KZ Computer Training

KZ Computer Training KZ Computer Training available courses,
- Computer Basic
- DTP
- Advance DTP
- Corel Draw
- Photoshop
- Advance Excel
- Internet & Email

သူလာစဉ် တခဏ အပြေးအလွှား ဖွင့်ကြရတယ်။ အချိန်နဲ့ အလုပ်လုပ်တတ် နေကြပါပြီ။
17/07/2025

သူလာစဉ် တခဏ အပြေးအလွှား ဖွင့်ကြရတယ်။ အချိန်နဲ့ အလုပ်လုပ်တတ် နေကြပါပြီ။

အချိန် ကိုးနာရီလာရင် တနာရီပြန်သွားတယ်။ တနာရီ လာရင် ငါးနာရီ ပြန်သွားတယ်။ သူရှိနေချိန်ဟာ တန်ဖိုးရှိတဲ့ အချိန်ပဲ။သူအမြဲ ရှိ...
05/02/2024

အချိန်

ကိုးနာရီလာရင် တနာရီပြန်သွားတယ်။
တနာရီ လာရင် ငါးနာရီ ပြန်သွားတယ်။
သူရှိနေချိန်ဟာ တန်ဖိုးရှိတဲ့ အချိန်ပဲ။
သူအမြဲ ရှိပါစေ။

တကယ်လုပ်ရင် အဟုတ်ဖြစ်ပါတယ်။အရွယ်ရောက်လာပြီ ဆိုတော့လည်း အသက်မွေးဝမ်းကြောင်းပြုဖို့ အတတ်ပညာ တစ်ခုခုတော့ လိုအပ်လာပြန်ပါတယ်။...
16/09/2023

တကယ်လုပ်ရင် အဟုတ်ဖြစ်ပါတယ်။

အရွယ်ရောက်လာပြီ ဆိုတော့လည်း အသက်မွေးဝမ်းကြောင်းပြုဖို့ အတတ်ပညာ တစ်ခုခုတော့ လိုအပ်လာပြန်ပါတယ်။ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာတဲ့ အချိန်မှာ စာရေးစာချီလုပ်ငန်း၊ စာရင်းအင်းလုပ်ငန်းစတဲ့ ရုံးလုပ်ငန်းတွေမှာ ကွန်ပျူတာဟာ မရှိမဖြစ် လိုအပ်ပါတော့တယ်။
ဒါကြောင့်လည်း ကွန်ပျူတာ အတတ်ပညာဟာ ခေတ်နဲ့လျော်ညီစွာ တတ်ထားရမဲ့ အတတ်တခု ဖြစ်လာပါတယ်။ လုပ်ငန်းခွင်မှာ မရှိမဖြစ်သုံးဖို့ လိုအပ်လာတာကြောင့် အလုပ်တဖက်နဲ့ အချိန်မပေးနိုင်သူတွေဟာ ညပိုင်းသင်တန်းကို တက်ဖို့ ရွေးချယ်လာကြပါတယ်။ အခုတော့ မြင်ရတဲ့အတိုင်း ညပိုင်းအချိန်တွေမှာလည်း ခုံအပြည့် ဖြစ်လာပါပြီ။ လုပ်ငန်းခွင်ရဲ့ တွန်းအားတွေကြောင့်လို့ပဲ ဆိုရမှာပါ။ တကယ်လုပ်တော့ အဟုတ်ဖြစ်ပါတယ်။
လူငယ်တွေ အခုလို ကြိုးစားအားထုတ်နေကြတာကို မြင်ရတော့လည်း ဝမ်းသာရပါတယ်။

မျိုးဆက်သစ်လေးတွေ တိုးတက်အောင်မြင်ကြပါစေ။
KZ Computer Training

ပန်းတိုင်တစ်ခု၏ အလွန်ငယ်စဉ်ကတည်းက ပန်းတိုင်တွေ တစ်ခုပြီးတစ်ခု ကျော်ဖြတ်လာခဲ့ကြပြီးပြီ။ အခုအချိန်ထိလည်း ကျော်ဖြတ်ရမဲ့ ပန်...
08/05/2023

