24/08/2026
📍Technology Roadmap မှာ ဘာကို ဦးစားပေး
သင့်လဲ❓
Technology Roadmap ဆိုတာ Feature တွေကို Date တပ်ပြီး စီထားရုံမဟုတ်ပါဘူး။ လုပ်ငန်းအတွက် အရေးကြီးဆုံးအရာကနေ စပြီး နောက်အဆင့်အတွက် အခြေခံဖြစ်အောင် Phase အလိုက် စီစဉ်ထားဖို့ လိုပါတယ်။
🔹 Must-have Operation
နေ့စဉ်လုပ်ငန်းလည်ပတ်ဖို့ မရှိမဖြစ်လိုအပ်တာကို အရင်လုပ်ပါ။ Order, Inventory, Payment, Approval စတဲ့ အခြေခံ Process တွေ တည်ငြိမ်ဖို့က ပထမဦးစားပေးပါ။
🔹 Data Foundation
Customer, Sales, Inventory စတဲ့ Data တွေကို မှန်ကန်ပြီး တစ်နေရာတည်းမှာ စုစည်းနိုင်အောင် တည်ဆောက်ပါ။ Data မကောင်းဘဲ Dashboard, Automation နဲ့ AI ကို အရင်သွားတာက ထိရောက်မှုနည်းနိုင်ပါတယ်။
🔹Team Readiness
System ရှိရုံနဲ့ မလုံလောက်ပါဘူး။ ဘယ်သူက Data ထည့်မလဲ၊ စစ်မလဲ၊ Approve လုပ်မလဲဆိုတဲ့ Role, Responsibility နဲ့ Process တွေကိုပါ ရှင်းထားပါ။
🔹Customer-facing Improvement
အခြေခံတွေ တည်ငြိမ်လာပြီဆိုရင် Online Ordering, Order Tracking, Customer Portal စတဲ့ Customer Experience ပိုကောင်းစေမယ့် Feature တွေကို ဆက်တိုးချဲ့ပါ။
🔹Later Enhancement
AI, Advanced Analytics, Complex Automation လို Feature တွေက ကောင်းပေမယ့် Data, Process နဲ့ Team အဆင်သင့်မဖြစ်သေးရင် နောက် Phase မှာထားတာ ပိုသင့်တော်ပါတယ်။
Phase တစ်ခုစီမှာ ဘာ Problem ဖြေရှင်းမလဲ၊ ဘာ Result ရမလဲ၊ Success ကို ဘယ်လိုတိုင်းတာမလဲ၊ နောက် Phase သွားဖို့ ဘာလိုမလဲ ဆိုတာ သေချာတွေးထားသင့်ပါတယ်။
Technology Roadmap က ပြောင်းလို့မရတဲ့ Plan မဟုတ်ပါဘူး။ Business Priority, Budget နဲ့ Customer Need ပြောင်းလာရင် ပြန်သုံးသပ်ပြီး Priority ကို ပြင်ဆင်နိုင်ရပါမယ်။
ကောင်းတဲ့ Roadmap ဆိုတာ Feature တွေ များများထည့်ထားတာ မဟုတ်ပါဘူး။ လုပ်ငန်းအတွက် တကယ်လိုအပ်တာကို ဦးစားပေးပြီး အဆင့်တိုင်းမှာ အသုံးဝင်မှုရှိလာအောင် စနစ်တကျ စီစဉ်ထားတာပါ။
သင့်လုပ်ငန်းအတွက် ဘယ်လို System မျိုး လိုအပ်
နေပါသလဲ❓
TECH4MM နဲ့ အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။
📍 အမှတ် (၂၄)၊ တိုက်ခန်း(B3)၊ နဝဒေးလမ်း၊ ဝါဆိုရပ်ကွက်၊ ဒေါပုံမြို့နယ်၊ ရန်ကုန်။
📞 𝗣𝗵: 𝟬𝟵 𝟳𝟳𝟳 𝟱𝟲 𝟮𝟮𝟱𝟲