Trust Me Trading

Trust Me Trading We’re working for customer satisfaction and we’re working since 2012 from until now so don’t worry to Business Service

01/02/2025

LENOVO X1-CARBON

အသုံးပြု၍ရသော Software များ
Microsoft Office, Excel, Word, PowerPoint,Programming, Engineering, SketchUp, Photoshop, PageMaker, illustrator, CorelDraw, Audio Edition, Zoom Online Class ရုံးမှာပဲသုံးသုံး အလုပ်အတွက်ပဲသုံးသုံး စာရင်းကိုင်ဖို့ပဲသုံး မြန်မြန်ဆန်ဆန် အကုန်ဘက်စုံသုံးလို့ ရမယ်...°

_ Specifications
• CPU - i5 8Gen
•RAM - 8GB
•SSD - NVMe 256GB
•Battery 4 Hour
• Original Charger
• TypeC Charging Support
• USB, VGA, HDMI, WiFi, LAN Port, Bluetooth, SD Card, Camera, Mic, Audio Jack, Speaker All Good

အနေနဲ့ စက်အာမခံ (၃)လပေးပါသည်
၁ပတ်စမ်းသုံးခွင့် နှင့် ၁ ပတ်အတွင်း စက်ပိုင်းဆိုင်ရာ Error ပြစ်ချက်ရှိခဲ့ပါကငွေအပြည့်ပြန်အမ်းပေးသည်ထိ တာ၀န်ယူပါသည်။

_Software Lifetime Free ပြင်ဆင်ခွင့်_

PRICE ~ 1,050,000/- Ks

LAPTOP ၀ယ်ယူသူတိုင်းအတွက်
‌လက်ဆောင်ပစ္စည်း [ ၆ ] မျိုး
~ Laptop Bag
~ Mouse
~ Mouse pad
~ LCD Cleaning kit
~ Keyboard Protector
~ Myanmar font Sticker

🚚 ရန်ကုန်မြို့ / မန္တလေး / နေပြည်​တော် တွင်း ပစ္စည်းရောက်ငွေချေရ အခြားမြို့နယ်များအတွက် 💵 ငွေလွှဲ၀င် သက်ဆိုင်ရာ ကားဂိတ်တင်ပေးပါတယ်ခင်ဗျ

⭕ လက္ကားပြန်လည်ရောင်းလိုသူများအတွက်
လက္ကားဈေး ဆိုင်ပေးဈေး သက်သက်ရှိပါတယ်ဗျ

❝ Trust Me Online Shopping Center ❞
အမှတ် ၆၁၊ ဒုတိယထပ်၊ ၁၂၂လမ်း၊ မဂ်လာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။

ဆိုင်ဖွင့်ချိန် 🕘 𝟵:𝟯𝟬 𝗔𝗠 𝘁𝗼 𝟳:𝟬𝟬 𝗣𝗠
Mobile_09 420186007/09788842067
Viber - 09420186007/09788842067

#ပစ္စည်းမှန် #စျေးသင့် #၀န်ဆောင်မှု့ကောင်း
တာဝန်ယူမှု့ တာဝန်ခံမှု့အပြည့်ဖြင့်
ရောင်းချပေးပါသည်။

LENOVO X1-CARBONအသုံးပြု၍ရသော Software များ Microsoft Office, Excel, Word, PowerPoint,Programming, Engineering, SketchUp...
01/02/2025

LENOVO X1-CARBON

အသုံးပြု၍ရသော Software များ
Microsoft Office, Excel, Word, PowerPoint,Programming, Engineering, SketchUp, Photoshop, PageMaker, illustrator, CorelDraw, Audio Edition, Zoom Online Class ရုံးမှာပဲသုံးသုံး အလုပ်အတွက်ပဲသုံးသုံး စာရင်းကိုင်ဖို့ပဲသုံး မြန်မြန်ဆန်ဆန် အကုန်ဘက်စုံသုံးလို့ ရမယ်...°

_ Specifications
• CPU - i5 8Gen
•RAM - 8GB
•SSD - NVMe 256GB
•Battery 4 Hour
• Original Charger
• TypeC Charging Support
• USB, VGA, HDMI, WiFi, LAN Port, Bluetooth, SD Card, Camera, Mic, Audio Jack, Speaker All Good

အနေနဲ့ စက်အာမခံ (၃)လပေးပါသည်
၁ပတ်စမ်းသုံးခွင့် နှင့် ၁ ပတ်အတွင်း စက်ပိုင်းဆိုင်ရာ Error ပြစ်ချက်ရှိခဲ့ပါကငွေအပြည့်ပြန်အမ်းပေးသည်ထိ တာ၀န်ယူပါသည်။

_Software Lifetime Free ပြင်ဆင်ခွင့်_

PRICE ~ 1,050,000/- Ks

LAPTOP ၀ယ်ယူသူတိုင်းအတွက်
‌လက်ဆောင်ပစ္စည်း [ ၆ ] မျိုး
~ Laptop Bag
~ Mouse
~ Mouse pad
~ LCD Cleaning kit
~ Keyboard Protector
~ Myanmar font Sticker

🚚 ရန်ကုန်မြို့ / မန္တလေး / နေပြည်​တော် တွင်း ပစ္စည်းရောက်ငွေချေရ အခြားမြို့နယ်များအတွက် 💵 ငွေလွှဲ၀င် သက်ဆိုင်ရာ ကားဂိတ်တင်ပေးပါတယ်ခင်ဗျ

⭕ လက္ကားပြန်လည်ရောင်းလိုသူများအတွက်
လက္ကားဈေး ဆိုင်ပေးဈေး သက်သက်ရှိပါတယ်ဗျ

❝ Trust Me Online Shopping Center ❞
အမှတ် ၆၁၊ ဒုတိယထပ်၊ ၁၂၂လမ်း၊ မဂ်လာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။

ဆိုင်ဖွင့်ချိန် 🕘 𝟵:𝟯𝟬 𝗔𝗠 𝘁𝗼 𝟳:𝟬𝟬 𝗣𝗠
Mobile_09 420186007/09788842067
Viber - 09420186007/09788842067

#ပစ္စည်းမှန် #စျေးသင့် #၀န်ဆောင်မှု့ကောင်း
တာဝန်ယူမှု့ တာဝန်ခံမှု့အပြည့်ဖြင့်
ရောင်းချပေးပါသည်။

Lenovo V330-15IKB TypeC 2 ပေါက်နဲ့လာတဲ့ 8Gen ရောက်ထားပါတယ်နော်--Screen Size ကြီးကြီးနဲ့ လုပ်ငန်းပိုင်းအတွက်လဲအဆင်ပြေပါတယ...
04/12/2024

Lenovo V330-15IKB TypeC 2 ပေါက်နဲ့လာတဲ့ 8Gen ရောက်ထားပါတယ်နော်-

-Screen Size ကြီးကြီးနဲ့ လုပ်ငန်းပိုင်းအတွက်လဲအဆင်ပြေပါတယ်။

-Model မြင့် ဖုန်းနဲ့ iPhone Service သမားတွေအတွက်လဲ အရမ်းအဆင်ပြေပါတယ်။

▫️SSD M.2 128GB အပြင် HDD 500GB
ပါအပိုပါတော့ စက်မြန်ဖို့လဲ မပူရတော့သလို
Data သိမ်းဖို့လဲ မပူရဘူးပေါ့

အသုံးပြု၍ရသော Software များ
° Microsoft Office, Excel, Word, PowerPoint,Programming, Engineering, SketchUp, Photoshop, PageMaker, illustrator, CorelDraw, Audio Edition, Zoom Online Class ရုံးမှာပဲသုံးသုံး အလုပ်အတွက်ပဲသုံးသုံး စာရင်းကိုင်ဖို့ပဲသုံး မြန်မြန်ဆန်ဆန် အကုန်ဘက်စုံသုံးလို့ ရမယ်...°

_ Specifications
• CPU i3 8130Uth 8Generation 2.20GHz
• RAM 8GB DDR4 2400MHz
• SSD M.2 128GB + HDD 500GB
• Graphic Intel UHD 620 + Shared 4GB
• Display HD 15.6” (1366x768)
• Battery 2+ Hours
• Original Charger
• TypeC Charging Support
• USB, VGA, HDMI, WiFi, LAN Port, Bluetooth, SD Card, Camera, Mic, Audio Jack, Speaker All Good

အနေနဲ့ စက်အာမခံ (၃)လပေးပါသည်
၁ပတ်စမ်းသုံးခွင့် နှင့် ၁ ပတ်အတွင်း စက်ပိုင်းဆိုင်ရာ Error ပြစ်ချက်ရှိခဲ့ပါကငွေအပြည့်ပြန်အမ်းပေးသည်ထိ တာ၀န်ယူပါသည်။

_Software Lifetime Free ပြင်ဆင်ခွင့်_

PRICE ~ 660,000 Ks [ kpay_Wave No% ]

LAPTOP ၀ယ်ယူသူတိုင်းအတွက်
‌လက်ဆောင်ပစ္စည်း [ ၆ ] မျိုး
~ Laptop Bag
~ Mouse
~ Mouse pad
~ LCD Cleaning kit
~ Keyboard Protector
~ Myanmar font Sticker

🚚 ရန်ကုန်မြို့ / မန္တလေး / နေပြည်​တော် တွင်း ပစ္စည်းရောက်ငွေချေရ အခြားမြို့နယ်များအတွက် 💵 ငွေလွှဲ၀င် သက်ဆိုင်ရာ ကားဂိတ်တင်ပေးပါတယ်ခင်ဗျ

⭕ လက္ကားပြန်လည်ရောင်းလိုသူများအတွက်
လက္ကားဈေး ဆိုင်ပေးဈေး သက်သက်ရှိပါတယ်ဗျ

❝ Trust Me Online Shopping Center ❞
အမှတ် ၆၁၊ ဒုတိယထပ်၊ ၁၂၂လမ်း၊ မဂ်လာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။

ဆိုင်ဖွင့်ချိန် 🕘 𝟵:𝟯𝟬 𝗔𝗠 𝘁𝗼 𝟳:𝟬𝟬 𝗣𝗠
Mobile_09 420186007/09788842067
Viber - 09420186007/09788842067

#ပစ္စည်းမှန် #စျေးသင့် #၀န်ဆောင်မှု့ကောင်း
တာဝန်ယူမှု့ တာဝန်ခံမှု့အပြည့်ဖြင့်
ရောင်းချပေးပါသည်။

