NetSolution

NetSolution CCTV & IT Solutions

⚖️ Ruijie vs MikroTik — ဘယ် Router က သင့်လုပ်ငန်းအတွက် ပိုသင့်တော်လဲ?Router ရွေးချယ်တဲ့အခါ Brand နာမည်တစ်ခုတည်းကို ကြည့်...
31/10/2026

⚖️ Ruijie vs MikroTik — ဘယ် Router က သင့်လုပ်ငန်းအတွက် ပိုသင့်တော်လဲ?

Router ရွေးချယ်တဲ့အခါ Brand နာမည်တစ်ခုတည်းကို ကြည့်ပြီး ဆုံးဖြတ်လို့မရပါဘူး။ ကိုယ်လိုချင်တဲ့ Features၊ Management ပုံစံနဲ့ Network Requirements တွေအပေါ် မူတည်ပြီး ရွေးချယ်ဖို့ လိုပါတယ်။

🔵 ဒီလိုအခြေနေမျိုးမှာ Ruijie Reyee ကို ရွေးချယ်သင့်ပါတယ် —

✅ Configuration လုပ်ရတာ လွယ်ကူချင်တယ်။
✅ နေ့စဉ် Network Management ကို User ကိုယ်တိုင် လုပ်ဆောင်ချင်တယ်။
✅ Ruijie Cloud ကနေ Remote Management လုပ်ချင်တယ်။
✅ App ကနေ Network Status နဲ့ Device တွေကို စစ်ဆေးချင်တယ်။
✅ Office, Shop, Hotel နဲ့ SME Network တွေကို ရိုးရှင်းစွာ စီမံခန့်ခွဲချင်တယ်။
✅ Router, Switch နဲ့ Access Point တွေကို Cloud Platform တစ်ခုတည်းကနေ စီမံချင်တယ်။
✅ ဈေးနှုန်းလဲ သက်သာချင်တဲ့ အခြေနေမျိုးဆိုရင် Ruijie ကိုရွေးချယ်သင့်ပါတယ်။

🔴 MikroTik ကို ဘယ်လိုအ‌ခြေနေ မျိုးမှာရွေးချယ်သင့်လဲ—

✅ Advanced Network Configuration တွေ လုပ်ဆောင်ချင်တယ်။
✅ Routing နဲ့ Firewall ကို အသေးစိတ် ထိန်းချုပ်ချင်တယ်။
✅ Bandwidth Control နဲ့ Queue Management ကို စိတ်ကြိုက်သတ်မှတ်ချင်တယ်။
✅ PPPoE Server, VPN, VLAN နဲ့ BGP အသုံးပြုချင်တယ်။
✅ ISP / WISP Network တွေအတွက် Flexible Configuration လိုအပ်တယ်။
✅ Network Administrator ကိုယ်တိုင် Advanced Setting တွေကို ထိန်းချုပ်ချင်တယ်။

🔐 Security ပိုင်းမှာရော ဘယ်ဟာ ပိုစိတ်ချရလဲ?

Ruijie ရော Mikrotik ပါ Security Vulnerability တွေကြောင့် Hack ခံရနိုင်ပါတယ်။

Firmware Update မလုပ်ခြင်း၊ Weak Password အသုံးပြုခြင်း၊ Management Access ကို Public Internet မှာ မလိုအပ်ဘဲ ဖွင့်ထားခြင်းနဲ့ Firewall Configuration မှားယွင်းခြင်းတွေက Security Risk ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ဘယ် Brand ကိုပဲ အသုံးပြုပါစေ Security Configuration ကို မှန်ကန်စွာ စီမံထားဖို့ လိုအပ်ပါတယ်။

💡Ruijie က Easy Configuration နဲ့ Easy Management ကို ဦးစားပေးသူတွေအတွက်။

💡Mikrotik က Advanced Configuration နဲ့ Network Control ကို ဦးစားပေးသူတွေအတွက်။

ကိုယ်လိုချင်တဲ့ Network Solution နဲ့ ကိုက်ညီတဲ့ Router ကို ရွေးချယ်နိုင်ဖို့က အရေးကြီးဆုံးပါပဲ။

💬 သင်ကကော Ruijie Team လား? MikroTik Team လား?

📡 Ruijie Reyee EST Series — Wireless Bridge Comparisonဒီတစ်ခေါက်မှာတော့ CCTV Site တွေ၊ အဆောက်အအုံတစ်ခုနဲ့တစ်ခုကြား Netwo...
28/10/2026

📡 Ruijie Reyee EST Series — Wireless Bridge Comparison

ဒီတစ်ခေါက်မှာတော့ CCTV Site တွေ၊ အဆောက်အအုံတစ်ခုနဲ့တစ်ခုကြား Network ချိတ်ဆက်မှုတွေအတွက် အသုံးဝင်တဲ့ Ruijie Reyee EST Wireless Bridge Model ၅ မျိုး ကို လေ့လာကြည့်ရအောင်ပါ။ 👇

Wireless Bridge ရွေးချယ်တဲ့အခါ လိုအပ်တဲ့ အကွာအဝေး၊ Port Speed၊ PoE လိုအပ်ချက်နဲ့ ချိတ်ဆက်မယ့် Site အရေအတွက်တို့ကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။

🔹 RG-EST310 V2
Short-distance Wireless Link တွေနဲ့ CCTV Network ချိတ်ဆက်မှုတွေအတွက် သင့်တော်ပါတယ်။

🔹 RG-EST350G
အကွာအဝေးပိုလိုအပ်တဲ့ Point-to-Point Link တွေနဲ့ CCTV Backhaul Network တွေအတွက် ရွေးချယ်နိုင်ပါတယ်။

🔹 RG-EST330F-P
PoE Out ပါဝင်တာကြောင့် လိုက်ဖက်တဲ့ PoE Device တွေကို တစ်ဆင့်တည်း ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

🔹 RG-EST100-E
အကွာအဝေးတိုတဲ့ CCTV Link နဲ့ Network ချိတ်ဆက်မှုတွေအတွက် အသုံးဝင်ပါတယ်။

🔹 RG-EST450G
Base Station အဖြစ် အသုံးပြုပြီး Site အများအပြားကို ချိတ်ဆက်ပေးမယ့် PTMP Network တည်ဆောက်ရာမှာ အသုံးဝင်ပါတယ်။

Wireless Bridge ကို မှန်ကန်စွာ ရွေးချယ်တပ်ဆင်နိုင်မှသာ CCTV Site တွေ၊ Warehouse နဲ့ အဆောက်အအုံအချင်းချင်းကြား Network ချိတ်ဆက်မှုတွေကို ပိုမိုသင့်လျော်စွာ တည်ဆောက်နိုင်မှာပါ။ 💙

📡 Ruijie Reyee AirMetro Series — Wireless Bridge Comparisonဒီတစ်ခေါက် Comparison လေးမှာတော့ Ruijie Reyee AirMetro Wirele...
27/10/2026

📡 Ruijie Reyee AirMetro Series — Wireless Bridge Comparison

ဒီတစ်ခေါက် Comparison လေးမှာတော့ Ruijie Reyee AirMetro Wireless Bridge Model ၃ မျိုးရဲ့ ကွာခြားချက်တွေကို လေ့လာကြည့်ရအောင်ပါ။ 👇

Wireless Bridge ရွေးချယ်တဲ့အခါ ကိုယ်ချိတ်ဆက်မယ့် Network၊ လိုအပ်တဲ့ Port Speed နဲ့ ချိတ်ဆက်မယ့် Site အရေအတွက်တို့ကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။

🔹 RG-AirMetro460G
Gigabit Ethernet Port ပါဝင်တာကြောင့် Gigabit Network Link လိုအပ်တဲ့နေရာတွေအတွက် သင့်တော်ပါတယ်။

🔹 RG-AirMetro550G-B
Base Station အဖြစ် အသုံးပြုပြီး Site အများအပြားကို Wireless နဲ့ ချိတ်ဆက်ပေးမယ့် PTMP Network တည်ဆောက်ရာမှာ အသုံးဝင်ပါတယ်။

🔹 RG-AirMetro460F
Fast Ethernet Port ပါဝင်ပြီး Gigabit Link မလိုအပ်တဲ့ Network ချိတ်ဆက်မှုတွေအတွက် ရွေးချယ်နိုင်ပါတယ်။

📌 Model ရွေးချယ်ရာမှာ Port Speed၊ ချိတ်ဆက်မယ့် Site အရေအတွက်နဲ့ လိုအပ်တဲ့ အကွာအဝေးတို့ကိုပါ ထည့်သွင်းစဉ်းစားသင့်ပါတယ်။

