Efectivee

Efectivee ✍️ Copywriter 📖 Author 👨‍🏫 Behavioral Researcher
💪 Authentic & practical advice for employee to entrepreneur, content marketing and digital business

Efectivee is Yangon-based business consulting firm which provides hands on management services in Sales & CRM, Market Research, Data Analysis, Digital Marketing, Advertising and Organization Design.

06/11/2026

digital marketing အခမဲ့သင်တန်း အပိုင်း ၁၃ 💪

05/11/2026

ဘယ်သူ့ကိုဈေးရောင်းရင် ပိုကြီးပွါးမယ်ထင်လဲ 🤔

အဲ့တော့ ရွှေဈေးက တက်မှာလား၊ ကျမှာလား? 😌ရွှေဝယ်ဖို့တော့ မဟုတ်ပါဘူး၊ မနက်က ဈေးထဲ ပဲပြုတ်သွားဝယ်ရင်း ဈေးကြီးလိုက်တာလို့ ညည်...
04/11/2026

အဲ့တော့ ရွှေဈေးက တက်မှာလား၊ ကျမှာလား? 😌
ရွှေဝယ်ဖို့တော့ မဟုတ်ပါဘူး၊ မနက်က ဈေးထဲ ပဲပြုတ်သွားဝယ်ရင်း ဈေးကြီးလိုက်တာလို့ ညည်းမိတာကို ပဲပြုတ်သည်က "အမလေး ဒီလောက်နဲ့ ရတာ ကံကောင်း၊ ရွှေဈေးတွေတက်နေတယ်လေ၊ မသိဘူးလား" တဲ့ 🥲
ဆိုတော့ ပဲပြုတ်ဈေးနဲ့ ရွှေဈေးက ဆက်စပ်တဲ့ သဘောပဲ 🤔

ဆရာကြီးတွေ သုံးသပ်ပြကြပါဦး၊ ပဲပြုတ်လေးတော့ နပ်မှန်ချင်လို့ပါ လို့ 😁

ဘာရယ်မဟုတ်ပါဘူး၊ နာမည်ကြားတာနဲ့ ကောင်းချီးဩဘာပေးခံရတဲ့ ဗီဒီယိုအတိုလေး တွေ့လိုက်လို့ ခေါင်းထဲပေါ်လာတဲ့ မိုတီဗေးရှင်းရှုထေ...
02/11/2026

ဘာရယ်မဟုတ်ပါဘူး၊ နာမည်ကြားတာနဲ့ ကောင်းချီးဩဘာပေးခံရတဲ့ ဗီဒီယိုအတိုလေး တွေ့လိုက်လို့ ခေါင်းထဲပေါ်လာတဲ့ မိုတီဗေးရှင်းရှုထောင့်ကိုရေးလိုက်မိတာ၊ ကျွန်တော်ကအကောင်းမြင်တတ်တယ်လေ 😌

လူတစ်ယောက်မှာ နာမည်ဟာ သိပ်အရေးကြီးတယ်
အဲ့နာမည်နောက်မှာ
- သိက္ခာရှိတယ်
- ဂုဏ်ရှိတယ်
- ပါဝါရှိတယ်
- အသိုင်းအဝိုင်းရှိတယ်

နာမည်ဆိုတာ ကိုယ်စားပြုမှု တစ်ခုပဲ၊ နာမည်ကြားလိုက်တာနဲ့ သူကိုယ်စားပြုထားတာတွေကို တန်းမြင်တာပဲ

ဥပမာ - "မက်ဆီ" ဆိုတဲ့ နာမည်ကြားတာနဲ့ ပါရမီရှင်၊ နှိမ့်ချတတ်သူ၊ အရူးအမူးအားပေးတဲ့ ပရိတ်သတ်တွေ၊ ခမ်းနားတဲ့ ဆုဖလား ဒါတွေကို လူတွေက တန်းမြင်တာပဲ

အလားတူပဲ "ရှကီရာ" ဆိုတာနဲ့ "Waka Waka" ကို တန်းမြင်တာမျိုးပေါ့။

နာမည်က သက်ရှိလူသားတွေမှာတင် မဟုတ်ဘဲ စိတ်ကူးယဉ်ဇာတ်ကောင်တွေပေါ်လဲ သက်ရောက်မှုရှိတယ်။
"ဘရုစ်ဝိန်း" ဆိုတဲ့နာမည်၊ "တိုနီစတာ့ခ်" ဆိုတဲ့ နာမည်တွေရဲ့ နောက်မှာ စိတ်ခွန်အားတွေ၊ စိတ်လှုပ်ရှားစရာတွေ အများကြီးပါနေပြီးသားပဲ။

မိုတီဗေးရှင်းရှုထောင့်ကပဲ ကြည့်ပြောမယ်ဆို
"ကိုယ့်နာမည်ကြားလိုက်တာနဲ့ ကောင်းချီးဩဘာပေးခံရသူဖြစ်တဲ့အထိ ကြိုးစားပါ" ပေါ့

