09/09/2013
Windows8 Introduction
Part I
Windows8 စထွက်ကတာ ခုဆို၁နှစ်လောက်ရှိနေပြီ စပေါ်ချင်းတုံးက တော်တော် သောက်ညင်ကတ်တာဗျ ဘယ်လိုကတ်မှန်းကို မသိဘူး အလိုလိုနေရင်းကို မကြိုက်တာ၊ သူ Start ကလည်းသုံးရတာ familiar မဖြစ်ဘူး အဲ့မှာပါတဲ့ Game တွေ တော်တော်များများကလည်း Online လိုတယ် စသုံးတာကလည်း Developer Preview နဲ့တွေ့ခဲ့တာလည်းပါမှာပေါ့ :-) အဲ့ထဲကညစ်သွားတာ။ Touch အတွက်ဆိုတော့ Keyboard နဲ့သုံးတာ မှာ အဆင်မပြေဘူးပေါ့ဗျာ။ နောက်ကိုယ်က ခုမှ Vista ကနေပိုကောင်းတဲ့ Windows7 ကိုခုမှသုံးပြီး ကြိုက်နေတာဆိုတော့ သိပ်မပြောင်းချင်သေးဘူးလေခုမှပြန်သုံးကြည့်ရင်းနဲ့ ကောင်းတာလေးတွေ့ တွေ့လာလို့ဒါလေးရေးတာပါ အကုန်တော့လည်းမစမ်း ရသေးဘူး ဒါပေမယ့် သိသလောက်လေးပေါ့။
အစကတော့သိပ်မကြိုက်ခဲ့ဘူး နောက်ပိုင်း version တွေထွက်လာတော့ ကိုယ်လည်းစမ်းသုံးကြည့်မှ အဆင်ပြေမယ် IT Field ထဲနေပြီး changes တွေကို မသိရင်တော့ အဆင်မပြေဘူးဆိုပြီး စလေ့လာကြည့်ပြီးသုံးတော့မှ သူ့ကောင်းကွက်တွေ Win7 နဲ့မတူတာတွေသိလာပါတယ်။ Share ပေးချင်လို့ Introduction လေးရေးလိုက်တာပါ ပိုစ့်တွေ အတင်ကြဲတာကို ခွင့်လွှတ်စေချင်ပါတယ် ကျောင်းစာတဖက် အလုပ်တဖက် ဖြစ်နေတော့ အိမ်ပြန်ရောက်ရင်တောင် ၁၀နာရီ ကျော်နေပြီလေ လမ်းမှာဖုန်းနဲ့သုံးတုံး likeတက်လာတာတွေတော့ တွေ့ပါတယ် ရေးမယ် ရေးမယ်နဲ့မအားသေးလို့ကြာသွားတာပါ။ ခုနည်းနည်းအားတုံးလေး ကိုယ်လည်း ကလိလို့ကောင်းတုံးလေး Win8 အကြောင်းလေးရေးလိုက်တာပါ။ ကဲ Intro တွေလည်းများပြီစမယ် :)
Windows 8 အကြောင်းမပြောခင် ပထမဆုံး Microsoft အကြောင်းနဲ့ Windows Family History အကြောင်းလေးပြော ချင်ပါတယ် ဗဟုသုတပေါ့ မသိသူတွေလည်း မှတ်လို့ရအောင် အောက်မှာရေးပေးလိုက်ပါတယ်။
1975-1981
ဒီကာလမှာ ကျွန်တော်တို့ခုသုံးနေတဲ့ Windows Company Microsoft ကို Bill Gate and Pull Allen တို့က စတင်ခဲ့ပါတယ်။ အဲ့ဒီ 1975 မတိုင်ခင် က typewriter တွေကရိုက်ပေးတယ် Carbon နဲ့ ကော်ပီကူးတယ် On paper Manual ပေါ့။
June 1980- MS-DOS
ဒီနှစ်မှာ Gate and Allen က Gateသူငယ်ချင်း Steve Ballmer ကိုငှားပြီး Project ကိုစတယ် MS-DOS command line သုံးရတယ် သာမန် End user တွေအလွယ်တကူနားမလည်နိုင်ဘူး ဒါပေမယ့် အောင်မြင်တဲ့ OS တခုဖြစ်ခဲ့တယ်။
1983-1985 (Nov 20 1985) Windows 1.0
ပထမဆုံး ဒါကို Develop လုပ်တုံးက Codename က Interface Manager လို့ခေါ်ခဲ့တယ် launch လုပ်ရင်လည်း ဒါဘဲသုံးမယ်လို့ စဉ်းစားခဲ့ပေမယ် တကယ်ထွက်လာတဲ့ အခါမှာ Windows လို့ပြင်ခဲ့တယ် ဒီနံမည်က boxes or Computing အတွက် ဖေါ်ပြရာမှာ အဆင်ပြေလို့ ကောင်းလို့ပြင်ပြီးခေါ်ပြီးထုတ်ခဲ့တယ်။
