Venus Lab

Venus Lab We provide web developing , apps developing , customized software developing and we are highly trained professional team.

Product Tour ဆိုတာ Apps, Website နဲ့ Digital Product အတော်များများကို စတင်အသုံးပြုတဲ့အခါ  အရေးကြီးတဲ့ Features overview ...
31/08/2022

Product Tour ဆိုတာ Apps, Website နဲ့ Digital Product အတော်များများကို စတင်အသုံးပြုတဲ့အခါ အရေးကြီးတဲ့ Features overview တွေနဲ့ အသုံးပြုနည်းများကို User တွေ နားလည်အောင် ရှင်းပြပေးတဲ့ in-app tutorial ပုံစံ guide တွေပဲဖြစ်ပါတယ်။

သင့် Product ကို Customer အသစ်တွေ စတင် အသုံးပြုတဲ့အခါ အရာအားလုံးကို ချက်ချင်း မသိနိုင်ပါဘူး။ ဒါကြောင့် User ပြုလုပ်ချင်တဲ့အရာကို အမြန်ဆုံး ဆောင်ရွက်နိုင်အောင် ပြပေးနိုင်မယ့် Guide တစ်ခု ထည့်သွင်းထားသင့်ပါတယ်။

Product Tour တွေကို coding လုပ်စရာမလိုဘဲ Userguiding, Stonly, Appcues, Helppier စတဲ့ platform များအသုံးပြုပြီး လွယ်ကူစွာ Create လုပ်နိုင်ပါတယ်။ ဒါ့အပြင် Development team များနဲ့ UI plugins များ အသုံးပြုပြီး User အတွက် ပိုပြီး Personalize ဖြစ်တဲ့ Tour guide များလည်း ဖန်တီးနိုင်ပါတယ်။

ရှင်းလင်းပြီး Design ကောင်းမွန်တဲ့ Modern Product Tour တစ်ခုဟာ User အသစ်တစ်ယောက်ရဲ့ onboarding process ကို များစွာ လွယ်ကူစေပြီး အချိန်ကုန်လည်း သက်သာစေပါတယ်။ ရှုပ်ထွေးပြီး နားလည်ရခက်တဲ့ Product Tour တစ်ခုဟာ User ကို Product ရဲ့ တန်ဖိုးနဲ့ အသုံးဝင်မှုကို ပြပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သင့် Product အတွက် Tour တစ်ခု ဖန်တီးဖို့ စဥ်းစားတဲ့အခါ အသုံးများတဲ့ အောက်ပါ UI(User Interface) Patterns 3 မျိုးကို သိထားသင့်ပါတယ်။

AutoComplete Search ဒါမှမဟုတ် Predictive Search Feature ဟာ Website ထဲက Search box မှာ စာရိုက်ထည့်ရင် keyword နဲ့ ပတ်သတ်တ...
25/08/2022

AutoComplete Search ဒါမှမဟုတ် Predictive Search Feature ဟာ Website ထဲက Search box မှာ စာရိုက်ထည့်ရင် keyword နဲ့ ပတ်သတ်တဲ့အရာများကို ခန့်မှန်းပေးတဲ့ Feature တစ်ခုပဲဖြစ်ပါတယ်။

Google Search Box မှာ တစ်ခုခု ရှာဖို့ စာရိုက်ထည့်ရင် ထပ်ရိုက်ရမယ့် စကားလုံးကို ခန့်မှန်းပြီး auto ဖြည့်ပေးတဲ့အပြင် Keyword တွေ မှားနေရင်လည်း Correct လုပ်ပေးတဲ့ features ကိုပြောတာပါ။

ဒီ Features အလုပ်လုပ်တဲ့ ပုံစံက ရိုးရှင်းပါတယ်။ သင် Search Box မှာ Keyword တွေ ရိုက်ထည့်တဲ့အခါ search engine algorithm က data နဲ့ ကိုက်ညီတဲ့ keyword နဲ့ Contents တွေကို generate လုပ်ပေးပြီး သင် ရှာနေတဲ့အရာကို Complete ဖြစ်သွားအောင် ကူညီပေးပါတယ်။

ဒီ Features ကို Google က 2004 မှာ စတင် မိတ်ဆက်ခဲ့ပြီး ဒီ feature ရဲ့ သက်တမ်းဟာ အခုဆို 15 နှစ်ကျော်နေပါပြီ။
Google ဟာ လူသုံးအများဆုံး Search Engine ဖြစ်တာနဲ့အညီ Autocorrect, Autocomplete, “did you mean” ပုံစံအကုန်လုံး သုံးပါတယ်။ ဒီ suggestions တွေကို google က သင့် search history နဲ့ algorithm က Ranking လုပ်ပေးတဲ့ URL တွေကို base လုပ်ပြီး ပြပေးတာပါ။

Amazon ကတော့ Google နဲ့ မတူတဲ့ A9 လို့ခေါ်တဲ့ Search Algorithm ကို အသုံးပြုပါတယ်။ ဒီ Algorithm ဟာ Sale Conversions တွေကို အဓိကထားပြီး Keyword တွေကို Suggest လုပ်ပေးတဲ့အတွက် E-Commerce Website တွေအတွက် ထိရောက်ပါတယ်။

Pinterest Website ဟာလည်း user ရဲ့ previous search history ကို base ထားပြီး ပို relevance ဖြစ်တဲ့ keyword တွေ ပြပေးနိုင်တဲ့ ကိုယ်ပိုင် algorithm တစ်ခုကို အသုံးပြုပါတယ်။

Auto Correct Search Feature ဟာ Website တွေမှာ မလိုအပ်ဘူးလို့ ထင်ရပေမဲ့ User ကို Content တွေနဲ့ Products တွေ အကြောင်းကို ကောင်းကောင်းသိအောင် လုပ်ပေးနိုင်တဲ့အပြင် အကျိုးကျေးဇူးတွေ အများကြီး ရှိပါသေးတယ်။

1. Offer Successful Queries
Autocomplete Search Features ဟာ User တွေရှာနေတဲ့အရာအတွက် relevant ဖြစ်တဲ့ information တွေ ပေးနိုင်တဲ့အတွက် လိုအပ်တာကို အမြန်ဆုံးရှာတွေ့အောင် ကူညီပေးပြီး User တွေကိုလည်း သူတို့ရှာနေတဲ့ keyword အတွက် ယုံကြည်မှု ပိုရှိစေပါတယ်။

