27/05/2024
intel CPU i-Series တွေရဲ့ အက္ခရာတွေအကြောင်း
+++++++++++++++++++++++++++++++++++++
ပထမဆုံး Intel CPU ရဲ့ i series မျိုးဆက်တွေအကြောင်း အရင်ပြောပြမယ်..
အခုဆို i series တွေရဲ့ မျိုးဆက်ဟာ 9th Gen အထိ ရောက်ရှိနေပါပြီ
i3,i5,i7 CPU တွေဟာ သူတို့ရဲ့ ညီကိုတွေဖြစ်တဲ့ Intel Celeron, Pentium တို့ထက် Performance ရော Costing ရော ပိုမို မြင့်မားသာလွန်ကြပါတယ်။
i series CPU တွေကို Generation ခွဲရတာ လွယ်ပါတယ်
CPU ရဲ့နောက်က No. လေးတွေကိုကြည့်ပြီး အလွယ်တကူ ခွဲခြားနိုင်ပါတယ်။
Eg.
Intel@Core i3-360M ဆို 1st Gen(2009-11)
Intel@Core i3-2*** ဆို 2nd Gen(2011-12)
Intel@Core i3-3*** ဆို 3rd Gen(2012-13)
Intel@Core i3-4*** ဆို 4th Gen(2013-14)
Intel@Core i3-5*** ဆို 5th Gen(2014-15)
Intel@Core i3-6*** ဆို 6th Gen(2015-16)
Intel@Core i3-7*** ဆို 7th Gen(2016-Present)
Intel@Core i3-8*** ဆို 8th Gen(At Present)
Intel@Core i3-9*** ဆို 9th Gen
Intel@Core i3-10***ဆို 10th Gen
Intel@Core i3-11***ဆို 11th Gen
Intel@Core i3-12***ဆို 12th Gen
i5,i7 တွေလဲ တူတူပါပဲ.....
အခုဆက်ပြီး CPU တွေရဲ့ Code လေးတွေ ပြောပြပါ့မယ်။
i series CPU တွေရဲ့ Gen ခွဲတဲ့ No. လေးတွေရဲ့နောက်မှာ ပါတဲ့ M, U, HQ, G ဆိုတဲ့ အက္ခရာလေးတွေ အကြောင်းပေါ့....
M ဆိုတာက Mobile series တွေအတွက်ပါ Mid Range Type ပေါ့
U ဆိုတာကတော့ Ultra Low Power CPU တွေပါ ပေါ့ပါးတယ်, Power Consumption နည်းတယ်, Battery ခံတယ် ဒါပေမဲ့ clock speed နည်းပါတယ်။
HQ ဆိုတာကတော့ High Quality High Performance ပါ Gaming Type နဲ့ Server Type တွေပါ...။
ကဲ Gen ခွဲတာတွေ Code လေး တွေအကြောင်းပြောပြီးပြီ ဆိုတော့... ရွေးချယ်မှုလေးတွေ မစခင်.... CPU တွေရဲ့ မြန်နှုန်း(Speed) ကို တိုင်းတာတဲ့ Clock Speed အကြောင်းရှင်းပြမယ်
Clock Speed ကို တိုင်းတဲ့, ဖော်ပြတဲ့ ယူနစ်က Hz ပါ
ပမာဏ အပေါ်မူတည်ပြီး Megahertz(MHz), Gigahertz(GHz) ဆိုပြီး ကွဲသွားတယ်။ CPU speed ကို MHz နဲ့ ဒီခေတ်မှာ မရှိတော့ပါဘူး
အဲ့တော့ Clock Speed ဆိုတာဘာလဲ???
Clock speed ဆိုတာ CPU ရဲ့ Clock Cycle ကြိမ်နှုန်းကို ရေတွက်တာပါ ကြိမ်နှုန်းများလေ CPU speed မြန်လေ ပါပဲ.... for eg. 3.6GHz ဆိုတာ Clock cycle ကြိမ်နှုန်းပေါင်း တစ်စက္ကန့်ကို 3,600,000,000 ရှိတယ်လို့ပြောတာပါ။
ကဲ clock speed အကြောင်းလဲ သိပြီဆိုတော့ overclocking လေး အကြောင်းဆက်ပြောပြပါမယ်.
What is overclocking???
