09/04/2026
Amazing Technologies ရဲ့ Customer များနှင့် Partners များခင်ဗျာ...
ပူပြင်းတဲ့ နွေအပူတွေကို အေးမြတဲ့ အတာရေနဲ့ ဆေးကြောသန့်စင်ရင်း လူကြီးမင်းတို့ မိသားစု၊ မိတ်ဆွေသင်္ဂဟများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ကျွန်တော်တို့ Amazing Technologies မိသားစုမှ နှစ်သစ်ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
ကျွန်တော်တို့ Amazing Technologies ရဲ့ သင်္ကြန်ပိတ်ရက် အစီအစဉ်လေးမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် -
🗓 ပိတ်ရက်: ဧပြီလ (၁၀) ရက် မှ (၂၀) ရက်အထိ
🗓 ပြန်ဖွင့်မည့်ရက်: ဧပြီလ (၂၁) ရက် (အင်္ဂါနေ့)
🙏 အသိပေး တောင်းပန်ချက်: ရုံးပိတ်ရက်အတွင်း ပုံမှန်ဝန်ဆောင်မှုပေးခြင်းများကို ခေတ္တရပ်နားထားမှာ ဖြစ်ပါတယ်။ ချက်ချင်းအကြောင်းမပြန်နိုင်သေးဘဲ ကြန့်ကြာမှုများရှိခဲ့ပါကလည်း Customer များအနေနဲ့ နားလည်ပေးဖို့ အနူးအညွတ်တောင်းပန်အပ်ပါတယ်ဗျာ။
⚠️ တစ်စုံတစ်ရာ အရေးတကြီး အခက်အခဲရှိခဲ့ရင်တော့ ကျွန်တော်တို့ရဲ့ Viber Group သို့ Message များပေးပို့ထားနိုင်ပါတယ်။
အစဉ်အမြဲ ယုံကြည်အားပေးမှုကို ကျေးဇူးအထူးတင်ရှိပါတယ်။ လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ နှစ်သစ်မှာ ဒီထက်မက အရှိန်အဟုန်နဲ့ တိုးတက်အောင်မြင်ပါစေ။
ပျော်ရွှင်စရာ အတာသင်္ကြန်လေး ဖြစ်ပါစေခင်ဗျာ။ 💦💻