Future Success Design & Japanese Language Center

Future Success Design & Japanese Language Center အာမခံဖြင့်သင်ပေးသော မြန်မာနိုင်ငံ၏ပထမဦးဆုံးနှင့် အကောင်းဆုံး ဂျပန်စာသင်တန်းကျောင်း

13/01/2025

ဒေသအရပ်ရပ်ကမြန်မာတွေအဆင်ပြေကြပါစေ။


12/01/2025
 #အခွင့်အလမ်းတွေပြန်ပွင့်လာမယ့်နှစ်ကျွန်တော်တို့ အနာဂတ်တွေ ပျောက်ဆုံးသွားတာဟာ ၄ နှစ်နီးပါးပြည့်တော့မယ်နော်။ ဒါပေမယ့် 202...
03/01/2025

#အခွင့်အလမ်းတွေပြန်ပွင့်လာမယ့်နှစ်

ကျွန်တော်တို့ အနာဂတ်တွေ ပျောက်ဆုံးသွားတာဟာ ၄ နှစ်နီးပါးပြည့်တော့မယ်နော်။ ဒါပေမယ့် 2025 ခုနှစ်ဟာ အခွင့်အလမ်းတွေ ပြန်ပွင့်လာမယ့်နှစ်တစ်နှစ် ဖြစ်လာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီနှစ်ဟာ လူကြီးမင်းတို့ သိသလို အပြောင်းအလဲတွေရှိတဲ့ နှစ်တစ်နှစ် ဖြစ်လာမယ်ဆိုတာသေချာနေတဲ့အတွက်ပါပဲ။

အခွင့်အရေးပေါ်လာတဲ့အခါ မိမိရရ ရယူနိုင်ဖို့ ဒီအချက်လေးတွေကို ယခုကစပြင်ဆင်ထားကြပါနော်။

1. ကျန်းမာရေးကို အထူးဂရုစိုက်မယ်။
2. ဂျပန်ဘာသာစကားကို ဆက်လက်လေ့လာပြီး ကျွမ်းကျင်မှု မြှင့်တင်မယ်။
3. တတ်နိုင်သလောက် ငွေကြေးစုဆောင်းထားကြမယ်။

ပထမအချက်နဲ့ ဒုတိယအချက်တွေက အားထုတ်လုပ်ဆောင်ရင် ဖြစ်နိုင်ပါတယ်။ သို့ပေမယ့် တတိယအချက်မှာတော့ အခက်အခဲနည်းနည်းရှိနိုင်တာကို နားလည်ပါတယ်။ သို့သော် “၀” ထက် “၁” ကပိုကောင်းတာမို့ အတတ်နိုင်ဆုံး ကြိုးစားဖို့ တိုက်တွန်းလိုပါတယ်။

ထို့အပြင် ကျွန်တော်တို့ သင်တန်းကျောင်းအနေနဲ့ 2025 ခုနှစ်မှာ ဂျပန်နိုင်ငံအတွင်း ကျောင်းတက်ချင်သူများကို ခေါ်ယူဖို့ ကြိုးပမ်း‌နေပြီဖြစ်ပါတယ်။ ဒီအချိန်မှာ ဂျပန်ဘာသာစကား ကျွမ်းကျင်မှုဟာ အရေးကြီးပြီး တကယ်လည်းအကျိုးရှိတာမို့ ယခုအချိန်မှ စတင်ပြီး ပြန်လည်လေ့လာမှတ်သားကြဖို့ တိုက်တွန်းလိုပါတယ်။

ကျွန်တော်တို့အနာဂတ်ကို ကျွန်‌တော်ကိုယ်တိုင် ကြိုးစား ဖန်တီးလိုက်ကြရအောင်!


