Awesome Technologies

Awesome Technologies Enterprise Networking Solutions
Surveillance Solutions (CCTV)
Storage Solutions
WiFi Solutions

Network Solutions
Architecture Design and implementation .
to Point / Multi-Point , Triple play Wireless Communication (Long Range, Middle Range, Short Range)
# Internet Hotspot Service (Hotel, Shopping Mall, School Campus…etc.
# 3G WiFi Internet System

Digital Surveillance Solution
# Surveillance System Design & Installation
Camera, Speed Dome, PTZ, Wifi Camera
/ NVR

(4, 8, 16, 24, 32 Channels)
(Central Monitoring System)
# Surveillance Cables & Accessories

ELV Solutions
# PABX, IPBX, VOIP Phone System
PA System (Public Address)
Alarm System
/Video Conferencing System

15/05/2026
လုပ်ငန်းအဆင့်မြင့်ဖို့ အချိန်မဆွဲပါနဲ့။RG-EG210G-P-V3 နဲ့ဆိုရင် သင့်လုပ်ငန်းက အမြဲတမ်း Online ဖြစ်နေမှာပါ။🔥 ဘာလို့ RG-EG...
13/05/2026

လုပ်ငန်းအဆင့်မြင့်ဖို့ အချိန်မဆွဲပါနဲ့။

RG-EG210G-P-V3 နဲ့ဆိုရင် သင့်လုပ်ငန်းက အမြဲတမ်း Online ဖြစ်နေမှာပါ။

🔥 ဘာလို့ RG-EG210G-P-V3 router က
လုပ်ငန်းတိုင်းအတွက် "Must-Have" ဖြစ်ရတာလဲ?

လိုင်း (၄) လိုင်းအထိ ပေါင်းသုံးနိုင်ပြီး ၊(Failover) တစ်လိုင်းပြတ်ရင် ကျန်တဲ့လိုင်းက ချက်ချင်းဝင်ပြီး intertnet မပြတ်အောင်လုပ်ပေးနိုင်လို့ internet နဲ့ ပါတ်သက်တဲ့ အလုပ်က စက္ကန့်ပိုင်းတောင် မရပ်‌စေရပါဘူး။

User ပေါင်းရာချီ ကို တစ်ပြိုင်တည်း ကိုင်ထားနိုင်တဲ့ အစွမ်းရှိလို့ သာမန်ရုံးတွေအတွက်တော့ ဈေးအသင့်အတင့် နဲ့ သုံးနိုင်တဲ့ router ဖြစ်ပါတယ်။

​စရိတ်သက်သာ၊ နေရာသက်သာ လို့ Router ထဲမှာတင် PoE ပါပြီးသားမို့ CCTV နဲ့ Access Point တွေအတွက် ကြိုးတွေ၊ စက်တွေ အများကြီး ရှုပ်နေစရာမလိုတော့ဘူး။

​ဖုန်းတစ်လုံးရှိရင် ရုံးကို ထိန်းချုပ်လို့ရတဲ့ Cloud စနစ်ပါလို့ သင်ဘယ်နေရာရောက်ရောက် ရုံးက အင်တာနက်လိုင်း ဘယ်သူတွေသုံးနေလဲဆိုတာ ဖုန်းနဲ့ ထိန်းချုပ်
လို့ရပါတယ်။

​📩 အမြန်ဆုံးတပ်ဆင်နိုင်ဖို့ အခုပဲ CB မှာ "Hello"
လုပ်လိုက်ပါရှင့်။

Data တွေက များလာတယ်... နေရာက မလောက်တော့ဘူး! ဘာလုပ်ကြမလဲ? 🤔"မနေ့ကတင် Customer တစ်ယောက်က သူ့ရဲ့ Synology NAS လေးကို ယူလာပါ...
03/05/2026

Data တွေက များလာတယ်... နေရာက မလောက်တော့ဘူး! ဘာလုပ်ကြမလဲ? 🤔"

မနေ့ကတင် Customer တစ်ယောက်က သူ့ရဲ့ Synology NAS လေးကို ယူလာပါတယ်။
အရင်က 4TB နဲ့တင် လောက်မယ်ထင်ခဲ့ပေမယ့် အခုတော့ Storage Full ဖြစ်နေပြီပေါ့။

ကျနော်တို့ team ကနေ 4TB ကနေ 12TB အထိ နေရာလွတ်တွေ အကျယ်ကြီးဖြစ်သွားအောင် Upgrade လုပ်ပေးလိုက်ပါတယ်။

