ACH Network Professional Training Center

ACH Network Professional Training Center Network Professional Training Center ACH Computer Training Center no.34, 3rd Floor, kyauk myaung zay street, Kyauk Myaung, Tamwe

05/11/2026

☘️☘️အချိန်ဆိုတဲ့ ရထားကြီးကိုစီးနင်းရင်း
2026 ကို
အကောင်းဆုံးကြိုးစားမှုတွေနဲ့ ဖြတ်သန်းကြသူများ....

☘️☘️ သူတို့အတွက်ဝောာ့
သေချာတယ် ...
2026 ကို ပြန်စောင်းငဲ့ကြည့်လိုက်တိုင်း
ဘယ်တော့မှ နောင်တရနေမှာမဟုတ်တော့ပါဘူး....

😎 ဂုဏ်ယူဖွယ်ရာအပြည့်ဖြစ်နေကြမှာပါ👍

Your's ACH 💖

04/11/2026

်ယောက်ရဲ့မနက်ခင်းဆိုတာကော်ဖီတစ်ခွက်နဲ့အတူ ☕ စိန်ခေါ်မှုအသစ်တွေကို စတင်ရင်ဆိုင်ဖို့ Ready ဖြစ်နေကြသူတွေပေါ့ 😎

💻 ​ကမ္ဘာကြီးက အလျင်အမြန် ပြောင်းလဲနေချိန်မှာ နောက်ကွယ်ကနေ စက်ယန္တယားကို အသက်သွင်းပေးနေတာကတော့ နည်းပညာကို ရူးသွပ်လောက်အောင် ဝါသနာကြီးတဲ့ Network Technician တွေပါပဲ။

်ယောက်ရဲ့ဘဝရပ်တည်မှုခံယူချက်ထဲမှာ​ Errorတိုင်းကိုအဖြေရ‌အောင်ရှာနိုင်ခြင်းက ထိပ်ဆုံးမှာရှိနေတတ်ကြပါတယ်....

👍 သူတို့အတွက် အခက်အခဲဆိုတာ ရပ်တန့်သွားစရာ မဟုတ်ဘဲ၊ ဖြေရှင်းရမယ့် ပဟေဠိတစ်ခုပါပဲ။ Error တစ်ခုတက်တိုင်း စိတ်မပူဘဲ ဘာကြောင့်လဲဆိုတဲ့ အကြောင်းရင်းကို စူးစမ်းလေ့လာတတ်တဲ့ စိတ်ရှည်မှုက သူတို့ရဲ့ အကြီးမားဆုံး ခွန်အားပါပဲ။

#သိပ်ကို‌လေးစားစရာကောင်းတဲ့အချက်ကိုလည်း‌ပြောပြပေးအုံးမယ်..
💻 အဲဒါကတော့ နေ့စဉ် သင်ယူခြင်း (Continuous Learning)ပါ ။

👍 နည်းပညာလောကမှာ မနေ့က တတ်ထားတာတွေက ဒီနေ့ ဟောင်းသွားတတ်ပါတယ်။ ဒါကြောင့် သူဟာ အမြဲတမ်း ကျောင်းသားတစ်ယောက်နှလုံးသွင်းရင်းအသစ်အသစ်တွေကို စူးစမ်းလေ့လာနေဖို့ အမြဲအသင့်ရှိနေတတ်ပါတယ်။

#ဂုဏ်ယူဖွယ်ရာတရပ်က‌တော့တန်ဖိုးရှိ‌အောင်ဖန်တီးပေးချင်တဲ့စိတ်ပါ
👍 သူတို့ဟာ ကိုယ်တတ်ကျွမ်းထားတဲ့ ပညာနဲ့ သူတစ်ပါးရဲ့ အလုပ်တွေကို ပိုမိုလွယ်ကူစေဖို့၊ လူတွေရဲ့ ဘဝတွေကို နည်းပညာကနေတစ်ဆင့် အဆင်ပြေချောမွေ့စေဖို့ဆိုတဲ့ တန်ဖိုးကြီးတဲ့စေတနာက သူ့တို့ရဲ့ ရပ်တည်ချက် အရင်းအမြစ်ပါပဲ။

#သိပ်ကိုချစ်စရာကောင်းလွန်းတာက‌တော့
တစိုက်မတ်မတ်ကြိုးစားမှုနဲ့ယှဥ်တွဲ‌နေတဲ့​ တိတ်ဆိတ်ခြင်းရဲ့အလှတရားပါ။

👍 ကြီးမားတဲ့ အောင်မြင်မှုတွေဟာ ဆူညံသံတွေကြားက ထွက်ပေါ်လာတာ မဟုတ်ပါဘူး။ တစ်ယောက်တည်း တိတ်တဆိတ် ထိုင်နေရတဲ့ စားပွဲခုံလေးပေါ်မှာ၊ မျက်နှာပြင်ပြာပြာလေးရဲ့ အလင်းရောင်အောက်မှာ၊ နာရီပေါင်းများစွာ အာရုံစိုက်ပြီး ကြိုးစားလုပ်ဆောင်နေတဲ့ သူ့တို့ရဲ့ ပုံရိပ်‌တွေ
ဟာ အင်မတန်မှ လေးစားစရာ ကောင်းသလို ချစ်ဖို့‌ကောင်းတဲ့ပန်းချီကားတစ်ချပ်လို လှပလွန်းလှပါတယ်။

