21/07/2026
ဒီရက်ပိုင်းထဲ မိမိတို့ရဲ့ Online Shop Page တွေ၊ လုပ်ငန်းသုံး၊ Personal သုံး Page တွေ မှာ Page Security ပိုင်းနဲ့ပတ်သက်ပြီး သတိထားဖို့လိုပါမယ်။ ဘာကြောင့်လည်းဆိုရင် Page တွေကို Hack ဖို့ Hacker တွေဘက်က တကျော့ပြန် Try လာတာတွေ ရှိနေလို့ပါ။
ယခင်လို Link တခုကို နှိပ်ပြီး အချက်အလက်တွေကို ဖြည့်လိုက်မှ Hack ခံလိုက်ရတာမျိုးမဟုတ်တော့ပဲ သူတို့ပေးထားတဲ့ Link တခုခုကို နှိပ်မိလိုက်ရုံနဲ့ Hack ခံလိုက်ရနိုင်တဲ့ Click Hijacking နည်းပညာမျိုးတွေကိုပါ အသုံးချလာတာကြောင့်ဖြစ်ပါတယ်။
အောက်မှာ ဟိုးယခင်ကတည်းက ရေးထားပေးဖူးတဲ့ Facebook Account, page, တွေနဲ့ ပတ်သက်တဲ့ Security knowledge Post လေးကိုလည်း ပြန်လည်ကူးယူပြီး ထည့်ပေးထားလို့ အချိန်ခနလောက်ပေးပြီး ဖတ်ရှုထားကြစေလိုပါတယ်။
__________
Facebook အကောင့် နဲ့ Page တွေ အလွယ် Hack ခံရတယ်ဆိုတာမှာ။
တချို့က Security Knowledge တွေရှိထားပါလျှက်နဲ့ Account, Page , တွေ Hack ခံရတဲ့အတွက် ဘာကြောင့်များ Hack ခံရတာပါလိမ့်ဆိုပြီး ထူးဆန်းတယ်လို့ထင်နေကြတာများတယ်။
တကယ်က နည်းပညာတွေအဆင့်မြင့်လာတဲ့အတွက်၊ သတိလေးတချက်လွတ်တာနဲ့၊ ပေါ့လျော့မိတာနဲ့၊ အကြောင်းအရာ တစုံတခုကြောင့်နဲ့၊ သင့်ရဲ့ Account, သင့်ရဲ့ Page တွေ အလွယ်တကူ Hack လုပ်ခံသွားရစေနိုင်ပါတယ်။
အကောင့်တွေ၊ Page တွေ၊ အလွယ် Hack ခံရတယ်ဆိုတာမှာ၊ ဘာတွေ၊ ဘယ်လိုတွေကြောင့် သတိတချက်လွတ်တာနဲ့ ပါသွားနိုင်လည်းဆိုတော့...
အခုနောက်ပိုင်း Hacker တွေက နည်းမျိုးစုံသုံးလာပြီး၊ နည်းပညာတွေကလည်း ပိုအဆင့်မြင့်လာတော့ သာမန်လူမပြောနဲ့ Security ပိုင်းတွေကို အလေးထားပါတယ်ဆိုတဲ့သူတွေတောင် သတိတချက်လွတ်တဲ့အချိန် ပါသွားကြတာမနည်းဘူး။
အရင်တုန်းက Link တခုခုကို နှိပ်မိရင် User Name နဲ့ Password ထည့်ပေးလိုက်မှ Phishing မိတာ၊ အခုက Click Hijacking လုပ်ခံရတော့ Link ကို နှိပ်မိရုံနဲ့ အကောင့်တို့၊ Page တို့၊ User Data တွေတို့၊ တန်းပါကုန်တာလည်းရှိတယ်။
နောက်ထပ် သူတို့ထောင်ဖမ်းထားတဲ့ Mobile App တခုခု ကို ဖုန်းထဲ ဒေါင်းထည့်မိရုံပဲဖြစ်ဖြစ်၊
Desktop, Laptop, တခုခုထဲကို Software တခုခု install သွင်းမိတာဖြစ်ဖြစ်၊
အွန်လိုင်းပေါ်က Photo, Video, PDF, Word, ဖိုင် တခုခုကို ဒေါင်းပြီး ဖွင့်ကြည့်မိရင်ဖြစ်ဖြစ်၊
ကိုယ်သုံးနေတဲ့ ဖုန်းတွေ ကွန်ပြူတာတွေအထိ ထိန်းချုပ်ခံသွားရနိုင်တယ်။ အဲ့လို ထိန်းချုပ်ခံရရင် အဲ့ဒီ Device တွေထဲမှာ ထည့်သုံးထားတဲ့ အကောင့်တွေ၊ မေးလ်တွေကတော့ အသာလေး ပါပြီပဲ၊ တဘက်က Hacker က အကောင့်ထဲဝင်လာရင် Login Alerts လည်းမပြ၊ Login Code လည်းမကျပဲ ပါသွားတော့မှသာ ပါသွားမှန်း သိရနိုင်တာပါ။
=================
Page Hack နဲ့ Facebook Account Hack လုပ်မခံရလေအောင် သတိပေးစာ။
မိမိ page ရဲ့ Message မှာ ဒီလိုတွေဝင်လာရင် သေခြာပေါက် လျစ်လျူရှုပေးလိုက်ကြပါ။