ပန်းတိုင်တစ်ခု၏ အလွန်

ငယ်စဉ်ကတည်းက ပန်းတိုင်တွေ တစ်ခုပြီးတစ်ခု ကျော်ဖြတ်လာခဲ့ကြပြီးပြီ။ အခုအချိန်ထိလည်း ကျော်ဖြတ်ရမဲ့ ပန်းတိုင်တွေက တန်းစီပြီး စောင့်နေဆဲ။ အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့တဲ့ ပန်းတိုင်တွေလည်းရှိသလို ခက်ခဲတဲ့ ပန်းတိုင်တွေလည်း ကိုယ်စီ ရှိခဲ့ကြမှာပဲ။ ဆူးငြှောင့်ခလုတ် အတားအဆီးတွေနဲ့ ပြည့်နှက်နေတဲ့အခါ ဇွဲစိတ်တွေ ခိုင်မာနိုင်မှ ပန်းတိုင်ကို ရောက်နိုင်ပါလိမ့်မယ်။
အချိန်နဲ့ ဒီရေက လူကိုမစောင့်သလို နှစ်ခါပြန်မလာနိုင်တဲ့ အခွင့်အရေးကိုလည်း အမိအရ စောင့်ပြီး အသုံးချတတ်ဖို့လိုပါတယ်။ အချိန်ပိုင်းလေး ရတဲ့ စွမ်းအင်ကို အကျိုးရှိရှိ အသုံးချရင်း အချိန်ပိုင်းပေါင်းများစွာ ရင်းနှီးလိုက်တဲ့အခါ သူတို့ရည်မှန်းတဲ့ ပန်းတိုင်တစ်ခု ပြီးမြှောက်သွားခဲ့တယ်။
ခက်ခဲတဲ့ ပန်းတိုင်တစ်ခုကို လွန်မြောက်သွားတဲ့အခါ နောက်ထပ်ခက်ခဲတဲ့ ပန်းတိုင်ကို ရင်ဆိုင်ဖို့ ယုံကြည်မှုတွေ ရှိလာပါလိမ့်မယ်။ အရည်အသွေး ပြည့်ဝအောင် ကြိုးစားလေ့ကျင့်ကြမယ်ဆိုရင်ဖြင့် အောင်မြင်မှုပန်းတိုင်ကိုလည်း အလွယ်တကူ ရောက်ရှိနိုင်မှာပါ။

မျိုးဆက်သစ်များ အောင်မြင်ကြပါစေ....။

နွေ၏အလွန်နွေရာသီဆိုတဲ့သဘောက ပူပြင်းတတ်တဲ့ သဘာဝရှိပါတယ်။ဒီနှစ်နွေကတော့ ပိုပြီး ပူပြင်းပါတယ်။ အကန့်အသတ်တွေ များနေတဲ့အချိန်...
22/04/2023

နွေ၏အလွန်

နွေရာသီဆိုတဲ့သဘောက ပူပြင်းတတ်တဲ့ သဘာဝရှိပါတယ်။
ဒီနှစ်နွေကတော့ ပိုပြီး ပူပြင်းပါတယ်။ အကန့်အသတ်တွေ များနေတဲ့အချိန်မှာ ဝင်ငွေထွက်ငွေကလည်း အကန့်အသတ်နဲ့ပါပဲ။ လျှစ်စစ်မီးကလည်း အကန့်အသတ်နဲ့ပါ။
ပူပြင်းတဲ့နွေကို အံတုရင်း စိတ်ရှည်လက်ရှည် သင်ယူလေ့လာကြတဲ့ သူတို့လေးတွေ ခရီးတစ်ခုတော့ ရောက်ခဲ့ကြပါပြီ။ သင်ယူလေ့လာစရာတွေ များတဲ့ခေတ်မှာ ကွန်ပျူတာဟာ အခြေခံအုတ်မြစ်တစ်ခု ဖြစ်နေပါပြီ။ ဒီနေ့တော့ မျိုးဆက်သစ်လေးတွေကို ဂုဏ်ယူဝမ်းမြောက်စွာနဲ့ သင်တန်းဆင်းလက်မှတ်လေးတွေ ပေးအပ်လိုက်ပါတယ်။
နွေ၏အလွန်မှာ သင်ယူလေ့လာခဲ့သမျှတွေကို အကျိုးရှိစွာ အသုံးချရင်း လမ်းကြောင်းမှန်ပေါ်မှာ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ကြပါစေ။

