဓိကအားဖြင့်—
Transformer Oil က Transformer ထဲမှာ ဖြည့်ထားတဲ့ ဆီတစ်မျိုးသာ မဟုတ်ပါဘူး။ Transformer ရဲ့ Insulation, Cooling နဲ့ ရေရှည်ယုံကြည်စိတ်ချရမှုအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
⚡ Good Transformer + Good Transformer Oil + Proper Maintenance = Reliable Power System
လူကြီးမင်းတို့ အနေနဲ့ Transformer Oil ဝယ်ယူဖို့ လိုအပ်တယ်ဆိုရင်တော့
Malikha Power Engineering
📞 09 4200 71769 ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်ရှင် ✅

🙏  မင်္ဂလာပါခင်ဗျာ။ 🙏❇️ ဒီနေ့မှာတော့12kV Enclosed Cutout Fuse (NKE,Japan) without hot stickလေးနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျာ။...
27/08/2026

🙏 မင်္ဂလာပါခင်ဗျာ။ 🙏

❇️ ဒီနေ့မှာတော့
12kV Enclosed Cutout Fuse (NKE,Japan) without hot stick
လေးနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျာ။

❇️ ဈေးနှုန်းလေးကတော့
(1) 12kV Enclosed Cutout Fuse (NKE,Japan) without Hot Stick
🌿1 Set - 3,450,000ကျပ် လေးပဲဖြစ်ပါတယ်ခင်ဗျာ။🥰

✅ ပစ္စည်းလေး instock ရှိလို့ ချက်ချင်းဝယ်ယူလို့ ရသလို ရန်ကုန်မြို့တွင်းအိမ်အရောက်ဝန်ဆောင်မှုများလည်းရှိပါတယ်ခင်ဗျာ။

နယ်မြို့များကိုလည်း ကားဂိတ်အရောက် ပို့ဆောင်ပေးပါတယ်ခင်ဗျာ။🤗

💯 ပစ္စည်းမှန်၊ဈေးနှုန်းလေးလဲတန်သောကြောင့် လူကြီးမင်း‌တို့အနေနဲ့ ခုပဲ Malikha Power Engineering Limited နဲ့ဆက်သွယ် ပြီး ဖုန်း၊ Page messenger၊ Viber တို့မှတဆင့် မှာယူလိုက်ဖို့ သတင်းကောင်းပါးပါရစေခင်ဗျာ။
Malikha Power Engineering မိသားစုမှ လူကြီးမင်းတို့ စိတ်ကျေနပ်အောင် အမြဲဝန်ဆောင်မှုပေးလျက်ရှိပါတယ်ခင်ဗျာ။🤗

🏢 Office : 1st Floor, San Pya Yankin Market Building, Beside of Yankin Centre, Sayar San Road, Yankin Township, Yangon.

☎️ 09-420071769 (Viber), 09-785478777
📩 [email protected]

💢 11/0.4 kV Sub-station တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပုံအဆင့်ဆင့် 💢1။ Earthing လုပ်ငန်းEarthing လုပ်ငန်းအတွက် မြေတူးဖေ...
27/08/2026

💢 11/0.4 kV Sub-station တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပုံအဆင့်ဆင့် 💢

1။ Earthing လုပ်ငန်း

Earthing လုပ်ငန်းအတွက် မြေတူးဖော်ရာတွင် အနက် ၁ ပေ၊ အကျယ် ၁ ပေခန့်ရှိသော မြောင်းအား Grip ပုံစံဖြင့် တူးဖော်ပြီး Earth Rod ရိုက်ခြင်းနှင့် Earth Conductor ဖြန့်ခြင်းလုပ်ငန်းများကို Body Earth နှင့် L.A Earth ဟူ၍ သီးခြားခွဲခြားဆောင်ရွက်ရမည်။

Earth Rod ရိုက်ခြင်းနှင့် Earth Conductor ဖြန့်ခြင်းလုပ်ငန်းများ ပြီးစီးပါက Earth Conductor များ၏ ဆုံချက်များ၊ Conductor နှင့် Earth Rod ဆုံချက်များတွင် သက်ဆိုင်ရာ Clamp များ၊ Exothermic Welding များ အသုံးပြု၍ စနစ်တကျ ဆက်သွယ်တပ်ဆင်ရမည်။

