RST Technology

RST Technology Trust Our Service

21/02/2023

Computer လေ့လာအသုံးပြုသူတွေအတွက် ရှေ့မ‌ရောက်ပဲ အတားဆီးဖြစ်စေတဲ့အရာတွေရှိလား၊ အခက်ခဲရှိရင် ပြောခဲ့ကြပါ

Laptop Balloon 😁😜
24/12/2021

Laptop Balloon 😁😜

How to transfer data?😐
23/12/2021

How to transfer data?😐

25/11/2021

RST Technology က
အကုန်သွင်းပေးနေပါပြီ 👨‍💻

ဆိုင်သွားရမှာ ဝေးလို့ အခက်ခဲဖြစ်နေသူများအတွက်လည်း Online မှ Windows installation ပြုလုပ်ပေးပါတယ်။ RST Technologyservice@...
24/11/2021

ဆိုင်သွားရမှာ ဝေးလို့
အခက်ခဲဖြစ်နေသူများအတွက်လည်း Online မှ Windows installation ပြုလုပ်ပေးပါတယ်။

RST Technology
[email protected]

တခြားဘဏ်ထဲကငွေကို မိမိ AYA Account ထဲထည့်လို့ရမလားဆိုရင် ဟုတ်ကဲ့ရပါတယ်၊ဒါပေမဲ့ အဲ့ဘဏ်မှာလုပ်ထားတဲ့ MPU Card ရှိဖို့တော့ ...
27/09/2021

တခြားဘဏ်ထဲကငွေကို
မိမိ AYA Account ထဲထည့်လို့ရမလားဆိုရင်
ဟုတ်ကဲ့ရပါတယ်၊
ဒါပေမဲ့ အဲ့ဘဏ်မှာလုပ်ထားတဲ့ MPU Card ရှိဖို့တော့ လိုပါမယ်။

လုပ်ဆောင်နည်းကတော့ အောက်ပါအတိုင်းပါ။

1. အခြားဘဏ် MPU Card ကတဆင့်
AYA Pay အကောင့်ထဲကိုအရင်ထည့်ပါ။

2. AYA Pay ကတဆင့် Linked ချိတ်ထားတဲ့
မိမိ AYA ဘဏ်အကောင့်ထဲကို
အလွယ်တကူထည့်ပါ။

Photo Credit AYA Pay

ယောကျာ်း - မိန်းမ မင်းစိတ်ဆိုးနေတာကို အရင်ရက်တွေတည်းက ငါသတိထားမိ‌ နေတာ၊ မင်း ဘာစိတ်ဆိုးနေတာလဲ? 🙄🙄မိန်းမ - ရှင့် ကွန်ပျူတ...
11/09/2021

ယောကျာ်း - မိန်းမ မင်းစိတ်ဆိုးနေတာကို အရင်ရက်တွေတည်းက ငါသတိထားမိ‌ နေတာ၊ မင်း ဘာစိတ်ဆိုးနေတာလဲ?
🙄🙄

မိန်းမ - ရှင့် ကွန်ပျူတာထဲက My Documents ဆိုတဲ့ ဖိုဒါကြောင့်ပေါ့၊ တကယ်ဆို Our Documents လို့ ရှင် နာမည်ပေးသင့်တာလေ😞၊
ရှင်ကျွန်မကို အရင်လိုဂရုမစိုက်တော့ပါဘူး 😞😞။

KMSpico ဖြင့် Windows/Office Activate ပြုလုပ်သူများ သတိပြုရန်+++++++++++++++++++++++Microsoft Windows/Office Activator W...
09/09/2021

KMSpico ဖြင့် Windows/Office Activate ပြုလုပ်သူများ သတိပြုရန်
+++++++++++++++++++++++

Microsoft Windows/Office Activator Website များနှင့် ပတ်သက်၍ သတိပေးချက်
+++++++++++++++++++++++