KZ Computer Training
22 April 2023

12/04/2022

Useful Shortcut

Ctrl+A = select all
Ctrl+C = copy
Ctrl+V = paste
Ctrl+X = cut

14/12/2021

Computer
B- bold
I- Italic
U- underline

အလို....မြန်မာပြည်မှာ ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးတော့မယ် ဆိုပါလား။ ဒါ သတင်းကောင်းပဲ။ ကာကွယ်ဆေး ထိုးပြီးရင် သတ်မှတ်ထားတဲ့ ...
23/01/2021

အလို....
မြန်မာပြည်မှာ ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးတော့မယ် ဆိုပါလား။ ဒါ သတင်းကောင်းပဲ။ ကာကွယ်ဆေး ထိုးပြီးရင် သတ်မှတ်ထားတဲ့ စည်းမျည်းဥပဒေတွေ ပြန်ဖြေလျော့ ပေးတော့မှာပေါ့။
အလုပ်တွေလည်း ပုံမှန်ပြန်လည်ပတ်နိုင်တော့မယ်။ ကျောင်းတွေလည်း ပြန်ဖွင့်နိုင်တော့မယ်။ ဝမ်းသာစရာပဲ။
ဒါဆို KZ computer သင်တန်းလည်း မကြာခင် ပြန်ဖွင့်နိုင်တော့မှာပေါ့။ ပျော်လိုက်တာ။

၂၃ ဇန်နဝါရီ ၂၀၂၁။

Photo- Happy Cats 🐈

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ​ကြောင်း ဆုမွန်ကောင်း ပို့သအပ်ပါသည်။Happy New Year!
01/01/2021

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ​ကြောင်း ဆုမွန်ကောင်း ပို့သအပ်ပါသည်။
Happy New Year!

“ ဟဲ့ ဖိုးမဲ၊ ဒါက ဘယ်လိုကြီး ဖြစ်သွားတာလဲ။ ကြည့်စမ်းပါအုံး”“ငါလဲ မသိလို့ ကြောင် ကြည့်ကြည့်နေရတာပေါ့ မိညိုရယ်”“သင်တန်းမတက...
26/12/2020

“ ဟဲ့ ဖိုးမဲ၊ ဒါက ဘယ်လိုကြီး ဖြစ်သွားတာလဲ။ ကြည့်စမ်းပါအုံး”
“ငါလဲ မသိလို့ ကြောင် ကြည့်ကြည့်နေရတာပေါ့ မိညိုရယ်”
“သင်တန်းမတက်ရတာ ကြာလို့ ငါတို့လဲ ခပ် ကြောင်ကြောင် ဖြစ်နေပြီ”
“ဟုတ်တယ် မိညို။ ငါတော့ KZ computer သင်တန်း မြန်မြန် ပြန်ဖွင့်နိုင်ပါစေလို့ ပဲဆုတောင်းပါတယ်”
အေးဟယ်...။
ကိုဗစ်ကြီး အမြန်ဆုံး ပပျောက်ပါစေ။

၂၆ ဒီဇင်ဘာ ၂၀၂၀။

Address

999, Jubilee Street, Taung Thu Gone Quarter, Insein Township
Yangon

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when KZ Computer Training posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share