ပုံကတော့ Marvel ရုပ်ရှင်တွေထဲ မြင်ချင်သေးတဲ့ Character လေးတစ်ခုပေါ့

01/11/2026

ဂျင်းထည့်ရတာ လွယ်တာမှတ်လို့

31/10/2026

စာဖတ်ပြီးမှ ဝေဖန်ရင် ပိုကောင်းတာပေါ့နော် 🙏

28/10/2026

လစာနဲနဲနဲ့ ပြဲနေအောင် အခိုင်းခံရလို့ စိတ်ညစ်နေလား 😢

Money is Power လို့ ဆိုရမလိုပဲ 🤑မက်ဘီတောင် ပိုက်ဆံရဲ့ အင်အားကို မကျော်လွှားနိုင်ဘူးနော်ဒီအဖြစ်အပျက်ကလေ GOT ထဲက Little Fi...
28/10/2026

Money is Power လို့ ဆိုရမလိုပဲ 🤑
မက်ဘီတောင် ပိုက်ဆံရဲ့ အင်အားကို မကျော်လွှားနိုင်ဘူးနော်
ဒီအဖြစ်အပျက်ကလေ GOT ထဲက Little Finger နဲ့ ဆာစီကြားက ပါဝါအားပြိုင်မှုကိုတောင် သတိရသွားတယ်၊ Lord Baelish က "Knowledge is Power" ဆိုပြီး ဆာစီကို ဖဲ့တာကို ဆာစီက "ပါဝါဆိုတာ ပါဝါပဲ" ဆိုပြီး ပညာပြတဲ့အခန်းပေါ့၊ ဟိုကောင် Lord Baelish ရှူရှူးမထွက်ကျရုံတမယ်ပဲ 😂

အခုလဲ လိပ်နင်ဂျာ မက်ဘီတစ်ယောက် မော်စီတုန်းကို အာဏာရှင်ဆိုပြီး "ဟီးဟီးဟားဟား" သွားလုပ်တာ ဟိုက "ဂီးဂီးဂါးဂါး" ပြန်လုပ်တော့ "သားမှားပါတယ်၊ နောက်မလုပ်တော့ပါဘူး" တွေဘာတွေ ဖြစ်ကုန်ရော 🤣
(ဘယ်သူမှန်တယ် ဘယ်သူမှားတယ် မပြောဘူးနော်၊ အဖြစ်အပျက်ကိုပဲ ပြောပြတာ၊ ဖီလင်တွေ မပါလာကြနဲ့ 😁၊ တရုတ် အကြောင်း GOAT အကြောင်းပြောရင် စကားပလ္လင်လေးက ကြိုခံထားမှ၊ မဟုတ်ရင် မဆိုင်တာတွေ လာလာမန့်ကြလို့ 😌)

တရုတ်ဈေးကွက်က ပေးတဲ့ မီဒီယာကြေးတွေက အတော်များပုံရတယ် (data တွေက ထုံးစံအတိုင်း မထုတ်ပြန်ထားကြတော့)
မက်ဘီရော လာလီဂါရော ပြန်တောင်းပန်နေကြတယ်။
အခုထိတော့ မပြေလည်ကြသေးဘူး။

ရီးရဲလ်ကလပ်အနေနဲ့ ကြည့်ရင် ဒါဟာ ဒီနှစ်ထဲ ဒုတိယအကြိမ်မြောက် တရုတ်နဲ့ ပြဿနာတက်တာပဲ။

လောကကြီးက အရင်လို မဟုတ်တော့ဘူးထင်တယ်
"သားကြီး ငွေရှိရင်လေ ဘာမဆိုဖြစ်တယ်ကွ" လို့ လက်ဆင့်ကမ်းရတော့မယ့် အခြေအနေတွေဆီ ဦးတည်လာနေသလိုပဲ 😌

ခင်ဗျားတို့ရော ဘယ်လို မြင်လဲ?

27/10/2026

လိပ်ပြာတွေနောက် လျှောက်လိုက်နေမယ့်အစား ပန်းခြံလှလှလေး တည်ဆောက်ရအောင် 🫡

27/10/2026

ကြွားတယ်ဆိုတာ တော်ရုံပဲ ကောင်းတယ်

"ကျွန်တော် content creator လုပ်တာလေ တစ်လ ဘယ်လောက် ဝင်တာ" တို့
"ကျွန်တော့် အေအိုင် ကြီးက တစ်လကို ဘယ်လောက်ရှာပေးတာ" တို့
"ကျွန်မ ဆိုင်က တစ်ရက် ဘယ်လောက်ဖိုးရောင်းရတာ" တို့
ဒီလိုကြွားဝါမှုတွေကို မားကတ်တင်း Tool အနေနဲ့ အသုံးချတာ တော်ရုံပဲ ကောင်းပါတယ်။

တကယ်ရလို့ တကယ်ပြောတာလေ ဆိုလဲ "တကယ်ရတိုင်း ပြောစရာမှမလိုတာ"
ကြွားဝါချင်ရင် မွေးကတည်းက ရွှေဇွန်းကိုက်ပြီး မွေးလာတဲ့ Rich Kid တွေကို နည်းနည်းလေ့လာကြည့်၊
သူတို့လောက် ကြွားတာ သူတို့ပဲ၊ ဒါပေမယ့် မသိသာဘူးဆိုတာမျိုးပေါ့။ (သူတို့ကောင်းတယ်လို့ တစ်ခွန်းမှ မပြောဘူးနော် :P )

မားကတ်တင်းဆိုတာ ကြွားတာပဲ
ဒါပေမယ့် အကြွားမတတ်ရင် အစားခံရတတ်တယ်
သတိထား 😌

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Efectivee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Efectivee:

Shortcuts

Share

Nearby computer & electronics services