ABCD 40U

ABCD 40U Computer Accessories, CCTV, Door Access Control, Video Intercom and Thief Detection Alarm System

1080p USB web cam used ဆခု သက်သက်သာသာနဲ့ပဲရပါမယ်။20000 ks ပါ။
08/11/2024

1080p USB web cam used ဆခု သက်သက်သာသာနဲ့ပဲရပါမယ်။
20000 ks ပါ။

ဒါလေးရမယ်။ အသစ်တိုင်းသန့် ဘူးမပါ။ 1080p ။ ရုပ်ထွက်ကောင်း။ 28000 kyats
18/07/2024

ဒါလေးရမယ်။ အသစ်တိုင်းသန့် ဘူးမပါ။ 1080p ။ ရုပ်ထွက်ကောင်း။
28000 kyats

ကာလဝမ်းရောဂါအကြောင်း ••••••••••••••••••••••••••••ကာလဝမ်းရောဂါကို Cholera လို့ခေါ်ပါတယ်။ မကုသဘဲဒီတိုင်းထားရင် နာရီပိုင်းအ...
08/07/2024

ကာလဝမ်းရောဂါအကြောင်း
••••••••••••••••••••••••••••
ကာလဝမ်းရောဂါကို Cholera လို့ခေါ်ပါတယ်။ မကုသဘဲဒီတိုင်းထားရင် နာရီပိုင်းအတွင်း အသက်ဆုံးရှုံးနိုင်ပါတယ်။ ကာလဝမ်းရောဂါဟာ ရေအရင်းအမြစ်သန့်စင်မှုမရှိခြင်းနဲ့ အခြေခံသန့်ရှင်းမှုမရှိတဲ့အတွက်ဖြစ်ရတာပါ။
အပျော့စားဖြစ်ရင် Oral Rehydration Salt လို့ခေါ်တဲ့ဓာတ်ဆားရည်သောက်ပြီး သက်သာနိုင်ပါတယ်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီဆိုရင်တော့ ပိုးသတ်ဆေးနဲ့ IV Fluids (အကြောဆေးသွင်းကုသမှု)တွေပါလိုအပ်နိုင်ပါတယ်။
🔷ကာလဝမ်းရောဂါဖြစ်ရတဲ့အကြောင်းအရင်း
မသန့်တဲ့အစားအစာနဲ့ မသန့်တဲ့ရေ (ရောဂါပိုးရှိတဲ့အစာနဲ့ရေ)ကို စားသောက်မိလို့ ဖြစ်ရတာပါ။ ရောဂါပိုးကို V.Cholerae လို့ခေါ်ပါတယ်။ ရောဂါပိုးကူးစက်ပြီး ၁၂နာရီမှ ၅ရက်အတွင်း ရောဂါလက္ခဏာပြသပါတယ်။
🔷ရောဂါလက္ခဏာများ
အစောပိုင်းလက္ခဏာများမှာ
▪️ဝမ်းအရည်များသွားခြင်း
▪️ဝမ်းအရောင်မှာ ဆန်ဆေးရည်ကဲ့သို့ အဖြူရောင်များဖြစ်နေခြင်း
▪️အော့အန်ခြင်း
▪️ခြေထောက်ကြွက်တက်ခြင်းတို့ပါဝင်ပါတယ်။
🔺မကုသဘဲနေရင် ရောဂါပြင်းထန်လာပြီး ရေဓာတ်ဆုံးရှုံးမှုတွေဖြစ်လာပါလိမ့်မယ်။ ကျောက်ကပ်ပျက်စီးခြင်း၊ မေ့မျောခြင်း၊ သွေးလန့်ခြင်းနဲ့ အသက်ဆုံးရှုံးခြင်းအထိ နောက်ဆက်တွဲဖြစ်နိုင်ပါတယ်။
🔷ကာကွယ်ခြင်း
မဖြစ်ခင်ကြိုတင်ကာကွယ်ဖို့အလွန်အရေးကြီးပါတယ်။ ကာလဝမ်းရောဂါဖြစ်ပွားတဲ့အချိန်တွေဟာ အခုလိုမိုးတွင်းကာလတွေမှာဖြစ်တတ်ပါတယ်။
◾ရေသန့်ကိုသာသောက်ပါ။
ရေသန့်မရှိပါက ကလိုရင်းဆေးခတ်ထားသောရေကိုသောက်ပါ။
Aquatabs -ရေသန့်စင်ဆေးပြားခတ်ပြီးလည်းသောက်သုံးနိုင်ပါတယ်။
