09/10/2026
"ASEAN Digital Awards 2027 ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခြင်း"
အာဆီယံဒေသတွင်း Digital နည်းပညာဆိုင်ရာ တီထွင် ဖန်တီးမှုများကို မြှင့်တင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ASEAN Digital Awards ပြိုင်ပွဲများကို အာဆီယံအဖွဲ့ဝင်နိုင်ငံ များမှ နှစ်စဉ်အလှည့်ကျကျင်းပလေ့ရှိရာ ၂၀၂၇ ခုနှစ်တွင် 7th ADGMIN Chair ဖြစ်သော နိုင်ငံမှ အလှည့်ကျအိမ်ရှင်အဖြစ် ကြီးမှူး၍ ကျင်းပမည်ဖြစ်ပါသည်။
ပြိုင်ပွဲကို အဆင့်(၄) ဆင့်ဖြင့် ပြုလုပ်ထားပြီး ပထမအဆင့်တွင် ယှဉ်ပြိုင်သူများက မိမိ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်သည့် product ၏ အသေးစိတ်အချက်အလက်များနှင့် Video file အား သက်ဆိုင်ရာ Country Coordinator မှတစ်ဆင့် အွန်လိုင်းမှ ပေးပို့လျှောက် ထားရပါမည်။ ဒုတိယအဆင့်တွင် ပြိုင်ပွဲဝင်များ၏ product ၏ အသေးစိတ် အချက်အလက် များနှင့် Video file (3 minute) များ ကို အာဆီယံနိုင်ငံများ၏ ပြိုင်ပွဲအကဲဖြတ်ဒိုင်များမှ အွန် လိုင်းစနစ်ဖြင့် ပဏာမအကဲဖြတ်ခြင်း ပြုလုပ်မည်ဖြစ်ပြီး တတိယအဆင့်တွင် ယှဉ်ပြိုင် သည့်အဖွဲ့များထဲက Finalist (၁၈) ဖွဲ့အား ရွေးချယ်၍ စာရင်း အား ထုတ်ပြန် သွားမည်ဖြစ်ပါ သည်။ စတုတ္ထအဆင့်တွင် Finalist (၁၈) ဖွဲ့အား အာဆီယံအလှည့်ကျ အိမ်ရှင်နိုင်ငံသို့ ဖိတ် ခေါ်၍ ပြိုင်ပွဲဝင်များ၏ Presentation တင်ပြချက် များအား အာဆီယံနိုင်ငံများ ၏ ပြိုင်ပွဲအကဲ ဖြတ်ဒိုင်များမှ Onsite ဖြင့် အပြီးသတ် အကဲဖြတ် ခြင်း ပြုလုပ် မည်ဖြစ်ပြီး ပထမ၊ ဒုတိယနှင့် တတိယtorဆုရရှိသူများကို “7th ASEAN Digital Ministers' Meeting (7th ADGMIN) အစည်း အဝေး၏ Gala Dinner တွင် ဆုချီးမြှင့်မည် ဖြစ်ပါသည်။
ပြိုင်ပွဲအမျိုးအစား (၆) မျိုး ပါဝင်ပြီး အကျဉ်းချုပ်ရှင်းလင်းချက်များမှာ အောက်ပါ အတိုင်း ဖြစ်သည်-
1. The Public Sec
အများပြည်သူနှင့် အစိုးရဌာနများအကြား ဆက်သွယ်ဆောင်ရွက်ပေးနိုင်သော Software Applications and Hardware Devices Product များနှင့် e-Government Application များ အကျုံးဝင်သည်။
2. The Private Sector
ကုမ္ပဏီများ၊ လုပ်ငန်းသုံး Software Applications များ ဖြစ်သော -
• Industrial Application - စက်ရုံ၊ အလုပ်ရုံများတွင် Control Software များ၊ ပစ္စည်းများ၊ ရေတွက်သောစနစ်များ၊
• e-Logistics - ကွန်ပျူတာ Software Applications များကိုအသုံးပြု၍ ကုန်ပစ္စည်းများ၏ စာရင်းများ၊ သိုလှောင်သိမ်းဆည်းထားရှိရမည့် နေရာများကို Control လုပ်နိုင်သောစနစ်များ၊
• Supply Chain Management - ကုန်ပစ္စည်းထုတ်လုပ်မှုအတွက် ကုန်ကြမ်း ဝယ်ယူခြင်း၊ ထုတ်လုပ်ပြီးပစ္စည်းများကို ဖြန့်ဝေခြင်းစသည့် လုပ်ငန်းများ အတွက် Software Applications စနစ်များ၊
• Finance Industry Application - ကုမ္ပဏီအချင်းချင်း ငွေကြေးဆိုင်ရာလုပ်ငန်း များ၊ ကုမ္ပဏီနှင့်ဘဏ်များအကြား ငွေကြေးဆိုင်ရာလုပ်ငန်းများ၊ ကုမ္ပဏီနှင့် ဝယ်ယူသူ Customer များအကြား ငွေကြေးဆိုင်ရာလုပ်ငန်းများ၊ ကုမ္ပဏီတွင်း ငွေကြေးဆိုင်ရာလုပ်ငန်းများ စသည်တို့တွင် အသုံးပြုနိုင်သည့် Software Application System များ၊
