ITCARE Digital License

ITCARE Digital License Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ITCARE Digital License, Computer repair service, No. 173, 5Floor, Seikkentha Street (Middle), Kyaut Ta Da Tsp, Yangon.

သင့်လုပ်ငန်းအတွက် လိုအပ်တဲ့

✅ Windows License
✅ Microsoft Office License
✅ Antivirus License
✅ Gmail & Google Drive Storage
✅ CCTV & Networking Services
✅ Computer Service & Maintenance

တွေကို ရုံးအရောက် ပြုပြင်ဝန်ဆောင်မှု...

ညရေးညတာအတွက် နောက်ဆက်တွဲ ငလျင်‌တွေကို Alarm ပေးထားနိုင်ဖို့ အသုံးဝင်တဲ့ App လေးတခုကို ညွှန်းပေးချင်ပါတယ်။ဒီ App လေးထဲမှာ...
29/03/2025

ညရေးညတာအတွက် နောက်ဆက်တွဲ ငလျင်‌တွေကို Alarm ပေးထားနိုင်ဖို့ အသုံးဝင်တဲ့ App လေးတခုကို ညွှန်းပေးချင်ပါတယ်။

ဒီ App လေးထဲမှာဆိုရင်

✅ အချိန်နဲ့တပြေးညီ သတိပေးချက်တွေကို ကြည့်ရှုနိုင်မယ်။
✅ နေထိုင်ရာဒေသကို ရွေးချယ်ထားနိုင်တဲ့အပြင် သတ်မှတ် Area အတွင်းမှာ ငလျင်လှုပ်ခဲ့ရင်လည်း ကိုယ့်ကို အမြန်ဆုံး Alert လုပ်ပြီး အသိပေးနိုင်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ငလျင်မှတ်တမ်းတွေကို ကြည့်ရှုနိုင်တဲ့အပြင်ကိုမှ Magnitude အားပြင်းတဲ့ ငလျင်တွေ ဖြစ်ပေါ်လာခဲ့ရင် လည်း ချက်ချင်း Alarm မြည်မှာဖြစ်လို့ ညဘက်အိပ်ပျော်နေခဲ့ရင်တောင် ချက်ချင်းထပြီး ပြင်ဆင်ဖို့ အကူအညီပေးနိုင်မှာပါ။

မိမိနဲ့ မိမိချစ်ရသူတွေအတွက် ဒီ App လေးက အထောက်အကူတခု ဖြစ်ပါစေလို့မျှော်လင့်ရင်း အားလုံးပဲ အကောင်းဆုံးပြန်လည် တည်ဆောက်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

📲 ဒေါင်းလုဒ်ရယူရန်

👉 For iOS - https://apps.apple.com/us/app/my-earthquake-alerts-feed/id975709372

👉 For Android - https://play.google.com/store/apps/details?id=com.jrustonapps.myearthquakealerts

မှတ်ချက်။ ။ ငလျင်အတွက် တခြားအသုံးဝင်နိုင်သော App များ၊ Contact များကိုလည်း comment မှာ အချင်းချင်း မျှဝေပေးကြဖို့ မေတ္တာရပ်ခံ တောင်းဆို အပ်ပါသည်။

Adobe PageMaker ဟာ စာရွက်စာတမ်းတွေ၊ စာအုပ်တွေ၊ လက်ကမ်းစာစောင်တွေ၊ မဂ္ဂဇင်းတွေနဲ့ အခြားသော ပုံနှိပ်ထုတ်ဝေမှုဆိုင်ရာ ဒီဇို...
14/03/2025

Adobe PageMaker ဟာ စာရွက်စာတမ်းတွေ၊ စာအုပ်တွေ၊ လက်ကမ်းစာစောင်တွေ၊ မဂ္ဂဇင်းတွေနဲ့ အခြားသော ပုံနှိပ်ထုတ်ဝေမှုဆိုင်ရာ ဒီဇိုင်းတွေ လုပ်တဲ့နေရာမှာ အသုံးများတဲ့ desktop publishing software တစ်ခုဖြစ်ပါတယ်။

ဒီ software ဟာ လွယ်ကူပြီး ထိရောက်တဲ့ tools တွေကြောင့် ပုံနှိပ်ထုတ်ဝေသူတွေနဲ့ စာစီစာရိုက်ဆိုင်တွေကြားမှာ လူကြိုက်များပါတယ်။ အဲ့ဒါကြောင့် အခုအချိန်အထိ စာစီစာရိုက်ဆိုင်နဲ့ ပုံနှိပ်ထုတ်ဝေမှုဆိုင်ရာ လုပ်ငန်းတွေ တော်တော်များများမှာ အသုံးပြုနေကြတုန်းပါ။

PageMaker ရဲ့ အဓိက အားသာချက်များ
•••••••••••••••••••••••••
၁) လွယ်ကူသော စာသားနှင့် ပုံများ စီမံခန့်ခွဲမှု
PageMaker ဟာ စာသားနဲ့ ပုံတွေကို လွယ်ကူစွာ ထည့်သွင်းပြီး စီမံခန့်ခွဲနိုင်ပါတယ်။ စာသားတွေကို လှပစွာ ဖော်ပြဖို့ ဖောင့်အမျိုးမျိုးနဲ့ စာလုံးအရွယ်အစားတွေကို ရွေးချယ်နိုင်ပါတယ်။

၂) ပရော်ဖက်ရှင်နယ် ဒီဇိုင်းများ
••••••••••••••••••••••••
PageMaker မှာ ပါဝင်တဲ့ templates နဲ့ ဒီဇိုင်းကိရိယာတွေကို အသုံးပြုပြီး ပရော်ဖက်ရှင်နယ်ကျတဲ့ ဒီဇိုင်းတွေကို လွယ်ကူစွာ ဖန်တီးနိုင်ပါတယ်။

၃) ပုံနှိပ်ထုတ်ဝေမှုအတွက် အထူးပြုထားခြင်း
•••••••••••••••••••••••••
PageMaker ဟာ ပုံနှိပ်ထုတ်ဝေမှုအတွက် အထူးပြုထားတဲ့ software ဖြစ်တာကြောင့် ပုံနှိပ်မှုအရည်အသွေးကို သေချာစေပါတယ်။