Looking for a Senior iOS Engineer position (M/F)Location - Yangon OfficeSalary - depends on your skill■ FacilitiesWorkin...
24/01/2023

Looking for a Senior iOS Engineer position (M/F)
Location - Yangon Office
Salary - depends on your skill

■ Facilities
Working Days: Monday ~ Friday
Working Hours: 8:00 AM ~ 5:00 PM
Location: Yangon (Kyauktada Township)

■ Other Benefit
Transportation Allowance
Hostel Fees Allowance
Language Allowance (Japanese, English)

စိတ်ဝင်စားတယ်ဆိုရင် အောက်ကမေးလ်ကနေအလုပ်လျှောက်ထားနိုင်ပါတယ်..
[email protected]

မင်္ဂလာပါရှင်အားလုံးမျှော်လင့်နေတဲ့ JLPT စာမေးပွဲ ဒီဇင်ဘာ မှာ ကျင်းပမယ်ဖြစ်ကြောင်းအသိပေးပါတယ်ရှင်၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (...
13/08/2021

မင်္ဂလာပါရှင်
အားလုံးမျှော်လင့်နေတဲ့ JLPT စာမေးပွဲ ဒီဇင်ဘာ မှာ ကျင်းပမယ်ဖြစ်ကြောင်းအသိပေးပါတယ်ရှင်
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၅)ရက်နေ့(တနင်္ဂနွေနေ့) တွင် ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ (JLPT) အား အောက်ဖော်ပြပါအတိုင်း ရန်ကုန်နှင့် မန္တလေးတို့တွင် ကျင်းပမည်ဖြစ်ပါသည်။

※ Covid-19 ရောဂါဖြစ်ပွားမှု မြင့်တက်နေချိန်ဖြစ်ပါသောကြောင့် ဖြေဆိုသူဦးရေ အနည်းငယ်ဖြင့် N3 နှင့် N4 ကိုသာ ကျင်းပပြုလုပ်သွားနိုင်မည်ဖြစ်ပြီး၊ လူအချင်းချင်းထိတွေ့မှု မရှိစေရန် အွန်လိုင်းမှသာ လျှောက်လွှာများကို လက်ခံသွားမည် ဖြစ်ကြောင်းဦးစွာ အသိပေးအပ်ပါသည်။ အခက်အခဲများအကြားတွင် ကျင်းပပြုလုပ်ရန် စီစဉ်ရသည် ဖြစ်ပါသောကြောင့် အပြောင်းအလဲများအပေါ် နားလည်သဘောပေါက် လက်ခံပေးပါရန်နှင့် အလုပ်အကိုင်အတွက်စသည့် စာမေးပွဲအောင်မြင်ရန် လိုအပ်ချက် ရှိသူများသာ လျှောက်ထားကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

စာမေးပွဲဝင်ရောက် ဖြေဆိုမည့်သူများမှာ အောက်ပါ အချက်အလက်များကိုလေ့လာပြီး လျှောက်ထား နိုင်ပါသည်။

၁။ စာမေးပွဲကျင်းပမည့်နေ့ရက်
ဒီဇင်ဘာလ ၅ရက်နေ့ (တနင်္ဂနွေနေ့)

၂။ ကျင်းပမည့် စာမေးပွဲအဆင့်၊ နေရာနှင့် အရေအတွက်
ကျင်းပမည့် စာမေးပွဲအဆင့် - N4 နှင့် N3
ရန်ကုန်မြို့ - N4 ၁၅၀၀ ဦး၊ N3 ၅၀၀ ဦး
မန္တလေးမြို့- N4 ၆၀၀ ဦး၊ N3 ၁၀၀ ဦး

၃။ စာမေးပွဲကြေး
စာမေးပွဲကြေး (N4, N3) - ၄၀,၀၀၀ကျပ်
လျှောက်လွှာကြေး - ၄,၀၀၀ကျပ်
စုစုပေါင်း - ၄၄,၀၀၀ကျပ်

