13/10/2025
ပြန့်ကျဲနေတဲ့ ပလက်ဖောင်းတွေနဲ့ စိတ်ရှုပ်ခံနေမှာလား?
လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ဒီမြင်ကွင်းကို သင်ရင်းနှီးနေမှာပါ…
ဖုန်းဖြေဖို့ ဖုန်းက နှစ်လုံးလောက်၊ Facebook Messenger က message တွေပြန်ဖို့ Tablet တစ်လုံး၊ Viber က order တွေကြည့်ဖို့ ကွန်ပျူတာတစ်လုံး။ ဒီလိုနဲ့ ဟိုapplication ဝင်ကြည့်ဒီapplicationမှာစာပြန် အဲလိုလုပ်နေရတာနဲ့ပဲ တစ်နေ့တာအချိန်တွေ ကုန်ဆုံးပြီး ဝန်ထမ်းတွေလည်း ခေါင်းရှုပ်၊ လူလည်းပင်ပန်းနေပြီလား?
အဆိုးဆုံးကတော့ ဒီကြားထဲမှာ လွတ်သွားတဲ့ ဖုန်းတွေ၊ ချက်ချင်းမမြင်လိုက်တဲ့ message တွေကြောင့် Customer တွေ စိတ်မရှည်ဘဲ တခြားပြိုင်ဘက်ဆီ ပါသွားနိုင်တာပါပဲ။ ရန်ကုန်၊ မန္တလေးလို အပြိုင်အဆိုင်များတဲ့ ဈေးကွက်မှာ ဒါဟာ သင့်လုပ်ငန်းအတွက် အကြီးမားဆုံး နစ်နာမှုတစ်ခုပါ။
တကယ်ဆို
သင့် Customer တွေဆက်သွယ်လာတဲ့ လမ်းကြောင်းအားလုံး (ဖုန်း၊ Messenger၊ Viber၊ WeChat, etc) ကို သင့်ကွန်ပျူတာ Screen တစ်ခုတည်းပေါ်မှာ၊ Software တစ်ခုတည်းကနေ စီမံခန့်ခွဲနိုင်မယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ?
ဒီစိတ်ကူးကို အခုပဲ အကောင်အထည်ဖော်လို့ရနေပါပြီ။ Cloopen Omni-channel Cloud Contact Center က သင့်ရဲ့ ပြန့်ကျဲနေတဲ့ Customer Service လုပ်ငန်းစဉ်တွေကို တစ်နေရာတည်းမှာ စုစည်းပေးဖို့ ရောက်ရှိလာပါပြီ။
Cloopen က သင့်လုပ်ငန်းကို ဘယ်လိုကူညီပေးမလဲ?
✅ All in one solution: ဖုန်းခေါ်ဆိုမှု၊ Messenger ကစာ၊ Viber က order အားလုံးကို Dashboard တစ်ခုတည်းကနေ လက်ခံဖြေကြားနိုင်တာကြောင့် ဘယ် message မှ မလွတ်တော့ဘူး။ Customer ကိုလည်း အကြာကြီး စောင့်ခိုင်းစရာမလိုတော့ပါဘူး။
✅ Teamwork ပိုကောင်းလာမယ်: ဘယ်ဝန်ထမ်းက ဘယ် Customer ကို တာဝန်ယူထားလဲ၊ ဘာတွေပြောထားလဲဆိုတာ မှတ်တမ်းနဲ့တကွ ပြန်ကြည့်နိုင်လို့ အဖွဲ့လိုက် အလုပ်လုပ်ရတာ အရမ်းအဆင်ပြေစေပါတယ်။
✅ ကုန်ကျစရိတ် သက်သာမယ်: ဈေးကြီးပြီး နေရာယူတဲ့ PABX ဖုန်းစက်ကြီးတွေ တပ်ဆင်စရာမလိုတော့ပါဘူး။ Cloud-based ဖြစ်လို့ အင်တာနက်ရှိရုံနဲ့ ဘယ်နေရာကမဆို အလုပ်လုပ်နိုင်ပါတယ်။
✅ လုပ်ငန်း image တက်လာမယ်: Customer တိုင်းကို မြန်မြန်ဆန်ဆန်နဲ့ Professional ကျကျ ဝန်ဆောင်မှုပေးနိုင်တာကြောင့် သင့် Brand အပေါ် ယုံကြည်မှု ပိုတိုးလာစေပါတယ်။
သင့်လုပ်ငန်းရဲ့ Customer Service ကို နောက်တစ်ဆင့်အဖြစ် ပြောင်းလဲဖို့ အချိန်ကျပါပြီ။ ပြိုင်ဘက်တွေထက် ရှေ့တစ်လှမ်းတိုးပြီး ခေတ်မီနည်းပညာနဲ့အတူ အောင်မြင်မှုကို ရယူလိုက်ပါ။
သင့်လုပ်ငန်းအတွက် Cloopen က ဘယ်လိုအသုံးဝင်မလဲဆိုတာ လက်တွေ့ကြည့်ရှုနိုင်ဖို့ အခုပဲ Free Demo ကို ရက်ချိန်းယူလိုက်ပါ။