#လုပ်ငန်းစီးပွား‌အောင်မြင်မှုတိုင်းအတွက်လက်တွေ့ကျကျလုပ်ဆောင်ခြင်းတွေနဲ့ ပံ့ပိုးပေးနေသူတွေလည်းဖြစ်ပါတယ်။

👍 Junior ပဲဖြစ်ဖြစ် Senior ပဲဖြစ်ဖြစ် စာတွေ့နဲ့တင် ရပ်မနေဘဲ လက်တွေ့ performance တွေလုပ်ပြနိုင်စွမ်းလည်းရှိကြရပါတယ်။ Lab တွေဆောက်တယ်၊ စမ်းသပ်တယ်၊ မှားရင် ပြင်တယ်၊ ပိုကောင်းအောင် ဆက်လုပ်တယ်။ တာဝန်ယူထားကြရတဲ့အပိုင်းကိုအဆင်ပြေပြေလည်ပတ်နေစေနိုင်ဖို့ ဒီလို ဇွဲလုံ့လနဲ့ တစိုက်မတ်မတ် လုပ်ကိုင်နေမှုတွေကပဲ သူတို့ကို နယ်ပယ်တစ်ခုရဲ့ ကျွမ်းကျင်ပညာရှင် professional တွေဖြစ်လာစေခဲ့ပါတယ်။

#အေးချမ်းပြီးဂုဏ်ယူစရာကောင်းတဲ့ဘဝထဲမှာ ကိုယ်ပိုင်ကမ္ဘာငယ်လေးရဲ့ရောင့်ရဲမှု‌နဲ့ပျော်ရွင်နေချင်ကြသူတွေပါ

👍 တောက်ပတဲ့ အောင်မြင်မှုတွေ၊ ပြင်ပလောကရဲ့ ရုန်းကန်မှုတွေကြားမှာ သူတို့ဟာ ကိုယ်ပိုင်အေးချမ်းရာ ကမ္ဘာငယ်လေးကို ဖန်တီးထားနိုင်ကြပါတယ်။ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို မနားတမ်း လုပ်ခွင့်ရနေခြင်းက သူတို့အတွက် အကြီးမားဆုံးသော ပျော်ရွှင်မှုပါပဲ။

#ဂုဏ်ယူဖွယ်ရာအသိအမှတ်ပြုမှုတစ်ခုသာသူတို့ကိုဖော်ပြကြည့်လိုက် 💕

👍 သူတို့လောက်ပျော်တဲ့သူကို မရှိတော့လောက်အောင် ဝမ်းသာတတ်ကြတယ်။ အသိအမှတ်ပြုမှုလေးတစ်ခုကပဲ
#ဒီအလုပ်အတွက်ဘယ်တော့မှလက်မလျှော့ဘူးဆိုတဲ့ ခိုင်မာတဲ့ခံယူချက်နဲ့ ကြိုးစားလိုစိတ်ကို တွန်းအားဖြစ်စေနိုင်တာမျိုးပါ။

💢ဒါ့ကြောင့် နည်းပညာရဲ့ အလင်းတန်းကို ရှာပုံတော်ဖွင့်နေသူကြသူ‌တွေရဲ့ ဘဝခရီးလမ်းမှာ ဒီလို ဂုဏ်ယူဖွယ်ရာကောင်းလှတဲ့ Technician တွေ Engineer တွေနဲ့ လက်တွဲလုပ်ဆောင်‌နေကြရပြီဆိုရင်....
သူတို့တွေကို
🥰 လေးစားပေးပါ
🥰 တန်ဖိုးထားပေးပါ....
🥰 အသိအမှတ်ပြုပေးပါ...
🥰 သူတို့တွေရဲ့ နှလုံးသားကို မြင်အောင်ကြည့်ပေးပါလို့......မေတ္တာရပ်ခံရင်း

🥰နည်းပညာခရီးလမ်းမှာ ရပ်တည်လျှောက်လှမ်းနေကြတဲ့
💢ဦးဆောင်သူတိုင်း...
💢လုပ်ငန်းရှင်တိုင်း...
💢Technician တိုင်း...
💢 Engineer တိုင်း...
🥰 (ချစ်သောတပည့်တွေတိုင်း....) ရှေ့ဆက်ရမယ့် နေ့ရက်တွေမှာ အောင်မြင်မှုတွေနဲ့ ပျော်ရွှင်အေးချမ်းမှုတွေ အမြဲပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ချစ်ခြင်း ဂုဏ်ယူခြင်းများစွာဖြင့်
Your's ACH 💞

 #မနက်ဖြန်NSAတန်းခွဲသစ်ပြန်စပြီနော်💯 Network Technician / Network Engineer တစ်ယောက်အဖြစ် စတင်ရပ်တည်ချင်တယ်ဆိုရင် ဒီသင်တန...
02/11/2026

#မနက်ဖြန်NSAတန်းခွဲသစ်ပြန်စပြီနော်

💯 Network Technician / Network Engineer တစ်ယောက်အဖြစ် စတင်ရပ်တည်ချင်တယ်ဆိုရင် ဒီသင်တန်းက စတက်ပါ။