Covid-19 ရောဂါကူးစက်မှု ကာကွယ်ရေးအစီအစဉ်များနှင့် အညီကျင်းပရသည် ဖြစ်ပါသောကြောင့် စာမေးပွဲကြေးများကို ပြောင်းလဲသတ်မှတ်ရသည် ကို နားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။ Covid-19 ရောဂါကူးစက်မှုအခြေအနေနှင့် အခြားသော အကြောင်းအရင်းများကြောင့် စာမေးပွဲပြုလုပ်ကျင်းပနိုင်ခြင်း မရှိပါက စာမေးပွဲကြေးအား ပြန်လည် ပေးအပ်သွားမည် ဖြစ်သော်လည်း၊ လျှောက်လွှာကြေးအား ပြန်လည်ထုတ်ပေးမည် မဟုတ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။ လျှောက်လွှာကြေးသည် လျှောက်လွှာလက်ခံစီစဉ်ဆောင်ရွက်ခြင်းအတွက် ကုန်ကျသောစရိတ် ဖြစ်ပါသည်။

၄။ စာမေးပွဲဖြေဆိုခွင့် လျှောက်ထားနည်း

Online မှ တဆင့် လျှောက်ထားရမည် ဖြစ်ပြီး၊ စတင်လျှောက်ထားနိုင်သည့် သြဂုတ်လ (၂၀) ရက်နေ့ တွင် URL Address နှင့် လျှောက်ထားခြင်းလမ်းညွှန်ကို ကြေငြာသွားမည် ဖြစ်ပါသည်။ လျှောက်လွှာများ တပြိုင်နက်တည်း ပေးပို့ခြင်းကြောင့် System Error ဖြစ်ပေါ်ခြင်းကို ကာကွယ်ရန် ကြိုတင်ကြေငြာပေးနိုင်ခြင်း မရှိမှုအား နားလည်သဘောပေါက် ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

လျှောက်လွှာတင်ရန် အောက်ဖော်ပြပါ စာမေးပွဲလမ်းညွှန်အား ဖတ်ရှုပြီး၊ Application Form အတွက် လိုအပ်သည့် အချက်အလက်များကို ပြင်ဆင်ထားရန်နှင့် လျှောက်လွှာပြင်ဆင်ရာတွင် ကွန်ပျူတာအသုံးပြုရန် လိုအပ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

● ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲလမ်းညွှန်
“How to Fill in the Application Form” (အထက်ပါ စာမေးပွဲလမ်းညွှန် Page 21-30)

၅။ လျှောက်လွှာလက်ခံမည့်ကာလ
သြဂုတ်လ (၂၀) ရက် မှ စက်တင်ဘာလ (၃) ရက်အတွင်း
※ သတ်မှတ်အရေအတွက် ပြည့်သည်နှင့် လျှောက်လွှာလက်ခံခြင်းကို ရပ်ဆိုင်းမည် ဖြစ်ပါသည်။

၆။ စာမေးပွဲကြေး ပေးသွင်းခြင်း
Online မှ တဆင့် လျှောက်ထားသည့် လျှောက်လွှာများအား စိစစ်ပြီး၊ အချက်အလက်ပြည့်စုံသည့် လျှောက်ထားသူများအား ငွေသွင်းရန် “Invioce Number” အား ပေးပို့သွားပါမည်။ KBZ Quick Pay (K Pay, KBZ iBanking, KBZ Bank, Agent) မှ ပေးသွင်းရမည် ဖြစ်ပြီး၊ Invioce Number နှင့် အတူ ငွေပေးသွင်းခြင်းလမ်းညွှန်အား ပေးပို့ပေးသွားပါမည်။ ငွေပေးသွင်းပြီးသည့် လျှောက်ထားသူများအား Test Voucher (စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား) ကို Viber မှ ပေးပို့ပေးသွားပါမည်။ (စာမေးပွဲဖြေဆိုသည့် နေ့တွင် ယင်း Soft Copy နှင့် ID Card မူရင်းအား ပြသကာ Test Voucher မူရင်းအား ထုတ်ယူရမည် ဖြစ်ပါသည်။)