ကိုယ့်လုပ်ငန်းနဲ့ Site အခြေအနေအလိုက် သင့်တော်တဲ့ AirMetro Model ကို ရွေးချယ်တပ်ဆင်ခြင်းက ပိုမိုသင့်လျော်တဲ့ Network Link တစ်ခု တည်ဆောက်နိုင်ဖို့ အရေးကြီးပါတယ်။ 💙

✨ ကဲ… ဒီတစ်ခါတော့ AP လေးတွေရဲ့ အလှည့်ပါ! 📶သင့်နေရာနဲ့ ကိုက်ညီတဲ့ AP Model ကို ရွေးချယ်နိုင်ဖို့ Model တစ်ခုချင်းစီရဲ့ အသ...
25/10/2026

✨ ကဲ… ဒီတစ်ခါတော့ AP လေးတွေရဲ့ အလှည့်ပါ! 📶

သင့်နေရာနဲ့ ကိုက်ညီတဲ့ AP Model ကို ရွေးချယ်နိုင်ဖို့ Model တစ်ခုချင်းစီရဲ့ အသုံးဝင်ပုံလေးတွေကို မျှဝေပေးထားပါတယ်နော်။ 💙

ဒါဆို နောက်တစ်ခါ ဘယ် Network Device လေးတွေ အလှည့်ရောက်လာမလဲ? 👀

စိတ်ဝင်စားစရာ Knowledge တွေနဲ့ Device အကြောင်းလေးတွေကို ဆက်လက်မျှဝေပေးသွားမှာမို့ Stay Tuned ပါနော်! 🥰

📶 Ruijie Reyee Router 7 မျိုး — ဘယ် Model က သင့်အတွက် အကောင်းဆုံးလဲ? Router တွေအားလုံးက ကိုယ်နဲ့သင့်တော်တဲ့ Model တွေကို...
23/10/2026

📶 Ruijie Reyee Router 7 မျိုး — ဘယ် Model က သင့်အတွက် အကောင်းဆုံးလဲ?

Router တွေအားလုံးက ကိုယ်နဲ့သင့်တော်တဲ့ Model တွေကို မှန်မှန်ကန်ကန်သာရွေးချယ်နိုင်မယ်ဆိုရင်။ အကုန်လုံးက Super Hero တွေဖြစ်လာမှာ။

Router ရွေးချယ်တဲ့အခါ Model နာမည်နဲ့ ဈေးနှုန်းကိုပဲ မကြည့်ပါနဲ့။ ကိုယ်သုံးမယ့် Internet Speed၊ Wi-Fi လိုအပ်ချက်နဲ့ ချိတ်ဆက်မယ့် Device အရေအတွက်အပေါ် မူတည်ပြီး ရွေးချယ်ဖို့ လိုပါတယ်။

🔹 RG-EW1200G / EW1200G PRO
Wi-Fi 5 Router တွေဖြစ်ပြီး ပုံမှန်အိမ်သုံး၊ Online Learning နဲ့ နေ့စဉ် Internet အသုံးပြုမှုတွေအတွက် စဉ်းစားနိုင်ပါတယ်။

🔹 RG-EW1300G
Wi-Fi 5 Dual-Band Router ဖြစ်ပြီး အိမ်၊ ဆိုင်ငယ်နဲ့ SOHO Office တွေအတွက် ရွေးချယ်နိုင်ပါတယ်။

🔹 RG-EW3000GX
Wi-Fi 6 AX3000 Router ဖြစ်ပြီး Dual-WAN၊ 160MHz Channel နဲ့ Reyee Mesh ကို ပံ့ပိုးပေးပါတယ်။

🔹 RG-EW3000GX PRO
Wi-Fi 6 AX3000 နဲ့ GameFast Gaming Engine ပါဝင်ပြီး Gaming နဲ့ နေ့စဉ် High-Speed Wi-Fi အသုံးပြုမှုတွေအတွက် သင့်တော်ပါတယ်။

🔹 RG-EW6000GX 🚀
Wi-Fi 6 AX6000 Class Router ဖြစ်ပြီး 2.5G Port၊ 8 External Antennas၊ Dual-WAN Aggregation နဲ့ Dual-LAN Aggregation ပါဝင်ပါတယ်။ High-Speed Internet၊ Gaming နဲ့ Bandwidth များများလိုအပ်တဲ့ အသုံးပြုမှုတွေအတွက် အဆင့်မြင့်ရွေးချယ်မှုတစ်ခုပါ။