04/12/2024

Lenovo V330-15IKB TypeC 2 ပေါက်နဲ့လာတဲ့ 8Gen ရောက်ထားပါတယ်နော်-

-Screen Size ကြီးကြီးနဲ့ လုပ်ငန်းပိုင်းအတွက်လဲအဆင်ပြေပါတယ်။

-Model မြင့် ဖုန်းနဲ့ iPhone Service သမားတွေအတွက်လဲ အရမ်းအဆင်ပြေပါတယ်။

▫️SSD M.2 128GB အပြင် HDD 500GB
ပါအပိုပါတော့ စက်မြန်ဖို့လဲ မပူရတော့သလို
Data သိမ်းဖို့လဲ မပူရဘူးပေါ့

အသုံးပြု၍ရသော Software များ
° Microsoft Office, Excel, Word, PowerPoint,Programming, Engineering, SketchUp, Photoshop, PageMaker, illustrator, CorelDraw, Audio Edition, Zoom Online Class ရုံးမှာပဲသုံးသုံး အလုပ်အတွက်ပဲသုံးသုံး စာရင်းကိုင်ဖို့ပဲသုံး မြန်မြန်ဆန်ဆန် အကုန်ဘက်စုံသုံးလို့ ရမယ်...°

_ Specifications
• CPU i3 8130Uth 8Generation 2.20GHz
• RAM 8GB DDR4 2400MHz
• SSD M.2 128GB + HDD 500GB
• Graphic Intel UHD 620 + Shared 4GB
• Display HD 15.6” (1366x768)
• Battery 2+ Hours
• Original Charger
• TypeC Charging Support
• USB, VGA, HDMI, WiFi, LAN Port, Bluetooth, SD Card, Camera, Mic, Audio Jack, Speaker All Good

အနေနဲ့ စက်အာမခံ (၃)လပေးပါသည်
၁ပတ်စမ်းသုံးခွင့် နှင့် ၁ ပတ်အတွင်း စက်ပိုင်းဆိုင်ရာ Error ပြစ်ချက်ရှိခဲ့ပါကငွေအပြည့်ပြန်အမ်းပေးသည်ထိ တာ၀န်ယူပါသည်။

_Software Lifetime Free ပြင်ဆင်ခွင့်_

PRICE ~ 660,000 Ks [ kpay_Wave No% ]

LAPTOP ၀ယ်ယူသူတိုင်းအတွက်
‌လက်ဆောင်ပစ္စည်း [ ၆ ] မျိုး
~ Laptop Bag
~ Mouse
~ Mouse pad
~ LCD Cleaning kit
~ Keyboard Protector
~ Myanmar font Sticker

🚚 ရန်ကုန်မြို့ / မန္တလေး / နေပြည်​တော် တွင်း ပစ္စည်းရောက်ငွေချေရ အခြားမြို့နယ်များအတွက် 💵 ငွေလွှဲ၀င် သက်ဆိုင်ရာ ကားဂိတ်တင်ပေးပါတယ်ခင်ဗျ

⭕ လက္ကားပြန်လည်ရောင်းလိုသူများအတွက်
လက္ကားဈေး ဆိုင်ပေးဈေး သက်သက်ရှိပါတယ်ဗျ

❝ Trust Me Online Shopping Center ❞
အမှတ် ၆၁၊ ဒုတိယထပ်၊ ၁၂၂လမ်း၊ မဂ်လာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။

ဆိုင်ဖွင့်ချိန် 🕘 𝟵:𝟯𝟬 𝗔𝗠 𝘁𝗼 𝟳:𝟬𝟬 𝗣𝗠
Mobile_09 420186007/09788842067
Viber - 09420186007/09788842067

#ပစ္စည်းမှန် #စျေးသင့် #၀န်ဆောင်မှု့ကောင်း
တာဝန်ယူမှု့ တာဝန်ခံမှု့အပြည့်ဖြင့်
ရောင်းချပေးပါသည်။

[Zawgyi + Unicode] ဒေါသ ကြီးတတ်သူများအတွက် သာဖြစ်ပါတယ် ****************************ဒေါသကို ချစ်ခြင်းမေတ္တာနဲ့ ဘယ်လိုအစား...
29/09/2024

[Zawgyi + Unicode]

ဒေါသ ကြီးတတ်သူများအတွက် သာဖြစ်ပါတယ် ****************************
ဒေါသကို ချစ်ခြင်းမေတ္တာနဲ့ ဘယ်လိုအစားထိုးမလဲ
တစ်ခါတစ်ရံ စိတ်အလို မကျတဲ့အခါ
ဒေါသထွက်တတ် ကြပါတယ်။
အဲဒီဒေါသကြောင့် မပြောသင့်တာတွေ
ပြောမိတတ်သလို အရင် က
ဘယ်လောက်ပဲ ချစ်ခင်ခဲ့ပါစေ၊
ရန်သူတွေ လိုလည်း မုန်းသွား တတ်ကြပါတယ်။

ဒါ့အပြင် ဒေါသကြောင့် ခေါင်းကိုက်တာ၊
သွေးတိုးတာ၊ နှလုံးရောဂါ ထတာစတဲ့
ဝေဒနာ တွေလည်း ဖြစ်တတ် ပါသေးတယ်။
ဒါကြောင့်ဒေါသ ထွက်တဲ့အခါ ချစ်ခြင်း မေတ္တာနဲ့
အစားထိုး နိုင်ဖို့ အောက်ပါအဆင့်တွေကို
လိုက်နာ သင့်ပါတယ်။

အဆင့်(၁)
----------
ဒေါသထွက်တဲ့ အခါ
'ငါဘာကြောင့် စိတ်တိုရ တာလဲ' လို့
အရင်ဆုံး စဉ်းစား လိုက်ပါ။
စိတ်တိုရတဲ့ အကြောင်းရင်းက
တကယ်ပဲ အရေးပါလို့လား၊
လူတစ်ယောက်ပြောစကား တစ်ခွန်းကြောင့်
စိတ်တိုရတာ လား၊ တစ်ခုခု လုပ်ခဲ့လို့
စိတ်တိုတာလား..
ဘယ်သူ့ကို ဒေါသ ထွက်တာလဲ၊
ဘာကြောင့် ဒေါသ ထွက်တာလဲ၊
ဒီအခြေအနေ ဖြစ်အောင်
ဘယ်သူက ဖန်တီးခဲ့တာလဲ ဆိုတာ
သေချာ စဉ်းစားပါ။

အဆင့်(၂)
-----------------
ဒေါသ ထွက်စေတဲ့ အခြေအနေကို
သင်ကိုယ် တိုင်က ဖန်တီး ခဲ့တယ် ဆိုရင်
ဒီလို အခြေ အနေမျိုး ထပ်မံ မဖြစ်စေဖို့
သင်ခန်းစာ ရယူပြီး ဒေါသကိုလျှော့လိုက် ပါ။
တခြားသူက ဖန်တီး ခဲ့တယ် ဆိုရင် အဲဒီလူကို
တတ်နိုင်သမျှ ညှိနှိုင်း ကြည့်ပါ။

အဆင့်(၃)
----------
တစ်ခါ တစ်ရံ ကိုယ်ချစ်ခင်တဲ့ သူတွေကို
မမှားစေ ချင်တဲ့စိတ်၊မေတ္တာပိုတဲ့ စိတ်တွေနဲ့
ကရုဏာဒေါသ ထွက်ရတဲ့ အချိန်တွေ
ရှိတတ်ပါတယ်။ အဲဒီအခါ ဒေါသ ထွက်လာရင်
ဒေါသကြောင့်စေတနာကနေ ဝေဒနာ
ပြောင်းမသွား စေဖို့ ချစ်ခြင်း မေတ္တာနဲ့
အစားထိုး သင့်ပါတယ်။
ကြင်ကြင်နာနာ၊ ချစ်ချစ် ခင်ခင်နဲ့
နားလည်အောင် ပြောပြလိုက်ပါ။

အဆင့်(၄)
--------------
ဒေါသ ထွက်တဲ့အခါ
အခြေအနေ အရပ်ရပ်ကို အရင်ဆုံး
သုံးသပ်ကြည့်လိုက်ပါ။ ဘယ်သူကမှ
ကိုယ့်ကို နာကျင်အောင်၊ စိတ်ညစ်အောင်
မလုပ်နိုင်ဘူးလို့ တွေးလိုက်ပါ။ ဒါဆိုရင်
ဒေါသတွေအလိုလိုပြေလျော့ လာပြီး
စိတ်ခံစားမှု ပိုကောင်း လာပါလိမ့်မယ်။

အဆင့်(၅)
--------------
ဒေါသကို ထိန်းချုပ်ရတာ ခက်ပါတယ်။
ဒေါသကို မမျိုချသင့် တာလည်းအမှန်ပါ။
ဒေါသ ထွက်တဲ့ အခါ သင်ခံစားရတဲ့
ဒေါသကြောင့်သင်ကိုယ်တိုင်နဲ့
သင့် ဝန်းကျင်က လူတွေ မထိခိုက်အောင်၊
အနာတရမဖြစ် အောင် အထူးသတိထား
သင့်ပါတယ်။

ဒေါသက ခဏ တာ ဖြစ်ပေမယ့်
ဒေါသကြီးတာကို မထိန်းနိုင်လို့
မှားခဲ့ရင် တစ်ဘဝစာ နောင်တရသွား
နိုင်တာကြောင့်ပါ။

Credit: ဆုံဆည်းရာ
Daw Yee Yee Aye

________________________

[Unicode]

ဒေါသ ကြီးတတ်သူများအတွက် သာဖြစ်ပါတယ် ****************************
ဒေါသကို ချစ်ခြင်းမေတ္တာနဲ့ ဘယ်လိုအစားထိုးမလဲ
တစ်ခါတစ်ရံ စိတ်အလို မကျတဲ့အခါ
​ဒေါသထွက်တတ် ကြပါတယ်။
အဲဒီဒေါသကြောင့် မပြောသင့်တာတွေ
ပြောမိတတ်သလို အရင် က
ဘယ်လောက်ပဲ ချစ်ခင်ခဲ့ပါစေ၊
ရန်သူတွေ လိုလည်း မုန်းသွား တတ်ကြပါတယ်။

ဒါ့အပြင် ဒေါသကြောင့် ခေါင်းကိုက်တာ၊
သွေးတိုးတာ၊ နှလုံးရောဂါ ထတာစတဲ့
ဝေဒနာ တွေလည်း ဖြစ်တတ် ပါသေးတယ်။
ဒါကြောင့်ဒေါသ ထွက်တဲ့အခါ ချစ်ခြင်း မေတ္တာနဲ့
အစားထိုး နိုင်ဖို့ အောက်ပါအဆင့်တွေကို
လိုက်နာ သင့်ပါတယ်။