၇။ စုံစမ်းမေးမြန်းခြင်း
လျှောက်လွှာတင်ခြင်းနှင့်ပတ်သက်၍စုံစမ်းမေးမြန်းလိုပါက
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)
ဖုန်း။ 09-9627 51373, 09-6922 88751
ဖုန်းလက်ခံဖြေကြားချိန်။ တနင်္လာနေ့ မှ စနေနေ့ (နံနက် ၉း၃၀ မှ ၁၂း၀၀၊ နေ့လယ် ၁း၀၀ မှ ၄း၃၀)။
Crd MAJA

11/02/2021

ကျွန်တော်တို့ပြည်သူတွေ နေ့ဘက်မှာလမ်းထွက်ပြီး အရမ်းပင်ပန်းနေချိန်ညဘက်မှာ ရဲတွေက အတင်းအဓမ္မ ဝင်ရောက်ဖမ်းဆီးနေကြပါတယ်။

ဒါကြောင့်ကျွန်တော်တို့အလှည့်ရောက်လာခဲ့ရင်လုံခြုံအောင်အောက်ပါအတိုင်းဆောင်ရွက်ပါ။

၁။ မိမိအိမ်တံခါးကိုလုံလုံခြုံခြုံသေချာပိတ်ပါ။
၂။ အတွင်းထဲမှာ ဘီဒိုသော်လည်းကောင်း၊ လေးလံသောအရာနှင်ထပ်ပိတ်ထားပါ။(တံခါးဖျက်ပြီးဝင်လို့ပါ။)
၃။ ရဲစခန်းကိုလုံးဝမလိုက်ပါနဲ့
၄။ အတင်းအဓမ္မဖမ်းဆီးပါက ပတ်ဝန်းကျင်ကိုအော်ဟစ်အကူအညီတောင်းပါ။ လုံးဝ ( လုံးဝ) ရဲစခန်းကိုမလိုက်သွားပါနဲ့

တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်လှုပ်ရှားခဲ့ပါတယ်။
10/02/2021

တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်လှုပ်ရှားခဲ့ပါတယ်။

ဂျပန်နိုင်ငံအစိုးရနဲ့ပြည်သူများမှတစ်ဆင့် နိုင်ငံတကာမှသိစေရန် ဂျပန်ဘာသာစကားဖြင့် ပြည်သူများ၏ သဘောထား အား ထုတ်ပြန်အပ်ပါသည်...
08/02/2021

ဂျပန်နိုင်ငံအစိုးရနဲ့ပြည်သူများမှတစ်ဆင့် နိုင်ငံတကာမှသိစေရန် ဂျပန်ဘာသာစကားဖြင့် ပြည်သူများ၏ သဘောထား အား ထုတ်ပြန်အပ်ပါသည်။

ပြည်သူ့အသံကို နိုင်ငံတကာ နဲ့ နေရာတကာမှကြားစေရမည်။
04/02/2021

ပြည်သူ့အသံကို နိုင်ငံတကာ နဲ့ နေရာတကာမှကြားစေရမည်။

03/02/2021

ကျွန်တော်သည် ဂျပန်စာသင်တန်းကျောင်းဖွင့်ထားသော ကျောင်းအုပ်တစ်ဦးဖြစ်ပါသည်။

ယနေ့မှစ၍ တပ်မတော်မိသားစုဝင်များအား ကျွန်ုပ် တို့သင်တန်းမှလက်ခံတော့မည်မဟုတ်ပါကြောင်း ဆန္ဒထုတ်ဖော်အပ်ပါတယ်။


Address

14/1(F)
Yangon

Opening Hours

Monday 09:00 - 20:30
Tuesday 09:00 - 20:30
Wednesday 09:00 - 20:30
Thursday 09:00 - 20:30
Saturday 09:00 - 20:30
Sunday 09:00 - 20:30

Telephone

+959254064337

Website

Alerts

Be the first to know and let us send you an email when Future Success Design & Japanese Language Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share