Myanmar Net

Myanmar Net Myanmar Net is a leading Internet Service Provider in Myanmar with a strong reputation for its performance, customer service and affordable price.

It offers unlimited postpaid monthly Internet plans for home and office uses and prepaid plans for individuals. Myanmar Net is a business of Frontiir, which has both NFS(I) and IGW licenses and is known for its innovations and mission to help bridge the digital divide.

📢"CPE Battery နှင့် Booster Cable များ မြန်မာနက်စတိုးတွေမှာ ရပြီ"💁‍♂️ချစ်ခင်ရပါသော မြန်မာနက်သုံးစွဲသူများခင်ဗျာ ..လျှပ်စ...
05/09/2026

📢"CPE Battery နှင့် Booster Cable များ မြန်မာနက်စတိုးတွေမှာ ရပြီ"

💁‍♂️ချစ်ခင်ရပါသော မြန်မာနက်သုံးစွဲသူများခင်ဗျာ ..

လျှပ်စစ်မီးပြတ်တောက်ချိန်တွင် အင်တာနက်ပြတ်တောက်မသွားဖို့ မြန်မာနက် CPE အိမ်သုံးအထိုင်စက်များနှင့် တွဲဖက်အသုံးပြုနိင်မည့် ဝိုင်ဖိုင်ဘက်ထရီများအပြင်၊ အခြားသော Power Bankများနှင့်ပါ ချိတ်ဆက်သုံးနိုင်မယ့် Booster Cableများကို မြန်မာနက်စတိုးများတွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

🔋"CPE ဝိုင်ဖိုင်ဘက်ထရီ အသုံးခံမှုနှင့် လုံခြုံစိတ်ချရမှု"
▪️အသုံးခံမှုနှင့် လုံခြုံစိတ်ချရမှုအပိုင်းတွင် Power Bank ထက် အားသာချက်များစွာရှိပြီး Output 12V အပြည့်ဖြင့် 5V to 12V ခေါင်းပြောင်းစရာမလိုဘဲ အသုံးပြုနိုင်
▪️၄ နာရီကြာအသုံးခံပြီး UPS Function ပါဝင်သဖြင့် မီးလာချိန်များတွင်လည်း အားသွင်းရင်း အသုံးပြုနိုင်
▪️Power Bank ထက် သုံးစွဲရန်ပိုမိုသင့်လျော်
👉 စျေးနှုန်း-၆၆,၀၀၀ ကျပ်
(တစ်လ ၇,၀၀၀ ကျပ်ဖြင့် ၁၀ လ အရစ်ကျဝယ်ယူနိုင်ပြီး ပထမအရစ်ကို ဝယ်ယူသောနေ့တွင် ပေးချေရပါမည်)

🔌“Booster Cable ၏ အသုံးဝင်မှု”
▪️5V မှ 14V သို့ပြောင်းပေးနိုင်
▪️မြန်မာနက်CPE အိမ်သုံးအထိုင်စက်များအတွက်နှင့် အခြားPower Bankများဖြင့် တွဲဆက်အသုံးပြုနိုင်
👉စျေးနှုန်း - ၂၀,၀၀၀ကျပ်
(တစ်လ ၄,၀၀၀ ကျပ်ဖြင့် ၆ လ အရစ်ကျဝယ်ယူနိုင်ပါသည်)

🏠 မြန်မာနက်စတိုးများ
https://bit.ly/MyanmarNetStores

“မြန်မာနက် Appမှတဆင့် KBZPayနဲ့ ပထမဆုံးအကြိမ် လစဥ်ကြေးပေးဆောင်မည့်သူများအတွက် ၂,၀၀၀ ကျပ်တိတိ လျှော့စျေးရရှိမယ့် အထူးအစီအ...
05/09/2026

“မြန်မာနက် Appမှတဆင့် KBZPayနဲ့ ပထမဆုံးအကြိမ် လစဥ်ကြေးပေးဆောင်မည့်သူများအတွက် ၂,၀၀၀ ကျပ်တိတိ လျှော့စျေးရရှိမယ့် အထူးအစီအစဉ်”🎁