HDD လဲရုံတင် မဟုတ်ဘဲ OS ပြန်တင်တာကအစ၊ အရင်က Data တွေ တစ်ခုမကျန် ပြန်ရအောင် Backup ဆွဲပေးတာအထိ အကုန်ပြန်လုပ်ပေးခဲ့ပါတယ်။

လုပ်ပေးထားတဲ့ တဲ့ service ကတော့
Fresh OS Installation - နောက်ဆုံးထွက် DSM Version ကို စနစ်တကျ ပြန်တင်ပေးခြင်း။

Expert Configuration - သင့်လုပ်ငန်းနဲ့ ကိုက်ညီမယ့် Network နဲ့ User Access settings တွေကို ပြန်လည်ချိန်ညှိပေးခြင်း။

Data Integrity - အရင်ရှိပြီးသား Backup Data တွေကို မပျောက်ပျက်ရအောင် NAS HDD အသစ်ထဲ ပြန်လည်ထည့်သွင်းပေးခြင်း။

💸 အကုန်အကျသက်သာပြီး စိတ်အေးရတဲ့ ဝန်ဆောင်မှုကို ရှာနေတယ်ဆိုရင်...ကျွန်တော်တို့ရဲ့ ကျွမ်းကျင် Technician များက တာဝန်ယူပေးပါရစေ။

📥 အသေးစိတ်သိရှိလိုပါက Messenger ကနေ အခုပဲ မေးမြန်းနိုင်ပါပြီ!

အိမ်ကြီးတာနဲ့အမျှ WiFi မမိတာ၊ လုံခြုံရေး စိတ်မချရတာတွေက ခေါင်းခဲစရာ မဖြစ်သင့်တော့ဘူးမလား...အရမ်းခမ်းနားတဲ့ အိမ်ကြီးတွေမှ...
27/04/2026

အိမ်ကြီးတာနဲ့အမျှ WiFi မမိတာ၊ လုံခြုံရေး စိတ်မချရတာတွေက ခေါင်းခဲစရာ မဖြစ်သင့်တော့ဘူးမလား...

အရမ်းခမ်းနားတဲ့ အိမ်ကြီးတွေမှာ နံရံတွေက ထူတယ်၊ အခန်းတွေက များတယ်။ အိပ်ခန်းထဲရောက်ရင် WiFi လိုင်းက ကျသွားတာမျိုး၊ လိုင်း နှေးသွားတာမျိုး၊
CCTV က မျက်ကွယ်ရှိနေတာမျိုးက တကယ့်ကို အနှောင့်အယှက်ရပါတယ်။

​ဒါကြောင့် Awesome Technologies က အိမ်ရဲ့ အလှအပကို မထိခိုက်စေဘဲ-

✅ Unifi နဲ့ တစ်အိမ်လုံး နေရာလွတ်မရှိ (Zero Dead Zone) ဖြစ်အောင် wifi လှိုင်းတွေ‌ နဲ့ ကွန်ရက်ဖြန့်ပေးထားတယ်။..

✅ Hikvision CCTV နဲ့ အိမ်ရဲ့ ဘယ်ထောင့်ကွယ်
ကိုမဆို နေရာလွတ်မရှိအောင် ဖုန်းထဲကနေ တိုက်ရိုက်ကြည်လင်စွာ မြင်နေရ အောင် တပ်ဆင်ပေးထားပါတယ်။

​Luxury Life ရဲ့ လုံခြုံစိတ်ချရမှုကို ကျွန်တော်တို့ Awesome Technologies က အကောင်းဆုံး ပုံဖော်ပေးပါရစေ။

ကျွန်တော်တို့ Team က Synology တပ်ဆင်‌ ရောင်းချ ပေးရုံတင် မဟုတ်ဘဲ၊ Customer ရုံးက ဝန်ထမ်းတွေပါ ကျွမ်းကျွမ်းကျင်ကျင် သုံးတ...
25/04/2026

ကျွန်တော်တို့ Team က Synology တပ်ဆင်‌ ရောင်းချ ပေးရုံတင် မဟုတ်ဘဲ၊ Customer ရုံးက ဝန်ထမ်းတွေပါ ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်အောင် training လေး ပေးခဲ့ပါတယ်။

ဘာတွေ အသေးစိတ် ပြောပြခဲ့လဲဆိုတော့ -

📌 Drive Mapping ရုံးက Computer တိုင်းမှာ ကိုယ်ပိုင် Partition လေးတွေလိုမျိုး အလွယ်တကူ ဘယ်လိုချိတ်သုံးမလဲ ....