💯 Networking Basic ကစပြီး Advanced Level knowledge တွေကို စာတွေ့ လက်တွေ့ လေ့ကျင့်သင်ကြားကြရမယ့်တန်းခွဲပါ။

💯 တစ်ချိန်မှာ Network Professional ကြီးဖြစ်ချင်တာဗျာဆိုရင်

👍 Networking Basic ကို ဂဃနဏ သိရှိအောင် စတင်လေ့လာပါ။
👍Networking Basic မသိဘဲ
အဆင့်ခုန်မကျော်ချင်ပါနဲ့ မရဘူး။
🫠အခုန်မတတ်ရင် အကျနာတတ်ပါတယ်။

👍သူငယ်တန်းမအောင်ဘဲ အလယ်တန်းမရောက်နိုင်သလို
👍အငယ်တန်းမှာ စာမကြေရင် အထက်တန်းမှာ ဂလယ်အူကြောင်ဖြစ်ရပါလိမ့်မယ်။

💢Successful is Step By Step တဲ့!
💢ကြီးစွာ‌သောအောင်မြင်မှုတိုင်းဟာ
တဆင့်ချင်းတည်ဆောက်ကြရပါတယ်။

💯လုပ်ငန်းခွင်ထဲမှာ Confident ရှိရှိနဲ့ အောင်မြင်စွာ ......
😎 ထို့ထက်ပို၍ ပျော်ရွင်စွာ .....
ရပ်တည်ချင်တယ်ဆိုရင်
မိမိလေ့လာဆည်းပူးမယ့် အသက်မွေးဝမ်းကျောင်းမှုပညာရပ်ကို တဆင့်ချင်း သေချာလေ့လာဖို့ အရေးကြီးလှပါတယ်။

🌊 နည်းပညာရပ်ဝန်းဟာ ကျယ်‌ပြောလှတဲ့ပင်လယ်ကြီးနဲ့တူပါတယ်။
တက်စုံ ရွက်စုံနဲ့ ဖြတ်သန်းနိုင်ဖို့
ဝမ်းစာပြည့်ရမယ်
Technical ပိုင်း Strong ဖြစ်ရပါမယ်။

🙏ထပ်ပြီး အသိပေးပါရစေ 🙏
🙅ပန်းထိမ်မတတ်ခင် ရွေခိုးမသင်ချင်ပါနဲ့။
🙅NSA မတက်ဘဲ CCNA မတက်ချင်ပါနဲ့။

💢NSA Course ကို စာတွေ့လက်တွေ့သာ တကယ်ကျွမ်းကျင်အောင်စတင်ကြိုးစားလိုက်ပါ။

☘️ ဒီတန်းခွဲတစ်ခုပြီးတာနဲ့ အလုပ်စလုပ်လို့ရပြီဖြစ်သလို
☘️ Next level တွေဆက်လှမ်းဖို့အတွက် အရမ်းကိုသာသာယာယာရှိသွားမှာ။

🥰ချစ်လို့ပြောတယ်မှတ်ပါနော်
Your's ACA 💖

😎😎 2027 မှာ  Security Specialist ဖြစ်ဖို့ CNSS join ထားကြပါစို့ 👍😉လုပ်ငန်းခွင်ထဲမှာ Network Security Specialist ကြီးတွေရ...
01/11/2026

😎😎 2027 မှာ Security Specialist ဖြစ်ဖို့ CNSS join ထားကြပါစို့ 👍

😉လုပ်ငန်းခွင်ထဲမှာ Network Security Specialist ကြီးတွေရှားတယ်။
🤩ဆရာလည်း ဖွင့်ပေးတဲ့ အချိန်ရှားပါတယ်။

🟦 ရေခြား မြေခြား-နယ်ဒေသများက ချစ်သော Pro ကြီးတွေရဲ့ အိမ်မက်တွေ....
Security ပိုင်း SCOR ဆိုင်ရာ ထပ်ဆင့်မျှော်လင့်ချက်များအတွက်... တနှစ်မကူးခင်မှာအချိန်မီကြိုးစားထားနိုင်ကြဖို့ November ရောက်တိုင်းအမြဲဖွင့်ပေးနိုင်ဖို့ကြိုးစားပေးခဲ့ပါတယ်။

🟦 2026ရဲ့ Lucky November မှာလည်း Cisco Network Security Specialist
CNSS သင်တန်းကို ရှားရှားပါးပါး Online Class သင်တန်းချိန်လေးအဖြစ် နှစ်မကူးခင် အမိအရဖွင့်ပေးလိုက်ပါပြီနော်

🟦 တန်ဆောင်တိုင် အထူးDiscount 50,000ks ခံစားခွင့်ကိုလည်း ချစ်ခြင်းအပြည့်နဲ့ ခံစားခွင့်ပေးထားပါသေးတယ်။