မြန်မာနက်သုံးစွဲသူ လူကြီးမင်းများအတွက် မြန်မာနက် Appမှာ KBZPay ဖြင့် အင်တာနက်လစဥ်ကြေး ၂၀,၀၀၀ ကျပ်နှင့်အထက် ပထမဆုံးအကြိမ်စတင်ပေးဆောင်ရုံဖြင့် နောက်လ လစဥ်ကြေးဘေလ်ထဲမှ ၂,၀၀၀ ကျပ် လျှော့ပေးသွားမှာဖြစ်လို့ အခုပဲ အမြန်ဆုံးပေးချေလိုက်စို့နော်။ 🤩

⏰ပရိုမိုးရှင်းကာလ -၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ

📌 စည်းကမ်းချက်များ
(၁) မြန်မာနက် App မှတဆင့် KBZPay ဖြင့် မြန်မာနက်ဘေလ်ကို ပထမဆုံးအကြိမ် ပေးချေသူ (New User) ဖြစ်ရပါမည်။
(၂) အနည်းဆုံး ကျပ် ၂၀,၀၀၀ နှင့်အထက် စတင်ပေးချေရပါမည်။
(၃) သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ပထမဆုံး လူဦးရေ ၂,၀၀၀ တိတိ ရွေးချယ်ပေးသွားပါမည်။

✨ လစဥ်ကြေးပေးဆောင်ဖို့ အချိန်ကုန်ငွေကုန် သက်သာစေမယ့် ဒီလိုအခွင့်အရေးကို လက်လွတ်မခံဘဲ အခုပဲ မြန်မာနက် Appမှတဆင့် KBZPayနဲ့ မြန်မာနက်ဘေလ်ကို အမြန်ဆုံး ပေးချေလိုက်ကြရအောင်…။🥰

📱 မြန်မာနက် Appအား ရယူရန်
👉 Android: https://bit.ly/45XJVSy
👉 iOS: https://apple.co/45Hb6SN

👇 မြန်မာနက် Appမှတဆင့် KBZPay ဖြင့် ဘေလ်ဆောင်နည်းကြည့်ရှုရန်
https://www.facebook.com/share/p/1cmDzUHdnd/

အသေးစိတ်သိရှိလိုပါက
📞 ဝ၉ ၇၆၅၃၃ ၈၄၄၀
🏠 မြန်မာနက်စတိုးများ - https://bit.ly/MyanmarNetStores
🌐 www.myanmarnet.com

“အဝသုံး နဲ့ အမြန်သုံး မြန်မာနက်ရဲ့ဖုန်းအင်တာနက်ကတ်"📱🛜မြန်မာနက် ဖုန်းအင်တာနက်ကတ်များကို သုံးစွဲသူများ အကြိုက်တွေ့စေတာကတော...
05/09/2026

“အဝသုံး နဲ့ အမြန်သုံး မြန်မာနက်ရဲ့ဖုန်းအင်တာနက်ကတ်"📱🛜

မြန်မာနက် ဖုန်းအင်တာနက်ကတ်များကို သုံးစွဲသူများ အကြိုက်တွေ့စေတာကတော့..
☀ ဆိုလာများတပ်ဆင်ထားခြင်းကြောင့် မီးပျက်ချိန်တွင်လည်း အင်တာနက် အသုံးပြုနိင်ခြင်း၊
🛜 ကွန်ရက်များတိုးချဲ့ထားခြင်းကြောင့် နေရာများစွာတွင် ချိတ်ဆက်အသုံးပြုနိုင်ခြင်း၊
🔝 လိုင်းဆွဲအား အဆင့်မြှင့်ထားခြင်းကြောင့် အသုံးပြုရအဆင်ပြေခြင်း တို့ပဲဖြစ်ပါတယ်။

📱"အတန်ဆုံး အဝသုံး ဖုန်းအင်တာနက်ကတ်"
👉 ၅၀၀ ကျပ် - ၁ ရက် အဝသုံး
👉 ၁၀၀၀ ကျပ် - ၂ ရက် အဝသုံး
👉 ၂,၀၀၀ ကျပ် - ၅ ရက် အဝသုံး
👉 ၅,၀၀၀ ကျပ် - ၁၅ ရက် အဝသုံး

📱"အမြန်သုံး ဖုန်းအင်တာနက်ကတ်"
👉 ၁,၀၀၀ ကျပ် - ဒေတာ 2 GB (၂ ရက်သုံး)
(ဒေတာ 6 GB (၅ရက်သုံး) ၂,၀၀၀ ကျပ်တန် နှင့် ဒေတာ 20 GB (၁၅ရက်သုံး) ၅,၀၀၀ကျပ်တန် အမြန်သုံးပက်ကေ့ချ်များကိုလည်း မြန်မာနက်အပလီကေးရှင်းတွင် ဝယ်ယူနိုင်ပါသည်)

မြန်မာနက် ဖုန်းအင်တာနက်ကတ်များကို မြန်မာနက်စတိုးများနှင့် နီးစပ်ရာ အရောင်းကိုယ်စားလှယ်ဆိုင်များမှာ ဝယ်ယူနိုင်သလို မြန်မာနက်အပလီကေးရှင်း (သို့) ခဲခြစ်ကတ် (သို့) WAVE တို့မှလည်း ဝယ်ယူနိုင်ပါတယ်ခင်ဗျာ ။🥰

💁‍♂️ ဝယ်ယူရန် နှင့် စုံစမ်းရန်
📞 ဝ၉ ၇၆၅၃၃ ၈၄၄၀
🏠 မြန်မာနက်စတိုးများ
https://bit.ly/MyanmarNetStores
🏪မြန်မာနက်အရောင်းကိုယ်စားလှယ်ဆိုင်များ
https://bit.ly/MyanmarNetResellerShops
🌐 www.myanmarnet.com

Arsenal  🆚  Chelseaကဲ... ဒီတပတ် စူပါဆန်းဒေးရဲ့ အင်္ဂလိပ်ပရီးမီးယားလိဂ် Match Week 3 မှာတော့ လန်ဒန်ဒါဘီ ပွဲကြီးပွဲကောင်းအ...
04/09/2026

Arsenal 🆚 Chelsea

ကဲ... ဒီတပတ် စူပါဆန်းဒေးရဲ့ အင်္ဂလိပ်ပရီးမီးယားလိဂ် Match Week 3 မှာတော့ လန်ဒန်ဒါဘီ ပွဲကြီးပွဲကောင်းအဖြစ် အာဆင်နယ်နဲ့ ချဲလ်ဆီး အသင်းတို့ လာမယ့် စက်တင်ဘာ ၆ ရက် (တနင်္ဂနွေ) မြန်မာစံတော်ချိန် ည ၁၀:၀၀ နာရီမှာ ပရိတ်သတ် ၆သောင်းဆံ့ Emirates ကွင်းအတွင်း ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

Arsenal 🆚 Chelsea
📅 6 September 2026 | Sunday
🕕 10:00 PM (Myanmar Time)
🏟️ Emirates Stadium(London)
📺 CANAL+ Sports Channel 1 & 2

