LUCID UNITY

LUCID UNITY A perfect place for your IT solutions

19/03/2019
ဘာဖြစ်ချင်တာလည်း...?=================ယခု link http://grin.co ရဲ့ Home page design ကို web designer Max Stasiuk က ဆွဲပေးထ...
19/03/2019

ဘာဖြစ်ချင်တာလည်း...?
=================

ယခု link http://grin.co ရဲ့ Home page design ကို web designer Max Stasiuk က ဆွဲပေးထားတာပါ ။ Home page တစ် page တည်းကို Designer ကြေး အမေရိကန် ဒေါ်လာ 3099 ကျသင့်ပါတယ်။ coding ကြေးကျသင့်ငွေမပါသေးပါဘူး။
လုပ်ငန်းစဉ်အရ designer က photoshop သုံးပြီးဆွဲထားတဲ့ psd fileကို front-end developer ကို ပေးလိုက်တယ်။ front-end developerက ပေးလိုက်တဲ့ psd file ကို ကြည့်ပြီး code clean ဖြစ်အောင် responsive ဖြစ်အောင် စသည့်ဖြင့်တွက်ချက်ပြီးဆွဲ ယုံပါပဲ။

ဘာကာလာ ညာကာလာ သုးံရမလဲ၊
font face ဘယ်နှစ်ခုကို mix လုပ်ပြီးသုးံရမလဲ၊ layout composition ဘယ်လို ချရမလဲ၊
image usage, white space usage ဘာတစ်ခုမှသိ စရာ မလိုပါဘူး။ မိမိ code အရည်အသွေးမှီ ဖို့ အဓိကပါ။ back-end developer လည်း ဒီအတိုင်းပါပဲ ။ ရှေ့ design ပိုင်း ဘာတစ်ခု မှကျွမ်းကျင်ဖို့ မလိုဘဲ မိမိ back-end ပိုင်း အရည်အသွေး မှီဖို့ ကျွမ်းကျင်ဖို့သာ အဓိက လိုတာပါ ။

ဒါတွေဘာကြောင့်ပြောနေရသလဲ ဆိုရင် ကျွန်တော်တို့ lucid unity training ဆီကနေ CDSG မှ ဝန်ထမ်းချိတ်ဆက်ပေးဖို့တောင်းဆိုပါတယ် ။ သူတို့ လို ချင်တဲ့ skill ပြည့်မှီရင် လစာ အနေနဲ့ စင်ကာပူ လစာအတိုင်းပေးမယ်လို့ ပြောပါတယ်။ သူတို့လိုချင်တဲ့ skill ပြည့်မှီတဲ့ ဝန်ထမ်းကို ဖျစ်ညှစ်ထုတ်တာတောင် တယောက် နှစ်ယောက်ထက်ပိုပြီး
မညွန်ပြပေးနိုင်ပါဘူး။

ဘာလို့ အရည်အသွေးပြည့်မှီတဲ့ ဝန်ထမ်းရှားသလဲ ဆိုရင် သင်တန်းသားတွေ လာတယ်
မိမိ passion ကို မသိဘဲ များသောအားဖြင့် developer ပဲ ဖြစ်ချင်ကြတယ် ( developer မှ လစာ ပိုကောင်းတယ် ထင်တာကိုး) အဲ့တော့ ရှေ့ ပိုင်း language တွေ သေချာ မလေ့ကျင့်တော့ဘဲ developer ဖြစ်ရေးသာ ဦးတည်ပြီးလုပ်ကြတယ် ။
website တခုကနေ နှစ်ခု ဆွဲပြီးတဲ့ အခါကျတော့ တစတစ သိလာပြီ အဲ့အချိန်ကျ front-end ပိုင်းလည်း ပြန်မဆင်းချင်ကြတော့ဘူး ( ဆင်းရတယ်လို့ ထင်နေကြလို့ပါ) ရှေ့ဆက်တိုး ဖို့ကလည်း ကိုယ်ပိုင် frame ပဲဆွဲထားမလား၊ framework ပဲ သုးံမလား၊ cms ပဲသုးံမလား၊ database နောက်ပဲ လိုက်မလား၊
language ပိုင်းကျတော့လည်း php က model အောက်နေသလိုလို node နောက်လိုက်ရမလိုလို wordpress က အဆင့် နိမ့်တယ် laravel မှ အဆင့်မြင့်တယ် ထင်တဲ့သူက ထင်သေး ။

