10/05/2026
Desktop တစ်လုံးတပ်ဆင်တော့မယ်ဆိုရင် CPU ကို Intel လား AMD လား၊ i5 လား Ryzen 5 လား စတာတွေနဲ့ရှုပ်ထွေး🤔နေတတ်ပါတယ်။ ဒါကို ကျွန်တော်တို့ 𝐏𝐂 𝐁𝐨𝐱 ကနေ အသုံးပြုသူတွေနားလည်းလွယ်အောင်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။✨✨✨
ပထမဆုံးအနေနဲ့ Intel
Intel ကိုကြည့်ရင်တော့ အပိုင်း ( ၂ )ပိုင်းကိုအဓိကကြည့်ရပါမယ်။
1. Tier : i3, i5, i7, i9 ဆိုပြီး Tier အဆင့် ( ၄ )ဆင့်သတ်မှတ်ထားပြီး
• i3 : အခြေခံ ရုံးသုံး၊ကျောင်းသုံး အတွက်သင့်လျော်ပါတယ်။
• i5 : အလယ်အလတ် ဂိမ်းဆော့၊ Designs ဆွဲ အတွက်အဆင်ပြေပြီး
• i7 : High-performance ဂိမ်းဆော့တာ၊Video Editing လုပ်တာ စတာတွေအတွက်အဆင်ပြေပါတယ်။
• Note : CPU နဲ့တွဲဖက်ပီး သုံးတဲ့ GPU တို့ RAM တို့လည်းကြည့်ဖို့လိုပါတယ်..
• i9 : 4K, 8K video editing၊ 3D rendering၊ High-end gaming and streaming
စတာတွေအသုံးပြုမယ့်သူတွေနဲ့ High-end performance ကိုမှ
ကြိုက်ပါတယ်ဆိုတဲ့သူတွေ ရွေးချယ်သင့်ပါတယ်။👨💻👨💻👨💻
2. Generation : Model နံပါတ်ရဲ့ အရှေ့ဆုံးနံပါတ်ကိုကြည့်ပြီးခွဲခြားနိုင်
ပါတယ်။
e.g. Core i5-12400 ဆို 12th gen
Core i5-14600 ဆို 14th gen ဖြစ်ပါတယ်၊👌👌👌
AMD Ryzen series
AMD ရဲ့ CPU naming convention တွေက Intel ရဲ့ အမည်ပေးစနစ်နဲ့ တော်တော်လေးဆင်တူအောင်ဖန်တီးထားတာတွေ့ရပါတယ်။
1. Tier : Ryzen 3, Ryzen 5, Ryzen 7, Ryzen 9 ဆိုပြီးသတ်မှတ်ထားပါ
တယ်။
Ryzen 3 : Intel i3 နဲ့ ယှဥ်နိုင်ပြီးဈေးသက်သာတယ်
အခြေခံ ကျောင်းသုံး၊ရုံးသုံး အတွက်အဆင်ပြေပါတယ်။
Ryzen 5 : အလယ်အလတ် ဂိမ်းဆော့တာ၊video editing လုပ်တာ
အလုပ်ရောဂိမ်းပါအစုံသုံးလို့ရပါတယ်။
Ryzen 7,9 : High-end gaming နဲ့ Streaming အပြင်
High-performance video editing, 3D Animation
အသုံးပြုသူတွေအတွက်သင့်လျော်ပါတယ်။
2. Series : AMD မှာလည်း အရှေ့ဆုံးဂဏန်းနဲ့ ခွဲခြားထားပါတယ်။
e.g. Ryzen 5-5600 က 5000 series
Ryzen 5-7600 က 7000 series
( Suffix ) series တွေရဲ့အနောက်မှာပါတတ်တဲ့ English အက္ခရာလေးတွေအကြောင်းကိုထပ်မံရှင်းပြပေးသွားပါမယ်။🤗🤗🤗
👉👉👉Intel👈👈👈
1. Core i3-1215U(Laptop)
U ဆိုတာ (Ultra-low power) Battery အသုံးခံတဲ့အတွက် online class
တတ်တာ meeting ကြာကြာထိုင်ရတာမျိုးတွေမှာအဆင်ပြေပါတယ်။
2. Core i7-13700H (Laptop)
H (High-Performance) Gaming Laptop တွေမှာတွေ့ရပါတယ်။
3. Core i5-13400F
(F) series က Graphic Card သီးသန့်ပါမှ အသုံးပြုလို့ပါတယ်။
Graphic card မပါရင် အသုံးပြုလို့မရပါဘူး။
👉👉👉AMD👈👈👈
1. Ryzen 5 7530U (Laptop)
U (Ultra-low Power) Battery အသုံးခံဖို့အဓိကထားပါတယ်။
2. Ryzen 7 7735HS (Laptop)
HS (High Efficiency / Slim) Gaming Laptop အပါးတွေမှာသုံးတယ်
heat သိပ်မထွက်ဘဲ Performance ကောင်းအောင်လုပ်ထားပါတယ်။
3. Ryzen 5 5600G
G (Integrated Graphic) AMD ရဲ့ G ပါတဲ့ CPU တွေဟာ
Graphic Card သီးသန့်မရှိလည်း ဂိမ်းအသင့်သင့်ဆော့လို့ရအောင်
Built-in Graphic ထည့်ပေးထားပါတယ်။
🍀☘️🍀☘️🍀☘️🌲🎄🌳🌱🌿🪴🌴🍀☘️🎄🌲🌵🌵
𝐏𝐂 𝐁𝐨𝐱
𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫, 𝐏𝐫𝐢𝐧𝐭𝐞𝐫 𝐒𝐚𝐥𝐞𝐬 & 𝐒𝐞𝐫𝐯𝐢𝐜𝐞
Address : Near Junction Square, Kyun Taw Street, (ကိုပေါက်ကားပစ္စည်းဆိုင်ဘေး) Kamaryut Tsp, Yangon.
Phone : 09-453628407, 09-956730030
Gmail : [email protected]
Google Map :
https://maps.app.goo.gl/ecoG8CZ2pHuFuVep8
🍀☘️🍀☘️🍀☘️🌲🎄🌳🌱🌿🪴🌴🍀☘️🎄🌲🌵🌵