GUI တွေပါလာပြီ၊ Drop-down menu, scroll bars, icons, dialog box တွေ program ကိုလွယ်လွယ်ကူကူသုံးလို့ရစေမယ့် ဟာတွေစပြီးပါလာပြီ။ Paint, MS-Dos file management, Windows Writer, Notepad, Calculator and calendar, card file, clock စတဲ့ day to day activities တွေမှာအသုံးပြုဖို့ Software တွေစပါလာတယ်။ Reversi ဆိုတဲ့ Game တောင်စပါလာပြီဗျ။
Dec 9, 1987-1992 Windows 2.0.-2.11
ဒီအဆင့်မှာတော့ memory တွေပိုတိုးမြှင့်ထားတယ် Graphic Support လည်းပါလာတယ် keyboard shortcuts တွေလည်းပါလာတယ်။ Software Developer အချို့ကလည်း စပြီးတော့ Windows မှာသုံးဖို့ program လေးတွေစရေးလာကြတယ်။
May 22, 1990-1994 Windows 3.0-Windows NT
Windows 3.0 မှာတော်တော်လေးပြည့် စုံလာပြီ graphic ကို 16 color support စလုပ်လာပြီ icon တွေပိုကောင်းလာတယ် သိသိသာသာပိုမြန်လာတယ် ။ Solitaire, Hearts and Minesweeper စတဲ့ Game တွေစပါလာတယ်။ Peer to Peer Workgroup and Domain Networking ကို Support လုပ်လာတယ်။ WindowsNT ကတော့ 32bit OS ဖြစ်လာတယ်။
Aug 24, 1995-2001 Windows 95
Wind95မှာတော့ Computer era ကိုကပြောင်းလာပြီ Fax/modems, e-mail, internet, multimedia games and educational software ခေတ်ကိုရောက်လာပြီ ဆိုတော့ 95 မှာလည်း Built-in Internet support, dial-up networking and new Plug and Play တွေ support လုပ်လာတယ်။
Jun 25, 1998 Windows 98, Windows 2000, Windows Me
Wind98 ကပထမဆုံး consumer PC တွေအတွက်သီးသန့် Design လုပ်ပြီးထုတ်လုပ်ခဲ့တာဖြစ်တယ် “Work Better, Play Better” လို့ 98 ကိုညွှန်းတယ်။ PC and Internet Information တွေကို ပိုပြီးလွယ်လွယ်ကူကူ ရှာဖွေလာနိုင်တယ် DVD discs and USB devices တွေကို support လုပ်လာတယ်။ Quick launch bar စပါလာတယ်။ အင်း95,98,2000,Me ကိုဂျူနီယာတွေတော့ မသိတော့ဘူးဗျ ခုနောက်ပိုင်းအဲ့စက်တွေ သိပ်မလာတော့ဘူးလေ ကိုယ်တွေတော့မှီလိုက်သေးတယ် မှီရုံလေးဘဲပေါ့ ကိုယ်တွေပြီးသိပ်မကြာဘူး အဲ့Windows တွေမတင်တော့ဘူး Hardware ကလည်း support မလုပ်နိုင်တော့ဘူးလေ PII, PIII တွေဆိုတော့ ပစ္စည်းမရှိတော့ဘူး (ဟီးကံကောင်းတာဗျ အဲ့ဒါတွေပြင်ရရင်တော်တော်အုံးစားတယ်)။ ခုခေတ်လိုမျိုး ဒီအတိုင်း Windows တန်းတင်လို့မရဘူး အရင် DOS ထဲကနေ ကော်ပီကူးထည့်ရတယ် တော်တော်ရှုပ်တဲ့ဟာ :)
WindMe ကတော့နောက်ဆုံး 95 code ကို Base လုပ်ပြီး အသုံးပြုခဲ့တဲ့ OS ဖြစ်တယ် Microsoft ကနောက်ပိုင်း OS တွေကို Windows NT နဲ့ Windows 2000 kernel မှာဘဲ အခြေခံတော့မယ်လို့ ကြေညာခဲ့တယ်။ WinMe ရဲ့နောက်နံမည်တစ်မျိုးကတော့ Million Error တဲ့ဗျ ကောင်းတာတွေလည်းရှိပေမယ့် မကြိုက်တဲ့သူတွေလည်း တော်တော်များခဲ့ပါတယ်။
Windows 2000 ကတော့ wireless device တွေ USB တွေ IEEE 1394 (Firewire) device တွေ interface device တွေကို Support လုပ်လာတယ်။ 2000 ဟာ 95, 98, WindNT တွေကို replace လုပ်ဖို့ထုတ်ခဲ့တာဖြစ်တယ်။