pro အဆင့်ရောက်ချင်ရင် ဘယ်ဟာမှ လွယ်ကူတယ်ဆိုတာ မရှိပါဘူး။ အစကတည်း ကလမ်းကြောင်းမှားခဲ့တော့ တွေ့သမျှလက်လှမ်းမှီ သမျှ လိုက်လုပ် ဟိုဟာလည်း ယောင် ယောင် ဒီဟာလည်း ယောင်ယောင် ဘေးက မေးရင်တော့ developer ပေါ့ ရင်ထဲမှာတော့ မလုံ ဘူး ကိုယ့်ဟာကိုယ် လည်း ဘာdeveloper လည်းသေချာ မသိဘူး။ ရတဲ့အလုပ်ပေးတဲ့လခနဲ့ အဆင်ပြေအောင်နေရတော့တာပဲ ။

it လောကထဲ ဝင်ခဲ့တုန်းကတော့ ဘီလ် ဂိတ် ကို အားကျ ပြီးလာခဲ့တာပဲ ။ လက်တွေ့ကျ တော့ ပြတ်တုန်းလတ်တုန်း ၂၃ တွေဖြစ်ကုန်ရော။ အမှန်ကတော့ ရှင်းရှင်းလေးပါ web developer တစ်ယောက်အဖြစ်ရပ်တည်မယ်ဆိုပါတော့ ဈေးကွက်မှာ လို အပ်နေတဲ့ website တစ်ခုကို အရည်အသွေး မှီမှီ တည်ဆောက်ပေးနိုင်ရင် ပြီးပြီ။

AI programmer ဖြစ်မှ OS တစ်ခုလုးံ အစအဆုးံရေးနိုင်မှ Google ကို hack နိုင်မှ မဟုတ်ပါဘူး။ ဒါတွေ ဝါသနာပါရင် နောက်မှ ဆက်လေ့လာပါ မိမိအသက်မွေး မဲ့ ပညာကို pro အဆင့်ရောက်အောင် နိုင်ငံတကာနဲ့ ယှဉ်နိုင်အောင် အရင် လုပ်ရမှာပါ ။ ပထမ အဆင့်မိမိအားသန်တာဘာလည်း သေချာ စဉ်းစား ပါ ။
ဒုတိယအဆင့် အချိန်နဲ့ငွေကြေးကို တွက်ပါ ။

pro အဆင့်ဖြစ်လို့မှ မိမိဝင်ငွေက အမေရိကန် ဒေါ်လာ 2000 အောက်ရောက်နေသေးရင် ကျွန်တော်တို့ဆီလာခဲ့ပါ (free consulting လုပ်ပေးပါ့မယ်) ။ passion ကို သေသေချာချာ မသိလို့။
လုပ်ငန်းစဉ်မသိလို့ ဆွေးနွေးချင်တယ်ဆိုလဲ လာခဲ့ပါ ။


Written by

Single page design လား ၊ Single Page Application လား...?single page design နဲ့ single page application က keywords တူနေတဲ...
19/03/2019

Single page design လား ၊ Single Page Application လား...?