• Communication - ပြည်တွင်း၊ ပြည်ပကုမ္ပဏီများအချင်းချင်း ဆက်သွယ်ရေး လုပ်ငန်းများ၊ ကုမ္ပဏီနှင့် အစိုးရဌာနများအကြား ဆက်သွယ်သည့်လုပ်ငန်းများ၊ ကုမ္ပဏီနှင့် ဝယ်ယူသော Customer များအကြား ဆက်သွယ်ရေးပြုနိုင်မည့် Software Applications များ၊
• e-Health - ကျန်းမာရေးနှင့် ပတ်သက်၍အသုံးပြု Software Applications များ၊
• Tourism and Hospitality - ခရီးသွားလုပ်ငန်းများနှင့် ပတ်သက်၍ အသုံးပြုသော Software Applications များ အကျုံးဝင်ပါသည်။
3. Digital Inclusivity Category
ဒစ်ဂျစ်တယ်နည်းပညာ၏ စွမ်းအားကို အသုံးချပြီး ဘေးကင်းစွာ အွန်လိုင်းတက် လှမ်းနိုင်ရန် ကျွမ်းကျင်မှု၊ လှုံ့ဆော်မှုနှင့် အခွင့်အလမ်းများကို တပ်ဆင်ပေးခြင်းဖြင့် နိုင်ငံသား/စားသုံးသူများအား ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူ့အဖွဲ့အစည်းတွင် ပါဝင်ရန် အခွင့်အာဏာပေးသည့် ဒစ်ဂျစ်တယ်ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ သို့မဟုတ် ပရိုဂရမ်များ အကျုံးဝင်သည်။
4. Digital Content Category
ရုပ်ပုံများ၊ စာများ၊ အသံများ၊ ဗီဒီယိုများကို Digital သို့ ပြောင်း၍ Multimedia Software Applications များ အကျုံးဝင်သည်။
5. Digital Start-up Category
ICT Software Application နှင့် Hardware ပစ္စည်းများကို ထုတ်လုပ်ရန်၊ ကုမ္ပဏီများ “စ” တင် စွန့်စားတည်ထောင်ရန် ကြိုးစားလျက်ရှိသော ကုမ္ပဏီငယ် များဖြစ်ပြီး ပြိုင်ပွဲ ဝင်သည့်အချိန်တွင် ကုမ္ပဏီကြီးတစ်ခု၏ လက်အောက်ခံကုမ္ပဏီ မဖြစ်ရပါ။
6. Digital Innovation Category
ဆန်းသစ်တီထွင်မှုကို အဓိက ပြိုင်ဆိုင်မှုအားသာချက်အဖြစ် မြှင့်တင်ပေးသည့် ဆင့် ပွားနှင့် သုတေသနအဖွဲ့အစည်းများမှ ပေါ်ပေါက်လာသော ဒစ်ဂျစ်တယ်ထုတ်ကုန် များ၊ ဝန်ဆောင်မှုများ သို့မဟုတ် ပရိုဂရမ်များသည် လုပ်ငန်းလည်ပတ်ပုံ သို့မဟုတ် သုံးစွဲသူများအတွက် ဘဝအရည်အသွေးကို လွန်စွာမြှင့်တင်ရန် အဓိက အပြိုင် အဆိုင်အားသာချက်အဖြစ် မြှင့်တင်ပေးခြင်းများ အကျုံးဝင်သည်။
အဆိုပါပြိုင်ပွဲအမျိုးအစား (၆) မျိုး အတွက် တစ်မျိုးချင်းစီတွင် ပထမ၊ ဒုတိယ၊ တတိယဆု များ ရွေးချယ်ပေးအပ်မည်ဖြစ်ပြီး ဆုရရှိသူများကို ASEAN Digital Awards ဆုတံဆိပ်နှင့် အသိအမှတ်ပြုလက်မှတ်များ ချီးမြှင့်သွားမည်ဖြစ်ပါသည်။ ပြိုင်ပွဲဝင်များ အားလုံးကိုလည်း အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးမည်ဖြစ်ပါသည်။
ASEAN Digital Awards 2026 နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များ သိရှိ လိုပါက မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဖုန်း ၀၁-၈၆၅၂၃၀၇၊ ၀၉-၆၇၇၆၈၇၀၃၈၊ ၀၉-၄၀၁၆၇၆၃၆၀ နှင့် ၀၉-၄၅၆၀၈၇၀၃၈ ထံသို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်းနှင့် ပြိုင်ပွဲဝင် လျှောက်လွှာများကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့ နောက်ဆုံးထား၍ အချိန်မီပေးပို့နိုင်ပါရန် မြန်မာနိုင်ငံအတွင်း ICT ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်နေသူများ နှင့် စိတ်ပါဝင်စားသူများ ပါဝင်လျှောက်ထားနိုင်ပါရန် ဖိတ်ခေါ်အပ်သည်။
Registration Link & QR : https://forms.gle/eCTtSybhfU1ps4W68
မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ်