Mg Myo

Mg Myo Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mg Myo, Internet Company, Yangon.

စဥ်းစားနေပါပြီ
26/03/2025

စဥ်းစားနေပါပြီ

24/10/2024

ဘယ်လောက်ပဲပေးဆပ်ပြီးချစ်အချိန်တန်ရင်

23/10/2024

အပြစ်မတင်ရက်ခဲ့ပါဘူး

10/01/2024

ရီစေ

03/12/2023

ဟာသတွေန့ဲအလွမ်းဖြေမယ်

မင်း အန်ကယ့်သမီးကို နောက် မပတ်သက်ဖို့ ဘယ်လောက်ပေးရမလဲ 'အန်ကယ်က စားပွဲပေါ်မှ ပြင်သစ်ကော်ဖီခွက်ကို ကောက်ကိုင်လိုက်ရင်း ဟန်...
17/09/2023

မင်း အန်ကယ့်သမီးကို နောက် မပတ်သက်ဖို့ ဘယ်လောက်ပေးရမလဲ '

အန်ကယ်က စားပွဲပေါ်မှ ပြင်သစ်ကော်ဖီခွက်ကို ကောက်ကိုင်လိုက်ရင်း ဟန်ပါပါမေးလိုက်သည်။

' အော် မင်းလိုချင်တဲ့ငွေပြောနော် အားမနာနဲ့ အန်ကယ့်မှာ ဒီသမီးတယောက်ပဲရှိတာ နောက်ဆို သူနဲ့ မပတ်သက်ရင်ပီးရော '

သူက ထပ်၍ပြောသည်။ ကျနော်က သက်ပြင်းချလိုက်ရင်း လိုချင်တဲ့ ပမာဏကို ဖုန်းထဲကနေ ရိုက်ပြလိုက်သည်။

သူမအဖေက ဖုန်းကိုကြည့်ရင်း ကော်ဖီတချိုင့်ကို မော့သောက်လိုက်သည်။

' မင်းတောင်းတဲ့ငွေက များတော့များတယ် အိုကေလေ အန်ကယ်ပေးပါမယ် နောက်ဆို အန်ကယ့်သမီးဘေး လုံးဝမလာပါနဲ့ '

သူမအဖေက ချက်ချင်း သူ့တပည့်ကို လှမ်းခေါ်ပီး အယ်လ်ဗွီအိတ်တလုံးနဲ့အပြည့် ပိုက်ဆံတွေ ထုတ်ပေးသည်။

ဧည်ခန်းဘေးရှိ လှေကားရင်းက တရုတ်ပန်းအိုးကြီးကိုကွယ်၍ ကြည့်နေသော မျက်ဝန်းထဲမှာ မျက်ရည်စတွေနဲ့သူမကို လှမ်းမြင်ရသည်။ သူမကတော့ အတော်ဝမ်းနည်းနေရှာသည်။

' အန်ကယ် ကျနော် သူ့ကို စကားလေးတခွန်းတော့ ပြောခဲ့ချင်လို့ပါ '

' အော် ပြောလေ ပြောပါ နောက်ဆို မင်းတို့က ပတ်သက်ရတော့မှာမှ မဟုတ်တာ ပြောပါ '

သူမအဖေက လက်ဟန်ပြ၍ပြောသည်။
ကျနော်က ပိုက်ဆံအိတ်ကို ကောက်လွယ်လိုက်ရင်း လှေကားရင်းမှသူမဆီသို့ လွန်စွာကြည့်ကောင်းသောပုံစံဖြင့် လျှောက်သွားလိုက်သည်။

သူမမျက်ဝန်းက မျက်ရည်စတွေကို လက်ဖဝါးနဲ့ သုတ်ပေးလိုက်ရင်း

' ချစ် ဒီပိုက်ဆံတွေယူလို့ ကိုယ့်ကိုစိတ်နာနေတာလား အမှန်က ကိုယ်အစွမ်းတွေပြချင်လို့ပါ မနက်ဖြန်မနက် ဒီငွေတွေရဲ့ ၂ဆ ယူလာပီး ချစ်ဆီကိုယ်လာခေါ်မယ် '

' ဟင် ကိုယ်က ဘာလုပ်မလို့လဲဟင် '
သူမက အားကိုးကြီးစွာနဲ့ ပြန်မေးသည်။

' ဒီနေ့ည ​မန်ယူ ပွဲရှိတယ်လေ။
ကျနော်က လွန်စွာနားထောင်ကောင်းသောအသံဖြင့် ပြောလိုက်သည်။ သူမကကျနော့်ကို ကြောင်၍ကြည့်နေသည်။

' ကိုယ်အကောင်းဆုံးရလဒ်တွေနဲ့အတူ ပြန်လာခဲ့ပါမယ် '

ထို့နောက် စီးကရက်တစ်လိပ်ကို မီးညှိပီး မခိုးမခန့်ပြုံးကာ ခမ်းနားသော ထိုအိမ်ကြီးအတွင်းမှ ဒေါက်ခနဲ ဒေါက်ခနဲ ခြေသံဖြင့် တလှမ်းချင်းထွက်လာခဲ့သည်။

ထိုနေ့မှစ၍ သူမနှင့်ကျနော် မတွေ့ရတော့ပါ။

😭😭😭

ကိုယ့်ကိုခွင့်လွှတ်ပါနော်ချစ်🥺🥺တောက်စ် ဂတုံးကြောင့်ကွာ🤧🤧

#မူရင်းရေးသားသူအားလေးစားစွာဖြင့်crdပေးပါတယ်

မန်ယူကိုပဲ ရင်ဘက်ကြီးနဲ့ချစ်လိုက်မယ်သဘောပေါက်😎😎😎

10/12/2022
26/01/2021

sue

30/05/2019

အတ္တအစွန်းလေးနဲ့ သဝန်တိုမူ့လေးတွေ
ရှိလာခဲ့ရင် တောင်ပန်းပါတယ်
တခါတလေအတ္တမာန်လေးက
နင်အတွက်ရင်ထဲကိုဘယ်ချိန်ရောက်နေခဲ့မှန်း
ငါကိုယ်တိုင်တောင်နားမလည်းလိုက်လို့ပါ

01/08/2018

ဆယ်ကျော်သက်အရွယ်တုန်းက
ကိုယ်တွေးခဲ့ဖူးတာက
ကိုယ့်ချစ်သူလေးဟာ ကိုယ်နဲ့ စိတ်တူ ကိုယ်တူ ဖြစ်ရမယ်လို့်။
ဒါပေမယ့် အခု ၂၀ကျော်မှာ ပြန်တွေးမိတာက
ချစ်သူနှစ်ဦးက စိတ်တူကိုယ်တူရှိဖို့ထက်
တစ်ယောက်အားနည်းချက်ကို တစ်ယောက်က
နားလည်ခွင့်လွှတ်ပေးနိုင်ပြီး
မငြိုမငြင် ဖြည့်ဆည်းပေးနိုင်သူကသာ
အကောင်းဆုံးနဲ့ ဘဝတစ်ခုလုံး
လက်တွဲဖို့ သင့်တော်သူလို့ နားလည်လာတယ်။

🍁Mg Myo🍁

Address

Yangon

Alerts

Be the first to know and let us send you an email when Mg Myo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share