အဆင့်(၁)
----------
ဒေါသထွက်တဲ့ အခါ
'ငါဘာကြောင့် စိတ်တိုရ တာလဲ' လို့
အရင်ဆုံး စဉ်းစား လိုက်ပါ။
စိတ်တိုရတဲ့ အကြောင်းရင်းက
တကယ်ပဲ အရေးပါလို့လား၊
လူတစ်ယောက်ပြောစကား တစ်ခွန်းကြောင့်
စိတ်တိုရတာ လား၊ တစ်ခုခု လုပ်ခဲ့လို့
စိတ်တိုတာလား..
ဘယ်သူ့ကို ဒေါသ ထွက်တာလဲ၊
ဘာကြောင့် ဒေါသ ထွက်တာလဲ၊
ဒီအခြေအနေ ဖြစ်အောင်
ဘယ်သူက ဖန်တီးခဲ့တာလဲ ဆိုတာ
​သေချာ စဉ်းစားပါ။

အဆင့်(၂)
-----------------
ဒေါသ ထွက်စေတဲ့ အခြေအနေကို
သင်ကိုယ် တိုင်က ဖန်တီး ခဲ့တယ် ဆိုရင်
ဒီလို အခြေ အနေမျိုး ထပ်မံ မဖြစ်စေဖို့
သင်ခန်းစာ ရယူပြီး ဒေါသကိုလျှော့လိုက် ပါ။
တခြားသူက ဖန်တီး ခဲ့တယ် ဆိုရင် အဲဒီလူကို
တတ်နိုင်သမျှ ညှိနှိုင်း ကြည့်ပါ။

အဆင့်(၃)
----------
တစ်ခါ တစ်ရံ ကိုယ်ချစ်ခင်တဲ့ သူတွေကို
မမှားစေ ချင်တဲ့စိတ်၊မေတ္တာပိုတဲ့ စိတ်တွေနဲ့
ကရုဏာဒေါသ ထွက်ရတဲ့ အချိန်တွေ
ရှိတတ်ပါတယ်။ အဲဒီအခါ ဒေါသ ထွက်လာရင်
ဒေါသကြောင့်စေတနာကနေ ဝေဒနာ
ပြောင်းမသွား စေဖို့ ချစ်ခြင်း မေတ္တာနဲ့
အစားထိုး သင့်ပါတယ်။
ကြင်ကြင်နာနာ၊ ချစ်ချစ် ခင်ခင်နဲ့
နားလည်အောင် ပြောပြလိုက်ပါ။

အဆင့်(၄)
--------------
ဒေါသ ထွက်တဲ့အခါ
အခြေအနေ အရပ်ရပ်ကို အရင်ဆုံး
သုံးသပ်ကြည့်လိုက်ပါ။ ဘယ်သူကမှ
ကိုယ့်ကို နာကျင်အောင်၊ စိတ်ညစ်အောင်
မလုပ်နိုင်ဘူးလို့ တွေးလိုက်ပါ။ ဒါဆိုရင်
ဒေါသတွေအလိုလိုပြေလျော့ လာပြီး
စိတ်ခံစားမှု ပိုကောင်း လာပါလိမ့်မယ်။

အဆင့်(၅)
--------------
ဒေါသကို ထိန်းချုပ်ရတာ ခက်ပါတယ်။
ဒေါသကို မမျိုချသင့် တာလည်းအမှန်ပါ။
ဒေါသ ထွက်တဲ့ အခါ သင်ခံစားရတဲ့
​ဒေါသကြောင့်သင်ကိုယ်တိုင်နဲ့
သင့် ဝန်းကျင်က လူတွေ မထိခိုက်အောင်၊
အနာတရမဖြစ် အောင် အထူးသတိထား
သင့်ပါတယ်။

ဒေါသက ခဏ တာ ဖြစ်ပေမယ့်
ဒေါသကြီးတာကို မထိန်းနိုင်လို့
မှားခဲ့ရင် တစ်ဘဝစာ နောင်တရသွား
နိုင်တာကြောင့်ပါ။

Credit: ဆုံဆည်းရာ
Daw Yee Yee Aye

ငါးမိနစ်လေးအချိန်ပေးပေးပါ တန်ဖိုးမရှိတဲ့ စာတွေဆိုရင် ကျွန်တော့ကို block လိုက်ပါ☺" တကယ်ကောင်းတဲ့ဟောပြောပွဲတစ်ခု "ကျနော်တိ...
18/09/2024

ငါးမိနစ်လေးအချိန်ပေးပေးပါ တန်ဖိုးမရှိတဲ့ စာတွေဆိုရင် ကျွန်တော့ကို block လိုက်ပါ☺

" တကယ်ကောင်းတဲ့ဟောပြောပွဲတစ်ခု "

ကျနော်တို့ လူငယ်တစ်သိုက် ဟောပြောပွဲတစ်ခု သွားနားထောင်ရန်အတွက်
ချီတက်နေကြသည်။

တစ်လမှ လစာငွေ ငါးသိန်းသာရသောအဖေက ဒီဟောပြောပွဲကို သွားနားထောင်ရင်
ကျနော့်ကို မုန့်ဖိုး တစ်သိန်းပေးမယ်လို့
စည်းရုံးထားတယ်လေ။

လက်မှတ်ကြေးက တစ်စောင်ကို တစ်သောင်းနှုံး၊လက်မှတ်ငါးစောင်ဖြတ်ပေးလိုက်တယ်။
ကျနော့်ရဲ့ ဆိုးဖော်ဆိုးဖက်
သူငယ်ချင်းတွေအတွက်ရောပေါ့။

ကျနော်ကြားဖူးနားဝ ဗုဒ္ဓဝင်ထဲကလို အသပြာတစ်ထောင်ပေးပြီး သားကို တရားနာခိုင်းတဲ့ သူဌေးကြီးလိုမျိုး။
.. သို့သော်

ဒီနေ့ ဒီဟောပြောပွဲကို
တက်ရောက်ကြားနာခဲ့ခြင်းဟာ
ဘဝမှာ အမှန်ဆုံးအလုပ်တစ်ခုဖြစ်မယ်ဆိုတာ ကျနော်မသိသေးဘူး။

ခန်းမထဲမှာ လူတွေအပြည့်ပဲ။တချို့က မိသားစုလိုက်။တချို့က စုံတွဲခုတ်လာကြတယ်။
တချို့က ကျနော်တို့လို ဘော်ဒါအဖွဲ့။

စင်ပေါ်ကို လူတစ်ယောက် တက်လာတယ်။
မျက်နှာက ပြုံးပြုံးရွှင်ရွှင်နဲ့
ထူးထူးခြားခြားတောက်ပနေတာက သူ့ရဲ့
ယုံကြည်မှုရှိတဲ့ ဟန်ပန်ပဲ။
နိုင်ငံသိ ကျော်ကြားအောင်မြင်သူဆိုတော့
လည်း ဒီလို confidence ရှိနေတာ မဆန်းပါဘူး။ဒါပေမယ့် သူက ဟိတ်ကြီးဟန်ကြီးမဟုတ်ဘူး။တကယ်ကို ပေါ့ပေါ့ပါးပါးနဲ့။
ဂျင်းဘောင်းဘီဝတ်ထားတယ်။
တီရှပ်တစ်ထည်ဝတ်ထားတယ်။
မြန်မာ့အဆင့် ၁သူဌေးကြီးလို့
ဘယ်သူထင်မှာလဲ။

"မင်္ဂလာပါ။ကျနော် ကျော်စွာပါ။

မိတ်ဆက်ပုံက ဒီလောက်ပဲ။နိုင်ငံတော်က
ချီးမြှင့်ထားတဲ့ သူဌေးဘွဲ့ကို သူမရွတ်ပြဘူး။

"ကျနော်က ဟောပြောချင်တာမဟုတ်ဘူးဗျ။
ပြောပြချင်တာ။ဒီနှစ်ခုမတူဘူးနော်။
အပေါ်စီးကနေ သင်ကြားပေးချင်တာမဟုတ်ဘူး။နှလုံးသားက လာမယ့်စကားတွေကို
နှလုံးသားထဲ တိုက်ရိုက် မျှဝေပေးချင်တာ။

ကျနော်က စကားပြောသိပ်ကောင်းတာတော့ မဟုတ်ဘူး။ဒါကြောင့် ရူပါနဲ့ပဲ ထိန်းထားရတာ။😄😃

အောင်မြင်တဲ့ နိဒါန်းပဲလား။လေးလံခမ်းနားတဲ့ ဘွဲ့တံဆိပ်တွေနဲ့ သီရိသုဓမ္မဘာညာသူဌေးကြီးက ဒီလို ပေါ့ပေါ့ပါးပါးလေး အရွှန်းဖောက်တော့ ပရိတ်သတ်က ပြုံးစိပြုံးစိဖြစ်သွားတယ်။😍

"ကျနော်က သူဌေးဖြစ်နည်းကို ဟောပြောမှာ မဟုတ်ဘူးနော်။ကျနော့်ညီ ကျနော့်ညီမတွေလို လူငယ်တွေအတွက် ဘဝနေနည်းလေး
အကြံပြုချင်တာပါ။
❤❤
တစ်ခါက ဘုရင်ကြီးတစ်ပါးက အမတ်တွေကို ပြောတယ်။ကမ္ဘာအရပ်ရပ်က
လူသားသမိုင်းတွေကို လေ့လာချင်တယ်တဲ့။
အဲ့ဒိခေတ်က စာရွက်မပေါ်သေးလို့
ဆိတ်သားရေ၊နွားသားရေမှာ
စာရေးနေရတဲ့ခေတ်လေ။
ဘုရင့်နန်းတော်ရှေ့မှာ
လှည်းအစီးထောင်ပေါင်းများစွာဟာ
သားရေပြားတွေတင်ပြီး ရောက်နေတယ်။

ဘုရင်က အံ့သြတကြီးနဲ့
"အဲ့ဒါဘာတွေလဲဆိုတော့ အမတ်ကြီးက
ကမ္ဘာအရပ်ရပ်က လူသားသမိုင်းတွေကို
သုံးနှစ်သုံးမိုးပြုစုထားတာပါတဲ့။

"ငါဘယ်လိုလုပ် ဖတ်နိုင်မှာလဲ အမတ်ကြီးရဲ့။
ခပ်တိုတိုလေး ပြန်ပြုစုပေး

အဲ့ဒိအချိန်မှာ အမတ်ကြီးက သူဆောင်ယူလာတဲ့ သားရေပြားချပ်လေးကို ပေးလိုက်ရင်း
"ဒါကမ္ဘာအရပ်ရပ်က လူသားသမိုင်းပါ
အရှင်မင်းကြီး

