R မှတ်စု

R မှတ်စု Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from R မှတ်စု, Yangon.

မင်္ဂလာပါ။ ကျနော် စောမင်းသူဖြစ်ပါတယ်။ ကျနော်က Researcher/Biostatistician တယောက်ဖြစ်ပြီး data intensive research တွေ ဆောင်ရွက်နေသူဖြစ်ပါတယ်။ ကျနော်ရဲ့ career တလျှောက်လေ့လာ၊ သင်ကြား၊ အသုံးချခဲ့တာတွေကို အခြေခံပြီး R မှတ်စုကို ပြုစုထားပါတယ်။

26/11/2026

Statistics နဲ့ ပတ်သတ်တဲ့ theoretical concept တွေကို နားလည်ရလွယ်တဲ့ animation လေးတွေသုံးပြီး short clip လေးတွေကို အခြေခံကစပြီး ပုံမှန်တင်သွာဖို့ရှိပါတယ်။

Social media သုံးရင်း ဒီလို bite size clip လေးတွေနဲ့ statistics ကို လေ့လာမယ်ဆို R မှတ်စု Page ကို Follow လုပ်ထားလို့ရပါတယ်။

ပထမဆုံးအနေနဲ့ Descriptive ရဲ့ အခြေခံအကျဆုံး Variable တခုရဲ့ Typical Value ကို mean၊ median နဲ့ mode သုံးပြီး ဘယ်လိုတွက်မလဲဆိုတာ ဒီ Video မှာရှင်းပြထားပါတယ်။

23/11/2026

Data analysis အတွက် Gaming Laptop လိုလား? 🤔
Gaming laptop နဲ့ Office laptop ယှဉ်ပြီး Simulation တခုကို Run ပြထားပါတယ်။ ဘယ်လိုကွာလဲ ကြည့်လိုက်ကြရအောင်။ 👇

20/11/2026

Presentation တွေ report တွေပြင်တဲ့အခါ ကျနော် သတိထားပြီးသုံးရမဲ့ chart အမျိုးအစား ၂ မျိုးအကြောင်းရှင်းပြထားပါတယ်။

18/11/2026

R ကို ဘယ်လိုစပြီးလေ့လာကြမလဲ? (Resource Link များကို ထည့်ထားပေးတယ်)

R ကို စပြီးလေ့လာတဲ့အခါမှာ ပြောလေ့ရှိကြတာက အစမှာ ခက်ခဲတယ်ဆိုတာပါပဲ။ ဒါဆို R ကို ဘယ်လိုလေ့လာရင် အကောင်းဆုံးဖြစ်မလဲဆိုတာ ကျနော်ရဲ့အတွေ့အကြုံနဲ့ အကြံပြု မျှဝေချင်ပါတယ်။

R လေ့လာတဲ့အခါ သင်ရင်းလုပ်တာနဲ့ လုပ်ရင်းသင်သွားတာဆိုပြီ ၂ မျိုးခွဲလို့ရပါတယ်။ ၂ ခုစလုံးက အရေးကြီးတယ်။ သင်ရင်းလုပ်တယ်ဆိုတာကတော့ ကိုယ်က စာတွေဖတ်၊ သင်တန်းတွေတက်ပြီး ဖတ်မှတ်ထားတာတွေကို လက်တွေ့လုပ်ကြည့်တာဖြစ်တယ်။ လုပ်ရင်းသင်သွားတယ်ဆိုတာက R ကို မကျွမ်းကျင်သေးဘူးဆိုပေမဲ့ ကိုယ့်ရဲ့ လက်တွေ့လုပ်ငန်းခွင်ထဲမှာ R ကို တကယ်သုံးပြီးတော့ မသိရင် Google ခေါက်လိုက် AI ကိုမေးလိုက်နဲ့ သင်သွားတာဖြစ်တယ်။