အကယ်၍ အထက်ပါအရာများ လက်လှမ်းမမီဘူးဆိုရင် ကြိုချက်ပြီးသောက်ပါ။ ရေဆူပွက်လာတဲ့အထိကြိုပါ တစ်မိနစ်ခန့်ဆူပွက်အောင်ထားပါ။ ကြိုချက်ပြီးသားရေကို ပြန်သိမ်းရင်တော့ သိမ်းတဲ့ဘူးကသန့်ရှင်းမှဖြစ်မှာပါ။
◾လက်ဆေးပါ။
လက်ကို ရေ၊ဆပ်ပြာနဲ့ မကြာခဏဆေးကြောပေးပါ။အထူးသဖြင့် အစားမစားခင်၊ အိမ်သာတက်ပြီးနဲ့ အစားအစာတွေမကိုင်တွယ်ခင် လက်ဆေးပေးပါ။ ကလေးလေးတွေကို Diaper လဲခြင်း၊ အောက်ပိုင်းအညစ်အကြေးသန့်ရှင်းခြင်းတို့ပြုလုပ်ပြီးရင်လည်း လက်ဆေးဖို့မမေ့ပါနဲ့။
◾ရေ၊ဆပ်ပြာမရှိရင် Alcohol 60% ပါဝင်တဲ့ လက်သန့်ဆေးရည်သုံးလို့ရပါတယ်။
◾ယင်လုံအိမ်သာအသုံးပြုပါ။
◾အစားအစာတွေကို ချက်ပြုတ်ပြီးမှစားပါ။ အသားငါးအစိမ်းစားတာတွေရှောင်ပါ။ ကျက်အောင်ချက်စားပါ။ ယင်လုံအောင် ဖုံးအုပ်ထားပါ။
🔷ဖြစ်ခဲ့ရင်ဘာလုပ်ကြမလဲ?
ရောဂါစဖြစ်ပြီဆိုတာနဲ့ ဓာတ်ဆားရည်သောက်ပါ။ ကလေးသူငယ်တွေ၊ ရောဂါအခံရှိတဲ့လူကြီးတွေကို မပေါ့လျော့စေချင်ပါဘူး။
🔺ဓာတ်ဆားရည်မှာ အမှတ်မှားကြတာက ဝမ်းလျှောရင်သောက်တဲ့ဓာတ်ဆားနဲ့ ချွေးထွက်များရင်သောက်တဲ့ဓာတ်ဆားမှားကြတာပါပဲ။ ဝမ်းပျက်တဲ့အခါ ချွေးထွက်များရင်သောက်တဲ့ဓာတ်ဆားသောက်လို့မရပါဘူး။
ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် WHO Formula နဲ့ထုတ်ထားတဲ့ဓာတ်ဆားထုပ်တွေကိုသောက်ရမှာပါ။
ကျွန်မသိသလောက် လက်ရှိဈေးကွက်ထဲမှာဝယ်လို့ရတဲ့ WHO Formula ဓာတ်ဆားတွေက BPI ဓာတ်ဆား၊ Relyte ဓာတ်ဆား၊ Peditral ဓာတ်ဆား၊ Pharolit ဓာတ်ဆားတွေဖြစ်ပါတယ်။ ဒီတံဆိပ်တွေကို ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် သောက်လို့ရပါတယ်။ BPI ၊ Relyte၊ Peditral စတာတွေက ရေသန့် သို့မဟုတ် ကြိုချက်ပြီးအအေးခံထားသောရေ 1000ml နဲ့ဖျော်စပ်ရတာဖြစ်ပြီး Pharolit ဓာတ်ဆားကတော့ ကလေးတွေမှာအသုံးများပြီး ရေ 200ml နဲ့ဖျော်စပ်ရတာဖြစ်ပါတယ်။
မိမိဝယ်လာတဲ့ဓာတ်ဆားထုပ်ကို ရေဘယ်လောက်နဲ့ဖျော်ရမလဲမသိရင် ဆေးဆိုင်မှာသေချာမေးခဲ့ပါ။ ဘယ်လောက်ရေပမာဏနဲ့ဖျော်စပ်ရလဲဆိုတာကိုပါ။ တိတိကျကျဖျော်စပ်မှသာ ကုသမှု အကျိုးရလဒ်ရှိမှာပါ။ ဈေးကွက်ထဲမှာတော့ အထက်ပါဓာတ်ဆားထုပ်တွေသာအများဆုံးရှိတဲ့အတွက် ကျွန်မပြောတဲ့ info လေးကအသုံးဝင်မှာပါ။
နောက်တစ်ခုက Probiotics ကိစ္စပါ။ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီဆိုရင် နံပါတ် ၁ က ဓာတ်ဆားရည်ဖြစ်ပါတယ်။ ဓာတ်ဆားရည်မသောက်ဘဲ Probiotics တမျိုးတည်းသောက်လို့မရပါဘူး။ ဓာတ်ဆားရည်ကသာ အသက်ကယ်နိုင်မှာပါ။
