Confessions in Yangon

Confessions in Yangon I write what I feel.

လက်ချောင်းကြားမှာ ညှပ်ထားတဲ့ ဆေးလိပ်တစ်လိပ်၊ လေထဲမှာ စည်းချက်ကျကျ ပျံ့လွင့်သွားတဲ့ မီးခိုးငွေ့တွေ...။ ကြည့်စမ်းပါဦး၊ ဒါဟ...
27/04/2026

လက်ချောင်းကြားမှာ ညှပ်ထားတဲ့ ဆေးလိပ်တစ်လိပ်၊ လေထဲမှာ စည်းချက်ကျကျ ပျံ့လွင့်သွားတဲ့ မီးခိုးငွေ့တွေ...။ ကြည့်စမ်းပါဦး၊ ဒါဟာ ဘယ်လောက်တောင် လှလိုက်သလဲ။ ။

ဒီလောက် ဆွဲဆောင်မှုတွေညှိတွယ်နေတဲ့ နှုတ်ခမ်းတွေကိုမှ လူတွေက ဘာလို့ နမ်းဖို့ ဝန်လေးနေကြတာလဲ? ဆေးလိပ်နံ့ကြောင့်လား? ဒါမှမဟုတ် အဲ့ဒီအငွေ့တွေကြားက နှုတ်ခမ်းတစ်စုံကို "နားမလည်နိုင်တဲ့အရာ" တစ်ခုလို မြင်နေကြလို့လား?

ကျွန်တော်ကတော့ ကိုယ့်ဆေးလိပ်ကိုယ် ရှိုက်ဖွာရင်းနဲ့ပဲ တစ်ဖက်လူကို ငေးကြည့်နေမိတယ်။ သူတို့က ချစ်ဖို့ကောင်းတယ်၊ နူးညံ့တယ်။ အဲ့ဒီလို ချစ်စရာကောင်းတဲ့သူတစ်ယောက်က ကိုယ့်နားကို တိုးကပ်လာတဲ့အခါ... ကိုယ့်ဘက်က ဘာလုပ်သင့်သလဲ? ဒီဆေးလိပ်ကိုပဲ လက်လွှတ်လိုက်ရမလား? နူးညံ့တဲ့ အခိုက်အတန့်လေးတစ်ခုအတွက်နဲ့ ဒီအလေ့အထကိုအလဲအလှယ် လုပ်သင့်သလား?

တကယ်တော့ ဆေးလိပ်သောက်တယ်ဆိုတာ အကျင့်တစ်ခုတင် မဟုတ်ဘူး၊ အဲ့ဒါက ကိုယ့်ရဲ့ အမှတ်အသားပဲ။

တစ်ခါတစ်လေတွေးမိတယ်။ ဒီစိမ်းလဲ့နေတဲ့ မျက်ဝန်းတွေအတွက် ကိုယ့်ရဲ့ ဆေးလိပ်ငွေ့တွေကို စွန့်လွှတ်လိုက်ရင်ကော... ငါဟာ ငါ ဖြစ်နေပါဦးမလား?

ချစ်လှစွာသော မိမိကိုယ်တိုင်သို့...တစ်ခါတလေကျတော့လည်း အချစ်ဆိုတာ ရာသီဥတု ဖောက်ပြန်နေတဲ့ မနက်ခင်းတစ်ခုလိုပါပဲ။ နေသာမလိုလို...
23/04/2026

ချစ်လှစွာသော မိမိကိုယ်တိုင်သို့...

တစ်ခါတလေကျတော့လည်း အချစ်ဆိုတာ ရာသီဥတု ဖောက်ပြန်နေတဲ့ မနက်ခင်းတစ်ခုလိုပါပဲ။ နေသာမလိုလိုနဲ့ မိုးရွာချလိုက်၊ နွေးထွေးမလိုလိုနဲ့ ပြန်အေးစိမ့်သွားလိုက်နဲ့ပေါ့။

လူနှစ်ယောက်ကြားမှာ ပတ်သက်မှုတွေ ရှိတယ်။ နေ့စဉ်ဖုန်းပြောဖြစ်ကြတယ်၊ တစ်ယောက်အကြောင်း တစ်ယောက် အကုန်သိနေကြတယ်၊ အနာဂတ်အကြောင်းတွေတောင် အရွှန်းဖောက် ပြောမိကြသေးရဲ့။ ဒါပေမဲ့... "မင်းတို့က ဘာတွေလဲ" လို့ အမေးခံရတဲ့အခါမှာတော့ ကိုယ့်ဆီက ထွက်လာတဲ့ အဖြေက "အင်း... အဲ... ဒီအတိုင်းပါပဲ" ဆိုတာမျိုး ဖြစ်နေတတ်တယ် မဟုတ်လား။

အဲ့ဒီ "ဒီအတိုင်းပါပဲ" ဆိုတဲ့ စကားလုံးနောက်မှာ ဖုံးကွယ်ထားတဲ့ အဓိပ္ပာယ်တွေက ဘယ်လောက်တောင် များလိုက်သလဲ။ ကတိကဝတ်တစ်ခုပေးဖို့ ကြောက်နေတာလား? ဒါမှမဟုတ် အခုရနေတဲ့ "နွေးထွေးမှု" မှာပဲ သာယာပြီး "တာဝန်ယူမှု" ကိုတော့ ရှောင်လွှဲချင်နေတာလား?

တကယ်တော့ နာမည်မတပ်ရသေးတဲ့ ဆက်ဆံရေးဆိုတာ လိပ်စာမပါတဲ့ စာအိတ်တစ်အိတ်လိုပါပဲ။ ရင်ခုန်ရတာ မှန်ပေမဲ့ ဘယ်အချိန်မှာ လမ်းပျောက်သွားမလဲဆိုတာ ဘယ်သူမှ အာမမခံနိုင်ပါဘူး။

"ကိုယ့်ဟာ ဒီလူ့အနားမှာ ရှိနေရတာကို ပျော်တာလား?" ဒါမှမဟုတ် "ဒီလူပေးတဲ့ ဂရုစိုက်မှုကိုပဲ မက်မောနေတာလား?"

အချစ်ဆိုတာ ပြိုင်ပွဲတစ်ခု မဟုတ်သလို၊ အတင်းအကျပ် နာမည်တပ်ရမယ့် အရာမျိုးလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်စိတ်ချမ်းသာမှုကို စတေးပြီးတော့မှ ဒီဆက်ဆံရေးကို အသက်ဆက်နေရတယ်ဆိုရင်တော့ ဒါဟာ အဓိပ္ပာယ်မဲ့တဲ့ ပင်ပန်းမှုတစ်ခုသက်သက်ပါပဲ။

တန်ဖိုးရှိတဲ့ အရာတိုင်းမှာ ကိုယ်ပိုင်နာမည်တစ်ခု ရှိစမြဲပါ။ မင်းကို တကယ်တန်ဖိုးထားတဲ့သူဟာ မင်းကို "ဒီအတိုင်းပါပဲ" ဆိုတဲ့ ဝေဝေဝါးဝါး နယ်မြေထဲမှာ ကြာရှည် ပစ်ထားမှာ မဟုတ်ပါဘူး။

ဦးတည်ရာမရှိတဲ့ ပန်းခင်းလမ်းကို လျှောက်လှမ်းနေရတာထက်၊ ရေရာတဲ့ မြေနီလမ်းခွဲလေးတစ်ခုက မင်းအတွက် ပိုပြီး သက်သောင့်သက်သာ ဖြစ်စေပါလိမ့်မယ်။

မင်းရဲ့၊
ငါ။

ရန်ကုန်မြို့ နဲ့ လမ်းခွဲစကားဒီနောက်ပိုင်း လမ်းခွဲတာတွေက တော်တော်လေး ထူးဆန်းလာတယ်ဗျ။ အကြီးအကျယ် ရန်ဖြစ်ပြီး ပြတ်စဲကြတာမျိ...
09/04/2026

ရန်ကုန်မြို့ နဲ့ လမ်းခွဲစကား

ဒီနောက်ပိုင်း လမ်းခွဲတာတွေက တော်တော်လေး ထူးဆန်းလာတယ်ဗျ။ အကြီးအကျယ် ရန်ဖြစ်ပြီး ပြတ်စဲကြတာမျိုး မဟုတ်တော့ဘဲ၊ တဖြည်းဖြည်းနဲ့ အရောင်မှိန်ပြီး ပျောက်ကွယ်သွားကြတာမျိုး။

တစ်ယောက်က စာမလာ၊ သတင်းမကြားနဲ့ အစဖျောက်သွားတယ်။ ခေတ်စကားနဲ့ဆို Ghost သွားတာပေါ့ဗျာ။ ကျန်ခဲ့တဲ့သူကလည်း ဘာမှမဖြစ်သလို ဟန်ဆောင်ပြီး နေရစ်ခဲ့တယ်။ အဖေတို့ခေတ်တုန်းကဆိုရင်တော့ ဒါဟာ နှစ်ဖက်မိဘတွေကြား ဒုတ်ဆွဲ၊ ဓားဆွဲ မျက်နှာပျက်ရမယ့် အခြေအနေမျိုးပေါ့။ ဒါပေမဲ့ ဒီဘက်နှစ်တွေမှာတော့ ဒါဟာ ရန်ကုန်မြို့ရဲ့ "သာမန်" ဖြစ်စဉ်တစ်ခုလိုတောင် ဖြစ်နေပါပြီ။

နေ့တိုင်း စကားတွေပြောဖြစ်တယ်၊ တစ်ခုခုတော့ ဖြစ်နေပြီလို့ ထင်ရပေမဲ့ "ချစ်သူ" ဆိုတဲ့ နာမ်စားလည်း မဟုတ်ပြန်ဘူး။ အဲ့ဒီလိုနဲ့ပဲ ခေါင်းစဉ်တပ်ရခက်တဲ့ ပတ်သက်မှုတွေထဲမှာ ကျွန်တော်တို့တွေ ကျင်လည်နေကြတာပေါ့။

"အမည်နာမ" လည်းမရှိ၊ "ရှင်းလင်းမှု" လည်းမရှိတဲ့ ဇာတ်လမ်းတွေ။ အဲ့ဒီပတ်သက်မှုကြီး ရပ်တန့်သွားတဲ့အခါမှာတော့ ဝမ်းနည်းဖို့ အကြောင်းပြချက်တောင် ကျွန်တော်တို့ ရှာမတွေ့ပါဘူး။ ဘာလို့လဲသိလား? အစကတည်းက "ဘာမှမဟုတ်ခဲ့ကြ" လို့ပါပဲ။

"လူမှန်ပေမဲ့ အချိန်မှားနေတယ်" ဆိုတဲ့ စကားကရော တကယ်ပဲလား? တစ်ခါတလေကျတော့လည်း အချိန်က မှားနေတာမဟုတ်ဘဲ ကျွန်တော်တို့ရဲ့ "ကြိုးစားမှု" တွေကပဲ လွဲချော်နေခဲ့တာလား။ တကယ်သာ တစ်ဖက်လူက ကိုယ့်ဘေးမှာ ရှိနေချင်တယ်ဆိုရင် "အချိန်" ဆိုတဲ့ စကားက အကြောင်းပြချက်တစ်ခု ဖြစ်နိုင်ပါ့ဦးမလားဗျာ။

ဘယ်သူမှ လမ်းခွဲစကား သေချာမပြောဖြစ်ကြတော့တဲ့ ဒီမြို့ကြီးထဲမှာ ကျွန်တော်တို့တွေ တကယ်ပဲ ကံမကောင်းကြတာလား? ဒါဟာ ပုံမှန်ပဲလို့ ဆက်ပြီး မသိချင်ယောင်ဆောင်နေသင့်လား? ဒါမှမဟုတ်... အစကတည်းက "တကယ်မရှိခဲ့တဲ့ အရာတွေ" ပေါ်မှာပဲ ကျွန်တော်တို့က သာယာနေခဲ့ကြတာလားဆိုတာ... တကယ့်ကို စဉ်းစားစရာပါပဲ။

ည ၁၀:၅၀ ၊ ရန်ကုန်မြို့ရဲ့ တစ်နေရာရာတွင်။

ငါတို့တွေ ဘာကို ကြည့်ပြီး ချစ်မိကြတာလဲ?မနေ့က သူငယ်ချင်းတစ်ယောက်နဲ့ ဆိုင်ကယ်စီးရင်း ပြောဖြစ်ခဲ့တဲ့ စကားတစ်ခွန်းပါ။ "ငါတို...
05/04/2026

ငါတို့တွေ ဘာကို ကြည့်ပြီး ချစ်မိကြတာလဲ?

မနေ့က သူငယ်ချင်းတစ်ယောက်နဲ့ ဆိုင်ကယ်စီးရင်း ပြောဖြစ်ခဲ့တဲ့ စကားတစ်ခွန်းပါ။ "ငါတို့ လူတစ်ယောက်ကို ကြိုက်မိတယ်ဆိုတာ ကိုယ့်မှာမရှိတဲ့ တစ်ခုခုက အဲ့ဒီလူဆီမှာ ရှိနေလို့ပဲ" တဲ့။ အစကတော့ ဒီတိုင်းပဲ ထားလိုက်မလို့ပါပဲ။ ဒါပေမဲ့ ပြန်တွေးကြည့်လေ ဒီစကားက ခေါင်းထဲမှာ ပိုပြီး နေရာယူလာလေပါပဲ။

တကယ်ပဲ ကျွန်တော်တို့ဟာ ကိုယ့်မှာမရှိတဲ့ အရည်အချင်းတွေကို တစ်ဖက်လူဆီမှာ လိုက်ရှာနေကြတာလား?

လူတစ်ယောက်ကို စကြိုက်ပြီဆိုရင်တော့ အပေါ်ယံ ရုပ်ရည်ရူပကာကြောင့်ပဲလား၊ ဒါမှမဟုတ် စိတ်နေစိတ်ထား (Personality) ကြောင့်ပဲလားဆိုတာ အငြင်းပွားစရာပါပဲ။ ဒါပေမဲ့ ပိုပြီး နက်နက်ရှိုင်းရှိုင်း တွေးကြည့်မယ်ဆိုရင်တော့ ကိုယ့်မှာ လိုအပ်နေတဲ့ "အပိုင်းအစ" လေးတွေကို တခြားလူဆီမှာ သွားပြီး ငေးမောမိတတ်ကြတာမျိုးပါ။ ကိုယ်က စကားနည်းသူဆိုရင် တက်ကြွရွှင်လန်းတဲ့သူကို အထင်ကြီးမိ၊ သတိထားမိသလို၊ ကိုယ်က အတွေးများတတ်သူဆိုရင်တော့ အေးအေးဆေးဆေး ပျော်ပျော်နေတတ်သူလေးတွေကို မြင်ရင် အားကြမိတတ်ကြတာပါပဲ။

သေချာပြန်စဉ်းစားကြည့်မယ်ဆိုရင် ဒါက ကိုယ့်လိုအပ်နေတဲ့ဟာကို ဖြည့်ဆည်းချင်တဲ့ "လူ့အရိုင်းစိတ်" တစ်ခုလားဆိုတာ စဉ်းစားစရာပါ။ မပိုင်ဆိုင်ထားတဲ့ အရာတစ်ခုကို တစ်ဖက်လူက ပိုင်ဆိုင်ထားတဲ့အခါ အဲ့ဒီအရာကပဲ ကျွန်တော်တို့ကို ဆွဲဆောင်တဲ့ "သံလိုက်" တစ်ခု ဖြစ်လာတာလား ?​

တကယ်တော့ အချစ်ဆိုတာ ကိုယ့်ကိုယ်ကို "ပြီးပြည့်စုံချင်တဲ့" အတ္တများ ဖြစ်နေမလားဗျာ?