📌 Synology Drive - Google Drive သုံးသလိုမျိုးပဲ ဖုန်းထဲကနေရော၊ Desktop ကနေနေရော ဖိုင်တွေကို လုံလုံခြုံခြုံ ဘယ်လိုဝင်သုံးမလဲ?

📌 Snapshot Replication: Virus ကိုက်တာပဲဖြစ်ဖြစ်၊ ဖိုင်မှားဖျက်မိတာပဲဖြစ်ဖြစ် စက္ကန့်ပိုင်းအတွင်း နောက်ပြန်ရစ်သလို ပြန်ယူနည်း။

📌 User Permissions: ဝန်ထမ်းတစ်ယောက်ချင်းစီကို ဘယ် Folder ကြည့်ခွင့်ပေးမယ်၊ ဘယ်သူ့ကိုတော့ ပေးမကြည့်ဘူးဆိုတဲ့ စနစ်တကျ ခွဲခြားနည်း စသဖြင့် ပြောပြပေးခဲ့ပါတယ်။

​ပစ္စည်းတစ်ခုကို တန်ဖိုးရှိရှိ အသုံးချနိုင်မှ ဝယ်ရကျိုးနပ်မယ်လို့ ခံယူထားလို့ Synology ဝယ်ယူရင် အစအဆုံး တာဝန်ယူပေး တဲ့ Awesome Technologies လှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။😉

ရုံးပိတ်ရက်ရှည်အပြီးမှာ WiFi ကောင်းကောင်းမရ ၊ CCTV တွေကလည်း Offline ဖြစ်နေလို့ စိတ်ညစ်နေပါသလား?  စိတ်မပူပါနဲ့။ အရာအားလုံ...
21/04/2026

ရုံးပိတ်ရက်ရှည်အပြီးမှာ WiFi ကောင်းကောင်းမရ ၊ CCTV တွေကလည်း Offline ဖြစ်နေလို့ စိတ်ညစ်နေပါသလား? စိတ်မပူပါနဲ့။ အရာအားလုံးကို အကောင်းဆုံးပြန် ဖြစ်အောင် ကျွမ်းကျင်ပညာရှင်တွေနဲ့ အမြန်ဆုံးလာရောက်ပြင်ဆင်ပေးဖို့ Awesome Team က အသင့်ရှိပါတယ်။

ဆက်သွယ်ရန်
************
Awesome Technologies
159A, 39 Street Middle Block
Kyautdatar Township,Yangon
☎01-388623,379238,09-506 7065

Synology NAS တစ်လုံးဝယ်ပြီဆိုတာနဲ့ RAID (Redundant Array of Independent Disks) ဆိုတဲ့ စကားလုံးနဲ့ စတင်ရင်းနှီးကြမှာပါ။ ဒ...
11/04/2026

Synology NAS တစ်လုံးဝယ်ပြီဆိုတာနဲ့ RAID (Redundant Array of Independent Disks) ဆိုတဲ့ စကားလုံးနဲ့ စတင်ရင်းနှီးကြမှာပါ။ ဒါပေမဲ့ လူတော်တော်များများက "ငါ့ဆီမှာ Hard drive နှစ်လုံးစိုက်ထားတယ်၊ RAID လုပ်ထားတာပဲ၊ တစ်လုံးပျက်လည်း အချက်အလက်မပျက်ဘူး၊ Backup ရှိနေပြီ" လို့ ထင်တတ်ကြပါတယ်.

​ဒါဟာ အန္တရာယ်အရှိဆုံး အယူအဆအမှားတစ်ခုပါ။ ဒီနေ့မှာ RAID နဲ့ Backup ဘာကွာသလဲဆိုတာကို ရှင်းရှင်းလင်းလင်း ခွဲခြားပြပေးပါမယ်။