🔴 Arsenal
အာဆင်နယ်အသင်းဟာ အိမ်ကွင်း Emirates မှာ ချယ်လ်ဆီးအသင်းနှင့် နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲစုံ ၆ ပွဲလုံး အနိုင်ရရှိထားပြီး၊ ၁၈ ဂိုး သွင်းယူကာ ၃ ဂိုး သာ ပေးခဲ့ရပါတယ်။ မတ်လနောက်ပိုင်း ပရီးမီးယားလိဂ်တွင် ဂိုးမပေးရသည့်ပွဲ (Clean Sheet) ၈ ပွဲအထိ ရရှိထားပြီး၊ လက်ရှိ တိုက်စစ်နဲ့ ခံစစ် စုစည်းမှု အတော်လေး ကောင်းမွန်နေပါတယ်။ အဓိက တိုက်စစ်ကစားသမားတွေဖြစ်တဲ့ Kai Havertz, Bukayo Saka နဲ့ Martin Ødegaard တို့ ခြေစွမ်းပြနေပြီး ကွင်းလယ်စိုးမိုးမှု၊ ကစားကွက် ထိန်းချုပ်မှုတို့နဲ့အတူ အိမ်ကွင်းပရိသတ်ရှေ့မှာ အနိုင် ၃ မှတ် အပြည့်ရယူဖို့ ကြိုးစားလာမှာဖြစ်ပါတယ်။ ရာသီအစ ၂ ပွဲမှာ ၂ ဂိုးသွင်းထားပြီး ဒီပွဲရဲ့ အလှည့်အပြောင်းတစ်ခုဖြစ်စေနိုင်တဲ့ Bukayo Saka ကတော့ ဆင်ပျံတို့ရဲ့ ညာခြမ်းတိုက်စစ်ကို ဦးဆောင်လာနိုင်ပြီး ချဲလ်ဆီးခံစစ်အတွက်တော့ အိပ်မက်ဆိုးတွေ ဖြစ်လာစေနိုင်ပါတယ်။
🔵 Chelsea
ချဲလ်ဆီးအသင်းအနေနဲ့ကတော့ ပြီးခဲ့တဲ့ ပွဲစဥ် ၂ပွဲမှာ ဖူလ်ဟမ်ကို ၃-၂ ၊ ဘရိုက်တန် ကို ၄-၃ နဲ့ အနိုင်ရထားတာကြောင့် တိုက်စစ်ပိုင်းမှာ အန္တရာယ်ရှိတဲ့အသင်းဆိုတာ မြင်တွေ့ ခဲ့ရပါတယ်။ ဒါပေမယ့် ပထမ ၂ ပွဲမှာ ၅ဂိုး ခွင့်ပြုထားတာက ချဲလ်ဆီးအသင်းရဲ့ခံစစ်ပိုင်း အတွက် မေးခွန်းထုတ်စရာ ဖြစ်နေပါသေးတယ်။ တကယ်တမ်း ခြင်္သေ့ပြာတို့ကို အဆုံးအဖြတ်ဖြစ်စေမှာကတော့ ကွင်းလယ်တိုက်စစ် Cole Palmer ရဲ့ လုပ်နိုင်စွမ်းနဲ့ João Pedro ရဲ့ အတိုးအလှုပ်တွေက ဆင်ပျံတို့ကို ရင်ခံအောင် ဖျော်ဖြေပေးနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ် ။ João Pedro ဆိုရင်လည်း ရာသီအစ ၂ ပွဲမှာ ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ်ရထားတာကြောင့် လာမယ့် လန်ဒန်ဒါဘီမှာရော ခြေစွမ်းပြနိုင်မလား ဆိုတာ မျှော်လင့်လို့ရပါတယ်။ ဒါပေသိ ပွဲပေါင်း ၁၇၀ ကစားပေးခဲ့ပြီးနောက် အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ နှုတ်ဆက်သွားတဲ့ Enzo Fernandezရဲ့ ကွင်းလယ်နေရာအတွက် အစားထိုးကစားသမားသစ် မခေါ်ယူနိုင်ခဲ့တာကတော့ ခြင်္သေ့ပြာတို့အတွက် ပြောစရာဖြစ်နေပါတယ်။
🤔ပွဲကြိုသုံးသပ်ချက်
ကစားသမားဘဝမှာ ကွင်းလယ်လူအဖြစ်ဖြတ်သန်းခဲ့ကြတဲ့ စပိန်လူမျိုးနည်းပြ နှစ်ယောက်ရဲ့ လန်ဒန်ဒါဘီကတော့ ရောက်ရှိလာပါပြီ။ ထုံးစံအတိုင်း အာဆင်နယ်ကတော့ ‌ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ နေရာစုံကနေ ရှုမငြီးတိုက်စစ်နဲ့ ဧည့်သည်တွေကို ဧည့်ခံကစားမှာဖြစ်ပြီး ဧည့်သည်အသင်းကတော့ Palmer, Rogers နဲ့ João Pedro တို့ရဲ့ Pace + Movement ကို အသုံးပြုပြီး အာဆင်နယ်ရဲ့ ခံစစ်လိုင်း နောက်ကွယ်ကို တိုက်ရိုက်ထိုးဖောက်ဖို့ ကြိုးစားလာနိုင်ပါတယ်။ အထူးသဖြင့် ဒီပွဲအတွက် ချဲလ်ဆီးကွင်းလယ်မှာ Moises Caicedo ရဲ့ Fitness က စကားပြောနေပါတယ်။ ဘရိုက်တန်နဲ့ပွဲစဥ်မှာ လူစားဝင်ပြီး မိနစ်ပိုင်းအတွင်း ဒဏ်ရာပြဿနာကြောင့် ပြန်လည်လူစားလဲလိုက်ရတာကြောင့် ဒီပွဲမှာ သူပါဝင်လာဖို့ မသေချာတော့ဘူးလို့ ခန့်မှန်းရပါတယ်။ အဲ့ဒီအတွက် ဇာဗီအလွန်ဆိုအနေနဲ့ ကွင်းလယ်ပိုင်းအတွက် ခေါင်းခဲစရာဖြစ်နေပြီး အာဆင်နယ်ရဲ့ကွင်းလယ်ပိုင်း ထိန်းချုပ်မှုကို ဘယ်လိုကိုင်တွယ်မလဲ စိတ်ဝင်စားစရာပါပဲ။ သူ့အသင်းဟာ တိုက်စစ်ပိုင်း ပြောစရာမရှိပေမယ့် ရှေ့ ၂ပွဲမှာ ၅ဂိုးပေးထားရတဲ့ခံစစ်ပိုင်း အမှားလုပ်မိရင်တော့ ဆင်ပျံတို့ရဲ့ Wide Attackနဲ့ Set-Pieceတွေကနေ နင်းချေခံရနိုင်ပါတယ်။🐘
သို့ပေမယ့်လို့… ⚔️ လန်ဒန်ဒါဘီဆိုတာ လတ်တလော အချက်အလက်တွေ စာရင်းဇယားတွေထက် စိတ်ခံစားချက်တွေ၊ သမိုင်းကြောင်းတွေနဲ့ မြို့တူ ပြိင်ဘက်ဆိုတဲ့ အရာတွေက မထင်မှတ်ထားတဲ့ ပွဲရလဒ်တွေကို ဖြစ်တတ်လွန်းတာကြောင့် စူပါဆန်းဒေးရဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာ သေချာနေလို့….🫯

ကိုင်း...ညီကိုတို့ရော ဘယ်လိုထင်လဲ? 💬 ပျော်စရာအနေနဲ့ ပွဲရလဒ် ခန့်မှန်းချက်လေးတွေကို Commentမှာ ရေးခဲ့ပြီး 💨လေတိုက်ပေးသွားကြဦး! 🥰

📣"""“Canal+ ကို မြန်မာနက်နဲ့ကြည့်ကြစို့”""" ကဲ…See ya.. Sunday Night!! 🔥

👇မြန်မာနက်နဲ့ကြည့်ဖို့ CANAL+အစီအစဥ်များ
https://www.facebook.com/share/p/1JvJ37EGf3/

👇မြန်မာနက်ခဲခြစ်ကတ်ဖြင့် CANAL+ကြည့်ရှုနည်း
https://www.facebook.com/share/v/1Akti3Xsor/

💁‍♀️ စုံစမ်းရန်
☎️ 09 76533 8440 , 09 76533 8441
🏠 မြန်မာနက်စတိုးများ
https://bit.ly/MyanmarNetStores
🏪 မြန်မာနက်အရောင်းကိုယ်စားလှယ်ဆိုင်များ
https://bit.ly/MyanmarNetResellerShops

🛡️သင့်မိသားစု လုံခြုံရေးအတွက် အားထားရာ "CCTV တပ်ဆင်ခြင်းဝန်ဆောင်မှု" မြန်မာနက်တပ်ဆင်ထားသူများအနေဖြင့် မိမိနေအိမ်အတွင်းအပ...
04/09/2026

🛡️သင့်မိသားစု လုံခြုံရေးအတွက် အားထားရာ "CCTV တပ်ဆင်ခြင်းဝန်ဆောင်မှု"