🔷ဓာတ်ဆားရည်ပြုလုပ်နည်း
ဓာတ်ဆားထုပ်ဝယ်ယူလို့မရတဲ့နေရာတွေအတွက်ဖြစ်ပါတယ်။
◾ကြိုချက်ထားသောရေတစ်လီတာ(1000ml)ထဲကို ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်၊ သကြား လက်ဖက်ရည်ဇွန်း ခြောက်ဇွန်းထည့်ပါ။ ဖျော်ပါ။ ၂၄နာရီအတွင်းကုန်အောင်သောက်ပါ။ (ကိုးကား -WHO)
🔺ဝမ်းအရည်တွေတစ်နေ့ကို သုံးကြိမ်ထက်ပိုပြီးသွားတာကို ကုသမှုမခံယူဘူးဆိုရင်၊ လုံလောက်တဲ့အရည်ပမာဏပြန်ပြီးမဖြည့်တင်းဘူးဆိုရင် ရေဓာတ်ဆုံးရှုံးခြင်းဖြစ်စေနိုင်ပါတယ်။
◾ရောဂါမပြင်းထန်ဘူးဆိုရင်တော့ အဓိကကဓာတ်ဆားရည်သောက်ပြီး ရေဓာတ်ပြည့်ဝအောင်ပြုလုပ်ဖို့ပါ။ ဆိုဒါမပါသော လတ်ဆတ်တဲ့အသီးအနှံဖျော်ရည်၊ ကြက်ပြုတ်ရည်သောက်လို့ရပါတယ်။ ရေများများသောက်ရပါမယ်။ ဓာတ်ဆားရည်ဟာ ဝမ်းလျှောလို့ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ဓာတ်ဆားတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့အတွက် သေချာသောက်ပေးရပါမယ်။ အစားစားပြီးတဲ့အခါမှာ ဓာတ်ဆား(သို့မဟုတ်)အရည်ကိုကြားထဲမှာ သောက်ပေးရပါမယ်။ မကြာခဏလည်းတစ်ငုံချင်းသောက်ပေးရပါမယ်။ ဝမ်းလျှောနေစဉ်မှာ ပင်လယ်စာ၊ နို့နဲ့နို့ထွက်ပစ္စည်း အစားအစာတွေ ခေတ္တရှောင်ပေးပါ။
🔷အရေးကြီးတဲ့လက္ခဏာတွေကတော့
◾ကိုယ်အပူချိန် 101'F ထက်များခြင်း၊ နှစ်ဆယ့်လေးနာရီကျော်အောင်ကိုယ်ပူခြင်း
◾နှစ်ရက်ကျော်အောင်ဝမ်းလျှောခြင်း
◾ပျို့ခြင်း၊ အစားစားမရအောင်အန်ခြင်း
◾ဗိုက်ထဲမှရစ်ပြီးနာခြင်း
◾ရေဓာတ်ဆုံးရှုံးခြင်း (ခြေဖျား၊လက်ဖျားအေးစက်ခြင်း၊သွေးပေါင်ကျခြင်း၊ ရေအလွန်ငတ်ခြင်း၊ မူးဝေသတိလစ်ခြင်း)
ဒီလိုလက္ခဏာတွေဖြစ်နေမယ်ဆိုရင်တော့ မပေါ့ဆဘဲ ဆရာဝန်နဲ့အမြန်ဆုံးပြသသင့်ပါတယ်လို့ရေးသားလိုက်ရပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)မာမီ
5.7.24 ; 11:30PM
Edited 🔺 လတ်တလောပျံ့နှံ့နေသော ဝမ်းပျက်ဝမ်းလျှောသတင်းတွေကြောင့် Panic မဖြစ်စေချင်ပါဘူး။ ကာလဝမ်းရောဂါပိုးဟုတ်မဟုတ်လည်း ဘယ်သူမှအတည်မပြုသေးပါဘူး။ အခုဆောင်းပါးကို Educational Purpose အရသာ ဖတ်ရှုစေချင်ပါတယ်။ အခု မိုးရာသီမှာ Gastroenteritis လို့ခေါ်တဲ့ ရိုးရိုးဝမ်းပျက်ဝမ်းလျှောလည်း အဖြစ်များပါတယ်။ ဘယ်လိုဝမ်းပျက်ဝမ်းလျှောဖြစ်ဖြစ် ဒီနည်းလမ်းတွေအတိုင်း ကာကွယ်၊ သတိပြုလို့ရပါတယ်ရှင်။
✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်
#ဝမ်းလျှောခြင်း
#ကာလဝမ်းရောဂါ