မင်းကြီးမျက်မှောင်ကုပ်သွားတယ်။
လူသားသမိုင်းတဲ့။ရေးထားတော့
စာကနှစ်ကြောင်းတည်း။
"သူတို့ မွေးဖွားလာကြသည်။
သူတို့ သေဆုံးသွားကြသည်။

အဲ့ဒါဘဝပဲ။နိဒါန်းက မွေးဖွားခြင်း။နိဂုံးက
သေဆုံးခြင်း။သတ္တဝါတိုင်း အတူတူချည်းပဲ။

ကျနော်လည်း ဒီမွေးဖွားခြင်းနဲ့ သေဆုံးခြင်းရဲ့
ကြားကာလမှာ ရုန်းကန်ရွေ့လျားနေတဲ့
လူတစ်ယောက်ပဲ။ကျနော်ဘယ်လိုနေခဲ့လဲ။

ကျနော်လည်း ညီလေးတို့ ညီမလေးတို့လို ကျောင်းသားလူငယ်ဘဝကို ဖြတ်သန်းခဲ့ဖူးတယ်။ဆိုးခဲ့ဖူးတယ်။တေခဲ့ဖူးတယ်။ပေခဲ့ဖူးတယ်။

ဘဝမှာ ကြက်ခြေခက်တွေအပြည့်နဲ့။
ဘဝပျောက်လောက်အောင်တော့
မဆိုးခဲ့ဘူးပေါ့။ကျနော့်အဖေကမှာတယ်။
မင်းကြိုက်သလောက်ပျော်ပါ။ဒါပေမယ့်
အိမ်ကိုတော့ ရောက်အောင်ပြန်ခဲ့ပါတဲ့။

ဒါကို ဒဿနတစ်ခုလို့ ကျနော်မသိဘူး။
အခွင့်အရေးတစ်ခု၊လွတ်လပ်ခွင့်တစ်ခုလို့ပဲ
ထင်ခဲ့တာလေ။ညလုံးပေါက် ဂစ်တာတွေတီး၊
သီချင်းတွေဆို၊ဘော်ဒါတွေနဲ့မူးယစ်ပျော်ပါး။
မနက်လေးနာရီလောက်မှ အိမ်ပြန်ဖြစ်တဲ့
နေ့တွေက မနည်းလှဘူး။

ရက်တွေကြာလာတော့ အဖေက ပြောတယ်။
"သား ကြိုက်သလောက်ပျော်ပါ။
သားအပျော်ကြူးတာနဲ့
တိုက်ရိုက်အချိုးတူစွာ အဖေတို့
စိတ်ပူရတယ်။ဒါကြောင့် ဘယ်အချိန်ပဲဖြစ်ဖြစ် သားအတွက် ဘေးကင်းမယ့် ဒီအိမ်လေးမှာ
တစ်ထောက်ပြန်နားပါသား။

သားဘယ်နေရာမှာ မူးမှောက်ပြီး အိပ်ပျော်နေမလဲ။ဘယ်နေရာမှာ ရန်တွေဖြစ်ပြီး
အရိုက်အနှက်ခံနေရမလဲ။ဖေဖေတို့
စိတ်ပူနေရတယ်။မနက်လင်းလို့ အိပ်ရာပေါ်မှာ ဘေးကင်းကင်းနဲ့ အိပ်မောကျနေတဲ့ သားကိုမြင်မှ အဖေတို့ တစ်ရက်စာ စိတ်အေးရတယ်တဲ့

ကျနော်မသိခဲ့ဘူး။ကျနော့်ရဲ့ ပျော်ပါးခြင်းဟာ မိဘကို စိတ်ပူပန်စေတယ်ဆိုတာ ကျနော်မသိဘူး။ကျနော်ပဲ ပျော်ချင်တာ။ကျနော့်တစ်ကိုယ်စာလေးပဲ ကျနော်တွေးခဲ့တာ။

အဲ့ဒိနောက်ပိုင်း တော်ရုံတန်ရုံအကြောင်းမရှိရင် ကျနော့်အိမ်ပြန်ချိန်တွေ ဥာဉ့်မနက်တော့ဘူး။ကျနော့်ကြောင့် မိဘကို
စိတ်ပူစေမယ့်ဘေးကို အတတ်နိုင်ဆုံး
အေးစေခဲ့တယ်။

အမေကတော့ အဖေ့ကို ပြောတယ်။
"ရှင့်နည်းက စွန့်စားလွန်းရာမကျဘူးလား။
၂နှစ်နီးပါးလောက် သားလေးကို ပရမ်းပတာ လွှတ်ပေးခဲ့တာ အန္တရာယ်သိပ်များတယ်။
ဒီကြားထဲ တစ်ခုခုဖြစ်သွားတော့
ဘယ့်နှယ့်လုပ်မလဲတဲ့။
ကျနော့် စိတ်ထဲမှာ စူးစူးနင့်နင့်နားလည်လိုက်တာက မိဘအိမ်ဆိုတာ သားသမီးတွေအတွက် လုံခြုံဘေးကင်းရာအရပ်ပဲ။

ညီလေးတို့ ညီမလေးတို့လည်း လူငယ်ပီပီ
ရူးမိုက်ပျော်ပါးချင်လိမ့်မယ်။
ပျော်ပါးဖူးလိမ့်မယ်။ဒါပေမယ့် မိဘတွေဘက်က ဝင်တွေးကြည့်ပါ။မင်းတို့အတွက်
မိဘအိမ်ဟာ ဘေးကင်းလုံခြုံရာအရပ်ပဲ။
ရောက်အောင်ပြန်ပါ။

ကျနော်ဒုတိယနှစ်ရောက်တော့
ရည်းစားရနေပြီ။အရူးအမဲသား စားရသလိုပေါ့ဗျာ။အခုမှ ဣတ္ထိယနဲ့ ထိတွေ့ဖူးတော့
ကြားလေသွေးရင်တောင်
ဝေးတယ်လို့ ထင်မိတာမျိုး။

တစ်ရက်မှာ အဖေက မေးတယ်။
" သား ချစ်သူရပြီလားတဲ့
"ဟုတ်ကဲ့လို့ ဖြေတော့
"မင်းဘယ်မှာ နေမလဲ။ဘာအလုပ်လုပ်စားမလဲ။မင်းဘဝရည်မှန်းချက်က ဘာလဲလို့
မေးတယ်။မေးခွန်းက ရိုးရှင်းသလောက်
အဖြေကသိပ်ခက်တယ်။ခက်တာထက်ကို
ပိုပါတယ်။အဖြေက ရှိကိုရှိမနေတာ။

အဖေက ဘာမှဆက်မမေးတော့ဘူး။
ဟုတ်တယ်။ဒါက အဖေ ကျနော့်ကို မေးရမယ့် မေးခွန်းမဟုတ်ဘူး။ကျနော့်ကို ကျနော်မေးရမှာ။ငါဘာအလုပ်လုပ်မှာလဲ။ငါ့ရည်မှန်းချက်ကဘာလဲ။ကိုယ်လျှောက်မယ့်လမ်းတောင် ကိုယ်မဖောက်ရသေးတဲ့အဖြစ်ပါ။
တကယ်က လမ်းပျောက်နေတာမဟုတ်ဘူး။
လမ်းကို မရှိခဲ့တာ။

ညီလေးတို့ ညီမလေးတို့မှာရော
ရည်မှန်းချက်လမ်းတွေ ရှိကြပြီလား။

ဒီလိုနဲ့ စီးပွားရေးဘက်ကို အထူးပြုလေ့လာမယ်ဆိုပြီး စီးပွားရေးဘက်ကို စလေ့လာတယ်။
စာတွေဖတ်တယ်။ကိုယ်ပိုင်လုပ်ငန်း
လုပ်နေကြတဲ့သူတွေကို အောက်ကျို့ခံပြီး
မေးခွန်းတွေမေးတယ်။သင်ယူတယ်။
ပညာရှာ ပမာ သူတောင်းစားမဟုတ်လား။
သိလိုသူက မာန်ချထားရတယ်။

ပြဿနာ အသစ်တစ်ခု ထပ်တွေ့လာပြန်ရော။
သမီးရည်းစားပြဿနာပါ။ရွေးချယ်ခဲ့တုန်းက ရုပ်ရည်ကြိုက်လို့ ရွေးခဲ့တာလေ။သူ့အကျင့်၊သူ့စရိုက် ဘာကိုမှ လေ့လာပြီး ကြိုက်ခဲ့တာမဟုတ်ဘူး။သူကျနော့်ကို ဖြတ်သွားပြီး နောက်တစ်ယောက်တွဲသွားတယ်။
လူလည်း ရူးမလိုလို ကြောင်မလိုလို
ဖြစ်သွားသေးတယ်။
သစ္စာမရှိတဲ့ မိန်းမဘာညာပေါ့။ကျိမ်စာတွေတိုက်။အသဲတွေကွဲ၊အရက်တွေမူး။

အဲ့ဒိအချိန်မှာ အဖေကထပ်မေးတယ်။
"သူ့မှာ မင်းကို ဖြတ်ဖို့ အခွင့်ရေးမရှိဘူးလားတဲ့

ဟုတ်တယ်။ဘာစာချုပ်စာတမ်းမှ
ရှိတာမဟုတ်ဘူး။တစ်သက်လုံးလက်တွဲပါမယ်လို့လည်း ကတိမပေးထားဘူး။
ကျနော့်ကို သူ မလိုချင်တော့ရင်၊မလိုအပ်တော့ရင် လမ်းခွဲဖို့ သူ့မှာ အခွင့်အရေးရှိနေတာပဲ။
ကျနော်လက်ခံပေးလိုက်တယ်။နောက်တစ်ခါများတော့ ရည်းစားထားမယ်ဆိုရင် သူ့ဘက်ကိုလည်း သေချာလေ့လာမယ်။ကိုယ့်ဘက်ကလည်း သေချာပြင်ဆင်မယ်။ဒီလိုတွေးဖြစ်လာတယ်။တစ်သက်လုံး ကိုယ့်အိပ်ရာဘေးမှာ ထားရမယ့် အမျိုးသမီး၊ကိုယ့် အိမ်ရှင်မဖြစ်လာမယ့် အမျိုးသမီးကို တွေ့ကရာမရွေးချယ်မိဖို့
ကိုယ့်ကိုယ်ကို ပြန်သတိပေးရတယ်။
ညီလေးတို့ ညီမလေးတို့ရော ကိုယ့်ကြင်ဖော်ကို ရွေးချယ်တဲ့အခါ စိတ်ခံစားချက်အတိုင်း ရွေးလိုက်တာလား။ဥာဏ်နဲ့ရော
ပိုင်းခြားစီစစ်ဖြစ်လား။