Oct 25, 2001-2005 WindowsXP
ဒါကတော့ တော်တော်များများသိပါလိမ့်မယ် WinXP ပါခုထိလည်းသုံးနေတုံးပေါ့ Microsoft က support မလုပ်တော့ပေမယ့် တော်တော်လေးသုံးနေကြတုံးပါဘဲ။ Windows XP မှာ Service PartI, II, III ဆိုပြီး Service Part ၃ခုထွက်ခဲ့တယ်။ နောက် Windows XP မှာ Family နဲ့ထွက်လာတယ်။ XP က 25 language support လုပ်တယ်။
Windows XP Professional
Windows XP Home Edition
Windows XP Media Center Edition
Windows XP Tablet PC Edition
Windows XP Starter Edition
Windows XP Professional x64 Edition
ဒီဘက်မှာအသုံးများ တာကတော့ Pro ဘဲဗျ။ Home ကတော့ ရိုးရှင်းပြီး လွယ်လွယ်ကူကူနဲ့ အိမ်သုံးအတွက် ထုတ်ထားတာဖြစ်တယ်။ Media player, Movie Maker, Network Setup Wizard တွေ Digital photo တွေပါလာတယ်။
Pro ကတော့တော်တော်စုံတယ်ဗျ အကောင်းဆုံးလို့လည်း ပြောရမယ် အစုံပါတယ် Security ပိုင်းတွေ Performance ပိုင်းတွေ Network ပိုင်းတွေ တော်တော်စုံတယ် အလကားရလို့လားတော့မသိဘူး ဒီဘက်မှာတော့ တော်တော်မသုံးများတယ်ဗျဟီး။
Media Center ကတော့ Multimedia တွေအတွက်အဓိက အသားပေးထားပါ။
Tablet PC ကတော့ Pen base တွေအတွက်ထုတ်ထားပါ အင်းပြောရရင် ခုWindows 8 ရဲ့ဘိုးအေလို့ပြောလို့ရမယ်ဗျ။
Pro64 ကတော့ရှင်းပါတယ် 64bit OS ကို support လုပ်လာတာဘဲဖြစ်တယ်။
2006-2008 Windows Vista
Design ကိုစ Change ထားတယ် feature အသစ်တွေ ပါလာတယ် 35 language support လုပ်တယ်။ စထွက်ကာစ ကတော်တော်ထင်ထားတာ သူလည်း error များတယ် သုံးရင်နဲ့မှသိသိလာတာ ကြာလေ Windows ကလေးလာလေဘဲဗျ UI ကြောင့်ရယ် စက်အတက်မှာ Run တာတွေများတာ ကြောင့်လည်းပါနိုင်တယ်။ သူလည်း Family နဲ့လာတယ်
Windows Vista Ultimate
Windows Vista Enterprise
Windows Vista Business
Windows Vista Home Premium
Windows Vista Home Basic
Windows Vista Starter
2009 Windows 7
တော်တော်ကောင်းတယ်ဗျာ ဟိုကောင်ကြီးကိုစိတ်ညစ်ခဲ့သမျှ ဒါနဲ့မှဘဲ အဆင်ပြေတော့တယ် ဒါကြောင့်တော်တော်နဲ့ Wind8 ကိုပြောင်းမသုံးချင်တာဗျ လူဆိုတာကလည်းခက်သား သူ့ဟာသူဘာတွေပို ကောင်းပါတယ် ပြောထားပြောထား သုံနေကြလေးအဆင်ပြေ နေရင်ဆက်သုံးနေတာဘဲလေ ဒါလေးဘဲကြိုက်တယ်ဆိုတာပေါ့ Changes ကိုသိပ်လက်မခံနိုင်ကြဘူးဗျ။ သုံးရတာ သွက်လာပြီ Networking ပိုင်းတွေ UI တွေ ပိုကောင်းလာတယ် Touch ကို support လုပ်လာတယ် feature အသစ်တွေထပ်ထည့်ထားတယ်။ သူ့ Family တွေကတော့
Windows 7 Ultimate
Windows 7 Enterprise
Windows 7 Professional
Windows 7 Home Premium
Windows 7 Home Basic
Windows 7 Starter