2. Decreases Search and Typing Time
Autocomplete Search Feature ဟာ လျင်မြန်စွာ ပြသပေးတဲ့အတွက် User အနေနဲ့ query ကိုအပြည့်အစုံ ရိုက်ထည့်စရာ အမြဲတမ်း မလိုအပ်ပါဘူး။ ဒါက စာရိုက်ရတဲ့ အချိန်နဲ့ overall search ပြုလုပ်ရတဲ့ အချိန်ကို လျော့ချပေးပြီး User Experience ကိုလည်း တိုးတက်စေပါတယ်။

3. Improve Sale
Research အချက်အလက်တွေအရ ဒီ features အသုံးပြုတဲ့ E-Commerce Website တွေဟာ မသုံးတဲ့ Site တွေထက် ရောင်းအား 11 % ပိုကောင်းပြီး coversion rate နဲ့ customer engagement လည်း 20 % တိုးခဲ့ပါတယ်။

Auto Search Features ကို E-Commerce Market မှာ 80 % လောက်အသုံးပြုကြပေမဲ့ ထိရောက်အောင် အသုံးပြုတဲ့ Site တွေဟာ နည်းပါသေးတယ်။ ဒီ feature ကို သင့် Website မှာ ထိရောက်အောင် အသုံးပြုချင်ရင်တော့ Venus Lab ကို ဆက်သွယ်လိုက်ပါ။

📞09962092215
💻www.venuslab.co

ကိုယ်ပိုင် E-Commerce Website တစ်ခုနဲ့ စိတ်ကြိုက် ရောင်းနိုင်ဖို့Social Media မှာလို Post တင် ရောင်းစရာ မလိုဘဲ Website မ...
15/08/2022

ကိုယ်ပိုင် E-Commerce Website တစ်ခုနဲ့ စိတ်ကြိုက် ရောင်းနိုင်ဖို့

Social Media မှာလို Post တင် ရောင်းစရာ မလိုဘဲ Website မှာ Product အားလုံးကို Customer က အချိန်မရွေး စိတ်ကြိုက် ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။

✅ကိုယ်ပိုင် Website ဖြစ်တဲ့အတွက် Design၊ Layout များကို ကြိုက်တဲ့ပုံစံ Customize လုပ်နိုင်ပြီး Product များကိုလည်း Shop/Store တစ်ခုလို ခင်းကျင်း ပြသထားနိုင်ပါတယ်။

✅Products အမျိုးအစားနဲ့ ရောင်းအားများကို သိရှိနိုင်ပြီး Stock များနဲ့ Inventory Report Insight များကိုလည်း သိရှိနိုင်မှာပါ။

✅Product search box နဲ့အတူ Product Category များကို detail ခွဲထားလို့ရပါတယ်။

✅Promotion နဲ့ Discount များကိုလည်း လိုသလို Create လုပ်နိုင်ပါတယ်။

✅အခုခေတ်မှာ Mobile App တွေက စျေးဝယ်တာများလာတဲ့အတွက် IOS နဲ့ Android Application ပါ ရရှိနိုင်ပြီး App Store များမှာ Download ရယူ အသုံးပြုနိုင်မှာပါ။

✅Website ထဲက Content တွေနဲ့ Customer ဝယ်ယူတဲ့ Order တွေကို Management ပြုလုပ်နိုင်မယ့် Admin Panel နဲ့ Dashboard လည်းပါဝင်မှာပါ။

✅Customer တွေ ဝယ်ယူရတာ အစဥ်ပြေနိုင်စေဖို့ Payment Gateway များ၊ Dual Language(Myanmar/English) များ ထည့်သွင်းထားလို့ရပါတယ်။

လုပ်ငန်းအမျိုးအစားပေါ် မူတည်ပြီး လိုအပ်တဲ့ Features နဲ့ Function များကို Customize ပြုလုပ် ထည့်သွင်းနိုင်အောင် Venus Lab မှ အခမဲ့ ဆွေးနွေးပေးပါတယ်။

📞09962092215
💻www.venuslab.co

We are currently seeking an experienced Web Developer to join our software development team. Our team is responsible for...
04/08/2022

We are currently seeking an experienced Web Developer to join our software development team. Our team is responsible for building web, mobile apps for various local and global clients. Venus Lab focus on creating quality digital products. Successful candidates can work as part of our team to develop the clients' projects by working with a broad cross-section of the organization and spanning wide range of technologies.

Responsibilities:

• Build awesome REST APIs and Dashboard for Modern Web Apps with PHP Laravel.

• Build in flexibility and customization from the start.

• Internalize the user and promote good usability and accessibility in every experience.

• Work with product owner and UI/UX designers to own your solution from development to production.

Requirements:

• 3+ years’ experience with PHP Laravel development.

• Experience with designing REST API's

• Creating 3rd party integrations with external APIs.

• Install, configure, test, debug, modify, and maintain systems and software, including Linux-based servers, storage systems, operating system utilities, system-level software, scripts, and custom software applications.

• Experience scaling a large scale, high traffic application.

• Ability to work successfully in a dynamic and fast paced environment with changing priorities and requirements both as team member and independently.

• Ability to own development tasks from assignment through to production.

• Be a great communicator. As a remote team we pride ourselves on proactive communication amongst the team.

Company Overview

VenusLab is a group of well-experienced and highly-trained professionals with extensive experience in the software development industry. We develop customized software solutions, websites, mobile apps, and games. We create a human-centered design approach for building apps, websites, and games.

How to apply?
You can send your CV to [email protected]

သင့်လုပ်ငန်းအတွက် CRM System တစ်ခုလိုအပ်နေလား?Business Operations နဲ့ Customer Data တွေကို Spreadsheets မှာ အချိန်အကုန်ခ...
03/08/2022

သင့်လုပ်ငန်းအတွက် CRM System တစ်ခုလိုအပ်နေလား?
Business Operations နဲ့ Customer Data တွေကို Spreadsheets မှာ အချိန်အကုန်ခံ ဖြည့်နေတုန်းပဲလား?