ဘယ်ကစပြီးတော့ လေ့လာမလဲဆိုရင် ကျနော် Recommend ပေးတဲ့ စာအုပ်က R for Data Science ဖြစ်တယ်။ ဘာလို့ Recommend ပေးရလဲဆိုရင် အဲဒီစာအုပ်က R ကို base R နဲ့ မဟုတ်ဘဲ Tidyverse လို့ခေါ်တဲ့ လွယ်ကူရှင်းလင်းတဲ့ Package နဲ့ မိတ်ဆက်ပေးလို့ဖြစ်ပါတယ်။ သူက online မှာ free ဖတ်လို့ရတယ်။
Link: https://r4ds.hadley.nz/

ဗီဒီယိုကြည့်ရတာ အားသန်တဲ့သူတွေက ကျနော်ပြင်ဆင်ထားတဲ့ R for Data Analysis Youtube video တွေကို ကြည့်လို့ရပါတယ်။ အဲဒီဗီဒီယိုတွေက အဲဒီစာအုပ်ကို အခြေခံထားခြင်းဖြစ်တယ်။
Link: https://youtube.com/playlist?list=PLayP4brc9GJY&si=2GSlC99Or0YSc-vs

ဒါတွေပြီးရင်တော့ ဒုတိယစာအုပ်အနေနဲ့ ggplot2: Elegant Graphics for Data Analysis စာအုပ်ကို ဆက်လေ့လာဖို့ တိုက်တွန်းလိုပါတယ်။
Link: https://ggplot2-book.org/

အရေးကြီးတာတခုက အဲဒီစာအုပ်တွေဖတ်နေရင်းနဲ့ ကိုယ့်အလုပ်မှာ R ကို စပြီး တော့တကယ်သုံးဖို့ပါပဲ။ ကျွမ်းသွားမှ အလုပ်ထဲမှာ စပြီးသုံးမယ်လို့ အချိန်တွေပိုကြာသွားမှာဖြစ်တယ်။ အစပိုင်းမှာ နည်းနည်းအဆင်မပြေဖြစ်မယ်ဆိုပေမဲ့ အချိန်တခုရောက်လာရင် Excel တောင်ဖွင့်ဖြစ်တော့မှာ မဟုတ်ပါဘူး။

အနှစ်ချုပ်ရမယ်ဆိုရင် R ကို သင်ရင်းနဲ့လုပ်၊ လုပ်ရင်းနဲ့သင်ဆိုတဲ့ နည်းလမ်းနဲ့ လေ့လာမယ်ဆို အများကြီးထိရောက်ပါလိမ့်မယ်။ အချိန်တိုအတွင်းမှာ အများကြီးအသုံးသွားနိုင်ဖြစ်ပါတယ်။

Data တွေနဲ့ အလှည့်စားမခံရစေဖို့ 👇Data တွေက မလိမ်တတ်ပေမဲ့ မသမာတဲ့သူတွေက data တွေကို လှည့်စားပြီးတော့ ကိုယ်ပြောချင်တဲ့ဟာကိ...
15/11/2026

Data တွေနဲ့ အလှည့်စားမခံရစေဖို့ 👇

Data တွေက မလိမ်တတ်ပေမဲ့ မသမာတဲ့သူတွေက data တွေကို လှည့်စားပြီးတော့ ကိုယ်ပြောချင်တဲ့ဟာကို လက်ခံသွားအောင်လို့ တင်ပြလေ့ရှိကြတယ်။ အဲလိုလှည်စားမခံရစေဖို့ ဒီအချက်လေးတွေကို သတိထားဖို့ လို့ပါတယ်။ တပံချင်းစီမှာ ရှင်းပြထားပါတယ်။

ဒီ online course လေးကို ဖြည်းဖြည်းချင်း အချိန်ရရင် ရသလိုလုပ်နေတာ ခုတော့ YouTube မှာ တင်ထားပါပြီ။R for Data Analyst cours...
12/11/2026

ဒီ online course လေးကို ဖြည်းဖြည်းချင်း အချိန်ရရင် ရသလိုလုပ်နေတာ ခုတော့ YouTube မှာ တင်ထားပါပြီ။

R for Data Analyst course မှာ R ရဲ့ Tidyverse package ကို သုံးပြီးတော့ Data Analysis ကို ထိထိရောက်ရောက်လုပ်နိုင်ဖို့ အခြေခံကနေပြီးတော့ Report ကို Quarto နဲ့ ထုတ်တဲ့အထိ ပြောပြထားပါတယ်။ အားလုံးပေါင်း သင်ခန်းစာ ၁၁ ခုပါဝင်ပြီးတော့ data set တခုကို အစအဆုံး analysis လုပ်ရင်း လေ့လာသွားကြဖို့ဖြစ်ပါတယ်။

ဒီလင့်မှာ တင်ရောက်လေ့လာနိုင်ပါတယ်။
https://youtube.com/playlist?list=PLayP4brc9GJY&si=QVxucWXDR4oVOu7J

11/11/2026

Report တွေ Presentation အတွက် Figure တစ်ခု ထုတ်ပြီဆိုရင် ဘာအချက်တွေ ပါသင့်လဲဆိုတာ ဆွေးနွေးထားပါတယ်။

09/11/2026

R users တွေ ရင်းနှီးပြီးသား RStudio နဲ့ အသစ်ပေါ်လာတဲ့ Positron ဘယ်တခုသုံးရမလဲ R မှတ်စုက‌နေ ဆွေးနွေးထားပါတယ်။

RStudio နဲ့ Positron ဘယ်ဟာကို ရွေးရမလဲဆိုရင် ကိုယ်က Programing language တခုထဲကိုပဲ သုံးမှာလား။ data တွေဘယ်လောက်များများကို analysis လုပ်မှာလဲဆိုတဲ့ အပေါ် မူတည်ပါတယ်။ R သီးသန့်နဲ့ legacy ပုံစံကို သဘောကျရင်တော့ RStudio က အကောင်းဆုံးရွေးချယ်မှုပါ။ R နဲ့ Python တွဲသုံးချင်တယ်၊ ခေတ်မီပြီး ပေါ့ပါးတာ သဘောကျရင်တော့ Positron ကို စမ်းကြည့်သင့်ပါတယ်။

07/11/2026

R package တွေထဲမှာ Researcher တွေ Data analyst တွေ အသုံးအများဆုံး Package တစ်ခုက ggplot2 ပါ။ ဒီဗီဒီယိုထဲမှာ publication quality figure တခုကို ggplot2 နဲ့ ဘယ်လိုတည်ဆောက်လို့ရလဲ ဆိုတာကို အသေးစိပ်ရှင်းထားပါတယ်။

YouTube မှာလဲ လေ့လာကြည့်ရှု့နိုင်ပါတယ်။
https://youtu.be/S_5SI9Mhovc?si=bfB6o_4xkvPLdKEo

07/11/2026

R ဆိုတာဘာလဲ ?
Data analyst တယောက်က R ကို ဘာအတွက် သုံးနိုင်လဲ?
R ကို သင်ရတာခက်လား?
AI ကြောင့် R ကို သင်ဖို့လိုသေးလား?

R ကို စိတ်ဝင်စားတဲ့ မိတ်ဆွေများ၊ Data analyst များ၊ ကျောင်းသား/သူများ နဲ့ Researcher များအားလုံးအတွက် R ကို မိတ်ဆက်ရင်း အတူတကွလေ့လာသွားကြဖို့အတွက် ယခု R မှတ်စုဆိုတဲ့ page ကို ဖန်တီးထားပါတယ်။

Address

Yangon

Alerts

Be the first to know and let us send you an email when R မှတ်စု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to R မှတ်စု:

Shortcuts

Share

Nearby computer & electronics services