ရဲ့
အစရှိတဲ့ လမ်းကြောင်းများကိုဆက်လက်လျှောက်လှမ်းလိုသူတွေ ....
ဖြစ်ချင်သူတွေ ....
#လုပ်ငန်းခွင်အတွင်း မှာ မိမိ Network ကို
ပိုမိုလုံခြုံမှုရှိအောင် ချိတ်ဆက်လိုသူတွေ
Next Generation Firewall နဲ့ IPS IDS ကိုင်တွယ်နေရသူတွေ ...
တွေအတွက် လက်လွတ်မခံဘဲ #အမိအရ လေ့လာထားသင့်တဲ့ Course တစ်ခုပဲဖြစ်ပါတယ်👍

🟦 ဒီသင်တန်းကို
သင်တန်းတက်ထားပြီးကြသူ‌တိုင်း တက်ရောက်နိုင်ကြမှာဖြစ်ပါတယ်။

🟦 သင်တန်းအပြီးမှာ များအဖြစ်လည်း ဖြေဆိုရပ်တည်နိုင်ကြမှာဖြစ်ပါတယ်👌

🟦 ဒီသင်တန်းတက်ကြမယ့်သူတွေဟာ
Knowledge Level အမြင့်တွေလေ့လာပြီးကြသူ ကြီးတွေဖြစ်နေကြပြီမို့ အထူးအထွေရှင်းပြမနေတော့ပါဘူး 👌👌

🌟🌟ရောက်တဲ့နေရာမှာ ရပ်မနေဘဲ
အမြင့်ကို ထပ်ဆင့်တက်လှမ်းနေမှ
ထိပ်ဆုံးမှာ ရပ်တည်နိုင်မှာမို့🌟🌟
အချိန်နဲ့တစ်ပြေးညီကြိုးစားရင်း တက်ရောက်လိုပါက...
🟦စတင်မည့်ရက် -20 November 2026
🟦တက်ရမည့်ရက် - Fri, Sat, Sun
🟦သင်တန်းချိန် - (7:30PM - 9:30 PM)
🟦သင်တန်းကာလ - 10 Weeks

👇သင်ကြားရမယ့် Topic Link 👇
https://drive.google.com/file/d/12eWcg18QM2SSuvnClyzYr4Ny04onYc7d/view?usp=drive_link

👍သင်တန်းအပ်နှံလိုပါက Mobile Payment ဖြင့်လည်းငွေပေးသွင်းနိုင်ပါတယ်။
👍Security Specialist fees (Name)ဟု ဖြည့်သွင်းပြီးမှ ငွေလွဲကြပါရန်လည်း မေတ္တာရပ်ခံအပ်ပါတယ်။ ငွေသွင်းမည်ဆိုပါက

CB Pay
Account Name : Daw Mya Ohnmar Chaw
Account Number : 0111 6005 0001 8414
(Or)
KBZ PAY Number : 0943067692

**ငွေသွင်းပြီးပါက SS ပို့ပြီး အကြောင်းကြားပေးရပါမယ်နော်!

🎀 Network security professionals is essential to building a secure network world!

Your's ACH

🎀🎁🎀 တန်ဆောင်တိုင်အထူးDiscount 50,000ks ရယူပြီး  CCNA Online Class ခုပဲအပ်ထားလိုက်ရအောင်! #အလုပ်ကအပြန်_ကျောင်းအပြန်ပေါ့ညပ...
01/11/2026

🎀🎁🎀 တန်ဆောင်တိုင်အထူးDiscount 50,000ks ရယူပြီး CCNA Online Class ခုပဲအပ်ထားလိုက်ရအောင်!

#အလုပ်ကအပြန်_ကျောင်းအပြန်ပေါ့
ညပိုင်း CCNA online class လေးတက်ရင်း Cisco ခရီးကို တို့တွေအတူတူစတင်လျှောက်လှမ်းကြရအောင် 🌐🌐🌐

☘️☘️မကြာခင်ကူးပြောင်းရောက်ရှိတော့မယ့် 2027 မှာ CCNA ပြီးပြီဆိုတဲ့ Gold Result တစ်ခုရရှိနိုင်ကြဖို့ 👍
လေးကို
🗓️ 11 လပိုင်း 11 ရက်နေ့ညမှာ ထူးထူးခြားခြားလေးပြန်လည်စတင်ပေးလိုက်ပါတယ်နော်🤩🤩

🌐 IT career မှာ Cisco Systems ရဲ့ CCNA မှ မပြီးထားသေးဘူးဆိုရင် မျက်နှာငယ်ရလွန်းလို့ အနီးစပ်ဆုံးတန်းခွဲကို အခုပဲစ Join လိုက်ပါတော့ 👍

💢CCNA Online Class Batch 82💢
⭐ စတင်မည့်နေ့ - 11-11-2026
⭐တက်ရမည့်ရက် - Tue, Wed, Thurs
⭐ သင်တန်းအချိန် - (7:30PM - 9:30 PM)
⭐ သင်တန်းကာလ - 14 weeks
💢တန်ဆောင်တိုင်အထူးခံစားခွင့် discount 50000 Ks လည်းထူးထူးခြားခြားပေးထားပါတယ်နော် 💸💸💸

🌐 သင်ကြားပေးမယ့် အကြောင်းအရာ အသေးစိတ် Topics များကို အောက်ပါ Link မှာဝင်ရောက် ကြည့်ရှုနိင်ပါတယ်။