Facebook Team ဘက်က ဘယ်တော့မှ အဲ့လိုတွေမပို့ပါဘူး။ ဘုမသိဘမသိ ကြောက်အားလန့်အားနဲ့ သူတို့ပေးထားတဲ့ Link တွေကို နှိပ်မိရင်တော့ မိမိရဲ့ Facebook Account နဲ့ Page ကို ရေစက်ချပြီး အမျှဝေဖို့သာ ပြင်ထားလိုက်ပါ။ 🙄
https://m.facebook.com/story.php?story_fbid=2532526790243402&id=100004583169241
________
မိမိ Facebook Account နဲ့ Page တွေရဲ့ Notifications မှာ ဒီလိုတွေဝင်လာရင် သေခြာပေါက် လျစ်လျူရှုပေးလိုက်ကြပါ။
Facebook Team ဘက်က ဘယ်တော့မှ အဲ့လိုတွေ Mention မခေါ်ပါဘူး။ ဘုမသိဘမသိ ကြောက်အားလန့်အားနဲ့ သူတို့ပေးထားတဲ့ Link တွေကို နှိပ်မိရင်တော့ မိမိရဲ့ Facebook Account နဲ့ Page ကို ရေစက်ချပြီး အမျှဝေဖို့သာ ပြင်ထားလိုက်ပါ။ 🙄
https://m.facebook.com/story.php?story_fbid=2545798908916190&id=100004583169241
________
ဒီလိုကြော်ငြာမျိုးတွေကြောင့်လည်း မိမိတို့ Page တွေ၊ Account တွေ Hack လုပ်ခံရနိုင်ပါတယ်။
https://web.facebook.com/aungkyawsoe.sb/posts/2417205811775501
_______
အရမ်းဆွဲဆောင်မှုရှိတဲ့ ဒီလိုကြော်ငြာဗီဒီယိုတွေကြောင့်လည်း သင့်ရဲ့ Account နဲ့ Page တွေ Hack ခံရနိုင်ပါတယ်။
https://www.facebook.com/share/v/z8oTBoGZz3srH6PY/
_______
page တွေ၊ Facebook Account တွေ အပြင်၊ အသုံးပြုနေတဲ့ ဖုန်းတွေ၊ ကွန်ပြူတာတွေအထိ ဘာကြောင့် Hack လုပ်ခံနေရလည်းဆိုရင် ဒီလိုမျိုးတွေကြောင့်လည်းပါတယ်လို့ပြောရမယ်။
https://web.facebook.com/aungkyawsoe.sb/posts/2466868820142533
အဲ့ဒီပို့စ်လေးထဲမှာပါတဲ့ Post Link လေးတွေကို တခုချင်း ဝင်ဖတ်ကြည့်ပါ။
နောက်နောင် Page တွေ၊ အကောင့်တွေ Hack လုပ်မခံရအောင် သတိထားပြီး ကာကွယ်နိုင်ဖို့ Knowledge လေးတွေရသွားပါလိမ့်မယ်။
_______
ဒါကတော့ Account, Page တွေ Hack လုပ်မခံရအောင် ဖတ်ထား၊ သိထား၊ သင့်တာလေးတွေပါ။
Post Link တခုချင်းစီကိုနှိပ်ပြီး အချိန်ခနပေးပြီး ဖတ်ထားလိုက်ကြပါဗျ။
_______
ဒီလိုမျိုး Page Hack တာတွေနဲ့ပတ်သက်ပြီး ကိုယ့် Page ကို လှည့်ကြည့်စရာမလိုရအောင် စိတ်ချလက်ချပစ်ထားနိုင်ဖို့ ကျွန်တော်တို့ဆီမှာ Page Security Guard အပ်ရင် အပ်ထားလို့ရပါတယ်ဗျ။ 😁
အသေးစိတ်ကို ဒီပို့စ်ထဲမှာ ဝင်ဖတ်လို့ရပါတယ်။
https://www.facebook.com/share/p/3fKmCrBmRXYGe3fC/
👨💻👨💻👨💻👨💻👨💻👨💻👨💻👨💻👨💻👨💻
page, Facebook Account, တွေနဲ့ ပတ်သက်ပြီး ဒီ Post လေးထဲမှာ ပေးနေတဲ့ Service လေးတွေ နဲ့ Service Fees လေးတွေ က်ို အသေးစိတ် ရေးထားပေးပါတယ်။
ဝင်ရောက်ဖတ်ရှုကြည့်ပြီး လိုအပ်တဲ့ Service လေးတွေ ရှိရင်လည်း အပ်လို့ရပါတယ်ဗျ။
အခု မလိုအပ်သေးလည်း နောက်လိုအပ်တဲ့အခါရှိရင် အပ်လို့ရအောင် Save ထားနိုင်ပါတယ်။ 😊
Click here 👉 https://www.facebook.com/share/p/18XW3sAUZG/
https://bit.ly/aungkyawsoe_services
👨💻👨💻👨💻👨💻👨💻👨💻👨💻👨💻👨💻👨💻