နောက်တစ်ကြိမ်ရွေးချယ်မှုကတော့ ကျနော့်အတွက် အကောင်းဆုံးဖြစ်ခဲ့တယ်။
အခုလက်ရှိ အိမ်သူသက်ထားပါပဲ။
လူနှစ်ယောက်ချိတ်ဆက်ဖို့ အတွက် တစ်ခုတည်းသော လိုအပ်ချက်က နားလည်မှုပဲ။
သူ့အပြစ် ကိုယ့်အပြစ်၊သူ့အမှား ကိုယ့်အမှား
သူ့အဆိုး ကိုယ့်အဆိုး၊သူ့အားနည်းချက် ကိုယ့်အားနည်းချက်ကို အပြန်အလှန် နားလည်ပေးခဲ့ကြတယ်။

ဖုန်းတစ်လုံး အားသွင်းဖို့ adapterလိုတယ်မဟုတ်လား။Adapterဆိုတာ powerကိုမပေးဘူး။
Powerကိုလည်းမယူဘူး။ပေးသူနဲ့ ယူသူကြားမှာ အဆင်ပြေအောင် ချိန်ညှိပေးတဲ့
deviceတစ်ခုပဲ။
နိုင်ငံရဲ့ power supply systemက 220AC
ဖုန်းကလိုချင်တာ 5amp(အမ်ပီယာ) current.
Adapterမခံဘဲ တိုက်ရိုက် joinလိုက်ရင် ဖုန်းပဲ ဂိသွားလိမ့်မယ်။ဒါဟာ ပေးသူရဲ့အမှားမဟုတ်သလို ယူသူရဲ့ အားနည်းချက်လည်း မဟုတ်ဘူး။မတူညီ ကွဲလွဲခြင်းသာ။နားလည်မှု adapterလည်း ကြားခံလိုက်တော့ အပေးအယူမျှတသွားရော။ဒါကြောင့် ညီလေးတို့
ညီမလေးတို့ ပေါင်းသင်းဆက်ဆံတဲ့အခါ
သူငယ်ချင်းအချင်းချင်းပဲဖြစ်ဖြစ်၊မိဘနဲ့ပဲဖြစ်ဖြစ်၊ချစ်သူချင်းပဲဖြစ်ဖြစ် နားလည်မှုရှိကြပါ။
နားလည်မှုမရှိဘဲ ပေါင်းစပ်လို့ လုံးဝမရဘူး။
အဆီအငေါ်မတည့်ရင် နှစ်ဦးနှစ်ဖက် ထိခိုက်ရတတ်တယ်။မိဘက adapterမခံဘဲ 220AC voltageပေးလိုက်လို့ လောင်ကျွမ်းသွားတဲ့
ပျက်စီးသွားတဲ့ ဖုန်းလိုမျိုး သားသမီးတွေ
ဘယ်လောက်တောင် ရှိနေမလဲ။

ဒီလိုနဲ့ စီးပွားရေးကို အစပြုရင်း ဖြတ်လမ်းနည်းတွေနဲ့ အောင်မြင်ချင်လာတယ်။
သူဌေးကြီးတစ်ယောက်ကို မေးဖူးတယ်။
အောင်မြင်ဖို့ အမြန်ဆုံးနည်းပြောပြပါလို့။
သူဌေးကြီးဖြေသွားတာ သိပ်လှတာပဲ။
သမိုင်းဖြစ်ရပ်လေးတစ်ခုနဲ့ ဥပမာပေးသွားတာ။ညီတို့ ညီမတို့ကို ဗဟုသုတအဖြစ်၊messageတစ်ခုအဖြစ် မျှဝေချင်ပါတယ်။

မက်ဆီဒိုးနီးယား စစ်ဘုရင် အလက်ဇန်းဒါး
သေဆုံးပြီးနောက်မှာ သူပိုင်တဲ့နယ်မြေတွေကို သူ့စစ်သူကြီးတွေက ခွဲဝေယူတယ်။
အီဂျစ်မြေကိုယူတဲ့ တော်လမီ ၁ လက်ထက်မှာ
ဘုရင် တော်လမီကGeometryပညာရှင် ယူကလစ်ဆီက geometryပညာကို အလွယ်သင်ဖို့ ကမ်းလှမ်းတယ်။

ယူကလစ်ရဲ့အဖြေက သိပ်ရိုးရှင်းတယ်။
သိပ်ရဲရင့်တယ်။
"Geometryပညာကိုသင်ဖို့ ရှင်ဘုရင်အတွက် အထူးနည်းလမ်းမရှိပါဘူးတဲ့။

ဒါကြောင့် ကျနော်တို့ ဘယ်ပညာကိုပဲ သင်ယူသည်ဖြစ်ဖြစ် ဝီရိယထည့်ဖို့လိုတယ်။
ခြေထောက်ကနေ ခြေလှမ်းဖြစ်ပြောင်းသွားတာ ဝီရိယကြောင့်ပဲ။ဦးတည်ရာကို ရွေးချယ်တာက ဥာဏ်ရည်ပေါ့။လျှောက်လမ်းမှာ
ခလုတ်မထိ ဆူးမငြိဖို့က သတိတရားရဲ့
လုပ်ဆောင်ချက်။

ဒီလိုနဲ့ စီးပွားရေးတစ်ခုကို ဇောက်ချလုပ်ဖြစ်လာတယ်။အတော်အတန်
အောင်မြင်လာတယ်။ကျနော်နဲ့ ခင်မင်လာတဲ့ သူဌေးကြီးတစ်ယောက်က ကျနော့်ကို
မေးတယ်။စာဖတ်ဖြစ်လားတဲ့။
အချိန်လည်း သိပ်မအားတာနဲ့ မဖတ်ဖြစ်ဘူးလို့ ပြောတော့ သူဌေးကြီးက
"မင်းအလုပ်ချိန်တွေက ဘယ်လောက်တောင် တန်ကြေးရှိနေလို့ စာမဖတ်ရတာလဲ။
မင်းရဲ့ နှစ်နာရီလုပ်အားခက တစ်သိန်းလား
နှစ်သိန်းလား။စာတစ်ပုဒ်ကပေးမယ့် အသိတရားက မင်းရှာနိုင်တဲ့ ငွေထက် အမြဲတန်ဖိုးကြီးတယ်ဆိုတာ မှတ်ထားတဲ့
တပည့်လိုဖြစ်နေလို့ ခပ်ကြမ်းကြမ်းပြောတယ် ထင်ပါတယ်။နောက်မှ လေသံပျော့သွားပြီး
"ငါ့ညီ ကျော်စွာ ဘေဂိတ်ကြရဲ့ တစ်နာရီလုပ်အားခက တို့ထက် အပုံကြီးသာလိမ့်မယ်။
ဒါပေမယ့် ဘေဂိတ်ဇောက်ချလုပ်နေတာ
စာဖတ်ခြင်းပဲ။

လင်ကွန်းကပြောတယ်။ကျုပ်ကို သစ်ပင်ခုတ်ဖို့ အချိန် ခြောက်နာရီပေးရင် လေးနာရီက ပုဆိန်သွေးနေမှာတဲ့။ငါတို့ အလုပ်လုပ်နေတယ်ဆိုတာ ဥာဏ်ပုဆိန်နဲ့ သစ်ပင်ခုတ်နေတာ။
စာဖတ်တယ်ဆိုတာ အဲ့ဒိဥာဏ်ပုဆိန်ကို
သွေးနေရတာ။မင်းပုဆိန်သွေးဖို့ မပျက်ကွက်နဲ့။ပုဆိန်တုံးလာလိမ့်မယ်တဲ့။

ဒီတော့ ညီလေးတို့ ညီမလေးတို့ကို
ကျနော်ကပြောမယ်။ကျနော့်အဆင့်နဲ့ အချမ်းသာဆုံးသူဌေးဖြစ်နေရတာ
ကျနော်ဂုဏ်မယူဘူး။
ကျနော့်ထက် ပိုချမ်းသာတဲ့သူပေါ်
လာလို့လည်း
ကျနော်စည်းစိမ်လျော့မသွားဘူး။
နံပါတ် တစ်ဖြစ်နေခြင်းက နှိုင်းရတန်ဖိုးပါ။
ပကတိမှမဟုတ်တာ။ကျနော်ထက် ပိုချမ်းသာသူပေါ်လာရင် ကျနော်ထက်ပိုပြီး နိုင်ငံသားတွေကို အလုပ်အကိုင် အခွင့်အလမ်းတွေ
ဖန်တီးပေးနိုင်လိမ့်မယ်။ကျနော့်နိုင်ငံကြီး
ဒီထက်ပိုတိုးတက်လာလိမ့်မယ်။

ကျနော်မျှော်လင့်တယ်။ညီတို့ ညီမတို့လည်း
ပျော်ကြပါ။ဒါပေမယ့် ဘေးကင်းပါစေ။

ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းပါ။
ဒါပေမယ့် ရည်မှန်းချက်ရှိပါစေ။

ချစ်ကြပါ။ဒါပေမယ့် နားလည်မှုရှိပါစေ။

အလုပ်လုပ်ကြပါ။ဒါပေမယ့်
စာဖတ်ဖို့ အချိန်ရှိပါစေ။

အောင်မြင်ခြင်းမှာ ဂုဏ်ယူကြပါ။ဒါပေမယ့်
မာန်မာနတော့ ကင်းပါစေ။

နိုင်ငံအနာဂတ်အတွက် ညီတို့ညီမတို့ ကိုပဲ
ကျနော်က အားကိုးမျှော်လင့်နေမှာပါ။

ဟုတ်ကဲ့ ကျနော့် စကားကို စိတ်ဝင်တစား နားထောင်ပေးကြလို့ ကျနော် ကျော်စွာက အားလုံးကို ကျေးဇူးတင်ပါတယ်။

လူကြီးမင်းတို့ ဝယ်ယူလာတဲ့ လက်မှတ်တွေကို အရောင်းကောင်တာမှာ ဝယ်စျေးအတိုင်း
ပိုက်ဆံပြန်ထုတ်သွားလို့ရပါတယ်။
ဒီနေ့ စကားပွဲလေးဟာ ငွေကြေးအကျိုးအမြတ် လိုချင်လို့ လုပ်တဲ့စကားပွဲမဟုတ်ဘူး။
ဒါပေမယ့် လေးနက်မှုတစ်ခုရချင်လို့ စည်းစနစ်ကျချင်လို့ ငွေနဲ့ ရောင်းတဲ့သဘောပါ။