လုပ်ငန်း Operations နဲ့ ပတ်သတ်တဲ့ activities တွေအကုန်လုံးကို တစ်နေရာထဲမှာ ရှင်းလင်းစွာ ကြည့်နိုင်မယ့် CRM System တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။

ဒီ System ဟာ လုပ်ငန်းအတွင်း manual reporting Process များကို 90 % အထိ လျော့ချပေးနိုင်ပြီး ပိုအရေးကြီးတဲ့ အလုပ်တွေမှာ အာရုံစိုက်နိုင်အောင် ကူညီပေးမှာပါ။

CRM System ရဲ့ အဓိက features တွေမှာ

Customer Data များကို လွယ်ကူစွာ စနစ်တကျ သိမ်းထားနိုင်ခြင်း။

လိပ်စာ၊ Phone Number၊ Notes၊ Document များသိမ်းထားနိုင်ခြင်း။

New၊ Regular သိုမဟုတ် Loyalty Client ကဲ့သို့ Status များပါ ခွဲထားနိုင်ခြင်း။

Product ရောင်းအားနဲ့ Stock Report များကို နေ့စဥ်၊ လစဥ် အတိကျကြည့်နိုင်ခြင်း။

Products နဲ့ Offers များ လိုအပ်သလို Create လုပ်နိုင်ပြီး Discount နဲ့ Promotion များ ထည့်နိုင်ခြင်း။

ဝန်ထမ်းများကို Role ၊ Units များ၊ Groups များ၊ ခွဲပေးနိုင်ပြီး Tasks များ assign ချပေးနိုင်ခြင်း။

မတူညီတဲ့ Business Operation Process များကို Mobile Phone များမှ Real-time update ကြည့်နိုင်ခြင်း။

Performance တွေကို အလွယ်တကူ monitor လုပ်နိုင်မယ့် Report metric များကို Dashboard မှာ လိုအပ်သလို နေ့စဥ်၊ အပတ်စဥ်၊ လစဥ် customize လုပ်ပြီး ကြည့်ရှုနိုင်ခြင်းတို့ ပါဝင်ပါတယ်။

အရှုံး၊ အမြတ် နဲ့ expenses စာရင်းများ ပြုလုပ်နိုင်ပြီး Client များကိုလည်း Payment Status များ နဲ့ invoices များ attach လုပ်ထားနိုင်ပါတယ်။

ဒါ့အပြင် လုပ်ငန်း လိုအပ်ချက်ပေါ် မူတည်ပြီး ပိုကောင်းတဲ့ Management System များနဲ့ Customize features တွေပါ ထည့်သွင်းနိုင်ပါတယ်။

Venus Lab မှာ Business Operations အတွက်လိုအပ်မယ့် CRM System များကို အတွေ့အကြုံပြည့်ဝတဲ့ team members များနဲ့အတူ Develop လုပ်ပေးနေတဲ့အတွက် သိလိုတဲ့အကြောင်းအရာများကို အခမဲ့ မေးမြန်းနိုင်ပါတယ်။

📞 09971689452
💻 www.venuslab.co

Digital Transformation ပြုလုပ်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်များအတွက်Venus Lab ဟာ စီးပွါးရေးလုပ်ငန်းအမျိုးမျိုး အတွက် Web...
27/07/2022

Digital Transformation ပြုလုပ်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်များအတွက်

Venus Lab ဟာ စီးပွါးရေးလုပ်ငန်းအမျိုးမျိုး အတွက် Website တွေ ၊ Mobile Apps တွေ ၊ Customer Reward System တွေ ၊ CRM system တွေ ၊ AR တွေကို ဖန်တီးပေးနေတဲ့ IT Company တစ်ခုဖြစ်ပါတယ်။

Corporation လုပ်ငန်းများ၊ Business services Provider များစွာအတွက် Website နဲ့ Application များစွာ ဖန်တီးပေးခဲ့ပြီး Pwal Kyam Game အပြင် အခြားသော Game တွေနဲ့ Project များစွာကိုလည်း Develop လုပ် ရေးဆွဲပေးခဲ့ပါတယ်။

သင့် Project အသစ်အတွက် Venus Lab ကို ဘာကြောင့် ရွေးချယ်သင့်လဲ?

- Venus Lab ဟာ Web Developing အတွက် Strong ဖြစ်တဲ့ Front-End, Back-End, Full Stack developer တွေအပြင် UI/UX အတွက် အတွေ့အကြုံရင့်ကျက်ပြီး ကျွမ်းကျင်တဲ့ UI/UX Specialist တွေနဲ့ ဖွဲ့စည်းထားသလို Mobile Developing Team ဟာလည်း ကျွမ်းကျင်သူများနဲ့ တည်ဆောက်ထားပါတယ်။

- Venus Lab ရဲ့ Game Team ဟာဆိုရင် ယခု Develop လုပ်နေတဲ့ Pwal Kyam ဂိမ်းအပြင် ပြည်တွင်းမှာလုပ်ခဲ့တဲ့ Game Con တွေမှာ ဆုတွေ ရရှိခဲ့သူတွေ အတွေ့အကြုံရင့်ကျက်တဲ့သူတွေနဲ့ ဖွဲ့စည်းထားပြီး တကယ်တော်တဲ့ Concept Artist တွေ၊ Character Artist များပါဝင်လုပ်ဆောင်နေကြပါတယ်။

ဒါကြောင့် လူကြီးမင်းတို့အနေနဲ့ ကိုယ့်စီးပွါးရေးကို Digitally Transform လုပ်ချင်တယ်ဆိုရင် အတွေ့အကြုံများစွာနဲ့ ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ ပေါင်းစည်း ဖွဲ့စည်းထားတဲ့ ကျွန်တော်တို့ Venus Lab က လူကြီးမင်းတို့အတွက် အသင့်တော်ဆုံး ရွေးချယ်မှု ဖြစ်မှာပါ။

Website, Software နဲ့ Game တွေအပြင် လူကြီးမင်းတို့ လုပ်ငန်းအတွက် လိုအပ်တဲ့ Customer Reward System , Online Booking System , Travel & Tickets Management System , Customer Relationship Management System နဲ့ Marketing အတွက် လိုအပ်တဲ့ AR/VR စတာတွေကိုလည်း ဖန်တီးရေးဆွဲပေးနေတာဖြစ်လို့ လူကြီးမင်းတို့ လိုအပ်တဲ့ Digital Product များအတွက် Venus Lab မှာ ယုံကြည်စွာ ဆွေးနွေးနိုင်ပါတယ်။

📞 09971689452
💻 www.venuslab.co

We are looking for a junior creative graphic designer who can take conceptual ideas and create visual representations. O...
21/07/2022

We are looking for a junior creative graphic designer who can take conceptual ideas and create visual representations. Our ideal candidate will have expert knowledge of current design software and skilled with every step of the design process from concept to the final deliverable. Collaborating with multiple teams at our company, the graphic designer should be able to take direction from written or spoken ideas and convert them into a design that connects.

