08/01/2013
3G UMTS လိုင်းအင်အား (၁,၂၆၀,၀၀၀) တိုးချဲ့ခြင်းစီမံကိန်းအရ ZTE Coporation မှ စနစ်တိုးချဲ့ခြင်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကြေညာသည်။ ရတနာပုံတယ်လီပို့ကုမ္ပဏီလီမိတက်မှ ဆောင်ရွက်လျက်ရှိသော 3G UMTS လိုင်းအင်အား တိုးချဲ့တပ်ဆင်ခြင်းစီမံကိန်းအရ ZTE Coporation မှ အဆိုပါဆောင်ရွက်ချက်ကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ RNC, MGW စနစ်တိုးချဲ့ခြင်း၊ RS Carrier တိုးချဲ့ ခြင်းလုပ်ငန်းတို့ကို ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ အဆိုပါဆောင်ရွက်ချက်များကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ရာ သက်ဆိုင်ရာနေ့များအလိုက် မိုဘိုင်းဖုန်းများဆက်သွယ်မှု မိနစ်ပိုင်းခန့် ယာယီဆိုင်းငံ့မည်ဖြစ်ကြောင်းသိရသည်။ ၎င်းမြို့ကြီးသုံးမြို့၌ မိုဘိုင်းတယ်လီဖုန်းများသည် နံနက်စောစောပိုင်းအချိန်များတွင် (၁၅) မိနစ်နှင့် (၃၀) မိနစ်ခန့် ဆက်သွယ်မှု ယာယီဆိုင်းငံ့မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကြေညာထားသည်။ ၎င်းဆောင်ရွက်ချက်ကို ၂၁. ၁၂.၂၀၁၂ မှ ၄.၁.၂၀၁၃ ရက်နေ့အတွင်းရှိ ရက်အချို့တွင် သက်ဆိုင်ရာမြို့အလိုက် ဆောင်ရွက်မည်ဖြစ်သည်။ ရန်ကုန် ZTE ဧရိယာမှ 3G မိုဘိုင်းဖုန်းများ၊ မန္တလေး ZTE ဧရိယာမှ 2G,3G မိုဘိုင်းဖုန်းများ၊ နေပြည်တော် ZTE ဧရိယာမှ 2G, 3G မိုဘိုင်းဖုန်းများ အစရှိသည်ဖြင့် နည်းပညာတိုးချဲ့ခြင်းရက်အပေါ်လိုက်၍ ဆက်သွယ်မှု မိနစ်ပိုင်းခန့် ယာယီဆိုင်းငံ့မည်ဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ယခုလများအတွင်း ထိုကဲ့သို့ မိုဘိုင်းဖုန်းဆိုင်ရာ နည်းပညာတိုးချဲ့ခြင်းများကို မကြာခဏဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယခုဆက်သွယ်မှုယာယီဆိုင်းငံ့မည့်နေ့စွဲ၊ အကြောင်းအရာ၊ ဆိုင်းငံ့ချိန်၊ ဆိုင်းငံ့မည့်နေရာများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏၀က်ဘ်ဆိုက်ဖြစ်သော www.mcpt.gov.mm မှတစ်ဆင့် ကြေညာထားခြင်းဖြစ်သည်။
Copied....
၁။ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ၂၀၁၁- ၂၀၁၂ ဘဏ္ဍာ ရေးနှစ်မှစ၍ Publuc Access Center (PAC) ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူများကို တည်ဆဲဥဒေများနှင့် အညီ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ခွင့်ပြု ထုတ်ပေး ပြီးကြီး ကြပ်ဆောင် ရွက်လျှက် ရှိပါသည်။ Read More