ကရကဋ်ရာသီဖွား (Cancer) နဲ့ ကန်ရာသီဖွား (Virgo) ရာသီခွင်တွေအကြောင်း ပြောကြကြေးဆိုရင် Cancer နဲ့ Virgo က တော်တော်လိုက်တယ်လ...
02/04/2026

ကရကဋ်ရာသီဖွား (Cancer) နဲ့ ကန်ရာသီဖွား (Virgo)

ရာသီခွင်တွေအကြောင်း ပြောကြကြေးဆိုရင် Cancer နဲ့ Virgo က တော်တော်လိုက်တယ်လို့ပြောရမယ်ဗျ။ မြန်မာပြည်မှာဆို ပိုင်တံခွန်နဲ့ Smile လိုပေါ့ဗျာ။ ပုံမှန်အားဖြင့်တော့ ကင်ဆာဆိုတာ ခံစားချက်ကို ရှေ့တန်းတင်ပြီး နွေးထွေးမှုကို မက်မောသူတွေလို့ အားလုံးက သတ်မှတ်ထားကြတာပေါ့။ တစ်ဖက်မှာလည်း ကန်နရာသီဖွားတွေက လက်တွေ့ဆန်တယ်၊ စည်းစနစ်ကြီးတယ်၊ အရာရာကို အတိအကျ ဖြစ်စေချင်ကြတာ။ ကြည့်လိုက်ရင်တော့ ကမ္ဘာခြားနေသလိုပါပဲ။ ဒါပေမဲ့ လူတွေမသိတာက..

ကင်ဆာရာသီဖွားတွေကို နူးညံ့တယ်၊ ဂရုစိုက်တတ်တယ်လို့ပဲ မြင်ကြတာ။ တကယ်တော့ ကျွန်တော်တို့မှာလည်း တော်တော်လေးကို ခေါင်းမာတဲ့အချက် ရှိတယ်ဆိုတာ လူမသိကြဘူး။ ကိုယ်မှားရင်တောင် ဝန်ခံဖို့ ခက်ခဲတတ်သလို၊ အရင်ဦးအောင် တောင်းပန်ဖို့ဆိုတာ ပိုလို့တောင် ဝေးပါသေးတယ်။ အရာရာကို ခံစားချက်နောက်ပဲ လိုက်မိတတ်တော့ တစ်ဖက်လူရဲ့ စကားတွေ၊ ခံစားချက်တွေကို မမြင်တော့ဘဲ ကိုယ်နာကျင်နေတာကိုပဲ အသားပေး မြင်မိတတ်ကြတာပေါ့။ စိတ်အပြောင်းအလဲကလည်း မြန်တတ်တော့ ဘေးကလူတွေခမျာ စဉ်းစားရခက်ပြီး ပင်ပန်းရတတ်ပါတယ်။

ကျွန်တော့်အတွေ့အကြုံအရ ပြောရရင်... ကန်ရာသီဖွားတွေရဲ့ "အဖြေထုတ်ပြီး ချက်ချင်းဖြေရှင်းပေးချင်တဲ့စိတ်" က ကင်ဆာတွေအပေါ်မှာ အမြဲတမ်း အလုပ်မဖြစ်ပါဘူး။ ကင်ဆာက အဖြေကို လိုချင်တာမဟုတ်ဘဲ သူတို့ရဲ့ ခံစားချက်ကို "နားလည်ပေးတာ" မျိုးကိုပဲ တောင်းတနေတာပါ။

ဒါပေမဲ့ သေချာပြန်တွေးကြည့်ရင် ဒါက ကင်ဆာရာသီဖွားမို့လို့ ဖြစ်တာလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ လူဆိုတဲ့ သတ္တဝါဖြစ်လာကတည်းက ကျွန်တော်တို့ဆီမှာ "အရိုင်းစိတ်" ဆိုတာ ပါလာပြီးသားပဲ မဟုတ်လား။ ကိုယ့်ရဲ့ အတ္တတွေ၊ မာနတွေနဲ့ပဲ တစ်ဖက်လူကို ပြန်သတ်ရင်သတ်၊ မဟုတ်ရင် ကိုယ့်ဟာကိုယ်ပြန်သတ်နေကြတာပါပဲ။

၁၂:၀၅ နာရီ၊ သန်းခေါင်ယံ ရန်ကုန်မြို့ရဲ့ တစ်နေရာရာတွင်။

Address

Yangon
11091

Telephone

+959961371840

Website

Alerts

Be the first to know and let us send you an email when Confessions in Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Confessions in Yangon:

Shortcuts

Share