👇Topics Link 👇
https://learningnetwork.cisco.com/s/ccna-exam-topics

🌐 သင်ခန်းစာများသင်ကြားရာမှာ Cisco System ရဲ့ Exam Topics Guide Line များအတိုင်း သင်ကြားပေးမှာ ဖြစ်ပြီး Networking Knowledge အခြေခံ ရှိသူတိုင်း တက်ရောက် နိုင်မှာ ဖြစ်ပါတယ်။

🌐 အမှန်တကယ် တတ်မြောက်ကျွမ်းကျင်မှုကို ဦးတည်လျက် လိုအပ်သောသင်ထောက်ကူ Software များအနေနဲ့ Cisco Packet Tracer/EVE_ NG
စတဲ့ Tools များ အသုံးပြု သင်ကြားကြရမှာဖြစ်သလို လိုအပ်တဲ့ software များနဲ့ Ebook များကိုလည်း ပေးသွားမှာဖြစ်ပါတယ်။

👍သင်တန်းအပ်နှံလိုပါက သင်တန်းသို့ လူကိုယ်တိုင်/ Mobile ဖြင့်ငွေပေးသွင်းနိုင်ပါတယ်။
👍CCNA Online Class fees (Name)ဟု ဖြည့်သွင်းပြီးမှ ငွေလွဲကြပါရန်လည်း မေတ္တာရပ်ခံအပ်ပါတယ်
☘️☘️ငွေသွင်းမည်ဆိုပါက
CB Pay
Account Name : Daw Mya Ohnmar Chaw
Account Number : 0111 6005 0001 8414
(Or)
KBZ PAY Number : 0943067692

🥰 ငွေသွင်းပြီးပါက 09 43067692 သို့ SS ပို့ပြီး အကြောင်းကြားပေးရပါမယ်နော်

☘️☘️2026 November ဆိုတာ 2027 Future Dream အတွက် စတင်ကြိုးစားဖို့ အချိန်အခါကောင်းလေးပါပဲ ☘️☘️

🥰 ACH is always here to back your grand success.
😍 Your success is our ultimate joy!

Your's ACH ☘️🤞☘️
Hotline : 0943067692၊ 09669630127




31/10/2026

🎉 CCNA Complete Certificate with 💖

💯အောင်မြင်မှုနဲ့ ထိုက်တန်တဲ့ အပြုံးတွေရရှိဖို့
🪔🪔ဒီသီတင်းကျွတ် တန်ဆောင်တိုင်မှာ ခုလိုပျော်နိုင်ကြဖို့အတွက် ရှေ့ရက်လတွေမှာ သူတို့ အစွမ်းကုန်ကြိုးစားခဲ့ကြရတယ်လေ🥰🥰🥰

🎉🎉🎉Big Congratulations ပါဗျာ👏

We are proud of our candidates! 🥰

Your's ACH💕

🎈🎈တန်ဆောင်တိုင်အထူးဖွင့်ပေးလိုက်တဲ့ CCNP ENCOR Sat Sun Class  လာပါပြီ 🎈🎈  version အသစ်ပြောင်းလဲခဲ့ပြီးတဲ့နောက် version အ...
29/10/2026

🎈🎈တန်ဆောင်တိုင်အထူးဖွင့်ပေးလိုက်တဲ့ CCNP ENCOR Sat Sun Class လာပါပြီ 🎈🎈

version အသစ်ပြောင်းလဲခဲ့ပြီးတဲ့နောက် version အသစ်ကို Batch 1က‌နေ ပြန်လည်စတင်သင်ကြားပေးခဲ့ရာမှာ ခုဆိုရင် Batch 20 သို့ရောက်ရှိလို့လာခဲ့ပြီ။

🏮2026 ခုနှစ်မကုန်ခင်‌လေးမှာ
CCNP ENCOR Saturday and Sunday Class Batch 20 Timetable လေးကိုလည်း တန်ဆောင်တိုင်အထူး discount တွေပေးချင်တဲ့အတွက် နိုဝင်ဘာအနီးဆုံးရက်မှာပြန်ထည့်ပေးလိုက်ပါပြီနော်!

🏮 CCNA knowledge ရှိပြီးသူတိုင်း Professional တစ်ယောက်အဖြစ်အမြန်ဆုံးချပြနိုင်ဖို့ ဝါကျွတ်တာနဲ့ ချက်ချင်းစတင်ကြိုးစားရင်း CCNP Certified ဖြစ်အောင်ကြိုးစားလိုက်ကြတော့နော်။

(350-401) Batch 20သင်တန်း ကို ဆရာကိုယ်တိုင် သင်ပေးမှာဖြစ်ပြီး

❣️ပထမဆုံးငွေသွင်းအပ်နှံသူ (၃) ဦးကို ဆရာအောင်ချိုထွေးကိုယ်တိုင်ရေးသားထုတ်ဝေထားတဲ့ CCNP Enterprise Internetworking Practical Lab Workbook စာအုပ် လက်ဆောင်‌ အပြင် တန်ဆောင်တိုင်အထူးခံစားခွင့် Discount 30000 ks ပါ ပေးသွားမှာဖြစ်ပါတယ်။