13/02/2024

ဖေ့စ်ဘုတ် အကြောင်းသိကောင်းစရာများ!!
~~~~~~~~~~~~~~~~~~~~~~

(1)...See first
Acc တစ်ခုမှာ See first ,25, ခုပဲ လုပ်လို့ရပါတယ်

(2)...Block
,24,နာရီအတွင်းမှာ Acc ,55, ခုကို Block ရင် (48)နာရီ (Block) ခွင့် ပိတ်ခံရပါတယ်။
နောက် (48)နာရီကြာမှ နောက်ထပ်(Block) ချင်တဲ့သူကိုပြန်ပြီး (Block) လို့ရမှာပါ။

(3)...Add friends
Fb ကနေ friend တွေ Add မယ်ဆိုရင်
အယောက် (1,000) ထိပဲ Add လို့ရပါ
တယ်။ Acc (1000) ကို (Add) ထားပြီး၊ မိမိ( Add)ထားတဲ့ (Acc) (1000) ထဲက တစ်ယောက်ယောက်လက်မခံသ၍ နောက်ထပ် (Acc) တွေက်ု (Add) လို့မရပါဘူး။

(4)...Acc Deleted
(Acc) ဖျက်ဖို့အတွက် နည်းပညာသမားတွေ
(FB) ကိုကလိတဲ့သူတွေ သိကြပါတယ်။ အဲဒီနည်းက (14)ရက်ကြာမှ ပျက်ပါတယ်။
(14)ရက် အရမ်းကြာတယ် ချက်ချင်းပျက်
မှ ဖြစ်တော့မယ်ဆိုသူများ (Fb Team) က
ခွင့်မပြုထားတဲ့ ပုံတွေ ရှိပါတယ်။ အဲဒီပုံ
တွေထဲက တစ်ခုခုကို pp ချိန်းပေးလိုက်ရင်
(14)စက္ကန့်အတွင်း ပျက်နိုင်ပါတယ်။

(5) ... Report
Rp ထုဖို့ friend တစ်ယောက်က အကူအညီတောင်းတိုင်း Rp ထုမပေးပါနဲ့။ Rp နဲ့ ပတ်သက်ပြီး (24)ဂဏန်းလေးကို သတိထားမိပါတယ်။
Acc တစ်ခု ပျက်ဖို့ ရိုးရိုး Rp ထုရင် Account (24) ခုနဲ့ (24)နာရီအတွင်းမှာ ထုပေးရင် ပျက်ပါတယ်။
အပြင်းစား Rp ထုရင် တစ်ယောက်ထဲထုရုံနဲ့ အထုခံရတဲ့ Acc က ID တင်မထားရင် (24)နာရီအတွင်းမှာပျက်နိုင်ပါတယ်
(24)လ အတွင်း Acc(24) ခုကျော်ကို Rp
ထုရင် အတိုင်အတောထူတဲ့ Acc ဆိုပြီး Fb Teamက ထုတဲ့ Acc ကိုဖျက်နိုင်ပါတယ် ။

လိုအပ်တာတွေကို cmt မှာဖြည့်ရေးပါကြဦး။

💥 ဒီရက်ထဲတော့ ram တိုး ssd ချိန်း window တင်ဘာညာလေးတွေပဲရနေရော။ 💥 ‌အဘိုးသုံးခဲ့တာလေးကို ပြန်လည်ပြင်ဆင် 😂 ခုတော့ win 10 န...
08/01/2024

💥 ဒီရက်ထဲတော့ ram တိုး ssd ချိန်း window တင်ဘာညာလေးတွေပဲရနေရော။

💥 ‌အဘိုးသုံးခဲ့တာလေးကို ပြန်လည်ပြင်ဆင် 😂 ခုတော့ win 10 နဲ့ ရှယ်သွက်နေပါပြီ။ စာရိုက် online learning လောက်ကတော့ အသာလေးရ။ 😁

💥 ABCD 40U ( Computer Services and Accessories Shop ) 💥

သူငယ်ချင်း laptop လေး upgrade လုပ်။ sticker ကပ်ဘာညာရွှီရှောင်လုပ်ပေးတာ။ ရတာက တသောင်းခွဲ။ သွားတုန်း ငှားလာတဲ့ထီးပျောက်လို...
01/01/2024