single page design နဲ့ single page application က keywords တူနေတဲ့အတွက်
သဘောတရားအတူတူပဲလို့ ဇဝေဇဝါ ဖြစ်တတ်ပါတယ်...
အမှန်က လုံးဝ ဘာမှကိုမတူတာတာပါ..
Single page design ကို pageless design လို့လဲခေါ်ပါတယ်..
ဘယ်လိုလဲဆိုတာရှင်းပြနေတာထက် single page design အသုံးပြုထားတဲ့ ခု
link www.loicnottet.com ကိုသွားကြည့်လိုက်ပါ ..
ဘယ်လ်ဂျီယံ အဆိုတော် Loic Nottet အတွက် ပြင်သစ် designer Wokine ကဆွဲပေးထားတာပါ
www.awwwards.com ရဲ့ Site of the day / June 06 2017 ဆုရရှိထားပါတယ်..
ဘယ်လို site မျိုးတွေမှာ သုံးသင့်သလဲဆိုရင်..
Brochure site လိုမျိုး Landing Page လိုမျိုး တွေမှာသုံးသင့်ပါတယ်
page တစ်ခုနဲ့တစ်ခု ကူးစရာမလိုပဲ scroll လေးဆွဲရုံနဲ့ website ဆိုတာကို
တစ်ခါမှဝင်မကြည့်ဖူးတဲ့ user မျိုးတွေတောင် အလွယ်တကူဝင်ရောက်ကြည့်ရှူနိုင်တဲ့အတွက်
user friendly အရမ်းဖြစ်ပါတယ် .. mobile ကနေ internet အသုံးပြုမှူများတဲ့ ခုလို
ခေတ်ကြီးမှာ Single page design ဟာဆိုရင် designer တွေနဲ့ client တွေကြားမှာ
အရမ်း hot ဖြစ်တဲ့ design trend တစ်ခုပါ
Single Page Application (SPA) ကို ဥပမာပြရရင် ကျွန်တော်တို့နေ့စဉ်
အသုံးပြုနေတဲ့ Facebook.com
Twitter.com
Google Gmail တို့ဟာအကောင်းဆုံးဥပမာတွေပါ..
page တစ်ခုနဲ့တစ်ခု ကူးတဲ့အချိန်မှာ refresh မဖြစ်ဘဲ
Developer ရဲ့ experience ပေါ်မူတည်ပြီး website ရဲ့
90 % ရာခိုင်နှူန်းကျော်ထိ offline အသုံးပြုနိုင်အောင်
Angular.js
React.js
Vue.js စသည့် မော်ဒန် javascript နည်းပညာတွေ အသုံးပြုပြီးရေးဆွဲထားတာပါ
ဘယ်လို site မျိုးတွေမှာ သုံးသင့်သလဲဆိုရင် Hotel , Reastaurant တို့လိုမျိုးတွေမှာ
သုံးပေးသင့်ပါတယ်။ Hotel booking လုပ်ဖို့ user က site ကိုဝင်ပြီး
လိုက်ကြည့်နေတဲ့အချိန်မှာ connection ကမိလိုက် မမိလိုက်ဖြစ်နေရင် ဘယ် user မှ စိတ်ရှည်မှာ
မဟုတ်ပါဘူး..ကံကောင်းရင် website ကညံ့လိုက်တာ Hotel လဲဒီအတိုင်းပဲနေမှာပါဆိုပြီး အထင်ခံရနိုင်ပါသေးတယ်
အဲ့တော့ connection တစ်ချက်မိတာနဲ့ browser က site တစ်ခုလုံးနီးပါး offline ကြည့်နိုင်အောင်
သိမ်းပေးထားတဲ့အတွက် user choice များတဲ့ site မျိုးတွေမှာ (SPA) နည်းပညာကို မဖြစ်မနေ သုံးပေးသင့်ပါတယ်
knowledge နဲ့ပတ်သက်တဲ့ပိုစ့်ဖြစ်တဲ့အတွက် နည်းပညာနဲ့ ပတ်သက်တာကို တခြားသက်ဆိုင်တဲ့
ပိုစ့်တွေမှာ အသေးစိတ်ပြောပြပါမယ်..
Single page design (or) Pageless (or)One page နဲ့ Single Page Application (SPA) ကို
ကွဲကွဲပြားပြားသိရင် ဒီပို့စ်လေးရရကျိုးနပ်ပါပီ။