🎯သင်တန်းစတင်မည့်ရက် - 21 Nov 2026
🎯သင်တန်းတက်ရမည့်ရက် - Sat, Sun
🎯သင်တန်းချိန် - (1:00 PM- 5:00 PM)
💯 သင်ကြားရမယ့်Topics Guideline Link:
https://learningnetwork.cisco.com/s/encor-exam-topics

💸သင်တန်းကြေးကိုလည်း ခွဲသွင်းလို့ရနေတာမို့ဘာမှ ကြောင့်ကြနေစရာလည်း မလိုပါဘူးနော် 👍

💥Mobile ဖြင့် ငွေပေးသွင်းမည်ဆိုပါက CCNP သင်တန်းကြေးသွင်းငွေ (အမည်) ဟု ဖြည့်သွင်းပြီးမှလွဲကြပါရန်လည်း မေတ္တာရပ်ခံအပ်ပါတယ်။

CB Pay
Account Name : Daw Mya Ohnmar Chaw
Account Number : 0111 6005 0001 8414

(Or)

KBZ PAY Number : 0943067692

(3) ငွေသွင်းပြီးပါက messenger/Viber ကနေ SS ပို့ပေးပါ။ 09-669630127, 09- 43067692, သို့ အကြောင်းကြားပေးရမှာဖြစ်ပါတယ်။

🎀 If you want to be a professional,
pls join us ACH !

🫱🫲 Let's build the grand connection together! 💪🌐
Your's ACH
📱 Hotline : 0943067692


#အမြန်အပ်ထားမှစိတ်ချရမယ်နော်

🪔မဂ်လာရှိသော သီတင်းကျွတ်လပြည့်နေမှာ မိဘဆရာသမား ဂုဏ်ကျေးဇူးကြီးခဲ့ကြသူများကို ကျေးဇူးဆပ်ကန်တော့ပါ၏🙏🙏🙏🪔စီးပွားဖက်* မိတ်ဖက်...
26/10/2026

🪔မဂ်လာရှိသော သီတင်းကျွတ်လပြည့်နေမှာ မိဘဆရာသမား ဂုဏ်ကျေးဇူးကြီးခဲ့ကြသူများကို ကျေးဇူးဆပ်ကန်တော့ပါ၏🙏🙏🙏

🪔စီးပွားဖက်* မိတ်ဖက်*လုပ်ဖော်ကိုင်ဖက်* လုပ်ငန်းရှင်များ *ကျေးဇူးရှိခဲ့ကြဖူးသော ခင်ပွန်းကြီးဆယ်ပါးတို့အပေါ
ပြောမှားဆိုမှား လုပ်မှားကိုင်မှား လွန်ကျူးခဲ့မိသည်ရှိသော် ဝန်ချတောင်းပန်ပါ၏ 🙏

🪔 ကျေးဇူးပြုပေးခဲ့ဖူးသော တပည့်များအပေါမှာလည်း စေတနာစကားနောက်က အမှားတစ်စုံတစ်ရာငြိုငြင်ဖွယ်ရာများ ဂရုဏာဒေါသောနဲ့ ပြောမိဆိုမိခဲ့သည်ရှိသော် တောင်းပန်ပါ၏ 🙏

🪔ဆရာနဲ့အမ ပြုခဲ့ပြီးသော ကုသိုလ်ကောင်းမှုအားလုံး၏အဖို့ဘာဂကို အားလုံးထပ်တူရကြပါစေ မေတ္တာပို့သပေးပါ၏ 🙏

🥰မေတ္တာဖြင့် အေးမြကြပါစေ
ACH

24/10/2026

🕯️🕯️🕯️အားလုံးပျော်ရွင်ရသော သီတင်းကျွတ်အခါသမယဖြစ်ကြပါစေ 🪔🪔🪔

ချစ်သော
ACH 💖

ရုံးက Wi-Fi ကို အိမ်ကိုသယ်ပြီး သုံးကြမလား - Cisco OEAP Technology အကြောင်း သိကောင်းစရာ💥 Work From Home အချိန်မှာ Laptop ...
15/10/2026

ရုံးက Wi-Fi ကို အိမ်ကိုသယ်ပြီး သုံးကြမလား - Cisco OEAP Technology အကြောင်း သိကောင်းစရာ

💥 Work From Home အချိန်မှာ Laptop မှာ VPN ချိတ်ရတာ နည်းနည်း ရှုပ်ထွေးနေပါသလား? တကယ်လို့ အိမ်မှာ ရုံးက Wi-Fi အတိုင်း အလိုအလျောက် ပေါ်နေရင်ရော ဘယ်လောက် အဆင်ပြေမလဲ….. 😉

💥 ခေတ်သစ် IT အသိုင်းအဝိုင်းမှာ Work From Home (WFH) သို့မဟုတ် Hybrid Work Culture ဟာ မရှိမဖြစ် နေ့စဉ်လူနေမှုဘဝရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။ ဒါပေမဲ့ Remote Working လုပ်ဆောင်ရာမှာ Network Engineer တွေနဲ့ IT Admin တွေ အမြဲတမ်း ခေါင်းခဲရတဲ့ ကိစ္စတစ်ခုကတော့ "အိမ်မှာရှိတဲ့ Work From Home Users တွေကို ရုံးရဲ့ Internal Network ကို ဘယ်လို လုံခြုံစိတ်ချစွာနဲ့ အဆင်ပြေပြေ သုံးစွဲခွင့်ပေးမလဲ" ဆိုတာပါပဲ။