Starter ဆိုတာကတကယ်တော့ပြောရရင် ပါတယ်ဆိုရုံဘဲဗျ။ တချို့ Laptop တွေက Windows license ပါတယ်ဆိုပြီး Starter ပါလာရှိတယ် အဲ့ဒါဆိုရင်တော့ တခါတည်းသာ ပြန်တင်လိုက်ပါ သုံးလို့မကောင်းပါဘူး။ Aero လည်းမဖောက်ဘူး 32bit only ဘဲထွက်တယ်။ Desktop wallpaper တောင် change လို့မရဘူး။
Home Basic မှာတော့ Aero မဖောက်သေးဘူး activation မှာလည်း restraction တွေရှိသေးတယ်။
Home Premium မှာတော့ Windows Media Center တွေ Aero တွေ Multi-touch တွေကို support လုပ်လာတယ်။
Profession ကတော့ small business တွေအတွက်ရည်ရွယ်ပြီးထုတ် ခဲ့တယ် Home Premium ရဲ့ Feature တွေအကုန်ပါလာပြီ။ အသစ်တွေ အနေနဲ့တော့ Remote Desktop server, location aware printing, backup to a network location, Encrypting File System, Presentation Mode, Software Restriction Policies စတောတွေပါဝင်လာတယ်။
Enterprise ကတော့ Enterprise Level တွေအတွက် VL (Volume Licensing) နဲ့ထုတ်ခဲ့တာဖြစ်တယ် Multilingual User Interface (MUI), BitLocker Drive Encryption တွေပါဝင်လာပါတယ်။
Ultimate ဒီဘက်မှာအသုံးများတဲ့ Version ၁ခုပါ ကျွန်တော်လည်း တော်တော်ကြာ၂ သုံးခဲ့တာ တခုပါ။ Enterprise နဲ့ feature တွေအတူတူဘဲ မတူတခုက Enterprise လိုမဟုတ်ဘဲ သူက Individual license နဲ့လာတာဖြစ်တယ်။
2012 Windows 8
Windows 8 ကတော့ Windows 7 ထက်ပိုကောင်အောင်ထုတ်လုပ်ခဲ့ပြီး Windows ရဲ့ ခေတ်သစ်၁ခုကို ပြောင်းလည်းခဲ့တယ် Start Menu ကနေစပြီး change ထားတယ် onlie cloud system နဲ့ချိတ်ဆက်အသုံးပြုတာတွေလုပ်ထားပေမယ့် 7မှာမရှိခဲ့တဲ့ အားနည်းချက်တွေ feature အသစ်တွေထပ်ဖြည့်ထားတယ်။ Software Free Download ဆွဲလို့ရတဲ့ site တွေ၊ Mobile device တွေကိုလည်း support လုပ်လာတယ် အဓိကတော့ နံမည်ကျော်လာတဲ့ Android OS ကို ဖိုက်ဖို့ဖြစ်ပြီး တိုးတက်လာတဲ့ Mobile Market ကိုယှဉ်ပြိုင်ထိုးဖောက်ဖို့ ထုတ်လုပ်ခဲ့တာဖြစ်တယ်။ သူ့မှာ USB 3.0 ကို support လုပ်ပြီး Data transfer rate ကိုပိုမြှင့်ထားပေးတယ်။ 7 နဲ့မတူတဲ့အချက်က copy ကူးရာမှာ ခဏရပ်ခွင့်ကို တခြား copier software တွေသုံးစရာမလိုဘဲ Built-in မှာတင် support လုပ်လာတာဖြစ်တယ်။ Built-in Anti-Virus program လည်းပါလာတယ် တင်ပြီးတာနဲ့ ချက်ချင်း Update လုပ်ပြီး စက်ကို protect လုပ်လို့ရတယ်ဗျ။ နောက်အားသာ တာတွေလည်းအများကြီးဘဲ နောက်ပိုင်းမှာ ရေးပေးမှာပါ။ သူ့ရဲ့ ထွက်ခဲ့တဲ့ version family တွေကတော့
Windows 8 Developer Preview
Windows 8 Consumer Preview
Windows 8 Release Preview
Windows 8 Basic Preview
Windows 8 Pro (VL/N)
Windows 8 Enterprise (VL/N)
