Nay Yar Creatives

Nay Yar Creatives Nay Yar specialize in Creative Designs, Marketing Mix and Interactive Solutions Services သင်၏ လုပ်ငန်းလူသိများ၍ ရောင်းအားတက်လာစေရန်ကျွန်ုပ်တို့ကူညီနိုင်ပါသည်။

"စကတ်တိုမှ အရောင်းတက်မယ်" ဆိုတဲ့ အတွေးမျိုး ရှိနေသေးလား?ဒါဆိုရင်တော့ အဲ့အတွေးကို စွန့်ပစ်သင့်နေပါပြီ✨အရောင်းဝန်ထမ်းတစ်ယေ...
17/07/2026

"စကတ်တိုမှ အရောင်းတက်မယ်" ဆိုတဲ့ အတွေးမျိုး ရှိနေသေးလား?
ဒါဆိုရင်တော့ အဲ့အတွေးကို စွန့်ပစ်သင့်နေပါပြီ✨

အရောင်းဝန်ထမ်းတစ်ယောက် စကတ်တိုတို ဝတ်လိုက်လို့ လူတွေရဲ့ Attention ကို ခဏတော့ ဆွဲဆောင်နိုင်လိမ့်မယ်။

ဒါပေမဲ့ ဒီအချက်က ရောင်းရဖို့ (Conversion) အတွက်တော့ လုံးဝ အာမခံချက်မပေးနိုင်ဘူး။

ဖောက်သည်ဆိုတာ ဆိုင်ထဲ ဝင်လိုက်တာနဲ့ ဝန်ထမ်းရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်ပြီး ဆိုင်ရဲ့ တန်ဖိုးနဲ့ ပုံရိပ် (Brand Image) ကို သူတို့မသိစိတ်ထဲ ချက်ချင်း တိုင်းတာ‌ကြတယ်။

ဝန်ထမ်းရဲ့ အဝတ်အစားက ကိုယ်ရောင်းတဲ့ပစ္စည်းနဲ့ ဆိုင်ရဲ့ Brand နဲ့အတူတူအမြဲတမ်း တစ်သားတည်း ဖြစ်နေဖို့ လိုအပ်တယ်။

အကောင်းဆုံးကတော့ ဆိုင်ရဲ့ပုံစံနဲ့ လိုက်ဖက်တဲ့
"စနစ်တကျရှိတဲ့ Professional ပုံစံ" ပဲ ဖြစ်တယ်။

တကယ်တမ်း အရောင်းတက်ဖို့က စကတ်အတို၊ စကတ်အရှည်ထက်
အောက်ပါ အချက်တွေကပိုအရေးကြီးတယ်။

ဝန်ထမ်းရဲ့
(၁) ပြုံးပြတတ်မှု
(၂) နွေးထွေးမှု
(၃) ပစ္စည်းအကြောင်း ကျွမ်းကျွမ်းကျင်ကျင် ရှင်းပြနိုင်စွမ်း
(၄) ဆိုင်ရဲ့ ပတ်ဝန်းကျင်အပြင်အဆင် (Ambiance) တို့ပဲ ဖြစ်တယ်။

နံပတ်(၁)နဲ့(၂)က စိတ်အခြေအနေကြောင့်ရံဖန်ရံခါ error ရှိနိုင်ပေမယ့်၊
နံပါတ်(၃)နဲ့(၄)မှာတော့ ညံ့ဖျင်းလို့မရဘူး။

ဖောက်သည်တွေဟာ ဝန်ထမ်းတစ်ယောက်ရဲ့ Confidence နဲ့ Professional ဖြစ်မှုကိုပဲ ပိုပြီး အမှတ်ပေးတတ်ကြပါတယ်။

ဒါကြောင့် အရောင်းမြှင့်ချင်တယ်ဆိုရင် ဝန်ထမ်းတွေကို ပုံပန်းသွင်ပြင်ထက် "Professional ဖြစ်အောင်" လေ့ကျင့်ပေးဖို့က အဓိကပါ။

အရက်ပုလင်း၊ ဆေးလိပ်အသစ်ကို ၁၉ လမ်းမှာမိတ်ဆက်သည်ဖြစ်စေ၊
မြန်မာပလာဇာထဲ ဧရိယာယူရောင်းနေသည်ဖြစ်စေ
အရောင်းဝန်ထမ်းဟာ အလုပ်မှာ Professional ဆန်ဆန် ရပ်တည်နိုင်လေ၊ Brand တန်ဖိုး တက်လာလေ ဖြစ်လို့ ဒီအချက်ကိုပဲ ဦးစားပေးဖို့ အကြံပြုချင်ပါတယ်။

အဝတ်အစားကျွံထွက်ပြီး ကိုယ်ရောင်းတဲ့ ပစ္စည်းအကြောင်းမသိထားဘူး
ဆိုရင် အဲ့ဒီအရောင်းဝန်ထမ်း စာမေးပွဲကျမယ်။