Overclocking ဆိုတာ CPU ရဲ့ စံ clock speed ထက် ပိုအောင် အသုံးပြုခြင်းကိုပြောတာပါ Turbo Boost လို့လဲ ခေါ်ပါတယ်။ ဒါပေမဲ့ Turbo Boost လုပ်ခြင်းဟာ CPU Heat တက်စေပါတယ်.... Turbo Boost ဟာ Time Limit ရှိပါတယ်။ အမြဲ Boost up လုပ်တာမဟုတ်ပါဘူး။
များသောအားဖြင့် Turbo Boost ဟာ i5 နဲ့ i7 တွေမှာပဲ ပါပေမဲ့ အခုနောက်ထွက်တဲ့ i3 Gen အမြင့်တွေမှာ လဲ Turbo Boost ပါလာပါတယ်။
ဘယ်လိုပဲ Turbo Boost ပါပါ CPU တစ်ခုမှာ ထပ်ပြီးစဉ်းစားစရာ ရှိတာက Cores and Multi Threading ပါ
Laptop Core i3 CPU ဟာ dual cores base
Core i5 ကတော့ quad cores base ဖြစ်ပြီး Core i7 ကတော့ သာမန် U series တွေမှာ six cores ဖြစ်ပေမဲ့ multi threading 12 ပါ
HQ series တွေမှာတော့ 8 cores 12 multi threading ပါ....
ကဲ i series CPU တွေ အကြောင်း အကြမ်းဖျဉ်းကတော့ နားလည်ကြပြီထင်ပါတယ်။
____________________
ကွန်ပျူတာဝယ်တဲ့အခါ အဓိက ကြည့်ကြတာက CPU, RAM, Graphic နဲ့ Storage ပါပဲ.. ကျွန်တော်တို့ ခုလက်ရှိအသုံးများနေတာက Desktop PC မှာရော Laptop မှာပါ Intel ရဲ့ CPU တွေပါ.. အဲဒီထဲက i-Series
တွေဟာ အသုံးအများဆုံးပါပဲ..ကွန်ပျူတာ CPU ကိုသာကြည့်ကြတာ CPU တွေနဲ့ပတ်သက်တဲ့ အချက်အလက် တွေကိုတော့ တော်တော်များများ မသိကြပါဘူး။.. CPU တွေထဲက Intel ရဲ့ i-Series CPU တွေမှာပါတဲ့ အက္ခရာအကြောင်း ဖတ်မိသလောက် ပြန်လည် မျှဝေပါမယ်..
Desktop CPU
Desktop CPU ကတွက်ကတော့ အထွေအထူး မရှိပါဘူး။ K ပါတာနဲ့ မပါတာ ဒီ ၂ နှစ်ခုဘဲ ရှိပါမယ်။
ရိုးရိုးက official default core clock နဲ့ K ပါရင်တော့ unlock core clock ပေ့ါ။
ဥပမာ Intel® Core™ i7-8700 Processor ဒါဆိုရင် i7 ပေ့ါ ၊ 8700 လို့ ရေးထားတဲ့အတွက် generation က 8th gen ပေ့ါ။ ဒီကောင်မှာဆိုရင် Processor Base Frequency က 3.20 GHz ကနေစပြီးတော့ Max Turbo Frequencyကတော့ 4.60 GHz အထိ သုံးနိုင်ပါတယ်။
(Max လို့ရေး ထားပေမယ့်လည်း Unlock မဟုတ်တဲ့အတွက် အပြည့်အ၀ သုံးနိုင်မယ်လို့ မပြောနိုင်ပါဘူး )..
Intel® Core™ i7-8700K Processor ဒီကောင်ကတော့ official unlock cpu ပါ။ Processor Base Frequency က 3.70 GHz ကနေစပြီးတော့ Max Turbo Frequency ကတော့ 4.70 GHz အထိ သုံးနိုင်ပါတယ်။ သူကတော့ unlock version ဖြစ်တဲ့အတွက် အပြည့်အ၀ အသုံးချနိုင်ပါတယ်။
ကြုံတုန်းလေး ထပ်ပြောဦးမယ်ဗျ.
CPU ဆိုတာနဲ့ သူ့ချည်းလည်း မပြီးသေးဘူး။ ဥပမာ ခင်ဗျားက cpu ကို တကယ်အပြည့်အ၀ အသုံးချချင်လို့ ရိုးရိုးထက် စျေးကြီးတဲ့ K ( unlock version ) ၀ယ်လိုက်ပြီဆိုပါစို့ ......
သူ့ကို support ပေးမယ့် motherboard ကလည်း အရေးကြီး လာပြီ။ K version CPU ကြီး ၀ယ်ပြီး B Series motherboard ကြီး ၀ယ်မိရင်လည်း CPU ရဲ့ လုပ်ဆောင်နိုင်စွမ်းကို motherboard က အပြည့်အ၀ မထောက်ပံ့နိုင်ဘဲနဲ့ သာမန် K မပါတဲ့ version CPU လောက်ဘဲ သုံးနိုင်ပါလိမ့်မယ်။
ဥပမာအနေနဲ့ လိုက်ဖက်ညီတဲ့ cpu + mobo ဆိုရင် .........
Core i7-7700K + asus z170k ပေ့ါ။
Core i7-7700K + gigabyte b150 ဆိုရင် ဂွမ်းပြီပေ့ါ...
----------------------------------
Mobile CPU (laptop CPU )
ဒီအတွက်ကျတော့ အတော်လေး ကွဲတယ်ဗျ.