​🌐 RAID ဆိုတာဘာလဲ?
(The Safety Net for Hardware)
​RAID ဆိုတာ Hard Drive တစ်လုံး (သို့မဟုတ်) နှစ်လုံး ပျက်သွားခဲ့ရင်တောင် NAS ထဲမှာရှိတဲ့ Data တွေကို ဆက်လက်အသုံးပြုလို့ရအောင်၊ အလုပ်မပြတ်အောင် လုပ်ဆောင်ပေးတဲ့ "Hardware အာမခံချက်" တစ်ခုပါ။
​အဓိကရည်ရွယ်ချက်: Downtime မရှိစေဖို့ (တစ်လုံးပျက်လည်း အလုပ်မနားရဘဲ ဆက်သုံးလို့ရနေဖို့)။
​ဘာကိုကာကွယ်ပေးလဲ: Hard Disk ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုကိုပဲ ကာကွယ်ပေးပါတယ်။

​📦 Backup ဆိုတာဘာလဲ? (The Time Machine)
​Backup ဆိုတာကတော့ သင့် NAS ထဲမှာရှိတဲ့ Data တွေကို နောက်ထပ်နေရာတစ်ခု (ဥပမာ- External Drive, Cloud, သို့မဟုတ် အခြား NAS တစ်လုံး) ဆီမှာ မိတ္တူကူးပြီး သိမ်းထားတာ ဖြစ်ပါတယ်။​အဓိကရည်ရွယ်ချက် အကြောင်းအမျိုးမျိုးကြောင့် Data ပျောက်ဆုံးသွားရင် ပြန်လည်ရယူနိုင်ဖို့ဖြစ်ပါတယ်။

​💡 ဘာကြောင့် RAID က Backup မဖြစ်နိုင်တာလဲ?
​မြင်အောင်ပြောရရင် RAID ဆိုတာ "မှန်" နဲ့ တူပါတယ်။
​သင်က NAS ထဲက File တစ်ခုကို မှားပြီးဖျက်လိုက်ရင် RAID ဆိုတဲ့ မှန်ထဲမှာလည်း ချက်ချင်းပျောက်သွားမှာပါ။
​သင်က Virus/Ransomware အကိုက်ခံရရင် RAID ထဲက Disk အားလုံးမှာရှိတဲ့ Data တွေဟာ တစ်ပြိုင်တည်း Virus ကိုက်သွားမှာ ဖြစ်ပါတယ်။
​RAID က Disk ပျက်တာကိုပဲ ကာကွယ်ပေးနိုင်ပြီး၊ Data ပျောက်ဆုံး/ပျက်စီးမှုကို မကာကွယ်ပေးနိုင်ပါဘူး။

​✅ Synology အသုံးပြုသူတွေအတွက် ​သင့်ရဲ့ အရေးကြီးတဲ့ Data တွေကို စိတ်ချရဖို့အတွက် ဒီနည်းလမ်းကို သုံးနိုင်ပါတယ်။ (3-2-1 Back up လို့ခေါ်ပါတယ်)

⚡📦3 Copies: Data မိတ္တူ (၃) စုံရှိပါစေ။
⚡📦​2 Media: မတူညီတဲ့ Storage Device (၂) မျိုးမှာ သိမ်းပါ။ (ဥပမာ - NAS တစ်ခု၊ External HDD တစ်ခု)
⚡📦​1 Offsite: အနည်းဆုံး မိတ္တူတစ်စုံကို အိမ်/ရုံး ပြင်ပမှာ သိမ်းပါ။ (ဥပမာ - Synology C2 Cloud သို့မဟုတ် Google DDrive မှာသိမ်းပါ။


RAID ဟာ သင့်လုပ်ငန်းခွင် အရှိန်မပျက်စေဖို့ဖြစ်ပြီး၊ Backup ကတော့ သင့်ရဲ့ အသက်သွေးကြောဖြစ်တဲ့ Data တွေ လုံးဝပျောက်ဆုံးမသွားဖို့အတွက် ဖြစ်ပါတယ်။
​"RAID ရှိနေလို့ Backup မလိုဘူး" လို့ တွေးနေတုန်းဆိုရင်တော့ သင့် Data တွေကို စွန့်စားမှုကြီးတစ်ခု လုပ်နေတာနဲ့ တူတူပါပဲ ။

Synology C2 Cloud Backup အကြောင်းသိချင်ရင်တော့ Awesome Technologies messenger မှာမေးမြန်းနိုင်ပါတယ်။

Address

No. 159(A) , 39 Street Middle Block Kyauttada T./S
Yangon
951-388623,379238

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 14:00

Telephone

095067065

Alerts

Be the first to know and let us send you an email when Awesome Technologies posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Awesome Technologies:

Share