လူကြီးမင်းတို့ ငွေပြန်မထုတ်လိုဘူးဆိုရင်လည်း ဒီငွေတွေဟာ မိဘမဲ့ကလေးကျောင်းကို
အလှုငွေအဖြစ် ရောက်ရှိသွားမှာပါ။
ငွေတစ်သောင်းဟာ တချို့လူတွေအတွက် သိပ်များနေသေးတဲ့ ပမာဏမို့လို့ ထုတ်ယူမယ်ဆိုရင်လည်း နားလည်ကြည်ဖြူမှာပါ။

လက်ခုပ်သံများ မစဲအောင် ထွက်ပေါ်လာသည်။ကျနော်နဲ့ ကျနော့်သူငယ်ချင်းတစ်သိုက်လည်း လက်ခုပ်ကို အားရပါးရတီးဖြစ်ခဲ့သည်။
တကယ့် ဂါရဝလက်ခုပ်သံပါ။
မုဒိတာလက်ခုပ်သံပါ။
ကျေးဇူးတင်တဲ့ လက်ခုပ်သံပါ။

အိမ်အပြန်လမ်းမှာ ခြေလှမ်းတွေ
တက်ကြွနေသည်။ဘယ်နှစ်ကြိမ်မှန်းမသိ ကျေနပ်ပြုံးတွေ ပြုံးမိနေသည်။
လက်မှတ်ငါးစောင်အတွက် ငွေငါးသောင်းကို ကျနော်တို့ ပြန်မထုတ်ယူဖြစ်ခဲ့ပါ။
အဖေပေးမယ့် ငွေတစ်သိန်းလည်း ကျနော်
မလိုချင်တော့။ကျေးဇူးပါ ဖေဖေရယ်လို့
လိပ်ပြာသန့်သန့်ပြောနိုင်ဖို့
ငွေတစ်သိန်းကြောင့် အပျက်စီးမခံနိုင်ပါ။
နိုင်ငံအတွက်၊မိဘအတွက်၊မိမိအတွက် အသုံးကျတဲ့ နိုင်ငံသားအဖြစ်၊သားသမီးကောင်းအဖြစ်၊လူသားကောင်းအဖြစ် ကျနော်စတင်ရတော့မယ်။

cd.Error (sithu)
ပြန်လည်မျှဝေပါသည်.

" ပါးနပ်တဲ့ အပြောအဆို .လူတစ်ယောက်ကို "ခင်ဗျား လွဲနေတယ်”လို့ပြောရင် ဘယ်သူမှ လက်ခံမှာ မဟုတ်ဘူး။ဒါပေမယ့် လူတစ်ယောက်ကို ဒီလိ...
28/01/2024

" ပါးနပ်တဲ့ အပြောအဆို .

လူတစ်ယောက်ကို "ခင်ဗျား လွဲနေတယ်”
လို့ပြောရင် ဘယ်သူမှ လက်ခံမှာ မဟုတ်ဘူး။

ဒါပေမယ့် လူတစ်ယောက်ကို
ဒီလိုလေး လုပ်လိုက်ရင် ခင်ဗျား
ပိုပြီးအဆင်ပြေလိမ့်မယ်” လို့ပြောရင် လက်ခံချင် လက်ခံလာလိမ့်မယ်။

ကိုယ်ဆိုလိုတဲ့ အဓိပ္ပာယ်နဲ့ ကိုယ်ပြောချင်တဲ့စကားတွေကို
တစ်ဖက်သားက လက်ခံဖို့ဆိုရင် ပြောတတ် ဆိုတတ်ဖို့က
သိပ်အရေးကြီးတယ်။

ဘယ်တော့မှ “နင်မှားတယ်၊ငါမှန်တယ်”
ဆိုတာမျိုး မပြောမိစေနဲ့။ ပြောမယ့်ပြော “
နင်ပြောတာ မှားတော့မမှားဘူး။
ဒါပေမယ့် ဒီလိုလေးဆို ပိုပြီးတောင် မှန်ဦးမယ်"
ဆိုတဲ့အပြောမျိုး ပြောတတ်အောင်ပြော။

အပြောအဆိုကြောင့်ပဲ
လူတွေရဲ့အထင်ကြီးကိုးစားတာကို ခံရတတ်သလို
အပြောအဆိုကြောင့်ပဲ လူမုန်းများတတ်တယ်မဟုတ်လား။
ဘာပဲဖြစ်ဖြစ် ပါးပါးနပ်နပ် ပြောတတ်ဆိုတတ်
သူတစ်ယောက်အတွက်ကတော့
အပြောအဆိုကြောင့် လူမုန်းမခံရတတ်ပါဘူးလေ။

#စာပေဗဟုသုတများ #စာအုပ်စာပေလူ့မိတ်ဆွေ

ဘယ်လောက်ပဲ ကျွမ်းကျင်တဲ့ အလုပ်ဖြစ်နေပါစေ ဘေးပရောဂကိုတော့ သတိထားပါ...ဘယ်လောက်ပဲသိကျွမ်းဝင်တဲ့သူဖြစ်နေပါစေအချိန်မရွေး သစ္စ...
27/01/2024

ဘယ်လောက်ပဲ
ကျွမ်းကျင်တဲ့ အလုပ်ဖြစ်နေပါစေ
ဘေးပရောဂကိုတော့ သတိထားပါ...

ဘယ်လောက်ပဲ
သိကျွမ်းဝင်တဲ့သူဖြစ်နေပါစေ
အချိန်မရွေး သစ္စာဖောက်နိုင်တယ်ဆိုတာ
သတိထားပါ...

ရန်သူဟာ ရန်သူလိုနေရင်
ကြောက်စရာမကောင်းဘူး
မိတ်ဆွေယောင်ဆောင်ထားတဲ့
ရန်သူမျိုးသာ လောကမှာကြောက်စရာ
အကောင်းဆုံး...

🙏🙏🙏✅✅✅လောင်းကစား နွံနစ်နေရင်လုပ်ရမှာ တစ်ခုတည်း ရှိတယ်...ရောက်တဲ့ နေရာမှာ ရပ်လိုက်ဖို့ပဲ...တစ်သိန်းလား နှစ်သိန်းလား...ငါး...
19/01/2024

🙏🙏🙏✅✅✅

လောင်းကစား နွံနစ်နေရင်
လုပ်ရမှာ တစ်ခုတည်း ရှိတယ်...
ရောက်တဲ့ နေရာမှာ ရပ်လိုက်ဖို့ပဲ...

တစ်သိန်းလား နှစ်သိန်းလား...
ငါးသိန်းလား သိန်းနှစ်ဆယ်လား တစ်ရာလား...
ဘယ်လောက် ပမာဏပဲ ဖြစ်ဖြစ်
အဲ့ဒီနေရာမှာ ချက်ချင်း ရပ်လိုက်ဖို့ လိုပါတယ်...

ရှုံးထားတဲ့ ပိုက်ဆံတွေကို ပြန်ရအောင် ယူမယ်
ဆိုပြီး ဆက်ဆော့နေတာဟာ ကျားခံတွင်းထဲက
အစာကို မရ ရအောင် နှိုက်ထုတ်နေသလိုပဲ...
ပြန်ရဖို့ထက် ထပ်ဆုံးရှုံးဖို့ပဲ ရှိတယ်...

ရှုံးနေတဲ့ တစ်သိန်းကနေ နောက်ထပ် သိန်းတစ်ရာ၊
ငါးသိန်းကနေ ဘဝပျက်တဲ့ထိ
ကုန်းကောက်စရာ မရှိတဲ့ထိ
တခဏချင်းမှာ ဖြစ်ပျက်သွားနိုင်တယ်...

လောင်းကစား သဘာဝ စစချင်း နိုင်မယ်...
ကံကြောင့်ဖြစ်ဖြစ် လူက လှည့်စားလို့ ဖြစ်ဖြစ်
ငွေတစ်ရာနဲ့ လောင်းကစားလုပ်ရင်
တစ်ထောင် ဖြစ်ကောင်း ဖြစ်လာနိုင်လိမ့်မယ်...
ကိုယ်က ဒါကို မက်မောပြီး ငွေများများနဲ့
ဆက်ဆော့တဲ့အခါ နောက်ပိုင်း ရှုံးနေရင်းနဲ့
နိုင်ဖို့ မပြောနဲ့ အရင်း ပြန်ရဖို့သာ
ဦးတည်ပြီး ဆော့ရပါလိမ့်မယ်...

လောင်းကစားနဲ့ ပတ်သက်ရင် နွံနစ်တယ်ဆိုတဲ့
စကားလုံး သုံးတာက အသင့်တော်ဆုံးပဲ...
ရုန်းထွက်မရအောင် နစ်တာမို့ပါ...

ပြန်ရမလား ပြန်ရမလားနဲ့ လိုက်နေရင်းကနေ
စိတ်ကုန် လူပမ်းလာလိုက်
နည်းနည်းပါးပါး ပြန်နိုင်လာတဲ့အခါ ပြန်စိတ်ပါလိုက်
နိုင်တာက မဆိုစလောက် ဖြစ်လာရင်
ဝက်ဝက်ကွဲ ရှုံးထားတာတွေ ပြန်ရဖို့
လမ်းစလေး ရလာပြီဆိုပြီး ဆက်ဆော့လိုက်နဲ့
သံသရာလည်နေတာ...

ကိုယ့်မှာရှိတာကုန်ရင်
သူများဆီက လိုက်ချေးရလား ဝန်မလေးတော့ဘူး...
ပုံမှန် အခက်အခဲ ဖြစ်သလို မဟုတ်ဘဲ
အရမ်းလိုနေတာမို့ ဇောတွေကပ် အိန္ဒြေမရဖြစ်ပြီး
အရမ်းလည်း ရှက်ဖို့ကောင်းတာ
သွေးအေးတဲ့အချိန် သိလိမ့်မယ်။

အချိန်ပြည့် စိတ်တို စိတ်ဆတ် စိတ်ဓာတ်ကျပြီး
လူမှုပတ်ဝန်းကျင်နဲ့ မိသားစုကိုပါ
အနှောင့်အယှက် ဖြစ်လာတတ်တယ်...
လိမ်ဖို့ ဘတ်ဖို့ ဝန်မလေးတော့ဘူး...
စာရိတ္တတွေပါ ထိခိုက်လာတတ်တယ်...

လောင်းကစားဆိုတာ တခါတလေ ကံစမ်းရုံ
အပျင်းပြေရုံ ပျော်ရွှင်စရာလေး တစ်ခုခုကို
ငွေကြေးရင်းပြီး ဖန်တီးရုံလောက်ပဲ ကောင်းတယ်...