၄) လွယ်ကူသော စာမျက်နှာစီမံခန့်ခွဲမှု
•••••••••••••••••••••••••
စာမျက်နှာတွေကို လွယ်ကူစွာ စီမံခန့်ခွဲနိုင်ပြီး စာမျက်နှာနံပါတ်တွေ၊ ခေါင်းစီးနဲ့ အောက်ခြေမှတ်စုတွေကို ထည့်သွင်းနိုင်ပါတယ်။

၅) ဘယ်သူတွေ အသုံးပြုကြတာများလဲ?
•••••••••••••••••••••••••
အခုအချိန်မှာတော့ စာနယ်ဇင်းလုပ်ငန်းတွေ၊ ပုံနှိပ်ထုတ်ဝေသူတွေနဲ့ စာစီစာရိုက်ဆိုင်တွေကြားမှာ အသုံးအများဆုံး ဖြစ်ပါတလ်။

💁‍♀️ အဲ့ဒါကြောင့်မို့လို့ အခုမှ လေ့လာနေတဲ့သူတွေအတွက် PageMaker သုံးတဲ့အခါမှာ အဆင်ပြေအောင်လို့ Shortcut Keys လေးတွေကို တင်ပေးလိုက်ပါတလ် …

အဓိက PageMaker သုံးတဲ့သူတွေနဲ့ အခုကစပီးတော့ လေ့လာနေတဲ့သူတွေကိုရည်ရွယ်ပြီး ပြောပြပေးထားတာဖြစ်ပါတလ် …

#ကွန်ပျူတာသုံးသူတိုင်းအဆင်ပြေစေဖို့

မိမိတို့ ကွန်ပျူတာမှာ HDD လား? SSD လား? ဆိုတာ သိရအောင်လို့ အလွယ်ကူဆုံး စစ်နည်း‌လေး ပြောပြပေးလိုက်ပါတလ်။ နည်းပညာပိုင်း သိ...
13/03/2025

မိမိတို့ ကွန်ပျူတာမှာ HDD လား? SSD လား? ဆိုတာ သိရအောင်လို့ အလွယ်ကူဆုံး စစ်နည်း‌လေး ပြောပြပေးလိုက်ပါတလ်။

နည်းပညာပိုင်း သိပ်မသိတဲ့သူ‌တွေကို ရည်ရွယ်ပီး‌တော့ အဆင့်ဆင့် ရှင်းပြထားပါတယ်။

1) အသံဖြင့် ခွဲခြားနည်း
•••••••••••••••••••••••••
✅ HDD : ကွန်ပျူတာဖွင့်လိုက်တဲ့အချိန် (သို့) ဖိုင်တစ်ခုခု ဖွင့်တဲ့အခါမှာ System Box ကနေပီးတော့ HDD Plate ပြား လည်တဲ့ အသံ ကြားရပါမယ်။
(Fan လည်သံလို့မျိုး မဟုတ်ပါဘူး)

✅ SSD : လုံးဝ အသံမထွက်ပါဘူး။

2) စက်ပွင့်တဲ့ အမြန်နှုန်း ကြည့်နည်း
•••••••••••••••••••••••••
✅ HDD : Windows တက်လာတဲ့အချိန်က အနည်းဆုံး ၃မိနစ်/ ၄မိနစ်ခန့် ကနေ တော်တော် ကြာမှ ပွင့်တတ်ပါတလ်။

✅ SSD : စက္ကန့်ပိုင်းအတွင်းမှာ Windows တက်လာပါမလ်။

3) Windows Setting ထဲမှ ကြည့်နည်း
•••••••••••••••••••••••••
1️⃣ Task Manager ကို ဖွင့်ပါ (ကီးဘုတ်မှ Ctrl + Shift + Esc နဲ့ အလွယ်ဆုံး ဖွင့်လို့ရပါတလ်)
2️⃣ Performance Tab ဆိုတာကို သွားပါမလ်။
3️⃣ ဘယ်ဘက်မှာရှိတဲ့ Disk 0 (သို့) Disk 1 ဆိုတာကို နှိပ်လိုက်ပါ။
4️⃣ ညာဘက်အပေါ်ဆုံးမှာ SSD (သို့) HDD လို့ ရေးထားတာ တွေ့ရပါလိမ့်မလ်။

#ဒါမှမဟုတ်

1️⃣ This PC/ My Computer ကို ဖွင့်လိုက်ပါ။
2️⃣ မိမိ Hard Disk (Partition တစ်ခုခု) ကို Right-Click နှိပ်ပီး Properties ရွေးလိုက်ပါ။
3️⃣ Hardware Tab ဆိုတာမှာ ဖိုင်အမည်ရဲ့ နောက်ပိုင်းနေရာမှာ SSD ပါရင် SSD ဖြစ်ပါတလ်

4) macOS Setting မှ ကြည့်နည်း
•••••••••••••••••••••••••
1️⃣ ဘယ်ဘက်အပေါ်ထောင့်က Apple Logo ကို နှိပ်လိုက်ပါ။
2️⃣ ပီးရင် About This Mac > Storage ဆိုတဲ့နေရာမှာ SSD လား? HDD လား? ဆိုတာ စစ်ကြည့်လို့ ရပါတလ်။

5) ပစ္စည်းကို ကြည့်ပီး လက်တွေ့စစ်ဆေးနည်း
•••••••••••••••••••••••••
✅ HDD : ထုထည် နည်းနည်း ထူးတဲ့ ပုံစံမျိုးနဲ့ အလေးချိန် နည်းနည်း လေးပါမလ်၊ လက်တစ်ဝါးစာထက် နည်းနည်းကြီးတလ်ဆိုရင် HDD ဖြစ်ပါတလ်။

✅ SSD : ပါးပီးတော့ သေးမလ်။ လက်ဝါး တစ်ဝက်စာလောက်ပဲ ရှိပါမလ်။

💁 အကယ်လို့ အပေါ်မှာ ပြောထားတဲ့ နည်းတွေနဲ့ စစ်ဖို့ အခက်အခဲ ရှိတလ်ဆိုရင် ITCARE Digital License Mesger, Viber & Whatsapp တွေကနေလည်း မေးလို့ ရပါပါတလ်။

💁 မိတ်ဆွေတို့မှာကော HDD/ SSD နဲ့ ပတ်သက်လို့ ဘယ်လို ပြဿနာမျိုး ကြုံဖူးလဲ? ဆိုတာ အပန်းမကြီးရင် comment မှ ပြောခဲ့ပေးပါအုန်း။

📝 မှတ်ချက်
•••••••••••
💁 SSD က HDD ထက် ဈေးပိုများပီး‌တော့ ကွန်ပျူတာ အသုံးတဲ့နေရာမှာတော့ Performance တော်တော် ကောင်းပါတလ်။

💁 အဲ့ဒါကြောင့် အခုနောက်ပိုင်း Laptop တွေများများမှာ SSD နဲ့ပဲ လာတော့တာ သတိထားမိကြမှာပါ။

နောက်နေ့တွေမှာလည်း....