လူကြီးမင်းတို့ဆိုင်မှာရော ဝန်ထမ်းတွေကို ဘယ်လိုပုံစံလေးတွေ ဝတ်ဆင်စေချင်လဲ? ဘယ်လိုအခက်အခဲတွေကြုံနေရလဲ...လာရောက်ဆွေးနွေးနိုင်
ပါတယ်။

YKTM
17th July 11:40am

လူတိုင်းက တစ်ခုခုရောင်းရင်း အသက်ကြီးသွားကြသူ‌တွေလို့ ပြောလို့ရတယ်။ သူတို့ဘဝတလျှောက်လုံး ကုန်ပစ္စည်း၊ ဝန်ဆောင်မှု၊ နေရာထိ...
23/06/2026

လူတိုင်းက တစ်ခုခုရောင်းရင်း အသက်ကြီးသွားကြသူ‌တွေလို့ ပြောလို့ရတယ်။ သူတို့ဘဝတလျှောက်လုံး ကုန်ပစ္စည်း၊ ဝန်ဆောင်မှု၊ နေရာထိုင်ခင်း၊အတွေးအခေါ်၊ သတင်းအချက်အလက် ဒါမှမဟုတ် သူတို့ကိုယ်သူတို့ရောင်းချရင်း အသက်တွေကြီးသွားကြတယ်။ လူရဲ့ မွေးရာပါအခွင့်အရေးကိုက ဒီလို ရောင်းချခွင့် ဆိုတာရှိနေတာ။

အရောင်းကျွမ်းတဲ့ လူတစ်ယောက် ဟာ ဆင်းရဲသားတစ်ယောက် မဖြစ်လာမှာ သေချာတယ်။ ဆင်းရဲတယ်၊ မပြေလည်ဘူးဆိုတာဟာ မရောင်းတတ်လို့ ဆိုတဲ့သဘောဖြစ်လာတယ်။

ဒါပေမယ့် အပေါ်မှာ ပြောတဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှု၊ အတွေးအခေါ်၊ ကိုယ့်ကိုယ်ကိုစသဖြင့် ဘာကိုပဲ‌ရောင်းရောင်း...မရောင်းရအောင်၊ မရောင်းနိုင်အောင် ဈေးကွက်ကို တစ်ဦးတစ်ယောက်က ဒါမှမဟုတ် တစ်စုတစ်ဖွဲ့ကထိန်းချုပ်ထားတာ၊ဈေးကွက်ကို ခြယ်လှယ်ထားတာ ဒါမျိုးလည်းရှိပြန်တယ်။ ...ဒါမျိုးအခြေအနေမှာလည်း ထွက်ပေါက်ရှာပြီး အရောင်းကျွမ်းဖို့လိုတယ်။

အရောင်းကျွမ်းတယ်ဆိုတာကို ဘာသာရပ်ဆန်ဆန် အသုံးအနှုန်းနဲ့
ပြောရင် အရောင်းမြှင့်တယ် လို့ခေါ်ကြတယ်။ Sales Promotion.
ဒီလို အရောင်းမြှင့်တယ် ဆိုတဲ့ အလုပ်က ရေတိုအလုပ် လို့လည်း
နားလည်ရတယ်။ ကြော်ငြာတွေကတော့ ကိုယ်ရောင်းတဲ့ ပစ္စည်းအကြောင်း
မိတ်ဆက်ပေးပြီး၊ ဝယ်ယူလိုစိတ်လည်း ဖန်တီးပြီး၊ ဝယ်ယူနိုင်သူစိတ်ထဲ
နေရာယူဖို့ လမ်းခင်းနေရတဲ့ အချိန်ယူရတဲ့ ရေရှည်အလုပ်မျိုးဖြစ်တယ်။

ရေတိုအလုပ်ဖြစ်တဲ့ အရောင်းမြှင့်ခြင်းမှာတော့ ဝယ်ယူနိုင်သူ
ချက်ချင်းဝယ်သွားအောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းကို
ဖန်တီးပေးနိုင်ရတယ်။ ကြော်ငြာ နဲ့ အရောင်းက လင်မယားလိုပဲ။
အပေးအယူတည့်မှရတယ်။

ဒီလို Sales အရောင်း နဲ့ Marketing ဈေးကွက်‌ဖော်တာ ကို ကွဲပြားပြီး၊ သူ့အကန့် နဲ့သူ ချိတ်ဆက် အလုပ်လုပ်နိုင်တဲ့အခါ အရောင်းဖြစ်ဖို့ ရာခိုင်နှုန်း ၈၀ အထက်ရှိတယ်။

ကြော်ငြာနေရုံနဲ့ အရောင်းမဖြစ်သလို၊ ရောင်းဖို့ချည်းတွေး‌ရင်လည်း
ကိုယ်ရောင်းတဲ့ ပစ္စည်းရဲ့ တန်ဖိုးနဲ့ ပုံရိပ်ကို ရေရှည်မထိန်းထားနိုင်
ပြန်ဘူး။