Responsibilities:
- Design digital images or other types of marketing materials.
- Contribute to layout, typography, and photography decisions.
- Using graphic techniques to create drafts.
- Understanding project requirements and ideas.
- Use the best design methods, applications, software and techniques to work on the project.
- Collaborating with the team to launch projects.

Requirements:
- Up to 2 years of working experience as a graphic designer.
- Experience with design software and graphics editing software, such as In Vision and Photoshop, Illustrator, In Design.
- Knowledge of design techniques, such as prototyping.
- Ability to work well within a team.
- Time management skills.
- A talent for creativity and problem-solving.
- Passionate, result-oriented, and positive.

Company Overview
Venus Lab is a group of well-experienced and highly-trained professionals with extensive experience in the software development industry. We develop customized software solutions, websites, mobile apps, and games.
We create a human-centered design approach for building apps, websites, and games. We brainstorm, design, and code to build impactful digital products. We don’t just build what the clients ask for, we recommend and implement the solutions to achieve their objectives based on industry best practices and standards. We make sure to deliver products & services with the best qualities on time and on budget.

Apply Now
If you think you have what it takes to bring ideas to life with visual impact, you can send your CV to [email protected]

We are currently seeking a business development manager to lead the business development team. The business development ...
09/07/2022

We are currently seeking a business development manager to lead the business development team. The business development team is responsible for setting goals and developing plans for business and revenue growth. Researching, planning, and implementing new target market initiatives. Researching prospective accounts in target markets.

Responsibilities:
- Searching for potential new clients to offer the software development services

- Establishing and maintaining good client relationships with responsible accounts.

- Contributing strongly to the sales target to achieve the company's KPI

- Overseeing and participating in each business process, including serving as a member of the pitch team, delivering strong analytics, and completing other duties as necessary.

- Business development planning, proposal development, and provision of professional account service.

- Other business development-related duties as assigned by superior

Requirements:
- Bachelor's Degree in Business or IT or related disciplines. (If you have proven records but don't have a degree, you can apply)

- Over 5 years of experience relevant in software sales, b2b marketing, digital marketing, etc.

- Passionate, result-oriented, and positive.

- Able to lead the team, set the goals, track and measure

- Presentable, strong in communication and negotiation skills.

- Good command of both spoken and written English.

Company Overview
Venus VenusLab is a group of well-experienced and highly-trained professionals with extensive experience in the software development industry. We develop customized software solutions, websites, mobile apps, and games.

We create a human-centered design approach for building apps, websites, and games. We brainstorm, design, and code to build impactful digital products. We don’t just build what the clients ask for, we recommend and implement the solutions to achieve their objectives based on industry best practices and standards. We make sure to deliver products & services with the best qualities on time and on budget.

How to apply?
You can send your CV to [email protected]

E- Commerce စျေးကွက်ဟာ ပြိုင်ဆိုင်မှု မြင့်ပါတယ်။ သင့် Website ရဲ့ performance နဲ့ speed ဟာ အရေးကြီးတဲ့နေရာက အလုပ်လုပ်ပါ...
07/06/2022

E- Commerce စျေးကွက်ဟာ ပြိုင်ဆိုင်မှု မြင့်ပါတယ်။ သင့် Website ရဲ့ performance နဲ့ speed ဟာ အရေးကြီးတဲ့နေရာက အလုပ်လုပ်ပါတယ်။ User Experience က နောက်ထပ် အရေးကြီးတဲ့အရာတစ်ခု ပါ။ User Experience မှာ Website တစ်ခုရဲ့ အသုံးဝင်မှု၊ Information organized ဖြစ်မှု၊ Usability ဖြစ်မှု၊ Virtual design ကောင်းမွန်မှု၊ User friendly ဖြစ်မှု တို့ ပါဝင်ပါတယ်။

User ဟာ သင့် Website ကနေ တခြား Website တစ်ခုကို ပြောင်း အသုံးပြုဖို့ အချိန်အများကြီး မလိုပါဘူး။ အသုံးပြုချိန်မှာ သင့် Website ဟာ မျှော်လင့်ထားတဲ့ Performance နဲ့ Experience မျိုး မပေးနိုင်ဘူးဆိုရင် User အနေနဲ့ ရွေးချယ်စရာ အများကြီးရှိတဲ့အတွက် နောက် E-Commerce တစ်ခုကို ချက်ချင်း ပြောင်းလဲဖို့ အသုံးပြုသွားနိုင်ပါတယ်။

ဒါကြောင့် သင့် E-Commerce လုပ်ငန်း ရဲ့ Website ကို ပိုကောင်းအောင်လုပ်နိုင်မယ့် အချက် 7 ချက်ကို ဖတ်ကြည့်လိုက်ပါ။

1. Offer social proofs
Online ပေါ်မှာ ဝယ်ယူတာဟာ အပြင်မှာ ဝယ်တာနဲ့ မတူတဲ့အတွက် User အနေနဲ့ Product က တကယ်ကောင်းလား၊ မကောင်းလား ဆိုတာ သိဖို့လိုအပ်ပါတယ်။
Feedback နဲ့ Reviews တွေပြပေးထားတာဟာ အတော်ကောင်းမွန်တဲ့ solution တစ်ခုဖြစ်ပြီး Customer တွေကို ယုံကြည်မှု ပိုတိုးစေပါတယ်။ တချို့သော Local consumer survey တွေအရ ဝယ်သူ 49 % ဟာ product review နဲ့ feedback များကို personal recommendation အဖြစ် မှတ်ယူကြပါတယ်။