💥 Software VPN Client (ဥပမာ- Cisco Secure Client / AnyConnect) တွေကို သုံးစွဲတာ အဆင်ပြေပေမဲ့၊ C-Suite Executive တွေ၊ Call Center Agent တွေ ဒါမှမဟုတ် IP Desk Phone တွေပါ သုံးရတဲ့ Power User တွေအတွက်တော့ Cisco OEAP (OfficeExtend Access Point) ဟာ အကောင်းဆုံးနဲ့ အချောမွေ့ဆုံး Zero-Touch Hardware Solution တစ်ခု ဖြစ်ပါတယ်။

💥 ဒီဆောင်းပါးမှာတော့ Cisco OEAP ရဲ့ အလုပ်လုပ်ပုံ၊ တကယ့် Enterprise Level မှာ ဘာကြောင့် အစွမ်းထက်ရတာလဲဆိုတာနဲ့ သူ့ရဲ့ စိတ်ဝင်စားဖွယ် Fun Facts လေးတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

🎯 Cisco OEAP ဆိုတာ ဘာလဲ။ (The Magic of Plug & Play)
OfficeExtend Access Point (OEAP) ဆိုတာ ရုံးချုပ်မှာရှိတဲ့ Wireless LAN Controller (WLC) နဲ့ အိမ်မှာရှိတဲ့ Cisco Access Point တို့အကြား Public Internet (WAN) ကို ဖြတ်သန်းပြီး Encrypted CAPWAP / DTLS Tunnel ဆောက်ကာ ရုံး Wi-Fi (Corporate SSID) ကို အိမ်အထိ အပြည့်အဝ တိုးချဲ့ပေးတဲ့ နည်းပညာဖြစ်ပါတယ်။

🎯အသုံးပြု ဖို့ ဘယ်လောက် လွယ်ကူသလဲ။
Configured လုပ်ထားတဲ့ OEAP Access Point ကို Work From Home User ရဲ့ အိမ်မှာ ပါဝါကြိုးထိုး၊ အိမ်သုံး Internet Router နဲ့ LAN ကြိုး ချိတ်လိုက်ရုံပါပဲ။ Software VPN တွေ ဖွင့်စရာ၊ Password တွေ ပြန်ရိုက်စရာမလိုဘဲ အိမ်ထဲမှာတင် ရုံးခန်းမှာ သုံးနေကျ Corporate Wi-Fi ဟာလိုအလျောက် ပေါ်လာပြီး Laptop တွေ၊ ဖုန်းတွေက ရုံးမှာ ရောက်နေသလိုမျိုး တိုက်ရိုက် ချိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ အဲဒီနောက် Work From User ဟာ Corp WiFi ကိုချိတ်ဆက်ပြီး Secure CAPWAP Tunnel ပေါ်ကနေ ရုံးရဲ့ Internal Network တွေကိုလုံခြုံမှုရှိစွာနဲ့အသုံးပြုလို့ရသွားပါပြီ။ Always On VPN Tunnel လိုဖြစ်သွားပါတယ်။

🎯လုံခြုံရေး အတွက်ကာကွယ်မှု - CAPWAP DTLS Secure Tunnel
Public Internet ကို ဖြတ်သန်းပြီး ရုံးရဲ့ ဒေတာတွေကို သယ်ဆောင်ရတာဖြစ်တဲ့အတွက် လုံခြုံရေးက အဓိက သော့ချက် ဖြစ်ပါတယ်။ Cisco OEAP ဟာ ဒေတာတွေကို မည်သူမျှ ကြားဖြတ်နှောင့်ယှက်လို့မရအောင် DTLS (Datagram Transport Layer Security) Protocol ကို အသုံးပြုထားပါတယ်။
•CAPWAP Control Tunnel (UDP 5246): AP နဲ့ WLC အကြား Configuration တွေ၊ Keepalive Heartbeat တွေနဲ့ AP Management Data တွေကို Encrypted DTLS ပေါ်ကနေ ပေးပို့ပါတယ်။

•CAPWAP Data Tunnel (UDP 5247): အိမ်မှာရှိတဲ့ ဝန်ထမ်းရဲ့ Laptop မှ ထွက်သမျှ Corporate Wi-Fi Data တွေအားလုံးကို AES Encryption Algorithm အသုံးပြုပြီး Encrypt လုပ်ကာ ရုံးချုပ်ဆီသို့ CAPWAP Tunnel ဖောက်ပြီး ပေးပို့ပါတယ်။

•Mutual Authentication: WLC ဘက်ကနေ အတည်ပြုထားတဲ့ AP ရဲ့ Ethernet MAC Address (Authorization List) နဲ့ Certificate (MIC/SSC) ရှိမှသာ Tunnel ကို လက်ခံတာဖြစ်တဲ့အတွက် မသမာသူက AP အတုနဲ့ လာရောက်ချိတ်ဆက်ဖို့ လုံးဝ မဖြစ်နိုင်ပါ။