ချမ်းသာချင်လို့ လောင်းကစား သွားမလုပ်နဲ့
မရပါဘူး...
ရှိသမျှ အကုန် တက်တက်စင်အောင်
ပြောင်ဖို့ပဲ ရာခိုင်နှုန်း အရမ်းများပါတယ်...

ကိုယ်လည်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဒီနွံနစ်ဖူးတယ်...
အပျော် အပျော်ဆိုပြီး ဖုန်းထဲကနေ စလော့ဂိမ်းဆော့တာ။
အများကြီးတော့ မဟုတ်ဖူး...
ဆယ်ဂဏန်းလောက် ရှုံးသွားတဲ့အချိန်မှာ
အသိတရား ဝင်လာတယ်...

ဒီပိုက်ဆံနဲ့ အပျော်မှ ရှာချင်တယ် ဆိုရင်
Shopping အေးအေးဆေးဆေး ပတ်မလား...
သူငယ်ချင်းတွေကို ဘီယာ လိုက်တိုက်ဦးမလား...
စုချင်ရင် ရွှေဝယ်ထားမလား
မိဘကို ကန်တော့ဦးမလား
အများကြီး လုပ်လို့ရတယ်...

အခုက ကိုယ့်လုပ်အားခနဲ့
သူတပါးကို လုပ်ကျွေးမိနေတာ...
ပျော်သလားဆိုတော့ မပျော်ရဘူး....
အိပ်ရေးပျက် စိတ်ဖိစီး မျက်လုံးကိုက်
လူက မိုးလင်းလာလို့မှ ကျက်သရေမရှိ...
အဲ့မှာ အသိတရား ရပြီး လုံးဝ ဖြတ်လိုက်တာ...
ဘာအပျော်မှ မဆော့တော့ဘူး...
ငွေတွေ အချိန်တွေ အရမ်း နှမျောလို့....

ငွေတင် ကုန်တာ မဟုတ်ဘူး...
ကိုယ်ရည်ကိုယ်သွေးနဲ့ အချိန်တွေပါ ပေးဆပ်လိုက်ရတာ....
အဲ့လို ညမအိပ်ဘဲ စာတစ်အုပ် ရေးရင်
ဇာတ်တစ်ဇာတ်လောက် စဉ်းစားရင်
လောင်းကစားကနေ ရမယ့် နှစ်ပဲခြောက်ပြားထက်
အရမ်းတန်ဖိုးရှိတယ်လေ ကိုယ့်အတွက်....

ကိုယ်ရှုံးသွားတဲ့ သိန်းဆယ်ချီကို ထပ်မလိုက်တော့ဘူး....
ကိုယ့်ဘာသာ ဒဏ်ခတ်လိုက်တာ....
စောင်သုံးမကျတဲ့ ဒဏ်ကြေး ဆောင်လိုက်တယ်ပဲ
သဘောထားလိုက်တော့တယ်....

အကြံပေးချင်တာကတော့
လောင်းကစားကြောင့် အကြွေးပိနေလား....
ရပ်လိုက်ပါတော့...
အဲ့နေရာမှာတင် ရပ်လိုက်ပါ....
ပြန်လိုက်ယူဖို့ မကြိုးစားပါနဲ့တော့...

ဘယ်က ပိုက်ဆံနဲ့ ဆပ်ရမှာလဲလို့ မပြောခင်
ဘယ်က ပိုက်ဆံနဲ့ ဆက်ဆော့မှာလဲလို့ ပြန်မေးပါ....
ငွေတွေ ရှာရှာလာပြီး တွင်းနက်ကြီးထဲ
ပစ်ချနေတာတွေ တော်လိုက်ပါတော့....

အပိုဝင်ငွေလေး ရချင်လို့
ဆိုင်ကယ်လေး ဝယ်ချင်လို့
အမေ့ကို အိမ်ဆောက်ပေးချင်လို့
ဖုန်းလေး လဲချင်လို့
အကြောင်းမျိုးစုံနဲ့ လောင်းကစားနွံနစ်နေသူတွေ
တကယ်ပဲ ရည်မှန်းချက် ပြည့်ပြီလား....
ပြည့်ဖို့ရော အလားအလာ ရှိလား
ကိုယ့်အရင်းတောင် ကိုယ်ပြန်ရအောင်
စိတ်ရောလူပါ ပင်ပန်းဆင်းရဲစွာ ဆော့နေရတယ်မလား.....

အရာရာတိုင်းမှာ ထွက်ပေါက်ရှိပါတယ်....
အကြွေးရှိနေရင် အလုပ် နှစ်ဆလုပ်...
ဂိမ်းတောင် တစ်ညလုံး မအိပ်ဘဲ ဆော့နိုင်သေးတာပဲ
ကြွေးရှင်တွေကို ပြေရာပြေကြောင်း တောင်းပန်ပြီး
မရှောင်ပုန်းဘဲ ကောင်းကောင်းရင်ဆိုင်ပါ....
အချိန်တစ်ခုလောက် ရအောင် တောင်းပါ...
မိဘရှိရင် ကူညီပေးမယ့်သူရှိရင် အကူညီတောင်းပါ
ကတိတည်ပါ...

အချိန်တစ်ခုအတွင်းမှာ
ပြသနာတွေ ဖြေရှင်းနိုင်သွားပါလိမ့်မယ်....
ဆက်မမိုက်မဲချင်ဖို့ပဲ လိုတာပါ...
ရုန်းထွက်နိုင်ပါစေ....

Crd

မိမိအကောင့်ထဲ ရှဲထားပါ တချိန်အသုံးဝင်လာပါလိမ့်မည်📩 - ဂရံ - - ပုံစံ ၁၀၅- ပုံစံ ၁၀၆- - စလစ်မြေ- ပုံစံ ၇ ( လယ်ယာမြေ)နမူနာပု...
18/01/2024

မိမိအကောင့်ထဲ ရှဲထားပါ တချိန်အသုံးဝင်လာပါလိမ့်မည်📩

- ဂရံ
- - ပုံစံ ၁၀၅
- ပုံစံ ၁၀၆
- - စလစ်မြေ
- ပုံစံ ၇ ( လယ်ယာမြေ)နမူနာပုံတွေပါ
Credit photo

"မြေဧက ဖွဲ့နည်း - တွက်နည်းများ".................................................
* တစ်ဧက = ၄၃၅၆၀ စတုရန်းပေ
* လေးနားညီ စတုရန်း=
* အလျား ၂၀၈.၇၁ ပေ x အနံ ၂၀၈.၇၁ ပေ။
* နှစ်နားညီ စတုဂံ = လျားxနံ 43560
* နှစ်နားပြိုင် တြာဗီဇီယံ =
* ပြိုင်နား နှစ်ခုပေါင်း ၂ x နံ 43560
* တြိဂံ = ၀.၅xအခြေxအမြင့် 43560
* ထောင့်မှန် တြိဂံ -
* အခြေxအမြင့် = ရလာဒ် ၂ 43560
* စက်ဝိုင်း -
* အချင်းဝက်x အချင်းဝက်x 3.1416 43560
* (သို့)
* စက်ဝိုင်း -
* အချင်းxအချင်းx .၇၈၅၄ 43560
* ပုံသေ မြှောက်ကိန်း ၀.၇၈၅၄
* ၀.၇၈၅၄ သည် ပိုင်ကိန်း၃.၁၄၁၆ကို(အနားလေးဖက်) ၄နှင့်စားပြီးစတုရန်းကွက်ဖေါ်သည်။
အနားငါးမျက်နှာ၆မျက်နှာနှင့်အနားများစွာ=စတုဂံစတုရန်းတြိဂံစသည်အကွက်စိပ်ပြီးတွက်ရလာဒ်အားလုံးကိုပေါင်း၍ ၄၃၅၆၀ ဖြင့်စား။

"ခြံမြေကွက်အကျယ်အဝန်းအရ စိုက်ပင် တွက်နည်း"
============================
( ဒေါက်တာချစ် စိုက်ပျိုးရေး စာအုပ်မှ. )

* (၁) လျား x နံ ရှိ စိုက်ပင် အရေအတွက်ကိုမြှောက်။
* (၂) ခြံကွက်၏ လျား x နံ မြှောက်ကိန်း
* ပင်ခြား ကွာဝေးမြှောက်ကိန်း
မြေကွက် လျား ၃၀၀ x နံ၂၀၀ = ၆၀၀၀၀စတုရန်းပေ
သစ်ပင် ၁၂ ပေခြား စိုက်လျှင် ၁၂ x ၁၂ = ၁၄၄
၆၀၀၀၀ ၁၄၄ = ၄၁၆ ပင်

ဖိုခနောက်ဆိုင်စိုက်လျှင် ၁၅% အပိုထွက်မည်
၄၁၆ x .၁၅ = ၆၂
၄၁၆ + ၆၂= ၄၇၈ ပင်

* (၃) ဧကပြည့် ( ၁ ဧက ) တွက်လျှင်
စိုက်ပင်အကွာအဝေး နှစ်ခုမြှောက်ကိန်း နှင့် ၄၃၅၆၀ ကိုစား။စိုက်ပင်ကွာဝေး ၁၉ x ၁၉ = ၃၆၁
၄၃၅၆၀ ၃၆၁ = ၁၂၀

ဖိုခနောက်ဆိုင်စိုက်လျှင်
၁၂၀ x .၁၅ = ၁၈ ပင်ပိုထွက်
၁၂၀ + ၁၈ = ၁၃၈ ပင်

(ဝင်းမြင့် တွက်နည်း - ၁၀၀ စာအုပ်မှ ...)