2. Easy navigation
User ဟာ လိုအပ်တဲ့ information ကို သင့် Website မှာ Click အများကြီးမလုပ်ရဘဲ အလွယ်တကူ ရှာတွေ့သင့်ပါတယ်။ သင့် Site မှာ Customer ဟာ purchase မလုပ်ခင် click ဘယ်နှစ်ကြိမ်ပြုလုပ်ရလဲဆိုတာ အရေးကြီးပါတယ်။ ပြုလုပ်ရတဲ့ step တွေအရမ်းများရင် Customer ဟာစိတ်မရှည်ဘဲ ထွက်သွားနိုင်ပါတယ်။ အခုချိန်မှာ ဖုန်းကနေ browsing လုပ်တဲ့ User တွေများလာတဲ့အတွက် သင့် Website ဟာ Mobile responsive ဖြစ်ဖို့လည်း လိုအပ်ပါတယ်။

3. Clear call to actions
သင် Website မှာ ရှိတဲ့ Page တိုင်းဟာ ရှင်းလင်းတဲ့ objective တွေရှိနေသင့်ပါတယ်။ ဉပမာအနေနဲ့ Website တစ်ခုမှာရှိတဲ့ product page ရဲ့ objective ဟာ User တွေ purchase လုပ်နိုင်ဖို့ဖြစ်ပါတယ်။ ဒါဆို Page မှာ ‘Add to Cart” ကဲ့သို့ ထင်ရှားတဲ့ Call to action မျိုးရှိသင့်ပြီး checkout process ဟာလည်း ရိုးရှင်းပြီး User တွေ အလွယ်တကူ ပြုလုပ်နိုင်တဲ့အရာမျိုး ဖြစ်သင့်ပါတယ်။

4. Products showcase
ကောင်းမွန်ပြီး သပ်ရပ်တဲ့ Hight-quality Product images နဲ့ description တွေဟာ အရေးကြီးပါတယ်။ သင့် Product ရဲ့ information တွေကို ရှင်းလင်းပြီး ရှာရတာလွယ်ကူအောင် ပြုလုပ်ထားတာက Website ရဲ့ bounce rate ကို လျှော့ကျစေနိုင်ပါတယ်။

5. Multiple marketing strategies
ပြိုင်ဆိုင်မှုများတဲ့ စျေးကွက်ထဲမှာ Marketing Strategy တစ်ခုထဲက မလုံလောက်တော့ပါဘူး။
သင့်အနေနဲ့ SEO အပါဝင် pay per click(ppc) ads များ၊ E-mail campaign များ၊ Social Media Marketing များနဲ့ retargeting Strategy များကို အလေးထား ပြုလုပ်သင့်ပါတယ်။ ဒါ့အပြင် loyal customer တွေကို reward ဒါမှမဟုတ် discount ပေးတဲ့ program တွေလည်း ရှိသင့်ပါတယ်။

6. Real-time personalization
Spray and pray Marketing ခေတ်တွေဟာ ကုန်နေပါပြီ။ Customer တွေဟာ သူတို့ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ offer မဟုတ်ရင် စိတ်မဝင်စားတော့ပါဘူး။
သင့်အနေနဲ့ customer behavior တွေကို track လုပ်ပြီး ပို relevant ဖြစ်တဲ့ personalized offer တွေ create လုပ်သင့်ပါတယ်။

7. Make payment easy
သင့် Website ရဲ့ checkout Page ဟာ Customer အတွက် နောက်ဆုံး အဆင့်ပဲဖြစ််ပါတယ်။ လူတွေဟာ ငွေနဲ့ ပတ်သတ်ရင် Protective ဖြစ်ပါတယ်။ ဒါကြောင့် အားလုံးက လွယ်ကူပြီး secure ဖြစ်ကြောင်း သင့်အနေနဲ့ ပြဖို့လိုအပ်ပါတယ်။

အောင်မြင်တဲ့ E-Commerce Online Store တစ်ခု တည်ဆောက်ဖို့ Venus Lab မှာ အခမဲ့ ဆွေးနွေးနိုင်ပါတယ်။

www.venuslab.co

Customer Acquisition Cost (CAC)CAC ဆိုတာ သတ်မှတ်အချိန်တစ်ခု အတွင်းမှာ သင့်လုပ်ငန်းအတွက် Customer အသစ်တစ်ယောက် ရရှိဖို့ အ...
27/04/2022

Customer Acquisition Cost (CAC)
CAC ဆိုတာ သတ်မှတ်အချိန်တစ်ခု အတွင်းမှာ သင့်လုပ်ငန်းအတွက် Customer အသစ်တစ်ယောက် ရရှိဖို့ အသုံးပြုရတဲ့ ကုန်ကျစရိတ်ဖြစ်ပါတယ်။

Customer Retention Cost (CRC)
Customer retention cost ကတော့ သင့်ဆီက ဝယ်ယူပြီးသား Customer တစ်ယောက်ဟာ နောက်ထပ် Repeated purchases တွေလုပ်ဖို့ သင့်အနေနဲ့ အသုံးပြုရမယ့် ကုန်ကျစရိတ်ပဲဖြစ်ပါတယ်။

Customer Retention က သင့်လုပ်ငန်းအတွက် ဘာကြောင့်အရေးကြီးတာလဲ?