Desktop လို မလွယ်တော့ဘူး နောက်မှာက အက္ခရာတွေအတော်များတာ ... ဒီနေရာမှာ ကျနော် intel cpu တွေကို ေ၇းပေးသွားပါမယ်။ amd အတွက်တော့ မထည့်ပေးတော့ ပါဘူး။ ၁ ခု ကို သိပြီ ဆိုရင် ကျန်တဲ့ တစ်ခုကလည်း သိပ်မ ကွာတာမို့ သဘောပေါက်လောက်မယ် ထင်ပါတယ်။ မြန်မာလိုတော့ မေ၇းတော့ဘူးဗျာမူရင်းအတိုင်း E လို ရေးပေးလိုက် တာက ပိုပြီးတော့ အဆင်ပြေပါလိမ့်မယ်။
Alpha Suffix >>> K
Description >>> Unlocked
Example >>> 8th Gen Intel® Core™ i7-8700K processor
Alpha Suffix >>> U
Description >>> Ultra-low power
Example >>> 8th Gen Intel® Core™ i7-8650U processor
Suffix_Description_Example
-7700K
-7700T processor
-7100H processor
-7820HK processor
-7920HQ processor
-4000M processor
-7Y75 processor
-low_power_i7-7500U processor
အခု ရေးပြထားတဲ့အတိုင်း ဆိုရင် ကျနော်တို့ အနေနဲ့ ရှောင်ရမှာကY နဲ့ U ပါ။ သူက power အစား သက်သာ အောင် battery သက်တမ်း ပိုပြီးခံအောင် လုပ်ထားတာ မို့လို့ ၊ ဥပမာ ဆိုပါစို့ ကျနော်တို့ photoshop လေးလည်း သုံးချင်တယ်။ adobe primire လေးနဲ့ video edit လည်း တည်းဖြတ်ချင်တယ်။ ဆိုရင်တော့ Y နဲ့ U ကို ဝေးဝေး သာရှောင်ပါ။ ကျနော် အခု လက်ရှိသုံးနေတဲ့ လက်တော့ လေးက lenovo G410 ပါ။ CPU i3 4000M (2 core /4 thread ) နဲ့ RAM 4 GB / intel HD Graphic 4600 ( 1 GB ) ပါ။ photoshop / adobe primire တို့ကို မထစ်မငေ့ါ သုံးနိုင်တဲ့အပြင် Prototype 2 လို ဂိမ်းကို လည်း မထစ်မငေါ့ နဲ့ ဆော့နိုင်ပါတယ်။ (ဒီစက်လေး ၀ယ်ထားတာ 2014 / 10 လ ပိုင်းလောက်တည်းကပါ။
အခုအချိန်ထိ up to date ဂိမ်းအတော်များများကို ဆော့နိုင်တုန်းပါဘဲ။ ဒါဆိုရင် ကျနော်တို့ ကွန်ပျူတာ ၀ယ်တဲ့ အခါ ဒီ ကွန်ပျူတာ/လက်တော့ တစ်လုံးမှာ ဘာ cpu ဘာသုံးထားလဲသိရအောင် ဘယ်လို စစ်ဆေးကြမလဲ။ (My computer > properties ကနေ ကြည့်မယ်လို့မပြောကြေး ငိငိ ၊ အဲကနေ ကြည့်တာက အသေးစိတ်မသိရပါဘူး)
software နဲ့ သုံးပြီး စစ်မယ်ဆိုရင်တော့
https://www.cpuid.com/softwares/cpu-z.html
ကို အသုံးပြုပြီး စစ်ဆေးနိုင်ပါတယ်။ ဆိုပါစို့ ကျနော်တို့အနေနဲ့ software တင်ဖို့ ခွင့်မပြုတဲ့အခါမျိုးမှာရော ဘယ်လို စစ်ဆေး ကြမလဲ ..
ဆိုင်တိုင်းကတော့ ကွန်ပျူတာကို power ဖွင့်ပေးပြီး ကြည့် ခွင့်ပေးပါတယ်။ Power ဖွင့်ပြီး window တက်လာတာနဲ့ ..... ကီးဘုတ်ကနေ window logo key + R လေးကို နှိပ်ပြီး dxdiag လို့ ရိုက်ပြီး enter ခေါက်လိုက်ပါ။ DirectX Diagnostic Tool လေး ပေါ်လာပါမယ်။ System tab အောက်က processor
နေရာမှာ အသေးစိတ် ဖေါ်ပြထားပါတယ်။
Display Tab အောက်မှာ တော့ Graphic နဲ့ ပတ်သက်တာ တွေ ရေးပေးထားပါတယ်။
ကဲ.. ဒီလောက်ဆို နည်းနည်း သဘောပေါက်လောက်ပြီပေါ့...
Maung Pauk (ဆရာမောင်ပေါက်) ထံမှ ကူးယူဖော်ပြသည်။
#နည်းပညာ
#ကွန်ပျူတာ