💡 အလွယ်ဆုံး မှတ်ပြီး ရွေးချယ်လို့ရမယ့် နည်းလေး အောက်မှာတချက်ကြည့်နိုင်ပါတယ်။

🏠 ပုံမှန်အိမ်သုံး — EW1200G / EW1200G Pro Series
🏡 အိမ်နဲ့ ဆိုင်သုံး — EW1300G
⚡ Wi-Fi 6 နဲ့ Dual-WAN — EW3000GX
🎮 Gaming Feature — EW3000GX PRO
🚀 2.5G Port နဲ့ AX6000 Class — EW6000GX

📌 Wi-Fi Speed ဆိုတာ Router ရဲ့ သီအိုရီအရ အမြင့်ဆုံး ပံ့ပိုးနိုင်တဲ့ Speed ဖြစ်ပြီး လက်တွေ့ရရှိတဲ့ Speed ကတော့ Internet Package၊ အသုံးပြုတဲ့ Device နဲ့ ပတ်ဝန်းကျင်အခြေအနေတွေပေါ် မူတည်ပါတယ်။

ဒါကြောင့် ISP Internet Line ကောင်းရုံနဲ့ ပြီးပြည့်စုံတဲ့ Network တစ်ခု ဖြစ်မလာနိုင်ပါဘူး။

ကိုယ်အသုံးပြုမယ့် လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Router၊ Access Point နဲ့ Network Device တွေကို မှန်ကန်စွာ ရွေးချယ်တပ်ဆင်နိုင်မှသာ ပိုမိုတည်ငြိမ်ပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Network တစ်ခုကို တည်ဆောက်နိုင်မှာပါ။ 🚀😎😎

Right ISP + Right Devices + Right Network Design = Better Network Experience.

📡 Ruijie Reyee RG-RAP52-OD 🌐Outdoor အသုံးပြုမှုအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ AC1300 Dual-Band Access Point ဖြစ်ပါတယ်။🔹 Dua...
23/10/2026

📡 Ruijie Reyee RG-RAP52-OD 🌐

Outdoor အသုံးပြုမှုအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ AC1300 Dual-Band Access Point ဖြစ်ပါတယ်။

🔹 Dual-Band Wi-Fi — 2.4GHz နဲ့ 5GHz ကို ပံ့ပိုးပေးပါတယ်။
🔹 IP65 Protection — Outdoor မှာ ဖုန်နဲ့ ရေစိုမှုဒဏ်ကို ခံနိုင်အောင် ဒီဇိုင်းပြုလုပ်ထားပါတယ်။
🔹 Reyee Mesh — လိုအပ်တဲ့နေရာတွေအထိ Wi-Fi Coverage တိုးချဲ့နိုင်ပါတယ်။
🔹 AI Roaming — AP အများအပြားရှိတဲ့နေရာမှာ တစ်နေရာကနေ တစ်နေရာ ရွှေ့သုံးတဲ့အခါ ပိုမိုချောမွေ့စွာ ချိတ်ဆက်နိုင်ဖို့ ကူညီပေးပါတယ်။
🔹 Flexible Installation — နံရံနဲ့ တိုင်တွေမှာ တပ်ဆင်နိုင်ပါတယ်။

🏡 အိမ်ခြံဝန်း၊ Villa၊ Café၊ Retail ဆိုင်နဲ့ Outdoor နေရာတွေမှာ Wi-Fi Coverage တိုးချဲ့ဖို့ စဉ်းစားနေတယ်ဆိုရင် RG-RAP52-OD ကို ရွေးချယ်လိုက်ပါ

📹 CCTV Site တွေအတွက် Wi-Fi Connection ပိုကောင်းချင်ရင် RG-RAP62 (Indoor) ရှိပါတယ်နော်!CCTV တပ်ဆင်ထားပေမယ့် Camera တွေ Li...
19/10/2026

📹 CCTV Site တွေအတွက် Wi-Fi Connection ပိုကောင်းချင်ရင် RG-RAP62 (Indoor) ရှိပါတယ်နော်!

