02/09/2026
အဲကွန်းတစ်လုံးကို ရေရှည်ခိုင်ခံ့စွာ သုံးစွဲနိုင်ဖို့ဆိုရင် မှန်ကန်သော ထိန်းသိမ်းစောင့်ရှောက်မှုများ မဖြစ်မနေ လိုအပ်ပါတယ်။
Air Filter များကို မှန်မှန်ဆေးကြောပါ: အဲကွန်း၏ လေစစ်ဇကာ (Filter) များကို ၂ ပတ် သို့မဟုတ် ၁ လလျှင် တစ်ကြိမ် ဖြုတ်ဆေးပေးရပါမည်။ ဖုန်မှုန့်များ ပိတ်ဆို့နေပါက လေထွက်နည်းသွားပြီး စက်ကို ဝန်ပိစေပါတယ်။
Outdoor Unit ကို သန့်ရှင်းစွာထားပါ: အပြင်ဘက်တွင် တပ်ဆင်ထားသော Outdoor စက်၏ အပူစွန့်ထုတ်သည့် ပန်ကာနှင့် ကွိုင်များကို ဖုန်နှင့် အမှိုက်များ မပိတ်ဆို့စေရန် ဂရုစိုက်ရပါမည်။
တစ်နှစ်လျှင် အနည်းဆုံး 2 ကြိမ် Service ပေးပါ: ကျွမ်းကျင်ပညာရှင်များနှင့် ပြသ၍ အဲကွန်းတစ်ခုလုံးကို ရေဆေးသန့်စင်ခြင်း (Chemical Wash) နှင့် Gas စစ်ဆေးခြင်းများကို ပုံမှန်ပြုလုပ်သင့်ပါတယ်။
စက်ကို ဆက်တိုက် အလွန်အမင်း မခိုင်းပါနှင့်: အခန်းအပူချိန် ကျဆင်းစေရန် Timer စနစ်များ အသုံးပြု၍ စက်ကို အနားပေးသင့်ပါတယ်။
လျှပ်စစ်ဗို့အား စနစ်တကျ ထိန်းညှိပါ: မီးအား အတက်အကျ ပုံမှန်မဟုတ်ပါက Stabilizer တပ်ဆင်အသုံးပြုခြင်းဖြင့် စက်၏ အစိတ်အပိုင်းများ ပျက်စီးမှုကို ကာကွယ်နိုင်ပါတယ်။
—————————————————
GREE နှင့်ပတ်သတ်၍ အသေးစိတ်သိရှိလိုပါက အမြို့မြို့ အနယ်နယ်ရှိ GREE Authorized Dealer ဆိုင်များတွင် စုံစမ်းဝယ်ယူနိုင်ပါသည်