မြန်မာနက်တပ်ဆင်ထားသူများအနေဖြင့် မိမိနေအိမ်အတွင်းအပြင်၊ အလုပ်နေရာအတွင်းအပြင် လုံခြုံစိတ်ချမှုအတွက် အချိန်မရွေး စောင့်ကြည့်စစ်ဆေးနိုင်ရန် CCTV များကို ချိုသာသောလစဥ်ကြေးဖြင့် ငှားရမ်းပေးနေပါသည်။ CCTV ဝယ်ယူလိုပါကလည်း အရစ်ကျစနစ်ဖြင့် ရောင်းချပေးနေပါသည်။

ကြိုးမဲ့ CCTV များကို ဖုန်းဖြင့်ချိတ်ပြီး အိမ်တွင်း/ရုံးတွင်းသို့ ကြည့်ရှုနိုင်သလို တိုက်ရိုက်စကားပြောဆက်သွယ်ခြင်းများလည်း ပြုလုပ်နိုင်ပါသည်။

👉လစဥ်ကြေး - ၁၀,၀၀၀ ကျပ်
👉တပ်ဆင်ကြေး - ၃၅,၀၀၀ ကျပ်

တပ်ဆင်မည့်နေရာကို ကွင်းဆင်းစစ်ဆေးပေးပြီး တပ်ဆင်မည်ဆိုပါက စစ်ဆေးခ အခမဲ့ ဖြစ်ပါသည်။

ငှားရမ်းတပ်ဆင်ထားသည့်ကာလတလျှောက်တွင် သုံးစွဲသူကြောင့်မဟုတ်သော စက်ချို့ယွင်းမှုဖြစ်ပေါ်ပါက လိုအပ်သည့်ပစ္စည်းများကို "အခမဲ့” လဲလှယ်ပေးခြင်းဖြင့် သုံးစွဲသူများအား အပိုငွေကုန်ကျစရာမလိုဘဲ စိတ်ချမ်းသာမှုရရှိစေပါသည်။

ဖုန်း ဝ၉ ၇၆ ၅၄၇ ၉၁၁၈

"စီးပွားရေးလုပ်ငန်းသုံးအင်တာနက်အတွက် မြန်မာနက်ရဲ့  မိုးရာသီအထူးပရိုမိုးရှင်း"🌧️🎁စီးပွားရေးလုပ်ငန်းတွေနဲ့ SME လုပ်ငန်းရှင...
04/09/2026

"စီးပွားရေးလုပ်ငန်းသုံးအင်တာနက်အတွက် မြန်မာနက်ရဲ့ မိုးရာသီအထူးပရိုမိုးရှင်း"🌧️🎁

စီးပွားရေးလုပ်ငန်းတွေနဲ့ SME လုပ်ငန်းရှင်များအတွက် အရေးကြီးတဲ့ Online Meeting တွေ၊ ပုံမှန်လုပ်ငန်းစဉ်တွေနဲ ဒေတာပေးပို့မှုတွေမှာ အင်တာနက်လိုင်းမငြိမ်လို့၊ လိုင်းကျလို့ စိတ်ညစ်နေရပါသလား😟
လုပ်ငန်းတွေ အဆင်ပြေချောမွေ့စွာ ရာနှုန်းပြည့် လည်ပတ်နိုင်ဖို့အတွက် အင်တာနက်မြန်နှုန်း အပိုဆောင်းရရှိမည့် မြန်မာနက်ရဲ့ မိုးရာသီ အထူးပရိုမိုးရှင်း ရှိနေပါပြီ။🥳

🌧️ မိုးရာသီအထူးပရိုမိုးရှင်း
➡️ ပရိုမိုးရှင်းမြန်နှုန်း 𝟔𝟐 𝐌𝐛𝐩𝐬 ( ပုံမှန်မြန်နှုန်း-𝟒𝟗 𝐌𝐛𝐩𝐬)
➡️ စျေးနှုန်း - ၆၁,၀၀၀ ကျပ်
➡️ပရိုမိုးရှင်းကာလ - စက်တင်ဘာလကုန်ထိ မြန်နှုန်းမြင့်

