YCS Myanmar

YCS Myanmar We Provide Computer Helpdesk and IT Solutions in Yangon, Myanmar.

22/09/2021
01/01/2021

#ကွန်ပြူတာနှင့်အမြဲအလုပ်လုပ်သူများအတွက်_မျက်လုံးဒဏ်_မဖြစ်‌ပေါ်စေရန်နည်းလမ်းများ

Computer နှင့်အမြဲထိတွေနေရသူတွေအတွက် မျက်လုံးဒဏ်မဖြစ်ပေါ်စေရန် အသုံးဝင်မယ့် နည်းလမ်းလေးတွေ ‌ ကို ရေးသားမျှဝေလိုက်ပါတယ်ခင်ဗျာ။

Digital Eye Strain လို့ခေါ်တဲ့ မျက်လုံးနာကျင်မှုဟာ ကွန်ပြူတာ Screen နဲ့ ဖုန်းမျက်နှာပြင်တွေကို ကြာကြာစိုက်ကြည့်အသုံးပြုသူတွေမှာ ဖြစ်လေ့ရှိပါတယ်။

အဓိကအချက်ကတော့ Screen က ထုတ်လွှင့်တဲ့ အလင်းရောင်မှာ ပါဝင်တဲ့ Blue Light ရဲ့ ဆိုးကျိုးကြောင့်ပဲ ဖြစ်ပါတယ်။ Blue Light ကြောင့် မျက်လုံးကျိန်းစပ်ခြင်း၊ ညအိပ်မရခြင်းများ ဖြစ်ပေါ်တက်ပါတယ်။

အောက်ကအချက်လေးတွေကို ဖတ်ရှုပြီး သင့်မျက်လုံးကို ကာကွယ်လိုက်ရအောင်။

၁။ သင့်မျက်လုံးသည် Computer Screen ၏ အပေါ်ဘက်အစွန်းနှင့် တစ်တန်းတည်းဖြစ်နေအောင် Adjustment လုပ်၍ ထိုင်ပြီး အလုပ်လုပ်ပါ။

၂။ အလင်းရောင်ကောင်းကောင်းရသောဘက်ကို ကျောပေးပြီး ကွန်ပြူတာသုံးပါ။ ညဘက်ကွန်ပြူတာသုံးလျှင် မီးဖွင့်၍ အသုံးပြုပါ။

၃။ Screen ၏ အလင်းကို မှိန်‌မထားပဲ အတန်အသင့်အလင်းအားကို သုံးပါ။ အလင်းမှိန်မှိန်သုံးခြင်းက သင့်မျက်လုံးကို ပိုမိုထိခိုက်စေပါသည်။

၄။ သင်သည် နောက်ဆုံးထွက် Windows 10 အသုံးပြုသူဆိုလျှင် Night Mode ဖွင့်၍ သုံးနိုင်ပါသည်။ ( အခြား OS Versionများအတွက် Third Party Software များလည်းရှိပါသည်။)

၅။ 20-20-20 Rule ကိုသုံးပါ။ ဆိုလိုတာက Screen ကိုကြည့်တာ ၂၀ မိနစ်ကြာချိန်တိုင်းမှာ ၂၀ ပေ အကွာအဝေးက အရာဝတ္ထုကို ၂၀ စက္ကန့် ကြာ မျက်လုံးအနားပေး ကြည့်ပေးသင့်ပါတယ်။ ( အမြဲ သတိတရလုပ်ပေးပါ။)

၆။ Blue Light Filtered Eye Glasses တွေ တပ်ပါ။ (ဈေးနှုန်းအသင့်အတင့်တော့ ကုန်ကျပါမယ်။)

၇။ Beta Carotene ပါတဲ့ မုန်လာဥနီ၊ သင်္ဘောသီး စတဲ့ အဝါရောင်အသီးတွေ၊ ဟင်းနုနယ် ကိုက်လံ ဆလပ်ရွက်လို အစိမ်းရင့်ရောင် အရွက်တွေ မကြာမကြာ စား‌သင့်ပါတယ်။

၈။ မျက်တောင်များများခတ်ပါ။ ( မမေ့နဲနော်။)

With Best Regards,
Ye Lin Aung (YCS)
https://www.yangoncomputer.com

25/12/2020
https://yangoncomputer.com/2020/12/19/cloud-storage-2020/
19/12/2020

https://yangoncomputer.com/2020/12/19/cloud-storage-2020/

“ cloud storage” ဆိုသောစကားလုံးသည် ယေလုယျအားဖြင့် ကမ္ဘာ့အနှံ့အပြားတွင် တည်ရှိနေသည့် Data Center ဖြစ်ပါသည်။ ထိုဒေတာစင်တာမျ....

11/04/2020

Address

Khay Mar Thi Road
Yangon
11031

Alerts

Be the first to know and let us send you an email when YCS Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share