Amnezia Myanmar

Amnezia Myanmar Free open-source software to create a personal VPN on your server. Helps to access blocked content without revealing privacy even to VPN providers.

Amnezia Free ကိုပြန်လည်ပြုပြင်ပြီးသွားပြီဖြစ်တဲ့အတွက်ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ပါပြီခင်ဗျာ။config ရှိပြီးသား us...
08/08/2026

Amnezia Free ကိုပြန်လည်ပြုပြင်ပြီးသွားပြီဖြစ်တဲ့အတွက်
ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ပါပြီခင်ဗျာ။

config ရှိပြီးသား user များက Reload Api config ကိုနှိပ်ပေးပါ။ config ကို ဖျက်ထားတဲ့သူများကတော့ config ကို ပြန်ထည့်ပြီး အသုံးပြုလို့ရပါပြီ။

App version ကိုလည်း နောက်ဆုံးထိ update တင်ပေးထားဖို့ လိုပါတယ်။

အဆင်မပြေမှုဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်ခင်ဗျာ။

Amnezia infrastructure တစ်ခုလုံးကို DDoS အကြီးစားတိုက်ခိုက်မှုဖြင့် တိုက်ခိုက်ခံနေရသောကြောင့် Amnezia Free နှင့် Premium...
01/06/2026

Amnezia infrastructure တစ်ခုလုံးကို DDoS အကြီးစားတိုက်ခိုက်မှုဖြင့် တိုက်ခိုက်ခံနေရသောကြောင့် Amnezia Free နှင့် Premium ဝန်ဆောင်မှု နှစ်ခုလုံးတွင် လတ်တလော ချိတ်ဆက်မှုအခက်ခဲများ ဖြစ်ပေါ်နေပါသည်။

အင်တာနက်လွတ်လပ်မှုကို မလိုလားသော အုပ်စုများမှ အကွက်ကျစီစဥ်မှုဖြင့် တိုက်ခိုက်ခြင်းဟု ယူဆရပါသည်။

DDoS တိုက်ခိုက်မှုစတင်သည့် IP address များကို ရှာဖွေစစ်ဆေးနေပြီဖြစ်ပြီး ဝန်ဆောင်မှုများအား အကောင်းပကတိ ပြန်လည် လည်ပတ်နိုင်အောင် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ ၄ ၅ ၆ နာရီခန့် ပြင်ဆင်ချိန် ကြာမြင့်နိုင်ပါမည်။

အားလုံးရဲ့ ထောက်ခံအားပေးမှုနဲ့ စိတ်ရှည်သည်းခံပေးမှုကို အထူးကျေးဇူးတင်ပါသည်။

We will get through this!

Amnezia Free MM ကို ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းစဥ် ပြီးဆုံးသွားပြီဖြစ်ပါတယ်ခင်ဗျာ။ အရင်အတိုင်း ပုံမှန်အသုံးပြုလို့ ရပါပြ...
28/01/2026

Amnezia Free MM ကို ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းစဥ် ပြီးဆုံးသွားပြီဖြစ်ပါတယ်ခင်ဗျာ။ အရင်အတိုင်း ပုံမှန်အသုံးပြုလို့ ရပါပြီ။

လတ်တလောဖြစ်ပွားခဲ့သည့် ချိတ်ဆက်မှုဆိုင်ရာပြဿနာသည် SAC ၏ ပိတ်ဆို့မှုအသစ်တစ်ခုကြောင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု Amnezia Myanmar မှ ရှာဖွေတွေ့ရှိခဲ့ပါတယ်ခင်ဗျာ။

လတ်တလော Amnezia Free MM  ကို ချိတ်ဆက်ရာတွင် အခက်အခဲအချို့ တွေ့နေကြတာကို Amnezia Myanmar မှ သိရှိထားပြီးဖြစ်ပါတယ်။ISP မျာ...
26/01/2026

လတ်တလော Amnezia Free MM ကို ချိတ်ဆက်ရာတွင် အခက်အခဲအချို့ တွေ့နေကြတာကို Amnezia Myanmar မှ သိရှိထားပြီးဖြစ်ပါတယ်။

ISP များနှင့် သက်ဆိုင်ရာများရဲ့ ပိတ်ဆို့မှုတွေကို ရှောင်ကွင်းဖို့နည်းလမ်းများကို Amnezia Myanmar မှ အမြဲတစ်စေ ရှာဖွေအသုံးပြုနေပါတယ်။ အဆိုပါ ပိတ်ဆို့မှုတွေကြောင့်လည်း သုံးစွဲသူများကြား အခက်အခဲများဖြစ်ပေါ်နေခြင်းကို အနူးညွတ်တောင်းပန်ပြီး သုံးစွဲသူများ နားလည်ကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်ခင်ဗျာ။