Developer Preview ဆိုတာကတော့ စထုတ်ခါစ အမြည်းပေါ့ဗျာ Developer တွေအတွက်ပါ ပြင်စရာတွေ ယိုကွက်တွေကို သူတို့ကထောက်ပြမယ် သုံးလို့အဆင်မပြေတာတွေပြောမယ် ဒါတွေကို ပြန်ပြင်ပြီးနောက်Version တွေထုတ်ဖို့ပါ။ ဖြစ်ချင်တေှာ့ကျွန်တော်တို့ကအဲ့ Version နဲ့တွေ့ခဲ့တာကိုး ဒါကြောင့်ဘာမှလည်း သိပ်မပါသေးဘူး နောက်သုံးရတာအဆင်မပြေတော့ အဲ့ထဲက အင်သွားတာခုမှဘဲ ကြိုက်တော့တယ်။
Consumer Preview ကတော့နည်းနည်း ပိုကောင်းလာတယ် Beta Version ဖြစ်လာတယ် Stable တော့မဖြစ်သေးဘူး။
Release Preview မှာတော့တော်တော်စုံလာပြီ Sport, Travel, News apps စတဲ့ Feature အသစ်တွေအပြင် Internet Explorer, Flash player တွေပါ Built-in အနေနဲ့ပါဝင်လာတယ်။
Basic Version ကတော့ Feature တွေအားလုံးနီးပါး ပါဝင်လာတယ် Windows Store, Internet Explorer 10 စတာတွေပါလာတယ်။
ဒီဘက်မှာ အခုအသုံများနေတာကတော့ Pro Version ဘဲဗျ Enterprise လည်းသုံးသေးတယ် အဲ သူတို့နောက်မှာပါတဲ VL နဲ့ N version က VL ဆိုတာက Volume License ကိုပြောတာ ဒါက၊ N ကတော့ Windows Media မပါတာပါ။ သူကအရင် Windows 7 Ultimate, Professional တွေနဲ့ အပြိုင်သုံးလို့ကောင်းလာတယ် Remote Desktop, Encrypting System, Hyper-V, Windows Server Domain စတဲ့ Feature အသစ်တွေထပ်ပါလာတယ်။
Enterprise Version ကတော့ Performance အရမ်းကောင်းပြီး Feature တွေအစုံပါဝင်လာပါတယ် အသစ်နေနဲ့ကတော့ Windows Media Center Add On ပါဝင်လာတယ် နောက်အအရင် Version တွေမှာဖြစ်ခဲ့တဲ့ Windows Error တော်တော်များများကို ပြန်လည်ပြုပြင်ထားတယ်။ Laptop, Notebook တွေအတွက် Battery သက်တမ်းပိုကြာအောင်လုပ်ထားတယ်။
ကဲရေးတာလည်းများသွားပြီ ဒီအပိုင်းကိုတော့ ဒီလောက်နဲ့ဘဲရပ်လိုက်ပါမယ် ဒီလောက်ဆိုရင် Microsoft ဖြစ်လာပုံ ခုသုံးနေတဲ့ Windows ရဲ့ အဆင့်ဆင့် ဖြစ်ပေါ်လာပုံကိုသိလောက်ပါပြီ။ နောက်ရက်တွေမှာ Prat II သူ့ရဲ့ Feature တွေကိုအသုံးပြုပုံကြောင်း Win7 နဲ့ကွားခြားချက်တွေကို ဆက်လက်တင်ပေးပါ့မယ်။
ခုရေးခဲ့တာတွေကို အောက်ပါစာအုပ်များ လင့်များမှ ကိုးကားပါတယ်။ ချို့ယွင်းချက်များရှိ ခဲ့ရင် ပြန်ဆိုသူကျွန်တော်ရဲ့ လိုအပ်ချက်သာဖြစ်ပါတယ်။ Windows 8 နဲ့ပတ်သက်ပြီး တော့ Youth ကစာအုပ်လေးထုတ် ထားပါတယ် ကောင်းပါတယ် သူ့အကြောင်းတွေ သုံးပုံတွေ တော်တော်လေးတော့ သိသွားနိုင်ပါတယ် ဈေးလည်း သိပ်မရှိဘူးဗျ ကျွန်တော်လည်း စတင်တင်ပြီးချင်း အပြင်သွားတုံး အဲ့စာအုပ်လေး တွေ့လို့ ၀ယ်ပြီးဖတ်ကြည့် တာကောင်းပါတယ် အခမဲ့ကြော်ငြာပေးနေပါသည် ကော်မရှင်လည်း ပေးဘူးဂျ :P။ ကဲအားလုံးကိုကျေးဇူးတင်ပါတယ်……………
Ref: Windows 8 -YOUTH
http://en.wikipedia.org/wiki/Microsoft_Windows
http://en.wikipedia.org/wiki/Windows_7_editions
http://en.wikipedia.org/wiki/Windows_8
http://en.wikipedia.org/wiki/Microsoft_Windows
Hidden Village
If you are willing to learn
There is nothing impossible