CCTV တပ်ဆင်ထားပေမယ့် Camera တွေ Live View ကြည့်တဲ့အခါ Loading ကြာတာ၊ Playback ပြန်ကြည့်တဲ့အခါ Video ကြန့်ကြာတာမျိုးတွေ၊

ဒီလို Network ပိုင်းဆိုင်ရာ အခက်အခဲတွေကို လျှော့ချဖို့ Ruijie Reyee RG-RAP62 (Indoor) Wi-Fi 6 Access Point ကို အသုံးပြုနိုင်ပါတယ်။ 🚀

✨ CCTV Site တွေအတွက် ဘာတွေ ထူးလာမလဲဆိုရင်၊

✅ Live View ပိုအဆင်ပြေစေဖို့
Network Coverage နဲ့ Capacity ကို သင့်တော်အောင် စီစဉ်ထားနိုင်ရင် ဖုန်း၊ Tablet နဲ့ Computer တွေကနေ CCTV Live View ကြည့်တဲ့အခါ ပိုမိုအဆင်ပြေစေနိုင်ပါတယ်။

✅ Camera အများအပြားရှိတဲ့ Site တွေအတွက်
Wi-Fi 6 နည်းပညာနဲ့ Wireless Network ကို ပိုမိုထိရောက်စွာ အသုံးပြုနိုင်ဖို့ ကူညီပေးပါတယ်။ ဒါပေမဲ့ Camera အားလုံးကို Wi-Fi နဲ့ တိုက်ရိုက်ချိတ်ဆက်ဖို့ မဖြစ်မနေလိုအပ်တာ မဟုတ်ပါဘူးနော်။

✅ Playback နဲ့ Remote Monitoring အတွက်
အင်တာနက်နဲ့ Network Bandwidth လုံလောက်ပြီး စနစ်တကျတပ်ဆင်ထားပါက အဝေးကနေ CCTV ကြည့်ရှုစစ်ဆေးရာမှာ ပိုမိုအဆင်ပြေစေနိုင်ပါတယ်။

✅ Wi-Fi Coverage တိုးချဲ့ဖို့
Indoor နေရာတွေအတွင်း Wi-Fi လိုအပ်တဲ့နေရာတွေကို Network Design နဲ့ကိုက်ညီအောင် တပ်ဆင်အသုံးပြုနိုင်ပါတယ်။

✅ Network Management ပိုလွယ်ကူဖို့
Ruijie Cloud Management ကို အသုံးပြုပြီး Support လုပ်ထားတဲ့ Network Configuration တွေကို စီမံခန့်ခွဲနိုင်ပါတယ်။

📌 CCTV Video ကြန့်ကြာမှုဟာ Wi-Fi တစ်ခုတည်းကြောင့် မဟုတ်တဲ့အတွက် Internet Speed၊ Switch၊ Router၊ NVR၊ Camera Connection နဲ့ Network Bandwidth တွေကိုပါ စစ်ဆေးဖို့လိုပါတယ်။ RG-RAP62 က Indoor Wi-Fi Access Point ဖြစ်ပြီး CCTV System တစ်ခုလုံးကို အစားထိုးပေးတာ မဟုတ်ပါဘူး။

🏢 CCTV Control Room၊ ရုံးခန်းနဲ့ Indoor Monitoring Area တွေအတွက် Wi-Fi Network ကို ပိုမိုကောင်းမွန်အောင် စီစဉ်ချင်တယ်ဆိုရင် RG-RAP62 (Indoor) ကို ထည့်သွင်းစဉ်းစားနိုင်ပါတယ်။

📢 Network Device မပြောင်းခင် ဒီအချက်တွေကို သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ပါ။လက်ရှိသုံးနေတဲ့ Router က အဆင်မပြေလို့၊ VPN နဲ့ ...
09/10/2026

📢 Network Device မပြောင်းခင် ဒီအချက်တွေကို သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ပါ။

လက်ရှိသုံးနေတဲ့ Router က အဆင်မပြေလို့၊ VPN နဲ့ Bypass လုပ်ခံနေရလို့၊ Wi-Fi Sharing လုပ်ခံနေရလို့ Device အသစ်တစ်လုံး ပြောင်းသုံးဖို့ စဉ်းစားနေကြပါသလား?