Customer Retention ဟာ သင့်လုပ်ငန်းရဲ့ ROI(Return of Investment) ကို သိသိသာသာ ပိုများစေပါတယ်။ ရှိပြီးသား Customer တွေကို ရောင်းရနိုင်ခြေဟာ 60-70% အထိရှိပြီး Customer အသစ်တွေကို ရောင်းရနိုင်ခြေဟာ 5 – 20 % ပဲရှိပါတယ်။ Customer retention က လုပ်ငန်းရောင်းအား ပိုကောင်းအောင် ကူညီပေးနိုင်ပါတယ်။

Customer အသစ်တစ်ယောက်ရှာရတာဟာ ရှိပြီးသား Customer တွေကို ထိန်းသိမ်းရတာထက် Cost ပိုကုန်ပါတယ်။ ဒါပေမဲ့ New Customer တွေ မရှိရင် existing customer ဆိုတာ ရှိလာမှာ မဟုတ်ပါဘူး။ ဒါကြောင့် Customer အသစ်ရှာတာနဲ့ Customer retention လုပ်တာဟာ balance ဖြစ်နေဖို့ လိုအပ်ပါတယ်။ သင့်ဆီက တစ်ကြိမ် ဝယ်ယူပြီးသား Customer တစ်ယောက်ဟာ နောက်တစ်ကြိမ် ထပ်ဝယ်ယူနိုင်ခြေ 25 % လောက်ရှိပြီး နှစ်ကြိမ်လောက်ဝယ်ပြီးရင်တော့ ထက်ဝယ်နိုင်ခြေ 45 % လောက်အထိ ရှိပါတယ်။ ဝယ်ယူမှုအကြိမ်တိုင်းမှာ သင်ဟာ ကောင်းမွန်တဲ့ service နဲ့ experience တွေပေးနိုင်တယ်ဆိုရင်တော့ Customer တွေဟာ သင် Brand ကို အသုံးပြုရတာ ပိုကြိုက်လာမှာသေချာပါတယ်။
ဒါကြောင့် Customer Retention အတွက် အသုံးပြုနိုင်မယ့် အကောင်းဆုံး Strategy 5 ခု ဖော်ပြပေးလိုက်ပါတယ်။

1. Know How They Feel.
Customer တွေ သင့် Product ကို အသုံးပြုချိန်မှာ ဘယ်လိုခံစားရလဲဆိုတာ သင် သိသင့်ပါတယ်။ အဓိကအချက်အနေနဲ့ သူတို့ဘယ်လို အခက်ခဲတွေ ရင်ဆိုင်နေရလဲ ဆိုတာ သိအောင်လုပ်ပါ။ ဒါတွေက သင့်ကို ပိုကောင်းပြီး Customer တွေ တကယ်လိုအပ်တဲ့ service တွေပေးနိုင်အောင် ကူညီပေးပါတယ်။ ဝယ်ယူနေချိန်အတွင်းမှာ Customer ရရှိတဲ့ Service နဲ့ experience က သူတို့ရဲ့ Buying decision ကို အများကြီး သက်ရောက်မှုရှိပါတယ်။

2. Stay in Touch.
Customer တွေနဲ့ အမြဲတမ်း communication ရရှိအောင် တနည်းနည်းနဲ့ ဆောင်ရွက်ထားသင့်ပါတယ်။ Customer တွေက သင့်ဆီက ဝယ်ယူတိုင်း သင့် Brand ကိုယုံကြည်တယ်လို့ ပြောလို့မရပါဘူး။ သူတို့မှာ တခြားရွေးချယ်စရာမရှိလို့ ဝယ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် Customer တွေဘက်က interact မလုပ်လဲ သင့်အနေနဲ့ မကြာခဏ Follow up လုပ်ပေးသင့်ပါတယ်။

3. Educate Your Customer.
Customer တွေ သင့် Products ဒါမှမဟုတ် Service အကြောင်းကို ပိုသိအောင် သင့်အနေနဲ့ knowledge community တွေ၊ forum တွေ ပြုလုပ်ထားသင့်ပါတယ်။ သင့် Business နဲ့ Product အပေါ်မူတည်ပြီး Customer တွေ သိထားသင့်တဲ့ အချက်တွေကို Activity တစ်ခုအနေနဲ့ sharing လုပ်ပေးသင့်ပါတယ်။ ဒီလိုလုပ်ပေးတာက သင့် Brand ကို ယုံကြည်မှုပိုရှိစေပြီး Customer Lifetime Value ပိုများလာအောင် ကူညီပေးပါတယ်။

4. Start Retention Program
Gifts နဲ့ discounts တွေဟာ ဝယ်ပြီးသား Customer တွေ ပြန်လာနိုင်ဖို့အကောင်းဆုံး program တွေထဲမှာပါဝင်ပါတယ်။ ဉပမာအနေနဲ့ Customer ဝယ်ယူတာများတဲ့ Product တွေကို discount ပေးတာမျိုး ဒါမှမဟုတ် ဝယ်ယူနေကျ Customer တွေကို VIP အနေနဲ့ gift တွေနဲ့ services ပေးတာမျိုးတွေ အများကြီး ရှိတဲ့အတွက် သင်လုပ်ငန်းနဲ့ကိုက်ညီတာကို အသုံးပြုနိုင်ပါတယ်။
ဒါ့အပြင် Gamification ကို အသုံးပြုပြီး loyal customer တွေကို rewards ပေးတဲ့ strategy တွေကိုလည်း အောင်မြင်တဲ့ လုပ်ငန်းတွေမှာ အများကြီး အသုံးပြုနေကြပါတယ်။

5. Customer Surveys
Customer တွေကို Survey လုပ်တာက သင့်လုပ်ငန်းမှာ ဘာတွေ ပိုတိုးတက်အောင်လုပ်ရမလဲ၊ ဘာတွေပြောင်းလဲသင့်လဲ၊ Customer တွေကော ကြိုက်ရဲ့လား ဆိုတဲ့ information တွေအများကြီး ရပါတယ်။ ဒါအချက်တွေက သင့် Customer တွေရဲ့ buying journey နဲ့ after sales အခြေအနေတွေမှာ ရှိတဲ့ လိုအပ်ချက်တွေကို ဖြည့်နိုင်အောင် ကူညီပေးပါတယ်။

www.venuslab.co

Progressive Web App(PWA) တွေက သင့်လုပ်ငန်းနဲ့ Website ရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မလား?PWA ဆိုတာ App တစ်ခုလို အသုံးပ...
05/04/2022

Progressive Web App(PWA) တွေက သင့်လုပ်ငန်းနဲ့ Website ရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မလား?

