17/02/2025
အခုချိန်ထိ အဲ့ပြသနာတွေကို (အခမဲ့ စိုက်ထုတ်ပြီး) ရှင်းပေးနေတာပါ။
ဖြစ်ပုံက ဒီလိုပါ။ အရင်းအနှီးအနည်းငယ်နဲ့ WiFi UPS တွေ စရောင်းတော့ နာမည်ကြီး WiFi ကုမ္မဏီက စက် install လုပ်နေတဲ့ ဝန်ထမ်းကောင်လေးတွေနဲ့ စသိတယ်။ အဲ့အချိန်မှာ စက်တွေ သူတို့ရောင်းပေးပါမယ်ပေါ့။ တစ်လုံးရောင်းရရင် ကော်မရှင် ၅၀၀၀ ပေါ့ဗျာ။ ဒီလိုနဲ့ ကျွန်တော့်ရောင်းဈေးက အဲ့ချိန်က တစ်လုံး ၅၀၀၀၀ ဆိုတော့ အဲ့ထဲကပဲလျှော့ပြီး တစ်လုံးရောင်းရရင် ၄၅၀၀၀ ပဲယူပါတယ်။
ကိုယ့်ပစ္စည်းလည်း ရောင်းရ၊ သူတို့လည်း လက်ဘက်ရည်ဖိုးရပေါ့...
စက်ပေါ်မှာလဲ ပါဝင်တဲ့ battery mAh, အသုံးပြုလို့ရတဲ့ WiFi router 1A တို့ကို သေချာရေးထားပြီးသားပါ။ တစ်ခုခု အဆင်မပြေတာရှိရင်လဲ ကျွန်တော့်ကို ဆက်သွယ်လို့ရအောင် ဖုန်းနံပါတ်ကို logo stickers ထဲမှာ သေချာထည့်ပေးထားပါတယ်။ နောက်ပိုင်း ယခုပုံထဲကလို ဈေးတင်ရောင်းတဲ့ ပြဿနာတွေပြန်ကြားရလို့ ဈေးမတင်ရောင်းရန် ခဏခဏ သတိပေးပြောခဲ့သော်လည်း ထပ်မံပြီးတင်ရောင်းနေပြန်ပါတယ်။
နောက်ဆုံး ဘယ်လိုမှ သတိပေး၊ညှိနှိုင်းမရသောကြောင့် သူတို့ ကုမ္မဏီမှ မည်သူ့ကိုမှ ကျွန်တော့စက် မရောင်းတော့ပါ။
ဝယ်သူမှ လိုအပ်လျှင် အချိန်မစောင့်ပဲ WiFi UPS တပ်ပေးလို့ရအောင် ကြိုတင်ယူထားသော စက်(၃)လုံးကိုပါ ပြန်လည် တောင်းမရပဲ ဆုံးရှုံးနစ်နာရပါတယ်။ကျွန်တော့်လို အခုမှစတင်လည်ပတ်တဲ့ လုပ်ငန်းသေးသေးလေးမှာ ဒီလိုပြဿနာများကြောင့် အလွန်ကျပ်တည်းရပါတယ်ဗျာ။
အဲ့တော့ တခြားလုပ်ငန်းရှင်တွေလည်း ကျွန်တော့လို မခံရအောင်ရယ်၊ စက်ကို ဈေးကြီးပြီး ဝယ်ထားရတဲ့ "ဝယ်သူများ" ကိုလည်း အားနာစွာဖြင့် ယခုပိုစ့်ကို တင်ရခြင်း ဖြစ်ပါတယ်။
WP WiFi UPS နှင့်ပက်သတ်ပြီး သေးစိတ် သိရှိလိုပါက ဖုန်း ၀၉၉၅၃၅၃၄၂၄၂ သို့ဆက်သွယ်ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်။