ချိတ်ဆက်မှု အခက်အခဲများကိုဖြေရှင်းရန် မနက်ဖြန်တွင် Amnezia Free MM အတွက် ပြင်ဆင်ပြုပြင်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါတယ်။

VPN ချိတ်ဆက်မှု အမြဲအဆင်ပြေအောင် Reset API config ကို ရံဖန်ရံခါနှိပ်ပေးကြဖို့ မမေ့နဲ့နော်။
21/01/2026

VPN ချိတ်ဆက်မှု အမြဲအဆင်ပြေအောင် Reset API config ကို ရံဖန်ရံခါနှိပ်ပေးကြဖို့ မမေ့နဲ့နော်။

Reset API config မကြာခဏ နှိပ်ပေးကြမယ်
အချိန် ၁ လ/၂ လ ကြာပြီးပါက Amnezia Free config များ active ဖြစ်နေဖို့ သေချာစေရန် Reset API config ကို မှန်မှန်နှိပ်ပေးဖို့ လိုအပ်ပါတယ်။

1️⃣ Settings ကိုသွားပါ။
2️⃣ Servers ကိုနှိပ်ပါ။
3️⃣ မိမိ reset ချချင်သည့် Amnezia Free ကိုနှိပ်ပါ။ (Amnezia Free MM၊ Amnezia Free RU စသည်ဖြင့်)
4️⃣ Management tab ကိုနှိပ်ပါ။
5️⃣ Reset API config ကိုနှိပ်ပါ။

ဒီလိုမျိုး ပုံမှန်လုပ်ပေးခြင်းအားဖြင့် VPN ချိတ်မရတာတွေ၊​ ချိတ်ထားလျက်နဲ့ အသုံးပြုလို့မရတာမျိုးတွေကို ဖြေရှင်းနိုင်ပါတယ်။

Amnezia Free MM config ကို key နဲ့တင်မဟုတ်ဘဲ Application ထဲမှာတင် တိုက်ရိုက်ယူကြမယ်-Amnezia Free MM config key ကို bot ထ...
11/11/2025

Amnezia Free MM config ကို key နဲ့တင်မဟုတ်ဘဲ Application ထဲမှာတင် တိုက်ရိုက်ယူကြမယ်
-
Amnezia Free MM config key ကို bot ထဲမှာ သွားယူလို့ရရုံတင်မဟုတ်ဘဲ Application ဒေါင်းပြီးတာနဲ့ app ထဲမှာတင် တန်းယူလို့ရနေပါပြီ။
-

ယခုမှ Application ကို ဒေါင်းလုပ်ဆွဲပြီး စတင်အသုံးပြုမည့်သူများအတွက်
1️⃣ Application ကို Google Play Store မှဖြစ်ဖြစ်၊ iOS App Store မှဖြစ်၊ Github မှဖြစ်ဖြစ် ဒေါင်းလုပ်ဆွဲပြီး install ပါ။
2️⃣ Get Started ကိုနှိပ်ပါ။
3️⃣ VPN by Amnezia ကို နှိပ်ပါ။
4️⃣ VPN by Amnezia ထဲမှာ Amnezia Free MM (Free) ကိုနှိပ်ပါ။
5️⃣ ပြီးရင် Connect ကိုနှိပ်ပြီး စတင်အသုံးပြုလို့ ရပါပြီ။
-
Amnezia application ကို install ပြီး config တစ်ခုခုဖြင့် အသုံးပြုနေနှင့်ပြီးသားသူများအတွက်
1️⃣ Application ညာဘက်အောက်ထောင့်မှ အပေါင်းလက္ခဏာ "+" လေးကိုနှိပ်ပါ။
2️⃣ VPN by Amnezia ကို နှိပ်ပါ။
3️⃣ VPN by Amnezia ထဲမှာ Amnezia Free MM (Free) ကိုနှိပ်ပါ။
4️⃣ ပြီးရင် Connect ကိုနှိပ်ပြီး စတင်အသုံးပြုလို့ ရပါပြီ။
-
Bot ထဲမှ key ထုတ်ယူအသုံးပြုခြင်း feature ကိုလည်း ဆက်လက်အသုံးပြုနိင်မှာဖြစ်ပါတယ်။

Address

Yangon

Alerts

Be the first to know and let us send you an email when Amnezia Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share