✅ HDD vs SSD ကြားမှာ ဘာ‌ကွာခြားလဲ? ဆိုတာ သိထားသင့်တဲ့ အကြောင်းအရာ (၅) ချက်
✅ ဘယ်လိုအချိန်မှာ HDD နဲ့ သုံးသင့်ပီး ဘယ်လိုအချိန်မှာ SSD သုံးသင့်လဲ?
✅ ကိုယ့်အရေးကြီး ဒေတာတွေ မပျောက်အောင် ဘယ်လို သိမ်းရမလဲ?
✅ OneDrive, Google Drive, Dropbox စတဲ့ Cloud Storage နဲ့ ပတ်သက်တဲ့ အချက်များ..

စတဲ့ အကြောင်းတွေကို
ဆက်တင်ပေးမှာမလို့ လွတ်မသွားချင်ရင်

👉 𝗙𝗼𝗹𝗹𝗼𝘄 လုပ်ထားအုန်းနော်!
👉 𝗟𝗶𝗸𝗲 & 𝗦𝗵𝗮𝗿𝗲 လုပ်ပီး
မိတ်ဆွေတွေကိုလည်း သိအောင်လုပ်ပေးပါ!


#ဒီနည်းလေးသိရင်

➥ ရုံးသုံး/ ကျောင်းသုံး ဖို့အတွက်ပဲဖြစ်ဖြစ်၊ ➥ Video Editing & Rendering, Multitasking နဲ့ ➥ Gaming & Streaming သုံးဖို့...
12/03/2025

➥ ရုံးသုံး/ ကျောင်းသုံး ဖို့အတွက်ပဲဖြစ်ဖြစ်၊
➥ Video Editing & Rendering, Multitasking နဲ့
➥ Gaming & Streaming သုံးဖို့အတွက်
ဘယ် CPU က အသင့်တော်ဆုံးဖြစ်မလဲ? ဆိုတာ
သိချင်ရင် ဒီပို့စ်လေးက မိတ်ဆွေအတွက် အကျိုးရှိစေမှာပါ ..

𝗖𝗣𝗨 (𝗖𝗲𝗻𝘁𝗿𝗮𝗹 𝗣𝗿𝗼𝗰𝗲𝘀𝘀𝗶𝗻𝗴 𝗨𝗻𝗶𝘁) ဆိုတာ ဘာလဲ?
°°°°°°°°°°°°°°°°°°
CPU ဆိုတာက ကွန်ပျူတာတစ်လုံးရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုပါ။ ကျွန်တော်တို့ ကွန်ပျူတာမှာ အလုပ်လုပ်တဲ့အခါ မမြင်နိုင်တဲ့ တွက်ချက်မှုပေါင်းများစွာကို လုပ်ပေးတဲ့ ပစ္စည်း အစိတ်အပိုင်းတစ်ခု ဖြစ်ပါတလ်။

လွယ်လွယ်နားလည်အောင် ပြောရရင်
✓ CPU မကောင်းရင် ➜ စက်မတက်ဘူး၊
✓ CPU နိမ့်နေရင် ➜ သုံးရတာ လေး‌နေမလ်
✓ CPU မြင့်ရင် ➜ မြန်မြန် သုံးလို့ရမလ်။
လို့ မှတ်လို့ ရပါတလ်။

CPU တစ်ခု အလုပ်လုပ်ပုံမှာ အရေးကြီးတဲ့ အောက်က အချက် (၄) ချက်ကို သိထားဖို့ လိုပါမလ်။ အဲ့ဒါတွေကတော့ ...

𝟏) 𝐂𝐥𝐨𝐜𝐤 𝐒𝐩𝐞𝐞𝐝 (𝐆𝐇𝐳) ဆိုတာ
°°°°°°°°°°°°°°°°°°
➦ CPU ရဲ့ အမြန်နှုန်းကို တိုင်းတာပါ။
For example ➜ 3.2GHz Clock Speed ရှိတဲ့ CPU တစ်ခုဟာ တစ်စက္ကန့်အတွင်း 3.2 Billion Cycle တွေကို လုပ်ဆောင်နိုင်ပါတလ်။
➦ ယေဘူယျအားဖြင့် ပြောရရင် Clock Speed မြင့်လေ၊ CPU ပိုမြန်လေပါပဲ။

𝟐) 𝐂𝐨𝐫𝐞𝐬 ဆိုတာ
°°°°°°°°°°°
➦ CPU ထဲက သီးခြား လုပ်ဆောင်နိုင်တဲ့ "mini-CPU" တွေပါ။
➦ အရင်တုန်းက CPU တွေမှာ Core တစ်ခုပဲ ရှိပေမယ့် အခုနောက်ပိုင်း Single-core, Dual-core, Quad-core, Octa-core နဲ့ ဒီထက်ပိုတဲ့ core တွေတောင် ရှိလာနေပါပီ။
➦ Core အရေအတွက်များလေလေ တစ်ချိန်တည်းမှာ ပိုမိုများပြားတဲ့ tasks တွေကို လုပ်ဆောင်နိုင်လေပါပဲ ဖြစ်ပါတလ်။
➦ Video Editing & Rendering, Multitasking နဲ့ Gaming & Streaming တို့လို အလုပ်လုပ်တဲ့သူတွေက Core များတဲ့ CPU တွေကို သုံးသင့်ပါတလ်။