ခဏလောက်တော့ စဉ်းစားကြည့်စေချင်ပါတယ်။ 🤔

Device အသစ်တစ်လုံး ဝယ်လိုက်တာနဲ့ ကိုယ်ကြုံနေရတဲ့ ပြဿနာအားလုံး ပြေလည်သွားမယ်လို့ မဆိုနိုင်ပါဘူး။

ဥပမာ Router တစ်လုံးက Voucher System နဲ့ User Management ပိုင်းမှာ အားသာနိုင်သလို၊ နောက်တစ်လုံးက Firewall Rule တွေကို အသေးစိတ်ထိန်းချုပ်နိုင်တာ၊ Advanced Configuration တွေ လုပ်နိုင်တာမှာ အားသာနိုင်ပါတယ်။

ဒါပေမဲ့ ကိုယ်လိုချင်တဲ့ Feature ပါမပါ၊ ကိုယ်တိုင် စီမံခန့်ခွဲနိုင်မနိုင်၊ လိုအပ်တဲ့ Configuration တွေ တကယ်လုပ်နိုင်မနိုင်ဆိုတာကို မလေ့လာဘဲ ဈေးကြီးတဲ့ Device တစ်လုံးကို ဝယ်လိုက်မယ်ဆိုရင်…

💸 ပိုက်ဆံကုန်သွားပြီးမှ “ငါလိုချင်တာ ဒီလိုမျိုးမဟုတ်ဘူး” ဆိုတဲ့ အခြေအနေမျိုး ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် Device မပြောင်းခင် အောက်ပါအချက်တွေကို အရင်စစ်ဆေးပါ။

✅ ၁။ ကိုယ်ဘာကြောင့် ပြောင်းချင်တာလဲ?

Internet မတည်ငြိမ်တာလား၊ User များလာလို့ Performance မကောင်းတာလား၊ VPN Bypass ပြဿနာလား၊ Voucher Sharing လုပ်ခံရတာလား။ ပြဿနာရဲ့ အရင်းအမြစ်ကို အရင်သိဖို့ လိုပါတယ်။

✅ ၂။ Device အသစ်မှာ ကိုယ်လိုချင်တဲ့ Feature တကယ်ပါလား?

Voucher Management၊ User Limit၊ Bandwidth Control၊ Firewall၊ VPN Traffic Control၊ Hotspot Sharing ကာကွယ်ရေး စတာတွေကို ကိုယ်လိုချင်တဲ့အတိုင်း လုပ်ဆောင်နိုင်မနိုင် စစ်ဆေးပါ။

✅ ၃။ အားသာချက်နဲ့ အားနည်းချက်ကို နှိုင်းယှဉ်ပါ။

Brand နာမည်ကြီးတာ၊ ဈေးကြီးတာ၊ လူအများသုံးတာကိုပဲ မကြည့်ပါနဲ့။ ကိုယ့်လုပ်ငန်းအတွက် အသုံးဝင်တဲ့ Feature တွေ၊ စီမံခန့်ခွဲရလွယ်ကူမှု၊ Maintenance နဲ့ ရေရှည်ကုန်ကျစရိတ်တွေကိုပါ ထည့်တွက်ပါ။

✅ ၄။ Configuration ကို ကိုယ်တိုင်လုပ်နိုင်မလား?

Feature ပါရှိနေတာနဲ့ လက်တွေ့အသုံးပြုရာမှာ အလိုအလျောက် အဆင်ပြေသွားတာ မဟုတ်ပါဘူး။ ကိုယ်လိုချင်တဲ့ Result ရဖို့ မှန်ကန်တဲ့ Configuration၊ Firewall Policy နဲ့ Security Setting တွေ လိုအပ်နိုင်ပါတယ်။

✅ ၅။ မဝယ်ခင် လက်တွေ့စမ်းသပ်ပါ။

ဖြစ်နိုင်ရင် Demo လုပ်ကြည့်ပါ။ ကိုယ်ကြုံနေရတဲ့ ပြဿနာကို ရှင်းပြပြီး အဲဒီ Device နဲ့ တကယ်ဖြေရှင်းနိုင်မနိုင် အတည်ပြုပါ။ Specification စာရွက်ထဲက Feature တစ်ခုတည်းကိုကြည့်ပြီး မဆုံးဖြတ်ပါနဲ့။

🎯 အဓိက မှတ်ထားရမှာက — ကိုယ့်အတွက် အကောင်းဆုံး Device ဆိုတာ ဈေးအကြီးဆုံး Device မဟုတ်ပါဘူး။ ကိုယ့်လိုအပ်ချက်နဲ့ အကိုက်ညီဆုံး Device ဖြစ်ပါတယ်။

Ruijie ဖြစ်ဖြစ်၊ MikroTik ဖြစ်ဖြစ်၊ Cisco ဖြစ်ဖြစ်၊ TP-Link ဖြစ်ဖြစ် တစ်ခုချင်းစီမှာ အားသာချက်၊ အားနည်းချက်နဲ့ လုပ်ဆောင်နိုင်စွမ်း ကွာခြားမှုတွေ ရှိပါတယ်။ ဘယ် Brand က ပိုကောင်းလဲဆိုတာထက် ကိုယ့် Network မှာ ဘာလုပ်ချင်တာလဲဆိုတာက ပိုအရေးကြီးပါတယ်။

