05/06/2026
2009 Xmens Origin Wolverines ဂိမ်းထွက်ခဲ့ပီးနောက် Decadeနှစ်ခုနီးပါးအကြာမှ ပြန်ထွက်လာမဲ့ 2026 Wolverinesဂိမ်းရဲ့ Story Timelineက
Logan တစ်ယောက် Wolverine အဖြစ်ကနေအနားယူမယ်ဆိုပီး Team X မှထွက်ခဲ့ပီးနောက် သုံးနှစ်အကြာမှာ ဇာတ်လမ်းကို စတည်ထားမယ်ဂိမ်းမာညီကိုတို့
Wolverine မရှိတော့တဲ့ Team X ဟာ သူ့တို့အဖွဲ့ရဲ့ အားအနည်းဆုံး Darkest time ကိုကျော်ဖြတ်နေရပီး
Latest Trailerထဲမှာ တွေ့ရတာကတော့
High tech Weaponary တွေနဲ့
Cybernetic Militaia " Reavers " အဖွဲ့က Mutants တွေကိုလိုက်ဖမ်းနေတဲ့အချိန်ပေါ့
ဒီ Reavers အဖွဲ့က Mutantsတွေကိုလိုက်ဖမ်း,
Bolivar Trask ဆိုတဲ့ Military scientist ဆီပို့ဖို့ပြင်ဆင်နေပီး
Billionaire Bolivar Trask ဆိုတာ ကမ္ဘာကြီးမှာ Mutantsတွေမရှိမှ လူသားတွေအေးအေးချမ်းချမ်းနေနိုင်မယ်လို့ လက်ခံထားတဲ့ Anti mutant activist တစ်ယောက်ဖြစ်တဲ့အပြင် Trask Industries ရဲ့ CEOတစ်ယောက်
ဒီ Wolverineဂိမ်းရဲ့ Timeline က ကျတော်တို့နဲ့ရင်းနှီးပီးသား Comic or Movie timelineတွေနဲ့မတူပဲ
Insomniac Game Studio ရဲ့ original continuityနဲ့လာမှာဖြစ်ပီး
Earth 1048 Universeမှာ ဇာတ်အိမ်တည်ထားတယ်
(Playstation Spiderman နဲ့ Same Timeline )
ဒီ Earthမှာ Professor Charles Xavier ရဲ့ X-Menအဖွဲ့ဆိုတာလည်းမရှိသလို
Gifted Mutants တွေအတွက် Xavier school ဆိုတာလည်း မရှိပါဘူး
ဒါ့အပြင် Earth 1048မှာရှိတဲ့လူအများစုကလည်း Mutants တွေ ကမ္ဘာပေါ်မှာရှိတယ်ဆိုတာကို မသိကြဘူး
Mutantsတွေက လူကြားထဲမှာ ပေါ်တင်မနေရဲပဲ ပုန်းအောင်းနေထိုင်နေရတဲ့Timelineတစ်ခုဖြစ်တယ်
( Bolivar Trask ရဲ့ ရည်ရွယ်ချက်ကလည်း General public က ကမ္ဘာပေါ်မှာ Mutants တွေရှိမှန်း ကျယ်ကျယ်ပြန့်ပြန့်မသိခင် အားလုံးကိုလက်စဖျောက်ဖို့ကြိုးစားနေတာမျိုး )
ဖမ်းခံရတဲ့mutantsတွေများလာတဲ့အပြင် Team Xမှာသူဝင်မပါရင်မရတော့ဘူးဆိုတာ Loganနားလည်သွားခဲ့ပီးနောက် Mutantsတွေကိုလိုက်ကယ်နေတာကို Latest Trailerမှာ ကျတော်တို့တွေ့ခဲ့ရတာပါ
Team X ဆိုတာကတော့ Memory wipe out လုပ်ခံထားရတဲ့ governmentရဲ့ လျှို့ဝှက်အဖွဲ့အစည်း တစ်ခုဖြစ်ပီး
လောလောဆယ်Trailerမှာတွေ့ရသလောက် ဒီ Earth 1048 ရဲ့ Team X membersတွေအနေနဲ့ Wolverine , Jean Grey , Sabertooth , Omega Red နဲ့ Mystique တို့ပါဝင်လာမယ်
ကြည့်ရတာတော့ Logan တစ်ယောက် Team Xကို