𝟑) 𝐓𝐡𝐫𝐞𝐚𝐝𝐬 ဆိုတာက
°°°°°°°°°°°°°°
➦ အလွယ်ဆုံးပြောရရင် " Program လေး " တစ်ခုပါပဲ။
➦ Core တစ်ခုမှာ Thread ၁ခု (သို့) အဲ့ထက်ပိုပီးလည်း ပါနိုင်ပါတလ်
➦ ပုံမှန်အားဖြင့်တော့ Core တစ်ခုမှာ Thread ၂ခု ပါလေ့ ရှိပါတလ်
➦ Core ၄ခု ပါတဲ့ CPU တစ်ခုမှာဆိုရင် Thread ၈ခု ရှိနိုင်ပါတလ်
➦ အဲ့ဒါကို "Hyperthreading" လို့ ခေါ်ပါတလ်
➦ Thread များလေလေ CPU ရဲ့ စွမ်းဆောင်ရည် ပိုကောင်းလေပါပဲ။

𝟒) 𝐂𝐚𝐜𝐡𝐞 ဆိုတာက
°°°°°°°°°°°
➦ ကွန်ပျူတာမှာ မကြာခဏ အသုံးပြုလေ့ရှိတဲ့ Data တွေကို ခဏတာ သိမ်းဆည်းထားတဲ့ နေရာလေးတစ်ခုပါ။
➦ အဲ့လို သိမ်းထားတာကြောင့် CPU က နောက်တစ်ခါ အဲ့ဒီ Data ကို လိုအပ်တဲ့အချိန်မှာ RAM ဆီကနေ ထပ်ယူစရာမလိုတော့ပဲနဲ့ Cache Memory ကနေ မြန်မြန် ပြန်ယူသုံးလို့ ရသွားပါတလ်။
L1, L2, နဲ့ L3 cache တွေဟာ CPU ထဲမှာရှိတဲ့ cache memory အမျိုးအစားတွေပါ။ သူတို့ရဲ့ အဓိက ကွာခြားချက်တွေကတော့ အမြန်နှုန်း၊ ပမာဏနဲ့ တည်နေရာတွေပဲဖြစ်ပါတယ်။

𝐋𝟏 𝐂𝐚𝐜𝐡𝐞
▔▔▔▔
➨ CPU core နဲ့ အနီးဆုံးနဲ့ အမြန်ဆုံး cache ဖြစ်ပါတယ်။
➨ အရွယ်အစား အသေးဆုံးပါ။ (ပုံမှန်အားဖြင့် KB လောက်ပဲ ရှိပါတလ်)
➨ အသုံးအများဆုံး ဒေတာတွေကို သိမ်းဆည်းထားပါတယ်။
➨ CPU Core က Data တွေကို အမြန်ဆုံး ရဖို့အတွက် အသုံးပြုပါတယ်။

𝐋𝟐 𝐂𝐚𝐜𝐡𝐞
▔▔▔▔
➨ L1 ထက် နှေးပေမယ့် RAM ထက် မြန်ပါတယ်။
➨ L1 ထက် အရွယ်အစား ပိုကြီးပါတယ်။ (ပုံမှန်အားဖြင့် MB ပမာဏ)
➨ L1 ထဲမှာ မရှိတဲ့ ဒေတာတွေကို သိမ်းဆည်းထားပါတယ်။
➨ L1 ထက် ပိုများပြားတဲ့ ဒေတာတွေကို သိမ်းဆည်းနိုင်တယ်။

𝐋𝟑 𝐂𝐚𝐜𝐡𝐞
▔▔▔▔
➨ L2 ထက် နှေးပေမယ့် RAM ထက် မြန်ပါတယ်။
➨ အရွယ်အစား အကြီးဆုံးပါ။ (ပုံမှန်အားဖြင့် MB ပမာဏ)
➨ CPU core အားလုံးက မျှဝေသုံးနိုင်ပါတယ်။
➨ Core အားလုံးလိုအပ်နိုင်သော ဒေတာများကိုသိမ်းထားပေးသည်။

အလွယ်ဆုံး မှတ်ထားလို့ ရတာက...
• L1 ⇝ အမြန်ဆုံး၊ အသေးဆုံး၊ Core နဲ့ အနီးဆုံး
• L2 ⇝ အလယ်အလတ် Speed ၊ အလယ်အလတ် Size
• L3 ⇝ အနှေးဆုံး၊ အကြီးဆုံး၊ Core အားလုံးက မျှဝေသုံးနိုင်
ဒီ Cache အဆင့်တွေဟာ CPU ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးဖို့အတွက် အရေးပါပါတယ်။ CPU က Data ကို Cache ထဲကနေ ရယူနိုင်လေ၊ RAM ကနေ ရယူတာထက် ပိုမြန်လေပါပဲ။

ဒီ ၄ မျိုးလုံးကို သိထားရင် CPU ရွေးတဲ့အခါ ပိုမိုလွယ်ကူပြီး သင့်တော်တဲ့ ရွေးချယ်မှုတွေ လုပ်နိုင်မှာပဲ ဖြစ်ပါတလ်.. 😊

နောက်နေ့တွေမှာလည်း....
✅ CPU ရွေးချယ်နည်း
✅ Gaming အတွက် အကောင်းဆုံး CPU
✅ Budget Friendly CPU တွေအကြောင်း
✅ ဘယ် CPU အမျိုးအစားက ဘယ်လိုသူမျိုး‌‌တွေအတွက် အသင့်တော်ဆုံးလဲ? စတဲ့ အကြောင်းတွေကို ဆက်တင်ပေးသွားမှာမလို့ လွတ်မသွားချင်ရင်
👉 𝗙𝗼𝗹𝗹𝗼𝘄 လုပ်ထားအုန်းနော်!
👉 𝗟𝗶𝗸𝗲 & 𝗦𝗵𝗮𝗿𝗲 လုပ်ပီး
မိတ်ဆွေတွေကိုလည်း သိအောင်လုပ်ပေးပါ!




Microsoft Office License တွေထဲကအသုံးများတဲ့ License တွေရဲ့ ကွာခြားချက်တွေနဲ့ ဘယ်လိုင်စင်က ဘယ်သူတွေ သုံးသင့်လဲဆိုတာ ရှင်း...
02/03/2025

Microsoft Office License တွေထဲက
အသုံးများတဲ့ License တွေရဲ့
ကွာခြားချက်တွေနဲ့ ဘယ်လိုင်စင်က ဘယ်သူတွေ သုံးသင့်လဲဆိုတာ ရှင်းပြပေးပါ့မလ်...