မဝယ်ခင် လေ့လာပါ။ မပြောင်းခင် နှိုင်းယှဉ်ပါ။ ကိုယ်လိုချင်တဲ့ Result ကို သေချာသိပြီးမှ ရင်းနှီးမြှုပ်နှံပါ။

ဒီနေ့ သက်သာသလိုထင်ရတဲ့ ဆုံးဖြတ်ချက်တစ်ခုက နောက်ပိုင်းမှာ ကုန်ကျစရိတ်ပိုများသွားစေနိုင်သလို၊ သေချာလေ့လာပြီး ရွေးချယ်မှုတစ်ခုကလည်း ရေရှည်မှာ အချိန်နဲ့ ငွေကြေးကို သက်သာစေနိုင်ပါတယ်။

📌 နည်းပညာပစ္စည်းကို ရွေးချယ်တာဟာ Brand ရွေးချယ်ခြင်းတစ်ခုတည်း မဟုတ်ပါဘူး။ ကိုယ့်လိုအပ်ချက်အတွက် မှန်ကန်တဲ့ Solution ကို ရွေးချယ်ခြင်း ဖြစ်ပါတယ်။

📢 Wi-Fi ခိုးသုံးခံရတာ၊ VPN နဲ့ Bypass လုပ်ခံရတာတွေက Device တစ်ခုတည်းကြောင့်လို့ ထင်နေပါသလား?Router ဘယ်လောက်ကောင်းကောင်း၊...
09/10/2026

📢 Wi-Fi ခိုးသုံးခံရတာ၊ VPN နဲ့ Bypass လုပ်ခံရတာတွေက Device တစ်ခုတည်းကြောင့်လို့ ထင်နေပါသလား?

Router ဘယ်လောက်ကောင်းကောင်း၊ Brand ဘယ်လောက်နာမည်ကြီးကြီး Configuration နဲ့ Security Policy တွေကို စနစ်တကျ မသတ်မှတ်ထားရင် ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

ဥပမာ 👇

🔹 VPN နဲ့ Bypass လုပ်ခြင်း
VPN အသုံးပြုပြီး သတ်မှတ်ထားတဲ့ Website Restriction တွေကို ကျော်လွှားဖို့ ကြိုးစားနိုင်ပါတယ်။

🔹 Wi-Fi Sharing လုပ်ခြင်း
Voucher တစ်ခုဝယ်ပြီး ဖုန်းရဲ့ Hotspot ကနေ အခြားသူတွေကို ပြန်လည်မျှဝေသုံးစွဲစေနိုင်ပါတယ်။

🔹 Voucher ခွဲဝေသုံးစွဲခြင်း
Login Policy၊ Session Limit နဲ့ Device Limit တွေကို သင့်တော်စွာ မသတ်မှတ်ထားရင် ခွင့်ပြုထားတာထက် ပိုမိုအသုံးပြုခံရနိုင်ပါတယ်။

💡 အရေးကြီးတာက Router Brand တစ်ခုတည်းကို ပြောင်းလိုက်ရုံနဲ့ ဒီပြဿနာတွေ အားလုံး ပြေလည်သွားမှာ မဟုတ်ပါဘူး။

Ruijie ဖြစ်ဖြစ်၊ MikroTik ဖြစ်ဖြစ်၊ Cisco ဖြစ်ဖြစ်၊ TP-Link ဖြစ်ဖြစ် — Device တစ်ခုချင်းစီမှာ လုပ်ဆောင်နိုင်တဲ့ Security Feature နဲ့ Control Capability တွေ မတူညီကြပေမဲ့ Configuration ကို မှန်ကန်ပြည့်စုံအောင် မလုပ်ထားရင် Security Gap တွေ ရှိနေနိုင်ပါတယ်။

✅ Voucher Authentication ကို စနစ်တကျ သတ်မှတ်ပါ။
✅ User တစ်ဦးချင်းစီရဲ့ Device Limit နဲ့ Session Policy ကို လိုအပ်သလို ထိန်းချုပ်ပါ။
✅ Firewall Rule နဲ့ VPN Bypass ကာကွယ်မှုကို သင့်တော်စွာ စီမံပါ။
✅ Wi-Fi Sharing နဲ့ Unauthorized Access ဖြစ်နိုင်ခြေတွေကို လျှော့ချပါ။