ပြန်မjoinခင် Jean Grey ပဲ Mutantsတွေကိုလိုက်ကယ်နေပုံပေါက်ပီး Omega red နဲ့ Ogun ကတော့ Villains အနေနဲ့ Wolverine ပြန်ရင်ဆိုင်ရဖို့များပါတယ် Also " Toad "
Mystique နဲ့ Logan ရဲ့ Rival Sabertoothက ဒီTimelineမှာ Villainဖြစ်ဖို့ 50/50ဆိုပေမဲ့ Reavers တွေကို Trailersထဲမှာချနေတာတွေ့တော့ Villain listထဲမပါလောက်ပဲ
Loganဖက်ကလို့တော့မြင်မိတယ် )
Trailerထဲမှာ မြင်ရတဲ့နောက်ထပ်Mutantsတွေကတော့ Reavers တွေလက်ထဲ အဖမ်းခံရထားရတဲ့ Morlocks Leader " Callisto " နဲ့
အစိမ်းရောင်Mutant kid ကတော့ Leech လို့ခေါ်ပီး သူ့ရဲ့ abilityကတော့ Mutantsတွေ powerသုံးမရအောင်လို့ Disableလုပ်လို့ရတာပါ
( Leech Kidရဲ့ Power က Magneto Power ကိုတောင် Disableလုပ်လို့ရပါတယ် )
Gameplay Mechanic အနေနဲ့ Logan တစ်ယောက် Combat ချနေချိန်မှာ သူ့bodyက Fightingလုပ်တာကို Focusလုပ်နေတာဖြစ်တဲ့အတွက် Healing နှေးသွားပီး
Combat မချနေချိန်မှာတော့ Logan ရဲ့ Healing သွေးပြန်တက်နှုန်း အရမ်းမြန်လိမ့်မယ်
Logan ရဲ့ Combat Abilitiesတချို့ကလည်း ရန်သူ့ကိုattackလုပ်တိုင်း Healingလုပ်ပေးလိမ့်မယ် ( Spell Vamp Skillလိုသဘောတရားလိုမျိုး )
Insomniac DevelopersတွေကLoganတစ်ယောက် Healing ကောင်းတယ်ဆိုပေမဲ့ Invincibleမဟုတ်ပဲ
လျောနိုင်တယ်လို့လည်းဆိုထားတယ်
Damageထိတာများတယ်ဆို Loganရဲ့နှလုံးကရပ်သွားပီး
နှလုံးအလုပ်မလုပ်ဘူးဆိုတာနဲ့ Loganရဲ့ Healing Factorပါရပ်သွားပီး Gameoverဖြစ်သွားပီ သို့သော်
Loganတစ်ယောက် ဒေါသ Rage barများနေတဲ့အချိန်မှာဆို Damageထိတာများလည်း Adrenaline Surge နဲ့ သူ့နှလုံးကို Restart ပြန်လုပ်နိုင်မယ် ( Sekiroတို့ Sarosတို့မှာလို Second Chance mechanic နဲ့သဘောတရားချင်းဆင်မယ် သို့သော် Rage Bar သုံးခုမှာ Bar1ခုတော့ အနည်းဆုံး ပြည့်နေဖို့တော့လိုတယ်ညိုကီတို့ )
Loganဘေးနားဝန်းကျင်မှာ enemies presence ရှိနေတယ်ဆိုရင်ကိုပဲ Logan Body က Fighting mode ကိုဝင်သွားပီး Healing Factor နှေးသွားမှာလို့ Game Developersတွေကဆိုထားတော့ Hide and Attack Passive gameplay ထက် ဒီဂိမ်းကို Aggressive styleနဲ့ပဲဆော့သင့်ပီး
Spell Vampတို့ Rage meterတို့တက်ဖို့အတွက်လည်း ကစားသူက Logan ကို Aggressive ဆန်ဆန်ဆော့နိုင်လေ
ပိိုကောင်းလေပဲ
Mapအနေနဲ့ Spidermanလို Open world မဟုတ်ပဲ God of war နဲ့ Unchartedတို့လို Linearဂိမ်းအနေနဲ့လာမှာဖြစ်ပီး September 15 2026 မှာ Playstation 5 Exclusiveအနေနဲ့ထွက်ရှိလာမယ်ဂိမ်းမာညီကိုတို့