သူငယ်ချင်း laptop လေး upgrade လုပ်။ sticker ကပ်ဘာညာရွှီရှောင်လုပ်ပေးတာ။ ရတာက တသောင်းခွဲ။ သွားတုန်း ငှားလာတဲ့ထီးပျောက်လို့ ပြန်လျော်လိုက်ရတာက တသောင်းခွဲ 🥹🥹🥹

💥 web cam new - 35000 kyats💥 တခါတည်း Quality ပါ ထည့်ပေးထားပါတယ်။ 1080P ရပြီးတော့ 30fps နဲ့ပါ။ Low Light မှာလဲ မဆိုးဘူး ပ...
04/12/2023

💥 web cam new - 35000 kyats

💥 တခါတည်း Quality ပါ ထည့်ပေးထားပါတယ်။ 1080P ရပြီးတော့ 30fps နဲ့ပါ။ Low Light မှာလဲ မဆိုးဘူး ပြောလို့ရပါတယ်။ ဒီဈေးနှုနး်မှာတော့ အိုကေတယ်ပြောနိုင်ပါတယ်။

💥 ABCD 40U ( Computer Services and Accessories Shop ) 💥

💥 Office Use အတွက်ကတော့ Dell mouse လေး တလုံး 6500 kyats. ( No warranty )ပါ။💥 ABCD 40U ( Computer Services and Accessorie...
02/12/2023

💥 Office Use အတွက်ကတော့ Dell mouse လေး တလုံး 6500 kyats. ( No warranty )ပါ။

💥 ABCD 40U ( Computer Services and Accessories Shop ) 💥

💥 Banda Gaming mouse - 12000 kyats ( no warranty)Up to 3200 Dpi💥 ABCD 40U ( Computer Services and Accessories Shop ) 💥
02/12/2023

💥 Banda Gaming mouse - 12000 kyats ( no warranty)
Up to 3200 Dpi

💥 ABCD 40U ( Computer Services and Accessories Shop ) 💥

💥 HDMI ကြိုးရှည်လေးတွေရပါမယ်။ CCTV စက်နဲ့ monitor နဲ့ ဝေးနေလို့ဖြစ်ဖြစ် အဆင်ပြေပါတယ်။ 💥 10m - 20000 kyats💥 ABCD 40U ( Co...
30/11/2023

💥 HDMI ကြိုးရှည်လေးတွေရပါမယ်။ CCTV စက်နဲ့ monitor နဲ့ ဝေးနေလို့ဖြစ်ဖြစ် အဆင်ပြေပါတယ်။

💥 10m - 20000 kyats

💥 ABCD 40U ( Computer Services and Accessories Shop ) 💥

💥 1080P web cam လေးတွေရပါမယ်။ new ပါ။ တလုံး 35000 kyats ပါ။ ☺️💥 ABCD 40U ( Computer Services and Accessories Shop ) 💥
30/11/2023

💥 1080P web cam လေးတွေရပါမယ်။ new ပါ။ တလုံး 35000 kyats ပါ။ ☺️

💥 ABCD 40U ( Computer Services and Accessories Shop ) 💥

Address

No. 237, First Floor, Kyauktada Township
Yangon
11181

Telephone

+959970170822

Website

Alerts

Be the first to know and let us send you an email when ABCD 40U posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ABCD 40U:

Share

Category