𝗠𝗶𝗰𝗿𝗼𝘀𝗼𝗳𝘁 𝟯𝟲𝟱 𝗣𝗲𝗿𝘀𝗼𝗻𝗮𝗹/ 𝗙𝗮𝗺𝗶𝗹𝘆
°°°°°°°°°°°°°°°°°°
✅ အသုံးများတဲ့သူတွေကတော့ ...
✓ ကိုယ့် Microsoft License ကို ကိုယ့် Email နဲ့ပဲ ချိတ်ထားပီး သုံးချင်တဲ့ သူတွေ
✓ Windows, macOS, iOS, Android (Smartphone & Tablet) စတဲ့ မတူတဲ့ Devices တွေမှာ ၅လုံးလောက်ထိ သုံးချင်တဲ့သူတွေ
✓ OneDrive 1TB Storage (မိမိတို့ ဖုန်းတွေ/ ကွန်ပျူတာ‌တွေက အရေးကြီး Data တွေကို မပျောက်အောင်လို့ One Drive မှာ သိမ်းထားချင်တဲ့သူတွေ)

✨ အားသာချက်တွေကတော့...
✓ Monthly/ Yearly Subscription ဝယ်ရုံနဲ့ Devices ၅လုံးအထိ အသုံးပြုနိုင်တလ်။
✓ OneDrive cloud storage (1TB) ပါဝင်တလ်
✓ အမြဲတမ်း Microsoft က update to date ပေးထားတဲ့ latest features တွေ သုံးလို့ရတလ်။
✓ Mobile & Tablet တွေမှာပါ အသုံးပြုနိုင်တလ်။

𝗠𝗶𝗰𝗿𝗼𝘀𝗼𝗳𝘁 𝟯𝟲𝟱 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀
°°°°°°°°°°°°°°°°°°
✅ ဝန်ထမ်း ဦးရေ အသင့်အတင့်ရှိတဲ့ SME ရုံးတွေ၊ ဝန်ထမ်းတွေ အချင်းချင်း Data/ Team နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို လုံခြုံစွာနဲ့ မျှဝေချင်တဲ့ ရုံးတွေ အသုံးများတလ်။

✨ အားသာချက်များ
✓ Team collaboration tools တွေပါလာမလ် (Teams, SharePoint)
✓ Business email နဲ့ calendar သုံးလို့ ရမလ်
✓ Advanced security features တွေပါမလ်
✓ Cloud storage ပိုများများ သုံးလို့ ရမလ်
✓ Device တွေကို management လုပ်နိုင်မလ်

𝗢𝗳𝗳𝗶𝗰𝗲 𝟮𝟬𝟮𝟭 (𝗢𝗻𝗲-𝘁𝗶𝗺𝗲 𝗽𝘂𝗿𝗰𝗵𝗮𝘀𝗲)
°°°°°°°°°°°°°°
✅ အသုံးပြုသင့်တဲ့သူများတွေကတော့...
✓ Word, Excel, PowerPoint, Outlook တို့လို Apps တွေကို လစဉ်ကြေး/ နှစ်စဉ်ကြေး ပေးပီးတော့ မဝယ်ချင်သူတွေ အဝယ်များတလ်..

✨ အားသာချက်များ
✓ တစ်ခါဝယ်ထားရုံနဲ့ အမြဲသုံးနိုင်မလ်
✓ Subscription fee ထပ်ပေးစရာမလိုဘူး။
✓ Basic Office features အားလုံး သုံးလို့ ရမယ်
✓ PC တစ်လုံးမှာ lifetime သုံးလို့ ရမလ်

𝗠𝗶𝗰𝗿𝗼𝘀𝗼𝗳𝘁 𝟯𝟲𝟱 𝗘𝗻𝘁𝗲𝗿𝗽𝗿𝗶𝘀𝗲 (𝗘𝟯/𝗘𝟱)
°°°°°°°°°°°°°°°°°
✅ အသုံးပြုသင့်တဲ့သူ‌တွေကတော့...
✓ ဝန်ထမ်းများတဲ့ ကုမ္ပဏီကြီးတွေ၊ အဖွဲ့အစည်းကြီးတွေမှာပဲ အသုံးများတလ်။

✨ အားသာချက်များ
✓ Enterprise-grade security ပါဝင်လာမလ်
✓ Advanced analytics tools များပါလာမလ်
✓ Unlimited cloud storage
✓ Advanced compliance features
✓ 24/7 phone and web support စတာလေးတွေ ပါ ရနိုင်မလ်။

👉 အခုပြောပြထားထဲကမှ ကိုယ့်ရဲ့ လိုအပ်ချက်နဲ့ budget ပေါ်မူတည်ပီး သင့်တော်တဲ့ License ကို ရွေးချယ် ဝယ်လို့ရပါတယ်။

👉 များသောအားဖြင့် Normal user တွေဆို Microsoft 365 Personal/ Family နဲ့ Microsoft Office 2016, 2019, 2021 တို့နဲ့ အဆင်ပြေဆုံးဖြစ်ပြီး၊ Company တွေဆိုရင်တော့ Microsoft 365 Business တို့လို Subscriptions တွေကို အသုံးများကြပါတယ်။

Microsoft Office License တွေ ဝယ်ချင်တာဆိုရင် အောက်က 👇👇👇 Link မှာ လေ့လာလို့ ရတလ်။

⚡ Microsoft 365 1YEAR Subscriptions
••••••••••••••••••••••••••
https://www.facebook.com/100063985723779/posts/828610379281812/

⚡ MS Office 2016/ 2019/ 2021 License
•••••••••••••••••••••••••••••
https://www.facebook.com/373934760132193/posts/1158018291723832/

Microsoft Office License တွေနဲ့ ပတ်သက်ပီးတော့ အသေးစိတ် သိချင်တယ်ဆိုရင် ကျနော်တို့ Msger ကနေ မေးလို့ ရပါတလ်။

📞 09 42 50 21 898
📞 099 620 29 536

Viber : 09 42 50 21 898
Whatsapp : 09 42502 1898

🏠 No.173, Seikkantha Condo, 5B, Seikkantha Street,Kyauktada Tsp, Yangon.
(ဓာတ်လှေကားတွင် ၅ကို နှိပ်ပါ)





#တစ်သက်တာ


🔥🔥 ကွန်ပျူတာ သုံးရတာ နှေးနေပီလား?အဲ့ဒါဆိုရင်တော့ Task Manager နဲ့ ဘယ်အပိုင်းကြောင့်လဲဆိုတာ အခုလိုမျိုး စစ်လို့ ရပါတလ်..❌...
01/03/2025

🔥🔥 ကွန်ပျူတာ သုံးရတာ နှေးနေပီလား?