၁။ မြန်မာနိုင်ငံတွင် Microsoft Windows နှင့် Office တို့ကို Licensed Version များအနေဖြင့် ဝယ်ယူအသုံးမပြုနိုင်ကြသူများသည် Windows နှင့် Office တို့ကို Activate ပြုလုပ်ရန်အတွက် အောက်ပါ Link များမှ KMSpico Activator ဖိုင်များကို download လုပ်၍ activate ပြုလုပ်ရန် ကြိုးစားကြပါသည်-
(က) www(dot)kmspico(dot)info
(ခ) kmspico10(dot)org
(ဂ) kmspico10(dot)com
၂။ မြန်မာနိုင်ငံတွင် Ransomware တိုက်ခိုက်ခံရခြင်း အများစုသည် Crack ဖိုင်များ၊ Windows Activator များမှ ဖြစ်ပွားခြင်းအတွက် mmCERT မှ Windows Activator ကို ဖြန့်ဝေနေသော Website (၃)ခုမှ .exe ဖိုင် (၃)ခုကို Analysis ပြုလုပ်ခဲ့ပါသည်။
၃။ kmspico10(dot)org နှင့် kmspico10(dot)com တို့မှ KMSpico Activator များသည် အစစ်အမှန်များ မဟုတ်ကြဘဲ Trojan Downloader များဖြစ်ကြပြီး နောက်ထပ် Malware များကို Download လုပ်ကာ မိမိကွန်ပျူတာတွင် အဖျက်အမှောင့် လုပ်ငန်းများကို လုပ်ဆောင်ကြပါသည်။
၄။ www(dot)kmspico(dot)info မှ Activator သည် Information Stealer ဖြစ်ပြီး CNC Server ဖြစ်သော google(dot)ac(dot)ug ဆီသို့ ဆက်သွယ်ကာ မိမိကွန်ပျူတာ၏ အချက်အလက်များ၊ မိမိ IP ၏အချက်အလက်များ (ပုံ-၂)၊ Firefox/Chrome/Opera Browser တို့၏ Website Login Password များ (ပုံ-၃)၊ မိမိ၏ Desktop မှဖိုင်အမည်များကို ZIP ဖိုင် (ပုံ-၄) အနေဖြင့် ပြန်လည်ပေးပို့ပြီး အချက်အလက်များကို ခိုးယူပါသည်။ Activator နှင့်အတူ Terra.exe ဖိုင် တွဲပါလာပြီး ၎င်း Terra.exe ဖိုင်ကို အလုပ်လုပ်ပြီးနောက်တွင် မိမိကိုယ်ကို ဖျက်ဆီးသော Self-destruction function အားထည့်သွင်းထားပါသည်။ ပုံ(၅)တွင်ပြထားသည့်အတိုင်း Antivirus အများစုက Terra.exe ဖိုင်အား Malware စုံစမ်းစစ်ဆေးနိုင်ခြင်း မရှိသေးပါ။
၄။ သို့ဖြစ်ပါ၍ Windows/Office Activator များကို မစူးစမ်းမဆင်ခြင်ဘဲ အသုံးပြုမိပါက မိမိ၏ကိုယ်ရေးအချက်အလက်များခိုးခံရခြင်း၊ Ransomware ၏ တိုက်ခိုက်ခံရခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် အသုံးမပြုကြရန် သတိပေးနှိုးဆော်အပ်ပါသည်။

Credit

မေး - Remote ကနေ Software Error ရှင်းတယ်ဆိုတာက ဘယ်လိုမျိုးလဲ?‌ဖြေ - 😂😂😂
08/09/2021

မေး - Remote ကနေ Software Error ရှင်းတယ်ဆိုတာက ဘယ်လိုမျိုးလဲ?
‌ဖြေ - 😂😂😂

01/09/2021

Windows 10 Pro Upgrade လုပ်နည်း Tutorial
=====================================

မိမိ Computer မှာလက်ရှိသုံးနေတဲ့ Windows 7, Windows 8.1 ကနေ Windows 10 Pro ကို
ဘာ data မှ မပျက်အောင် Update ဘယ်လိုလုပ်မလဲဆိုပြီး လာလာမေးကြလို့ ဒီ Video လေး ပြန်တင်ပေးလိုက်ပါတယ်။
Video ကို သေသေချာချာကြည့်ပြီး ဘာ Data မှ မပျက်အောင် Windows 10 Pro တိုက်ရိုက်တင်လိုက်ပါ။
Windows 8 ကနေပြီး Windows 10 Pro ကို တိုက်ရိုက် Upgrade လုပ်လို့မရတာမို့
Windows 8.1 က အရင် Upgrade လုပ်ထားဖို့တော့ လိုပါတယ်။
Windows Edition အတော်များများကနေ Windows 10 Pro ကို တိုက်ရိုက် Upgrade တင်လို့ရပါတယ်။
32 bits to 32 bits, 64 bits to 64bits တော့ ဖြစ်ရပါမယ်။
ဒါပေမဲ့ Microsoft ကတော့ Same Edition အချင်းချင်း Upgrade လုပ်ဖို့ပိုပြီး Recommend ပေးပါတယ်။
အောက်မှာ Windows 10 အတွက် System Requirement ပါ ရေးပေးထားပါတယ်။
RAM က အနည်းဆုံး 1GB ရှိရင် တင်လို့ရတယ်ဆိုပေမဲ့ လက်တွေ့မှာ စက်‌လေးမှာကြောင့်
RAM အနည်းဆုံး 4GB လောက်ရှိမှသာ တင်ကြဖို့ RST Technology က စေတနာနဲ့ အကြံပေးချင်ပါတယ်။

Windows 10 System Requirement
-----------------------------------

✅ Latest OS: Make sure you're running the latest version—either Windows 7 SP1 or Windows 8.1 Update.
✅ Processor: 1 gigahertz (GHz) or faster processor or SoC

✅ RAM: 1 gigabyte (GB) for 32-bit or 2 GB for 64-bit

✅ Hard disk space: 16 GB for 32-bit OS or 20 GB for 64-bit OS

✅ Graphics card: DirectX 9 or later with WDDM 1.0 driver

✅ Display: 800 x 600

အဆင်ပြေရင် Like & Share လေး လုပ်သွားပေးပါ။

RST Technology
www.facebook.com/rst131

Life Has No Ctrl + Z
31/08/2021

Life Has No Ctrl + Z

😎😎   😂
31/08/2021

😎😎
😂

Address

Yangon
11131

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Alerts

Be the first to know and let us send you an email when RST Technology posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share