အတွေ့အကြုံက စျေးကြီးတယ်""""""""""""""""""""""""""""""""""""""""""" ဧရာမသင်္ဘောကြီး၏ အင်ဂျင်ပျက်သွားသည်။မည်သူမျှ မပြုပြင်...
17/01/2024

အတွေ့အကြုံက စျေးကြီးတယ်
"""""""""""""""""""""""""""""""""""""""""""

ဧရာမသင်္ဘောကြီး၏ အင်ဂျင်ပျက်သွားသည်။
မည်သူမျှ မပြုပြင်နိုင်ကြ။
ထို့ကြောင့် အတွေ့အကြုံ နှစ် ၄၀ ကျော်ရှိသော စက်ပြင်အင်ဂျင်နီယာထံ ပို့လိုက်ကြလေသည်။

စက်ပြင်ဆရာက အင်ဂျင်ကို အပေါ်ကနေ အောက်အထိ သေသေချာချာစစ်ဆေးသည်။

အားလုံးကိုစစ်ပြီးနောက် အင်ဂျင်နီယာသည် အိတ်ထဲမှ တူလေးတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။

အင်ဂျင်စက် တစ်နေရာကို ကို ညင်သာစွာ ခေါက်လိုက်သည်။ မကြာခင်မှာ အင်ဂျင်ပြန်အသက်ဝင်လာသည်။ အားလုံးကောင်းသွားလေပြီ။

အင်ဂျင်နီယာက ဧရာမသင်္ဘောကြီးကို ပြုပြင်ရန် စုစုပေါင်းကုန်ကျစရိတ်မှာ ဒေါ်လာ 10,000 - တစ်သောင်း ဖြစ်ကြောင်း ပိုင်ရှင်ကို ပြောကြားခဲ့ပါသည်။

"ဘယ်လို....?" ဟု ပိုင်ရှင်က မကြေမနပ်နှင့် မေးသည်။

"မင်း ဘာမှ ပြင်ရတာလဲမဟုတ်ဘူ။ ငါ့ကို အသေးစိတ် ဘေလ်ရေးပေးပါ။"

စက်ပြင်ဆရာက
ဘောလ်ထဲမှာ ဤကဲ့သို့ ရေးလိုက်ပါတယ်..
- တူဖြင့် ခေါက်ခက- $2 နှစ်ဒေါ်လာ။
ဘယ်နေရာကိုခေါက်ရမယ် နှင့် ဘယ်နှစ်ချက် ခေါက်ရမယ်ဆိုတာ အတွက် ပညာကြေးက - $9,998 ( ကိုးထောင်ကိုးရာကိုးဆယ့်ရှစ်ဒေါ်လာ ) ဟူ၍ဖြစ်သည်။

သတိပြုစရာ.....

တစ်ခါတလေမှာ -
"လွယ်လွယ်လေး " နဲ့ "ဒါလေးပဲဟာ" ဆိုတဲ့ စကားလုံးတွေကို ဘေးဖယ်ထားသင့်ပါတယ်။
ပညာရှင်တယောက်ဟာ အတွေ့အကြုံနှင့် ကျွမ်းကျင်မူရရန် အများကြီး ကြိုးစားခဲ့ရပါတယ်။

(အလုပ်တစ်ခုကို မိနစ် 30 နှင့် ပြီးလျင်၊ ဤကဲ့သို့ မိနစ် 30 နဲ့ ပြီးသွားအောင် 10 နှစ်လောက် အချိန်ပေး လေ့လာ သင်ယူခဲ့ရခြင်းဖြစ်သည်။
ဒါကြောင့်ပေးရတဲ့လုပ်ခဟာ ဆယ်နှစ် လောက်လေ့လာခဲ့ရတဲ့ ပညာကြေးပါ။မိနစ် 30 ရဲ့ ကြာချိန် အတွက်မဟုတ်ပါဘူး။ )

ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံက ဈေးကြီးပါတယ်။

ကံမကောင်းစွာပဲ၊ ကျွန်တော်တို့ဟာ အခုချိန်ထိ လူတယောက်ရဲ့ လုပ်အားခကို ကြာချိန်နဲ့ တွက်ဆနေကြတုန်းပါပဲ။

 #တစ်ခါတုန်းက_ကွမ်ကျိုးမြို့က ဘဏ်တစ်ခု နေ့ခင်းကြောင်တောင်ကြီး ဓါးမြအတိုက်ခံရတယ်။ ဘဏ်ထဲဝင်ဝင်ချင်း ဓါးမြဗိုလ်က အားလုံးကြာ...
10/01/2024

#တစ်ခါတုန်းက_ကွမ်ကျိုးမြို့က ဘဏ်တစ်ခု နေ့ခင်းကြောင်တောင်ကြီး ဓါးမြအတိုက်ခံရတယ်။

ဘဏ်ထဲဝင်ဝင်ချင်း ဓါးမြဗိုလ်က အားလုံးကြားအောင်လှမ်းအော်လိုက်တယ်။ "တစ်ယောက်မှ မလှုပ်နဲ့! ငွေဆိုတာ အစိုးရ ပိုင်တာ! အသက်ကတော့ ခင်ဗျားတို့ပိုင်တယ်! နားလည်တယ်နော်!"

အားလုံး ငြိမ်ကျသွားသည်။

သင်ခန်းစာ (၁) - လူတစ်ယောက်ကို ကိုယ်ကြည့်စေလိုတဲ့ ရှုထောင့်ထိ ဆွဲခေါ်တယ်ဆိုတာ အဲ့ဒါ!

အမျိုးသမီးငယ်ငယ် ချောချော တစ်ဦးက ကယောင်ကတန်းဖြင့် စားပွဲအစွန်းပေါ်မှာ ကိုးယိုးကားယား ဖြစ်လို့နေသည်။ ဓားမြဗိုလ် လှမ်းအော်လိုက်သည်။ "ဟိုကလေးမ.. ဘာတွေလျှောက် လုပ်ပြနေမှန်း မသိဘူး။ ဆင်းစမ်း စားပွဲပေါ်က! ဓားမြဟ! မုဒိန်းကောင်မဟုတ်ဘူး..!"

သင်ခန်းစာ (၂) - ပညာရှင်ဆန်တယ်ဆိုတာအဲ့ဒါ!

ဓားမြတိုက်ပြီးလို့ စခန်းပြန်ရောက်တော့ အဖွဲ့ဝင်သစ် (စီးပွားရေးဘွဲ့ရ ဆိုပဲဗျို့) လူငယ်က ဓားမြဗိုလ် (သုံးတန်းကျောင်းထွက်) ကို ပြောသည်။ "အစ်ကိုကြီး.. ငွေတွေ ရေကြရအောင်။"

ဓားမြဗိုလ်က ထိုလူငယ်ကို နားဘန်ပိတ်ကျင်း လိုက်ပြီး "ငတုံး..! ငတုံး..! အဲ့မှာ ရီမုဒ်..ရော့.. တီဗီဖွင့်.. သတင်းစောင့် နားထောင်! ငါတို့ရေစရာမလိုဘူး။ သတင်းက ကြေငြာလိမ့်မယ်!"

သင်ခန်းစာ (၃) - လုပ်သက်အတွေ့အကြုံ ဆိုတာအဲ့ဒါ!

ဘဏ်တွင် ဓားမြများ ထွက်သွားတော့ လက်ထောက် မန်နေဂျာ ဆိုသူက မန်နေဂျာကို ရဲစခန်းဖုန်းဆက် ခိုင်းသည်။ မန်နေဂျာက "ဟေ့ဟေ့.. နေဦး! မင်းနဲ့ငါ တစ်ယောက်ကို ဆယ်သိန်းစီ လောက် ဘုံးကြရအောင်.. အတိုက်ခံလိုက်ရတဲ့ စာရင်းနဲ့ ရောပြ လိုက်ရုံပဲလေ... ငိငိ"

သင်ခန်းစာ (၄) - ပွဲလန့်တုန်းဖျာခင်းတယ်ဆိုတာပေါ့!

လက်ထောက်မန်နေဂျာဆိုသူလဲ "ဟာကောင်းလိုက်တဲ့ အကြံ ဗျာ! ဒါဆို ရဲစခန်းကို အတိုက်ခံရတဲ့စာရင်း နဲ့ ပေါင်းပြီး သိန်း ၁၀၀ လို့ပြောလိုက် မယ်။ အဟေး... လတိုင်း ခုလို အတိုက်ခံရရင် ကောင်းမယ်နော် ဟိဟိ"

သင်ခန်းစာ (၅) - ဆင်ကြံကြံတယ်ဆိုတာ အဲ့ဒါ!

တီဗီမှကြေငြာပြီ။ သတင်းထဲတွင် သိန်း ၁၀၀ တိတိ ဘဏ်ဓားပြ တိုက်ခံရကြောင်း ကြားရလျှင် ဓားပြဗိုလ် မျက်လုံးပြူးသွားသည်။ တစ်ဖွဲ့လုံး ညလုံးပေါက် ငွေတွေကို အထပ်ထပ်ရေသည်။ သိန်း ၈၀ ပျောက်နေသည်။ မတွေ့။ ပညာတတ် အဖွဲ့ဝင်သစ်က မဝံ့မရဲ ဝင် ပြောသည်။ "ဟို...ဟို အစ်ကိုကြီး။ ဒီလိုဖြစ်မလား မသိဘူး။ ဘဏ်က ကောင်တွေ စာရင်းပိုပြပြီး ယူထားပြီ ထင်တယ်.."

ဓားပြဗိုလ်လဲ ဒီတော့မှ နှဖူးနှင့် လက်ဝါးရိုက်လို့ - "ဟိုက်.. ဟုတ်သဟ။ အကွက်သစ်တွေ ကြည့်စမ်း! ဪ လူတွေ လူတွေ.. မရှိလို့ ဓားပြတိုက်စားပါတယ်။ နာမည်ပျက်တော့ ငါတို့။ ကြီးပွားသွားတာ ဟိုမရောက် ဒီမရောက်တွေ။ ပညာတတ်နဲ့ ပညာမဲ့ကွာတာ ဒါပဲပေါ့ကွာ" စိတ်ပျက်လက်ပျက် ညည်းငြူလေသည်။

သင်ခန်းစာ (၆) - ပညာတန်ဖိုး ဆိုတာ အဲ့ဒါ!

ဘဏ်မန်နေဂျာ ယခုတော့ပြုံးနိုင်ပြီ။ မိန်းမမသိအောင် ဘောပွဲ လောင်းထားတာ အကြွေးလည်ပင်း နစ်နေပြီ။ ခုလို ဓားပြ အတိုက်ခံ လိုက်ရတော့ ချက်ချင်းပြေလည်သွားတာကိုး။

သင်ခန်းစာ (၇) - အခွင့်အရေးကို အမြဲရှာဖွေနေတယ် ဆိုတာ အဲ့ဒါ!

လက်ထောက်မန်နေဂျာ ကတော့ ဘာမှမသိသလိုပုံနဲ့ မျက်နှာသေ။ သူ ဘာလုပ်လိုက်တယ်ဆိုတာ စာဖတ်သူတို့ သိတယ် မဟုတ်လား။

သင်ခန်းစာ (၈) - ဘာရရ မျက်နှာသေလေးနဲ့ နေပါ။

Credit

(မှတ်စုကြမ်း)

မျှဝေသူ

မာဏ်ဘွိုင်း(တမူး)

Address

Yangon

Telephone

09420186007

Website

Alerts

Be the first to know and let us send you an email when Trust Me Trading posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share