အဲ့ဒါဆိုရင်တော့ Task Manager နဲ့ ဘယ်အပိုင်းကြောင့်လဲဆိုတာ အခုလိုမျိုး စစ်လို့ ရပါတလ်..

❌ ကွန်ပျူတာကို သုံးနေတုန်း ရုတ်တရက် ကြောင်တောင်တောင်ဖြစ်သွားလား?

❌ တစ်ခုခုရိုက်နေတုန်း လေးသွားပီး ဘာမှ ဆက်ရိုက်လို့ မရတော့တာလား?

ဒါဆို ... စိတ်မပူပါနဲ့!Task Manager နဲ့ ဘယ် အစိတ်အပိုင်း ပြဿနာ ဖြစ်လဲဆိုတာ စစ်ကြည့်လိုက်ပါ..

⚡️Task Manager နဲ့ ဘယ်လိုစစ်မလဲ? ⚡️

1️⃣ (Ctrl+Alt+Delete) ကို တစ်ပြိုင်တည်း နှိပ်ပီး Task Manager ကို ရွေးလိုက်ပါ (သို့) (Ctrl+Shift+Esc) တိုက်ရိုက်နှိပ်ပီးလဲ သွားလို့ ရပါတလ်။

2️⃣ **Performance Tab** မှာ ကွန်ပျူတာရဲ့ နှလုံးခုန်နှုန်းကို စစ်ကြည့်လိုက်ပါ:
- CPU: 80% အထက်ဆို CPU တော်တော်အလုပ်လုပ်နေရပီ 🔥
- Memory: RAM ကကော ပြည့်နေပီလား?
- Disk: 100% ဆို Hard Disk ငိုနေပီပေါ့ 😭
- Network: Internet Usages ကိုလည်း တွေရ

3️⃣ **Processes Tab** မှာ ဘယ်ဟာက သင့်စက်ကို စားနေလဲ စစ်ကြည့်လိုက်ပါ! မလိုအပ်တဲ့ Process ကို Right Click ထောက်ပီး "End Task" နဲ့ ရှင်းလိုက်ပါ ✂️

4️⃣ **Startup Tab** မှာ စက်စဖွင့်တာနဲ့ ဘာတွေအလိုလိုပွင်‌နေလဲ? ဆိုတာ စစ်ပီး မလိုတာတွေကို Disable လုပ်လိုက်ပါ။

💡 **Pro Tip:**
- ကွန်ပျူတာကို ပုံမှန် Restart လုပ်ပေးခြင်း
- Disk Cleanup လုပ်ခြင်း,
- Disk Defragment လုပ်ခြင်း
- Temporary files တွေကို ရှင်းပေးခြင်း
စ‌တာတွေက စက်ကို ပုံမှန်ထက် ပိုပီးတော့
သုံးရတာ မြန်စေပါတလ်။

ဒီနည်းလမ်းလေးတွေနဲ့ ကိုယ့်ကွန်ပျူတာကို ပြောင်းလဲသွားစေပါလိမ့်မလ်!

💁 အခုကော ကိုယ့်စက်ကို ဘယ်လို ပြုစု‌လေ့ရှိလဲ? ဆိုတာ Comment ထဲမှာ မျှဝေပေးကြပါဦး 👇



#ကွန်ပျူတာသုံးသူတိုင်းအဆင်ပြေစေဖို့

🚨 သင့်ကွန်ပျူတာ လုံခြုံဖို့ မဖြစ်မနေ သိထားရမယ့် အချက်များ #ဗိုင်းရပ်စ်ဆိုတာဘာလဲ?ကွန်ပျူတာ ဗိုင်းရပ်စ်ဆိုတာ သင့်စက်ထဲကို ...
02/01/2025

🚨 သင့်ကွန်ပျူတာ လုံခြုံဖို့ မဖြစ်မနေ သိထားရမယ့် အချက်များ

#ဗိုင်းရပ်စ်ဆိုတာဘာလဲ?
ကွန်ပျူတာ ဗိုင်းရပ်စ်ဆိုတာ သင့်စက်ထဲကို ခိုးဝင်ပြီး ပျက်စီးစေတဲ့ မလိုလားအပ်တဲ့ ဆော့ဖ်ဝဲလ်တွေ ဖြစ်ပါတယ်။ ဒီလို မလိုလားအပ်တဲ့ ပရိုဂရမ်တွေက သင့်ရဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို ခိုးယူခြင်း၊ ဖျက်ဆီးခြင်းတွေ ပြုလုပ်နိုင်ပါတယ်

Virus ကူးစက်နိုင်တဲ့ နည်းလမ်းတွေ
°°°°°°°°°°°°°°°°°°°°°°°
❌ မသိတဲ့ Website ကနေ Download လုပ်တာ
❌ Email attachment တွေကနေ ၀င်လာတာ
❌ USB Stick တွေကနေ ကူးစက်လာတာ
❌ Crack Software တွေကြောင့် ဝင်လာတာ

⚠️ Crack Software တွေကြောင့်
ဖြစ်လာနိုင်တဲ့ ဆိုးကျိုးများ
°°°°°°°°°°°°°°°°°°°°°°
❌ Bank Account တွေ ခိုးခံရနိုင်တလ်။
❌ Facebook, Email တွေ hack ခံရနိုင်တလ်။
❌ Windows System ကို ပျက်စီးစေနိုင်တလ်။
❌ အရေးကြီး Data တွေ ဆုံးရှုံးနိုင်တလ်။
❌ ကွန်ပျူတာအလုပ်လုပ်တာကို နှေးသွားစေနိုင်တလ်။

ကွန်ပျူတာမှာ Virus ဝင်နေပီဆိုရင်
°°°°°°°°°°°°°°°°°°°°°°°°
❌ ကွန်ပျူတာသုံးရတာ ရုတ်တရက် ‌လေးလာမလ်
❌ သိမ်းထားတဲ့ ဖိုင်တွေ အလိုလို ပျောက်‌နေမလ်
❌ မဖွင့်ပဲနဲ့ Program တွေ အလိုလို ပွင့်နေမလ်
❌ Pop-up ads တွေ ခဏခဏ ပေါ်နေမယ်

ဒီအချက်တွေဖြစ်နေပီဆိုရင် သင့်ကွန်ပျူတာမှာ Virus ဝင်နိုင်ခြေ 75% လောက် ရှိနေပါပီ။

ဘယ်လိုကာကွယ်မလဲ?
°°°°°°°°°°°°°°°
✅ Antivirus Software ထည့်ထားပါ
✅ Windows Update ကို အမြဲ လုပ်‌ပေးပါ

(ဘာလို့ Windows Update လုပ်သင့်တာလဲ သိချင်ရင် 👇👇comment မှာ လို့ noti ထားခဲ့ပေးပါ)

✅ မသိတဲ့ Link တွေကို မနှိပ်ပါနဲ့
✅ Download ဆွဲထားတာတွေကို Scan မလုပ်ပဲ မဖွင့်ပါနဲ့
✅ Software တွေကို Official Website တွေကနေပဲ Download လုပ်ပါ

💰 ပိုက်ဆံကုန်သွားတလ်လို့ ထင်ရပေမယ့် Data Privacy ပိုင်းတွေ/ အလုပ်တွင်ကျယ်မှုပိုင်းတွေကို စဉ်းစားရင် License Software တွေကို အသုံးပြုပါ။

ဥပမာ
•••••••
💁 Microsoft Office License
💁 Windows License
💁 Antivirus License

🤔🤔 ဘာကြောင့် License Software
ဝယ်သုံးသင့်တာလဲ?
°°°°°°°°°°°°°°°°°°°°°
ဥပမာလေး တစ်ခုနဲ့ ပြောပြပါမလ်...

နေ့လည်စာ စားတလ် ဆိုကြပါစို့။
စျေးများတလ် ဆိုပေမယ့် သန့်ရှင်းတဲ့ဆိုင်က ဝယ်စားမှာလား? ဘယ်ကမှန်းမသိတဲ့ ဆိုင်က စျေးချိုချိုနဲ့ ဝယ်စားမှာလား?

Software ဆိုတာကလည်း ဒီလိုပါပဲ။
လိုင်စင်နဲ့ မဟုတ်တဲ့ Crack Software တွေက စျေးသက်သာတလ် ဆိုပေမယ့် ကိုယ့်ကွန်ပျူတာထဲက အရေးကြီးတဲ့ အချက်အလက်တွေကို ခိုးယူခံရ/ ဖျက်ခံ ရနိုင်ပါတလ်...

⚠️ Crack သွင်းတိုင်း ဖြစ်မလ်လိုလဲ မပြောပါဘူး၊ ဒါပေမယ့် မဖြစ်ဘူးလို့လဲ ဘာ အာမခံချက်မှလဲ ရှိမနေပြန်ပါဘူး...

လိုင်စင် Software သုံးခြင်းရဲ့ အားသာချက်များ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
👉 ဝယ်ယူတဲ့ လိုင်စင်အမျိုးအစားပေါ်မူတည်ပီး ခဏခဏ ပြန် Activate လုပ်ရန် မလိုခြင်း
👉 ဝယ်ယူတဲ့ ဆိုင်/ Website တွေကနေပီးတော့ တရား၀င် အကူအညီ ရရှိနိုင်ခြင်း
👉 နောက်ဆုံးထွက်သမျှ Feature အားလုံး Update လုပ်နိုင်ခြင်း
👉 Crack Software မဟုတ်သောကြောင့် Virus ဝင်နိုင်ခြေ အလွန်နည်းခြင်း။

အဲ့ဒါကြောင့်မို့လို့ နည်းလမ်းမှန်တွေ လိုက်နာပြီး၊ သတိရှိရှိသုံးစွဲရင် ဘာပြဿနာမှ မကြုံခင်မှာ ကြိုတင်ကာကွယ်ထားသင့်ပါတလ်။

ပြဿနာတက်မှ ဖြေရှင်းတာထက် မဖြစ်ခင်ကတည်းက အခုလို အချက်တွေကို သတိထားတာက သင့်ရဲ့ ကွန်ပျုတာကို ပိုပီး လုံခြုံစိတ်ချရမှာပဲ ဖြစ်ပါတလ်။

Microsoft Office,Windows အတွက် Lifetime License ဝယ်ချင်တလ်ဆိုရင် 👇👇👇
https://www.facebook.com/373934760132193/posts/1158018291723832/

ကိုယ့် Gmail, Email နဲ့ ရတဲ့ Microsoft 365 Subscription ကို လိုချင်တာဆိုရင် 👇👇👇
https://www.facebook.com/100063985723779/posts/828610379281812/

ကွန်ပျူတာပျက်လို့ ပြင်ချင်တာဆိုရင် 👇👇👇
https://www.facebook.com/373934760132193/posts/777253776466954/

အရေးကြီး Data တွေ ‌ပျက်ကုန်/ ပျောက်ကုန်လို့ ပြန်လိုချင်တဲ့ သူတွေက 👇👇👇
https://www.facebook.com/373934760132193/posts/764133361112329/

မှတ်ချက်: ဒီ Post လေးကို Share ပေးခြင်းအားဖြင့် တခြားသူတွေကိုလည်း အသိပညာပေးရာရောက်ပါတယ်။ 🙏


03/11/2024

ကွန်ပျူတာ အသစ်ဝယ်လို့ပဲ ဖြစ်ဖြစ်
အခုရှိတဲ့ ကွန်ပျူတာမှာပဲ
CPU, Memory, HDD, Graphic တွေက
ဘာအမျိုးတွေလဲဆိုတာကို
ဘာ Software မှ မလိုပဲ
အလွယ်ကူဆုံး ဘယ်လိုစစ်ရမလဲ❓

💁 ဒါနဲ့ ကိုယ် ကွန်ပျူတာတွေမှာ ရှိတဲ့ Specification တွေကို comment မှာ
ပြောထားပေးခဲ့ပေးမလ်ဆိုရင်
ဘာတွေတော့ ထပ်တိုးသင့်နေပီ၊
ဘယ်လောက်လောက် ကုန်ကျနိုင်တလ်ဆိုတာ
ပြန်ပီးတော့ အကြံပြုပေးပါ့မလ်။
(တိုးတာမတိုးကတော့ ကိုယ့်သဘောပေါ့နော် 😉)

#ကွန်ပျူတာသုံးသူတိုင်းအဆင်ပြေစေဖို့


#𝗜𝗧𝗖𝗔𝗥𝗘
#𝗖𝗖𝗧𝗩 #𝗣𝗔𝗕𝗫

မိမိတို့ ကွန်ပျူတာထဲက မလိုတဲ့ Temporary files တွေကို ဘယ်လိုရှင်းပစ်ရမလဲ❓😉😉😉  ဒါနဲ့ နောက်နေ့ကျရင် Disk Defragment လုပ်ပုံ...
29/09/2024

မိမိတို့ ကွန်ပျူတာထဲက
မလိုတဲ့ Temporary files တွေကို
ဘယ်လိုရှင်းပစ်ရမလဲ❓

😉😉😉 ဒါနဲ့ နောက်နေ့ကျရင်
Disk Defragment လုပ်ပုံလုပ်နည်းလေး
တင်ပေးဖို့ ရှိပါတလ်။
စိတ်ဝင်စားတလ်ဆိုရင်
လို့ noti ထားခဲ့ကြအုန်းနော်....

အခု‌ပြောပြပေးထားတာမှာကတော့
ကွန်ပျူတာမှာ ရှိတဲ့
ွေကိုမထိခိုက်စေပဲနဲ့
မလိုအပ်တဲ့ Temporary files တွေကို
Windows မှာ Default ပါပီးသား
Disk Cleanup Program နဲ့
ရှင်းပုံရှင်းနည်းလေး ဖြစ်ပါတလ်...

🤔🤔 ဘယ်လိုဖိုင်တွေကို ရှင်းလို့ ရလဲဆိုတော့

1️⃣ အင်တာနက်သုံးတဲ့အခါ Temporary files အနေနဲ့ ကျန်တဲ့ဖိုင်တွေ

2️⃣ Windows Update လုပ်တုန်းက Download ဆွဲထားတဲ့ဖိုင်တွေ

3️⃣ Windows Update Install လုပ်ပီး ကျန်ရှိနေတဲ့ Windows.Old Files တွေ

4️⃣ တစ်ခြားတစ်ခြားသော Temporary Files တွေ

စတာတွေကို ရှင်းထုတ်ပစ်လို့ ရပါတလ်။

💁 ရှင်းပုံရှင်းနည်းလေးကိုတော့
အောက်က ပုံ‌လေးတွေမှာ
အသေးစိတ် ပြောပြပေးထားတာမို့
လေ့လာကြည့်လိုက်တော့နော်...

ဗိုလ်တစ်ထောင်မြို့နယ်မှာရှိတဲ့HAS Management Co., Ltd, အတွက် ✅ Windows 11 Pro License✅ Microsoft Office 2019 Home & Busi...
19/09/2024

ဗိုလ်တစ်ထောင်မြို့နယ်မှာရှိတဲ့
HAS Management Co., Ltd, အတွက်

✅ Windows 11 Pro License
✅ Microsoft Office 2019 Home & Business for macOS (Bind with Gmail)
✅ Microsoft Office 2019 License
✅ Kaspersky Plus 1 Year License နဲ့
✅ Network Printer Sharing လေးတွေကို

ရုံးအရောက် နေချင်းပီး
ဝန်ဆောင်မှုပေးခဲ့တာလေးပါ...

အခုလိုမျိုး ယုံကြည့်စိတ်ချစွာနဲ့
အားပေးခဲ့တဲ့
HAS မှ Ma Mie Mie အား
အထူးပဲ ကျေးဇူးတင်ရှိပါတလ်ခင်ဗျာ..

💁 Computer, Network, CCTV,
License ပြဿနာတွေနဲ့ ပတ်သက်လို့
အသေးစိတ် သိချင်တယ်ဆိုရင်
Itcare Digital License ရဲ့
Page Messenger ကနေဖြစ်ဖြစ်

📞 09 42 50 21 898
📞 099 620 29 536

ဒီဖုန်းနံပါတ်တွေကနေဖြစ်ဖြစ်
သိချင်တာ အားလုံး မေးလို့ ရပါတလ်...





#တစ်သက်တာ


အလုံ ဆင်မင်းဈေးနားမှာရှိတဲ့ Customer တစ်ဦးအတွက် ✅ Windows 10 Pro License ✅ Microsoft 365 Installation✅ Standard Software...
19/09/2024

အလုံ ဆင်မင်းဈေးနားမှာရှိတဲ့
Customer တစ်ဦးအတွက်

✅ Windows 10 Pro License
✅ Microsoft 365 Installation
✅ Standard Software Installation

လေးတွေကို အိမ်အရောက် နေချင်းပီး
ဝန်ဆောင်မှုပေးခဲ့တာလေးပါ...

အခုလိုမျိုး ယုံကြည့်စိတ်ချစွာနဲ့
အားပေးခဲ့တဲ့အတွက်
အထူးပဲ ကျေးဇူးတင်ရှိပါတလ်ခင်ဗျာ..

💁 Computer, Network, CCTV,
License ပြဿနာတွေနဲ့ ပတ်သက်လို့
အသေးစိတ် သိချင်တယ်ဆိုရင်
Itcare Digital License ရဲ့
Page Messenger ကနေဖြစ်ဖြစ်

📞 09 42 50 21 898
📞 099 620 29 536

ဒီဖုန်းနံပါတ်တွေကနေဖြစ်ဖြစ်
သိချင်တာ အားလုံး မေးလို့ ရပါတလ်...





#တစ်သက်တာ


Address

No. 173, 5Floor, Seikkentha Street (Middle), Kyaut Ta Da Tsp
Yangon

Opening Hours

Monday 07:30 - 23:00
Tuesday 07:30 - 23:00
Wednesday 07:30 - 23:00
Thursday 07:30 - 23:00
Friday 07:30 - 23:00
Saturday 07:30 - 23:00
Sunday 07:30 - 23:00

Telephone

+959425021898

Website

Alerts

Be the first to know and let us send you an email when ITCARE Digital License posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ITCARE Digital License:

Share