ဒါကြောင့် ကျနော်တို့က Marketing မှာ အရင်ခေတ်က
ဘယ်သူဝယ်ဝယ် ပြုံဝယ်သွား ပြီးတာပဲဆိုတဲ့ Mass Market လို
မတွေးဘဲ၊ ဘယ်ဒေသက၊ ဘယ်အရွယ်၊ဘယ်လိုဖောက်သည်မျိုးလဲ ဆိုတဲ့ ဝယ်ယူနိုင်သူ အမျိုးအစား ခွဲခြားသတ်မှတ်ပြီး ရောင်းဖို့တွေးရတယ်။ Segmentation လို့ကျနော်တို့ခေါ်ကြတယ်။

ဒါပေမယ့် Over-Segmentation ဖြစ်သွားတာမျိုးရှိတယ်။
ဖောက်သည်အမျိုးအစား သတ်မှတ်ချက် လွန်သွားတာမျိုး။
ဖောက်သည်ရဲ့ စိတ်ကူး၊ နေ့စဉ်ဘဝထဲက အပြုအမူထိခြေရာခံရင်း
ကိုယ်ရောင်းတဲ့ပစ္စည်းထက် ကွန့်မြူးမှုများသွားဝာာ။

မဟုတ်ဘဲ၊ ကိုယ့်ပစ္စည်းမဝယ်ဘဲ ဘာရှိလဲ၊လာရှာတဲ့သူ‌တွေကိုမှ
ဖောက်သည်အစစ်လို့ ထင်မိပြန်လည်း Under-segmentation
လို့ပြောလို့ရတယ်။

ဒါကြောင့် ရေရာတဲ့ Segment ကို အခြေခံပြီး...
Current Sales ဆိုတဲ့ ချက်ချင်းဝယ်နိုင်စွမ်းကို
ကျနော်တို့ ဖန်တီးပေးနိုင်မှရတယ်။

၁၉၉၅-၂၀၁၀ မှာ Advertising ထက် Sales Promotion
ကို အားစိုက်ခဲ့ကြတယ်။ ပြီးခဲ့တဲ့ ၂၀၁၀-၂၀၂၅ ဆိုတဲ့ ၁၅ နှစ်တာမှာတော့
Sales Promotion ထက် Advertising ကိုအားစိုက်ခဲ့ကြတယ်။
Smart Phone (Android, iOS တွေ ကြီးပြင်းလာမှု) နဲ့အတူ
Digital Marketing ကို အားစိုက်ခဲ့ကြတယ်။

အခုခေတ် ၂၀၂၆ အလွန် AI နည်းပညာ ခေတ်ထဲမှာတော့
Advertising ထက် Sales Promotion ဘက်လှည့်ပြီလို့
ကျနော် ခံစားမိလာတယ်။ Advertising ရဲ့ ကွာခြားချက်
ကကျဉ်းမြောင်းလာပါတယ်။

ဆက်ဆံရေးကိုအခြေပြုတဲ့စျေးကွက်ရှာဖွေရေး (Relationship Marketing - RM) ဆိုတာထက် အရောင်းအဝယ်ကို အခြေပြုတဲ့
စျေးကွက်ရှာဖွေရေး (Transaction Marketing - TM)ကပြန်လည်ဦး‌မော့လာတယ်လို့ ပြောရမယ်။

ကိုယ့်ပစ္စည်းနဲ့ ဖောက်သည်ဟာ အွန်လိုင်းပေါ်မှာရည်းစားဖြစ်နိုင်ပေမယ့်၊
တကယ် Date ဖြစ်သွားဖို့က Sales လိုအပ်တယ်။ ဒါမျိုးပေါ့။

ကုမ္ပဏီ‌တွေအနေနဲ့ ရေရှည် အမှတ်တံဆိပ် တည်ဆောက်ခြင်းထက်
လက်ရှိအရောင်းအဝယ် ဖြစ်မှုအပေါ် ပိုမိုဦးစားပေးလာတာ
ထင်ဟပ်လာတယ်။

Digital ပေါ်က ဖောက်သည်တွေကို ကိုယ့်ပစ္စည်းနဲ့ ထိတွေ့ဖူးမယ့်
အစီအစဉ်ကို ဖော်ဆောင်နိုင်ဖို့ လိုလာတယ်။ အကယ်၍
ကိုယ့်ပစ္စည်းက Physical မဟုတ်တဲ့
Digital Product ဖြစ်နေလည်း
မျက်နှာချင်းဆိုင် Business သမားသုံးယောက်မှာ
သူလည်း Marketer ကိုယ်လည်း Marketer ဖြစ်နေချိန်၊
သူလည်း AI သုံးသလို၊ ကိုယ်လည်း AI သုံးနေချိန်မှာ...
မြေပြင် လက်တွေ့စီးပွားရေးသော့ချက်က
"ခင်ဗျားအရောင်းအပြီးသတ်နိုင်သလား" လို့
မေးစရာပဲ ကျန်ပါတော့မယ်။

YKTM
Nay Yar Creatives
23rd June, 2026 1:45pm

For Your Brand Storytelling and Sales Professional
[email protected]
Contact: 09401800042

Address

Yangon

Opening Hours

Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 13:00 - 17:00

Telephone

+959445950592

Website

Alerts

Be the first to know and let us send you an email when Nay Yar Creatives posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nay Yar Creatives:

Shortcuts

Share