🎯OEAP ရဲ့ စိတ်ဝင်စားဖွယ် Fun Facts များ 💡
1. "အိမ်က မိသားစုဝင်တွေအတွက် လုံးဝ ထိခိုက်မှုမရှိခြင်း"
(Local SSID Feature) OEAP AP ဟာ ရုံး Wi-Fi (Corp-Secure-WiFi) ကို Broadcast လုပ်ပေးရုံတင် မကဘဲ အိမ်သုံး Wi-Fi (Home-WiFi) ကိုပါ သီးခြား ထုတ်ပေးနိုင်ပါတယ်။ အိမ်မှာရှိတဲ့ Smart TV၊ ဖုန်းနဲ့ မိသားစုဝင်တွေရဲ့ Traffic တွေဟာ ရုံး WLC Tunnel ထဲသို့ မဝင်ဘဲ အိမ်သုံး Router မှ Internet ကိုတိုက်ရိုက်ထွက်သွားတာကြောင့် ရုံးရဲ့ Bandwidth ကိုလည်း မစားသလို၊ မိသားစုရဲ့ Privacy ကိုလည်း အပြည့်အဝ ကာကွယ်ပေးထားပါတယ်။

2. "Office WLC Down သွားလည်း အိမ်က WiFi ဆက်သုံးလို့ရတယ်!" တကယ်လို့ ရုံးချုပ်မှာ WLC Down သွားလို့ CAPWAP Tunnel ကျသွားခဲ့ရင် ရုံး Wi-Fi (Corporate SSID) က ပျောက်သွားမှာ ဖြစ်ပေမဲ့၊ အိမ်သုံး Local SSID နဲ့ OEAP ရဲ့ LAN Port တွေကတော့ အိမ်သုံး ISP Network နဲ့ ပုံမှန်အတိုင်း ဆက်လက် အလုပ်လုပ်နေမှာ ဖြစ်ပါတယ်။ အိမ်က လူတွေ အင်တာနက် သုံးမရတော့မှာကို စိုးရိမ်စရာ လုံးဝ မလိုပါဘူး။

3. "IP Desk Phone တွေကိုပါ အိမ်အထိ သယ်လာလို့ရတယ်"
(RLAN Ports) OEAP AP ရဲ့ အနောက်ဘက်မှာပါတဲ့ Physical Ethernet (LAN) Ports တွေကို ရုံးရဲ့ VLAN နဲ့ တိုက်ရိုက် ချိတ်ဆက်ပေးထားနိုင်ပါတယ်။ ဒါကြောင့် ရုံးမှာ သုံးတဲ့ Cisco IP Phone ကို အိမ်ယူလာပြီး OEAP LAN Port မှာ ထိုးလိုက်တာနဲ့ ရုံးက Extension နံပါတ်အတိုင်း အိမ်မှာ VOIP Phone အသုံးပြုလို့ရသွားပါတယ်။ Call Center Agent တွေအတွက် အလွန် အသုံးဝင်တဲ့ Feature တစ်ခုပါ။

4. "NAT Port Forwarding ၁ ခုတည်းနဲ့ ဖြေရှင်းနိုင်ခြင်း"
WLC ဘက်မှာ Public IP အများကြီး ရှိနေစရာ မလိုပါဘူး။ Perimeter Firewall မျိုးမှာ Single Public IP တစ်ခုတည်းပေါ်မှာ UDP 5246 နဲ့ UDP 5247 Port Forwarding (NAT/PAT) သာ ဖွင့်ပေးထားရင် ကမ္ဘာအနှံ့အပြားမှာရှိတဲ့ အိမ်ပေါင်း ရာဂဏန်းက OEAP AP တွေကို ရုံးချုပ် WLC တစ်ခုတည်းနဲ့ လုံခြုံစွာ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။

WFH နှင့် Remote Work ယဉ်ကျေးမှု ထွန်းကားလာသော ယနေ့ခေတ်တွင် လုပ်ငန်း၏ အရေးကြီးသော Data များ လုံခြုံစေရန်နှင့် ဝန်ထမ်းများ အဆင်ပြေချောမွေ့စွာ အလုပ်လုပ်နိုင်ရန် Cisco OEAP သည် အကောင်းဆုံး ဖြေရှင်းပေးနိုင်သော နည်းပညာတစ်ခု ဖြစ်ပါတယ်။ Enterprise Network တစ်ခု၏ Security နှင့် User Experience ကို ဟန်ချက်ညီညီ ထိန်းကျောင်းနိုင်ခြင်းက Network Engineer တိုင်းအတွက် မရှိမဖြစ် လိုအပ်သော ကျွမ်းကျင်မှုတစ်ခုပဲ ဖြစ်ပါတယ်။

စာဖတ်သူများအတွက် အကျိုးရှိမယ့် ဗဟုသုတတစ်ခု ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ထပ်လည်း Networking နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အကြောင်းအရာတွေကို ဆက်လက် မျှဝေပေးသွားပါဦးမယ်။
Your's ACH 👍


Address

No. 38 (4F), Zay Street, X 151 Street
Yangon
11211

Telephone

+95943067692

Website

Alerts

Be the first to know and let us send you an email when ACH Network Professional Training Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ACH Network Professional Training Center:

Shortcuts

Share

Nearby computer & electronics services