ထို့နောက် Earth Resistance ကို တိုင်းတာစစ်ဆေးပြီး—

Body Earth – 5 Ohm ထက်လျော့နည်းရန်

L.A Earth – 10 Ohm ထက်လျော့နည်းရန်

Transformer Neutral Earth – 2 Ohm ထက်လျော့နည်းရန်

သတ်မှတ်ထားသော Result ရရှိပါက Back Filling လုပ်ငန်းကို ဆက်လက်ဆောင်ရွက်ရမည်။

Earth Grid ပြီးစီးသည့်အခါ Equipment Structure နေရာများ၊ Lightning Arrester နေရာများနှင့် Transformer နေရာများတွင် Earth Connection ပေးနိုင်ရန် Earth Conductor များကို လိုအပ်သည့်နေရာများသို့ ထုတ်ပေးထားရမည်။

2။ Pole နှင့် Sub-station Accessories တပ်ဆင်ခြင်း

11/0.4 kV Sub-station Accessories များအနက် Concrete Pole နှင့် Transformer များကို Track Crane အသုံးပြု၍ တပ်ဆင်မည်ဖြစ်ပြီး ကျန်ရှိသော Accessories များကို Skill Labour များမှ လူအင်အားဖြင့် တပ်ဆင်ရမည်။

တိုင်ထူလုပ်ငန်း ဆောင်ရွက်ရန်အတွက် မြေတူးဖော်ပြီး သတ်မှတ်ထားသော မြေဝင်အနက် ရရှိစေရမည်။

'H' Pole Sub-station တပ်ဆင်ခြင်းအတွက် လိုအပ်သော Accessories များကိုလည်း တပ်ဆင်မည့်နေရာသို့ Track Crane ဖြင့် ကြိုတင်ပို့ဆောင်ထားရမည်။

တိုင်ထူခြင်းလုပ်ငန်း ပြီးစီးပါက Concrete Footing လုပ်ငန်းကို သတ်မှတ်စံနှုန်းများနှင့်အညီ ဆောင်ရွက်ရမည်။

3။ Structure Member များ တပ်ဆင်ခြင်း

ထို့နောက် LA ၊ DS ၊ DOF နှင့် Transformer များအတွက် လိုအပ်သော Structure Member များကို ဦးစွာတပ်ဆင်ရမည်။

Structure Member များအားလုံး တပ်ဆင်ပြီးပါက Level နှင့် Alignment များကို စစ်ဆေးပြီး သတ်မှတ်ထားသော Torque Wrench Limited ဖြင့် Tightening လုပ်ငန်းကို ဆောင်ရွက်ရမည်။

Structure Member များအားလုံး တပ်ဆင်ပြီးစီးပါက Structure များကို Earth Conductor များနှင့် ချိတ်ဆက်၍ သက်ဆိုင်ရာ Earth Connection ရရှိအောင် ဆောင်ရွက်ရမည်။

4။ Lightning Arrester နှင့် Disconnecting Switch တပ်ဆင်ခြင်း

Lightning Arrester ကို Nylon Sling Wire နှင့် 'D' Shackle များဖြင့် စနစ်တကျ ချည်နှောင်ပြီး Pully အသုံးပြု၍ လူအင်အားဖြင့် Structure ပေါ်သို့ တင်ရမည်။ ထို့နောက် Skill Labour များမှ Bolt & Nut များဖြင့် စနစ်တကျ တပ်ဆင်ပြီး Tightening ပြုလုပ်ရမည်။

Disconnecting Switch ကိုလည်း အလားတူနည်းလမ်းဖြင့် တပ်ဆင်ရမည်။

DS တပ်ဆင်ပြီးပါက Operation Mechanism Box နှင့် Operation Accessories များကို စနစ်တကျ တပ်ဆင်ပြီး Open Position နှင့် Closed Position နှစ်မျိုးစလုံးတွင် Connecting Blade များ မှန်ကန်စွာ အနေအထားရရှိစေရန် ချိန်ညှိရမည်။