PWA ဆိုတာ App တစ်ခုလို အသုံးပြုနိုင်တဲ့ Website တွေပဲဖြစ်ပါတယ်။ PWA ဟာ ပုံမှန် website တွေထက် ပိုမြန်ပြီး ပို reliable ဖြစ်တဲ့အပြင် User အတွက်ကော၊ သင့်လုပ်ငန်းအတွက်ပါ ကောင်းတဲ့အချက်တွေအများကြီး ရှိပါတယ်။

ဉပမာတစ်ခုအနေနဲ့ Starbuck Coffee ဟာ 2017 မှာ မြန်ဆန်ပြီး responsive ဖြစ်တဲ့ PWA တစ်ခုကို Customer တွေအတွက် launch လုပ်ခဲ့ပါတယ်။ ဒီ PWA ဟာ ဆွဲဆောင်မှုရှိတဲ့ animation တွေနဲ့ menu ထဲက items တွေကို ပြပေးထားပြီး nutrition အချက်အလက်တွေပါ ကြည့်ရှုနိုင်လို့ User တွေက အရမ်းကြိုက်ကြပါတယ်။ Customer တွေဟာ သူတို့ရဲ့ order တွေကို internet connection မလိုအပ်ဘဲ customize လုပ်နိုင်ပြီး offline access လည်း ရရှိပါတယ်။

စတင် launch လုပ်ထဲက Startbucks ဟာ daily active user နှဆ တိုးတက်လာခဲ့ပြီး သူတို့ရဲ့ PWA ဟာ အလွန်အောင်မြင်ခဲ့တယ်လို့ ပြောဆိုထားခဲ့ပါတယ်။ အဓိက အကြောင်းအရင်း တစ်ခုကတော့ ဒီ PWA ဟာ 233 KB သာ Data storage လိုအပ်ခဲ့ပြီး Starbuck IOS mobile app က 148 MB ထိ storage နေရာ လိုအပ်ခဲ့လို့ပါပဲ။ Loading time ဟာလည်း ရှိနေတဲ့ Starbucks IOS app ထက်မြန်တယ်လို့ User တွေက feedback ပေးခဲ့ကြပါတယ်။

ဒါကြောင့် သင့် လုပ်ငန်းနဲ့ Website က PWA တစ်ခုလိုအပ်လားဆိုတာ မသေချာသေးရင် အောက်ပါအချက်တွေကို ထပ်ဖတ်ကြည့်လိုက်ပါ။

1. Offline accessibility and security
PWA ဟာ information တွေကို device အတွင်းမှာ သိမ်းထားနိုင်ပြီး User Offline ဖြစ်တဲ့အချိန်မှာအလွယ်တကူ ပြသပေးနိုင်ပါတယ်။ ဒါ့အပြင် PWA ဟာ responsive ဖြစ်ပြီး ဘယ် Platform မဆို အသုံးပြုနိုင်တဲ့အတွက် User တွေအတွက်လည်း အခက်ခဲမရှိတော့ပါဘူး။

2. Mobile-like behavior
PWA တွေမှာ Mobile App လိုမျိုး Push notification features များကို အသုံးပြုလို့ရပါတယ်။ Push notification ဟာ User engagement ရရှိစေနိင်တဲ့ app features တစ်ခုဖြစ်တဲ့အပြင် conversion rate တတ်လာအောင်လည်း အထောက်အကူပေးပါတယ်။

3. Instant loading time
Customer အများစုဟာ စတင် အသုံးပြုချိန်မှာ loading time ကြာတာကို မကြိုက်ကြပါဘူး။ PWA ကတော့ Home screen access လည်း ရရှိတဲ့အတွက် User တွေအတွက် အသုံးပြုရတာ လွယ်ကူစေပါတယ်။ ပုံမှန် PWA တစ်ခုရဲ့ bounce rate ဟာ Website တွေထက် 42 % ပိုနည်းပါတယ်။ Bounce Rate ဟာ Website တစ်ခုကို ဝင်ကြည့်ပြီး အကြောင်းတစ်ခုခုကြောင့် ချက်ချင်း ပြန်ထွက်သွားသော လူအရေအတွက်ရဲ့ ရာခိုင်နှုန်းပဲဖြစ်ပါတယ်။ တကယ်လို့ Website တစ်ခုရဲ့ Bounce Rate ဟာ 100 % ဖြစ်နေရင် ဒီ Website ကို ဝင်ကြည့်တဲ့သူတိုင်းဟာ တခြား page တွေကို browsing မလုပ်ဘဲ ချက်ချင်း ပြန်ထွက်သွားလို့ပဲဖြစ်ပါတယ်။

4. Lightweight and can available on apps store
PWA ဟာ အလွန်ပေါ့ပါးပြီး internet connection သိပ်မကောင်းလည်း အသုံးပြုလို့ရပါတယ်။ ဥပမာအနေနဲ့ Tinder နဲ့ Pinterest တို့ရဲ့ PWA ကို သူတို့ရဲ့ IOS mobile app တွေရဲ့ size နဲ့ Compare လုပ်ကြည့်နိုင်ပါတယ်။ ဒါ့အပြင် PWA ကို apple နဲ့ google apps store တွေမှာ User တွေ လွယ်ကူစွာ download လုပ်နိုင်အောင် publish လုပ်ထားနိုင်ပါတယ်။
PWA နဲ့ Native App တွေဟာ မတူညီတဲ့ အားသာချက်တွေ အများကြီး ရှိပါတယ်။

ဒါပေမဲ့ PWA ဟာ setup လုပ်ရတာလွယ်ကူပြီး သင့် Website ကို cost efficient ဖြစ်ဖြစ်နဲ့ အမြန်ဆုံး App တစ်ခု ပုံစံပြောင်းပေးနိုင်တဲ့ technology တစ်ခုဖြစ်ပါတယ်။

Venus Lab မှာ Customer များစွာအတွက် Online Booking system များ၊ ordering solutions များ၊ ticketing system လိုမျိုး မတူညီတဲ့ PWA ပေါင်းများစွာကို အောင်မြင်မှု ရရှိအောင် develop လုပ်ပေးခဲ့ပြီဖြစ်ပါတယ်။

တကယ်လို့ သင်ဟာ ပေါ့ပါးပြီး လွယ်ကူမြန်ဆန်စွာ develop လုပ်နိုင်မယ့် solution တစ်ခုကိုရှာနေတာဆိုရင်တော့ PWA က သင့်အတွက်ပါပဲ။

သင်လုပ်ငန်းအတွက် ဘယ်လို PWA မျိုးလိုအပ်တယ်ဆိုတာ သိချင်ရင် Venus Lab မှာ အခမဲ့ ဆွေးနွေးလိုက်ပါ။
www.venuslab.co