Written By

web developer တစ်ယောက်ဖြစ်ချင်တယ်..ဘယ်ကစရမလဲ..??===========================================self study ပဲဖြစ်ဖြစ်...သင်တန...
19/03/2019

web developer တစ်ယောက်ဖြစ်ချင်တယ်..ဘယ်ကစရမလဲ..??
===========================================

self study ပဲဖြစ်ဖြစ်...သင်တန်းတက်လို့ပဲဖြစ်ဖြစ်
html
css
javascript
jquery
bootstrap
php
MySQL စသည်ဖြင့်လေ့လာတယ်..သင်ယူတယ်..
Laravel Ci Wordpress လေ့လာတယ်
modern နည်းပညာတွေဖြစ်တဲ့ node,angular,react,vue စတာတွေလဲလေ့လာလိုက်တယ်
photoshop လဲသင်လိုက်သေးတယ်..အချိန်လဲကုန်သလို ပိုက်ဆံလဲတော်တော်ကုန်သွားတယ်
-------။---------
Developer ဖြစ်ပီလား..မဖြစ်သေးပါဘူး..ခုမှစမှာပါ..!!!!

Customer နဲ့ဘယ်လိုစကားပြောမှာလဲ
Domain name ဘယ်လိုရွေးမှာလဲ
ဘယ် hosting မှာထားမှာလဲ
Boss နဲ့ကောဘယ်လိုညှိပီး အချိန်ဘယ်လောက်ယူမှာလဲ..ဟုတ်ပီ..
From Scratch ဆွဲမလား
Framework သုံးမလား..
CMS သုံးမလား...
စပီး design ဆွဲမယ် ကိုယ်ပိုင်ဆွဲမလား template ဝယ်သုံးမလား..
ကိုယ်ပိုင်ဆွဲမယ်ဆို
ဘယ် color ဘယ်နှစ်ရောင် သုံးမှာလဲ
ဘယ် font အမျိုးအစား ဘယ်နှစ်ခုသုံးမှာလဲ
Layout ကကော pageless လား single page လား flat design လား modern လား classic လား
ကိုလိုချင်တဲ့ Image တွေ copyright မငြိအောင် ဘယ်မှာရှာမှာလဲ...
mobile friendly ဘယ်လောက်ထိဖြစ်လဲ ဘယ် tool တွေသုံးပီး.. testing လုပ်မှာလဲ..
အရေးကြီးဆုံးဖြစ်တဲ့ SEO friendly site architecture ထဲက link တွေကိုဘယ်လိုချိတ်ဆက်မှာလဲ..
meta description ဘယ်လိုထည့်မလဲ..
xml sitemap ဘယ်လိုထည့်မလဲ..
cache ဘယ်လိုဖမ်းထားမလဲ
social site တွေနဲ့ ဘယ်လိုချိတ်ဆက်မှာလဲ
live လွှင့်ပီး testing လုပ်မယ်
Google Analytics သုံးတတ်ပီလား..
Search console ကနေ crawler လာမလာ ဘယ်နှစ်ရက်ထိစောင့်ကြည့်မှာလဲ
user တွေက ဘယ် keyword တွေသုံးပီး site ထဲရောက်လာလဲ
Click ဘယ်နှစ်ချက်နှိပ်သွားလဲ..
ဘယ် page ကို စိတ်ဝင်စားမှူအများဆုံးလဲ..
ဘာတွေပြန်လည်ပြင်ဆင်ပေးသင့်သလဲ..
ဘယ်လောက်ကြာတစ်ခါ maintenance လုပ်မှာလဲ..
customer ကိုဘယ်အချိန်ထိ support ပေးမှာလဲ..စသည်ဖြင့် senior developer တစ်ယောက်သိသင့်သမျှကိစ္စတွေကို ကျွန်တော်တို့ lucidunity page ကနေအလျဉ်းသင့်သလိုတင်ပြပေးသွားပါမယ်ခင်ဗျာ။


Written By

Address

No. (44/C), First Floor, Corner Of Insein Road And San Yeit Nyein 2St
Yangon
11041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959400500745

Alerts

Be the first to know and let us send you an email when LUCID UNITY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share