5။ Drop Out Fuse တပ်ဆင်ခြင်း

ထို့နောက် Drop Out Fuse (D.O.F) များကို တပ်ဆင်ပြီး Level နှင့် Alignment များကို စစ်ဆေးကာ သတ်မှတ်ချက်နှင့်အညီ Tightening ပြုလုပ်ရမည်။

6။ Transformer တပ်ဆင်ခြင်းနှင့် H.T Connection

Transformer ကို Nylon Sling Wire နှင့် 'D' Shackle များဖြင့် စနစ်တကျ ချည်နှောင်ပြီး Track Crane အသုံးပြု၍ Structure ပေါ်သို့ တင်ရမည်။ ထို့နောက် သတ်မှတ်ထားသည့်အတိုင်း Tightening ပြုလုပ်ရမည်။

H.T Connection ပြုလုပ်ရာတွင် Conductor များကို လိုအပ်သည့် အတိုင်းအတာအတိုင်း စနစ်တကျ ပြင်ဆင်၍ Connection ပြုလုပ်ရမည်။

Equipment များတွင် Terminal Clamp များ အသင့်တပ်ဆင်ထားပြီးဖြစ်သဖြင့် Connection ပြုလုပ်မည့် Conductor များကို သတ်မှတ်ထားသည့်ပုံစံအတိုင်း စနစ်တကျ တပ်ဆင်ရမည်။

7။ 400 V Distribution Panel နှင့် Capacitor Bank

ထို့နောက် 400 V Distribution Panel နှင့် Capacitor Bank တို့ကို စနစ်တကျ တပ်ဆင်ရမည်။

တပ်ဆင်ထားသော Cable Ladder များပေါ်တွင် Transformer မှ 400 V Distribution Panel သို့လည်းကောင်း၊ Distribution Panel မှ Capacitor Bank သို့လည်းကောင်း Cable များကို စနစ်တကျ Cable Laying ပြုလုပ်ရမည်။

8။ Earth Connection များ ချိတ်ဆက်ခြင်း

Accessories များအားလုံး တပ်ဆင်ပြီးစီးပါက Earth Conductor များနှင့် ချိတ်ဆက်ပြီး—

Body Earth Connection

LA Earth Connection

Transformer Star Point Earth Connection

တို့ ရရှိနိုင်ရန် စနစ်တကျ ဆောင်ရွက်ရမည်။

9။ Testing နှင့် Final Connection

Construction လုပ်ငန်းများအားလုံး ပြီးစီးပါက သက်ဆိုင်ရာ Testing လုပ်ငန်းများကို ဆောင်ရွက်ပြီး ရရှိလာသော Result များကို မှတ်တမ်းတင်ထားရမည်။

Testing လုပ်ငန်းများ ပြီးစီးပြီးနောက် 11 kV Line နှင့် ချိတ်ဆက်အသုံးပြုနိုင်ရန် Connection Jumper များကို သတ်မှတ်ထားသော Design အတိုင်း တပ်ဆင်ရမည်။

💡 အကျဉ်းချုပ်အားဖြင့် — Earthing → Pole Installation → Structure Installation → LA/DS/DOF Installation → Transformer Installation → H.T/L.T Connection → Cable Laying → Earth Connection → Testing → 11 kV Line Connection ဟူသော အဆင့်များဖြင့် 11/0.4 kV Sub-station တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်သွားရပါမည် ။



⚡ လိုအပ်တဲ့ Cable တွေ ဈေးကွက်ထဲမှာ ရှာရခက်နေပါသလား?🔎 အရည်အသွေးပြည့်မီတဲ့ Cable တွေကို စိတ်ချယုံကြည်စွာ ဝယ်ယူချင်ပါသလား?🚚...
26/08/2026