⚠️ သတိပြုရန် — VPN အသုံးပြုမှုအားလုံးကို Router တိုင်းက အလိုအလျောက် ပိတ်ဆို့နိုင်တာ မဟုတ်ပါဘူး။ Bypass နည်းလမ်းနဲ့ အသုံးပြုတဲ့ VPN Protocol ပေါ်မူတည်ပြီး ထိန်းချုပ်နိုင်မှု ကွာခြားနိုင်ပါတယ်။

🎯 အဓိကက Brand ပြောင်းဖို့ထက် ကိုယ့် Network ကို နားလည်ပြီး မှန်ကန်တဲ့ Configuration နဲ့ Security Policy တွေ ချမှတ်ထားဖို့ပါပဲ။

🏢 ရုံး Wi-Fi ကောင်းဖို့ဆိုတာ Internet မြန်ရုံနဲ့ မလုံလောက်ပါဘူး။File Server ကနေ Data တွေ အပြန်အလှန်ပို့တာ၊ Online Meetin...
09/10/2026

🏢 ရုံး Wi-Fi ကောင်းဖို့ဆိုတာ Internet မြန်ရုံနဲ့ မလုံလောက်ပါဘူး။

File Server ကနေ Data တွေ အပြန်အလှန်ပို့တာ၊ Online Meeting ဝင်တာ၊ Device အများကြီး တစ်ပြိုင်နက် ချိတ်ဆက်တာတွေကိုပါ ထည့်စဉ်းစားဖို့ လိုပါတယ်။

🚀 Ruijie Reyee RG-RAP72Pro | Wi-Fi 7 BE5000

ရုံးလုပ်ငန်းခွင်တွေအတွက် ပိုမိုမြင့်မားတဲ့ Wireless Performance ကို ရည်ရွယ်ထားတဲ့ Ceiling Access Point တစ်လုံးပါ။

🔹 Wi-Fi 7 နည်းပညာ
Wireless Throughput စုစုပေါင်း 5 Gbps အထိ ထောက်ပံ့ပေးနိုင်ပြီး 2.4 GHz နဲ့ 5 GHz Band နှစ်မျိုး အသုံးပြုနိုင်ပါတယ်။

🔹 2.5G + 1G Ethernet Port
2.5G Uplink အပြင် 1G Port ပါဝင်တာကြောင့် Network ချိတ်ဆက်မှုကို ပိုမိုပြောင်းလွယ်ပြင်လွယ် စီမံနိုင်ပါတယ်။ ဒုတိယ Port ကို လိုအပ်တဲ့ Network Device တွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

🔹 MLO + 4K-QAM
Wi-Fi 7 ရဲ့ နည်းပညာတွေကြောင့် ကိုက်ညီတဲ့ Device တွေနဲ့ အသုံးပြုတဲ့အခါ Data ပို့ဆောင်မှု ပိုမိုထိရောက်စေပြီး Online Meeting၊ File Transfer နဲ့ Streaming တွေအတွက် ပိုကောင်းတဲ့ Wireless Experience ရရှိစေနိုင်ပါတယ်။

🔹 AI Research နဲ့ ရုံးလုပ်ငန်းခွင်များအတွက်
Cloud Application၊ Shared File Server နဲ့ AI Tool တွေကို နေ့စဉ်အသုံးပြုနေရတဲ့ ရုံးတွေအတွက် Network Upgrade လုပ်ဖို့ စဉ်းစားသင့်တဲ့ Model တစ်ခုပါ။

💡 မှတ်ချက်။ Wi-Fi Performance အမှန်တကယ်ရရှိမှုက Client Device၊ Uplink Speed၊ Network Configuration နဲ့ အသုံးပြုမှုပတ်ဝန်းကျင်ပေါ် မူတည်ပါတယ်။

📩 ရုံးအတွက် Wi-Fi 7 Upgrade လုပ်ဖို့ စဉ်းစားနေတယ်ဆိုရင် RG-RAP72Pro ကို လေ့လာကြည့်လိုက်ပါ။



Address

No
Yangon
11

Telephone

+959941144959

Website

Alerts

Be the first to know and let us send you an email when NetSolution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to NetSolution:

Shortcuts

Share

Nearby computer & electronics services