AI (Artificial Intelligence) နဲ့ ML(Machine Learning) technology တွေဟာ Customer တွေရဲ့ မတူညီတဲ့ လိုအပ်ချက်တွေ အများကြီးက...
23/03/2022

AI (Artificial Intelligence) နဲ့ ML(Machine Learning) technology တွေဟာ Customer တွေရဲ့ မတူညီတဲ့ လိုအပ်ချက်တွေ အများကြီးကို ဖြည့်ပေးနိုင်ပြီး ပိုကောင်းတဲ့ experience တွေရရှိအောင် ကူညီပေးပါတယ်။ ဒါကြောင့်လည်း AI နဲ့ ML technology တွေကို healthcare၊ retail၊ ecommerce နဲ့ transportation အပါအဝင် industries အမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ Solution တစ်ခုအဖြစ် အသုံးပြုနေကြပြီး planning process တွေ၊ decision making process တွေကို လွယ်ကူမြန်ဆန်အောင် လုပ်ပေးပါတယ်။ AI နဲ့ ML technology တွေကို Business တွေမှာ Solution တစ်ခုအဖြစ် ဘယ်လိုပုံစံနဲ့ အသုံးချနေကြလဲဆိုတာ အခုပဲ ဖတ်ကြည့်လိုက်ပါ။

1. Recommendation Engine
AI နဲ့ ML နည်းပညာတွေ အသုံးပြုပြီး User တွေကို သူတို့ကြိုက်တဲ့ Products တွေ၊ services တွေ၊ Recommendation ပြုလုပ်ပေးနိုင်တဲ့ engine တွေ တည်ဆောက်နိုင်ပါတယ်။ ဒီလို AI engine များဟာ recommendation တွေကို User တွေရဲ့ behavior ပေါ်မူတည်ပြီး ပြုလုပ်ပေးနိုင်တဲ့အတွက် media၊ entertainment နဲ့ shopping industries များမှာပါ တွင်ကျယ်စွာ အသုံးပြုနေကြပြီ ဖြစ်ပါတယ်။

2. Ranking Post on Social Media
Social Media Company တွေဟာ AI နဲ့ ML technology တွေကို အသုံးပြုပြီး User နဲ့ ကိုက်ညီမယ့် Post တွေကို ပြပေးနိုင်တဲ့ algorithm တွေကို အသုံးပြုကြပါတယ်။ သင့် new feed မှာ ဘယ် post ပြီးရင် ဘယ် post တတ်မလဲဆိုတာကို ဒီ algorithm ကဆုံးဖြတ်ပေးပြီး App အသုံးပြုချိန် ကြာအောင် သင်ကြည့်ချင်တဲ့ Post တွေကိုသာ ဦးစားပေး ပြတာမျိုးတွေကို လေ့လာနိုင်ပါတယ်။

3. Customer Lifetime Value Metrics
Retailers အများစုဟာ Machine learning အကူညီနဲ့ Customer lifetime value သိနိုင်ဖို့ လုပ်ဆောင်နေကြပါပြီ။ CLV ဟာ Customer တစ်ဦးဆီမှ သင့် Profit ဘယ်လောက် ရရှိနိုင်မလဲဆိုတာ ခန့်မှန်းပေးနိုင်တဲ့အပြင် သင့်ကို မလိုအပ်တဲ့ ကြော်ငြာစားရိတ်တွေ လျော့ချနိုင်အောင် ကူညီပေးပါတယ်။ CLV metric Result တွေက ပိုကောင်းတဲ့ Marketing Plan တွေ ပြုလုပ်နိုင်အောင်နဲ့ Customer တွေကို ပိုကောင်းတဲ့ offer တွေပေးနိုင်အောင် ကူညီပေးပါတယ်။

4. Self-Driving Cars(autonomous car)
လူမပါဘဲ မောင်းနိုင်တဲ့ ကား system တွေကို Machine learning technology များအသုံးပြုပြီး ထုတ်လုပ်နိုင်ပါတယ်။ Al နဲ့ ML tech တွေကို Sensor များ၊ Cameras နဲ့ radar များပါဝင်တဲ့ System တစ်ခုအဖြစ် ကားနဲ့ပေါင်းစပ်ပြီး လူကိုယ်တိုင် operate လုပ်စရာမလိုဘဲ တစ်နေရာမှ တစ်နေရာသို့ သွားလာနိုင်တဲ့ ကားတွေကို google အပါအဝင် Company အတော်များများဟာ စမ်းသပ်နေကြပြီး မကြာခင် စျေးကွက်ထဲ ရောက်ရှိလာနိုင်ပါတယ်။

5. Categorized Information
AI technology ဟာ data တွေအများကြီးထဲမှ တူညီတဲ့ information တွေ၊ Image တွေကို ရွှေးထုတ်ပြီး User တွေ ရှာရတာလွယ်ကူအောင်နဲ့ အချိန်ကုန် သက်သာအောင် စုပေးနိုင်ပါတယ်။ အရမ်းများတဲ့ Data တွေကို Machine Learning algorithm တွေနဲ့ Auto classification များပြုလုပ်နိုင်ပြီး data types နဲ့ location တွေကိုလည်း အလွယ်တကူ ရှာလို့ရအောင် ပြုလုပ်နိုင်ပါတယ်။

Artificial Intelligence ဟာ Cost effective ဖြစ်ပြီး business တွေအတွက် အကျိုးအများကြီးရှိတဲ့ technology တစ်ခုပဲဖြစ်ပါတယ်။ သင့် Business ကို AI နဲ့ ML technology အသုံးပြုပြီး ဘာတွေ ပိုကောင်းလုပ်နိုင်မလဲဆိုတာ သိချင်ရင် Venus Lab မှာ အခမဲ့ ဆွေးနွေး တိုင်ပင်လို့ ရပါတယ်။

09971689452
www.venuslab.co

Address

No 204. 8 Floor, Tower A The Leaf Residence, Dhamma Thukha Street Hlaing Township
Yangon
11051

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00

Telephone

+959971689452

Alerts

Be the first to know and let us send you an email when Venus Lab posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Venus Lab:

Share