⚡ လိုအပ်တဲ့ Cable တွေ ဈေးကွက်ထဲမှာ ရှာရခက်နေပါသလား?
🔎 အရည်အသွေးပြည့်မီတဲ့ Cable တွေကို စိတ်ချယုံကြည်စွာ ဝယ်ယူချင်ပါသလား?
🚚 နယ်ကနေ လှမ်းမှာရတာဖြစ်လို့ စိတ်ချလက်ချ မှာယူနိုင်မယ့် Supplier ရှာဖွေနေပါသလား?
⚡ အမြန်ပို့ဆောင်ပေးနိုင်တဲ့ ဝန်ဆောင်မှု ကို ရှာဖွေနေပါသလား?
ဒါဆိုရင်တော့ Malikha Power Engineering ကို ယုံကြည်စိတ်ချစွာ ဆက်သွယ်လိုက်ပါရှင်။ 🤝⚡
🔌 ရရှိနိုင်သော Cable များ
🔹 Low Voltage Power Cable
🔹 Medium Voltage Power Cable
🔹 Underground Cable
🔹 XLPE Cable
🔹 SAC Cable
🔹 ABC Cable
🔹Termination Kit (Indoor/Outdoor)
🔹 Project လိုအပ်ချက်အလိုက် အခြား Cable Solutions များ
🏗️ Electrical Project များအတွက် အရည်အသွေးကို ဦးစားပေးရွေးချယ်လိုသူများရဲ့ ယုံကြည်စိတ်ချရသော Partner – Malikha Power Engineering
📍 Office & Showroom
1st Floor, San Pya Yankin Market Building,
Beside Yankin Centre, Sayar San Road,
Yankin Township, Yangon.
📞 ဆက်သွယ်စုံစမ်းရန်
📱 09 4200 71769 (Viber)
📱 09 7854 78777
📱 09 9778 77788
💯 အရည်အသွေး • ယုံကြည်စိတ်ချမှု • အချိန်မီပို့ဆောင်မှု
⚡ Malikha Power Engineering
Reliable • Responsible • Renewable

⚡ အရည်အသွေးမြင့် Transformer တွေကို ဘာကြောင့် ရွေးချယ်အသုံးပြုသင့်တာလဲ ⚡Transformer ဆိုတာ လျှပ်စစ်ဓာတ်အားလိုင်းမှ ပေးပို...
26/08/2026

⚡ အရည်အသွေးမြင့် Transformer တွေကို ဘာကြောင့် ရွေးချယ်အသုံးပြုသင့်တာလဲ ⚡

Transformer ဆိုတာ လျှပ်စစ်ဓာတ်အားလိုင်းမှ ပေးပို့လာတဲ့ ဗို့အားမြင့် (High Voltage) လျှပ်စစ်ဓာတ်အားတွေကို လူနေအိမ်၊ စက်ရုံ၊ စီးပွားရေးလုပ်ငန်းများမှာ အန္တရာယ်ကင်းကင်းနဲ့ တည်ငြိမ်စွာ အသုံးပြုနိုင်ရန် လိုအပ်သလို ဗို့အားအတိုးအလျော့ ပြုလုပ်ပေးတဲ့ “လျှပ်စစ်စနစ်၏ အဓိက အသက်သွေးကြော” တစ်ခုဖြစ်ပါတယ်။

Transformer တစ်လုံးရဲ့ အရည်အသွေးဟာ လျှပ်စစ်စနစ်တစ်ခုလုံးရဲ့ Performance ၊ Safety နဲ့ Long-Term Cost တွေအပေါ် တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။🥰

⭐ဒါ့ကြောင့် Quality ပိုင်းအထူးကောင်းမွန်ပြီး လူကြိုက်များသော AG Transformer များကို
Malikha Power Engineering တွင် ယုံကြည်စိတ်ချစွာ ဝယ်ယူရရှိနိုင်ပါပြီခင်ဗျာ့။

ဆက်သွယ်၊ဝယ်ယူလိုပါက
📞 09 4200 71769

ရုံးလိပ်စာ 📍 1st Floor, Sanpya Yankin Market Building, Beside Of Yankin Center, Sayar San Road, Yankin Township, Yangon.

Malikha Power Engineering
✔ Reliable
✔ Responsible
✔ Renewable

Address

1st Floor, San Pya Yankin Market Building, Beside Of Yankin Centre, Sayar San Road, Yankin Township, Yangon.
Yangon
11081

Opening Hours

Monday 09:00 - 17:00
Tuesday 09:30 - 17:00
Wednesday 09:30 - 17:00
Thursday 09:30 - 17:00
Friday 09:30 - 17:00
Saturday 09:00 - 13:00

Alerts

Be the first to know and let us send you an email when Malikha Power Engineering posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Malikha Power Engineering:

Shortcuts

Share