✨တပ်ဆင်ခနှင့် သက်သာခွင့်များ
➡️ တပ်ဆင်ကြေး – ၃၀,၀၀၀ ကျပ်(၁ လလျှင် ၄,၀၀၀ ကျပ်နှုန်းဖြင့် ၈ လ အရစ်ကျ ပေးသွင်းနိုင်ပါသည်)
➡️လစဉ်ကြေး ၆ လစာ (သို့မဟုတ်) ၁ နှစ်စာ ကြိုတင်ပေးသွင်းပါက တပ်ဆင်ကြေး အခမဲ့။

*ငွေကြိုသွင်းစရာမလိုသော ၆ လစာချုပ် ချုပ်ဆိုရန်။
*အထက်ပါ ဈေးနှုန်းများတွင် ကုန်သွယ်ခွန် ၁၅% ပါဝင်ပြီးဖြစ်သည်။

💁‍♂️ မှာယူရန် နှင့် စုံစမ်းရန်
📞 ဝ၉ ၇၆၅၄ ၇၉၁၂၅
🏠 မြန်မာနက်စတိုးများ - https://bit.ly/MyanmarNetStores
🌐 www.myanmarnet.com

"ဒါရိုက်တာနှင့်မန်နေဂျာရာထူးများအတွက် အင်တာဗျူးအမြန်ခေါ်ယူပါမည်"ထိပ်တန်းနည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Frontiir မှ ရန်ကုန်မြ...
03/09/2026

"ဒါရိုက်တာနှင့်မန်နေဂျာရာထူးများအတွက် အင်တာဗျူးအမြန်ခေါ်ယူပါမည်"

ထိပ်တန်းနည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Frontiir မှ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါ ဒါရိုက်တာနှင့်မန်နေဂျာရာထူးများ ခန့်အပ်သွားမည်ဖြစ်ပါသဖြင့် အလုပ်လျှောက်လွှာများ ပေးပို့လျှောက်ထားနိုင်ပါသည်။

👨‍💼 ဒါရိုက်တာနှင့် မန်နေဂျာရာထူးများ
(၁) Corporate Finance Director(Auditing & Reporting)- ၁ ဦး(ရန်ကုန်)
(၂) Finance Operation Director- ၂ ဦး(ရန်ကုန်)
(၃) Finance Analyst Director- ၁ ဦး(ရန်ကုန်)
(၄) Sales Director- ၂ ဦး(ရန်ကုန်၊ မန္တလေး)
(၅) Marketing Director- ၁ ဦး(ရန်ကုန်)
(၆) Retail Director- ၁ ဦး(ရန်ကုန်)
(၇) Finance Manager- ၁ ဦး(ရန်ကုန်)
(၈) Marketing Manager- ၁ဦး(ရန်ကုန်)

📂အလုပ်လျှောက်ထားရန်
▪ [email protected] သို့ အီးမေးလ်ပေးပို့ခြင်း သို့မဟုတ်
▪ Viber- 09 7972 19977, 09 9492 15818 သို့ CV ပေးပို့၍ လျှောက်ထားနိုင်ပါသည်။

📌လုပ်ငန်းတာဝန်နှင့် လိုအပ်ချက်များလေ့လာရန်
https://bit.ly/JobDescriptionsFrontiir

"အငယ်တန်းရာထူးများအတွက် အင်တာဗျူး အမြန်ခေါ်ယူပါမည်"ထိပ်တန်းနည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Frontiirမှ ရန်ကုန်၊ မန္တလေး၊ နေပြည...
03/09/2026

"အငယ်တန်းရာထူးများအတွက် အင်တာဗျူး အမြန်ခေါ်ယူပါမည်"

ထိပ်တန်းနည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Frontiirမှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မိတ္ထီလာ၊ မော်လမြိုင်၊ ပဲခူးမြို့များတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးနေရာများအတွက် ဝန်ထမ်းများ ခန့်အပ်သွားမည်ဖြစ်ပါသဖြင့် အလုပ်လျှောက်လွှာများကို ပေးပို့လျှောက်ထားနိုင်ပါသည်။

👇 Supervisor ရာထူးများ
(၁) Product Analysis Assistant Supervisor- ၁ ဦး(ရန်ကုန်)
(၂) Warehouse Supervisor- ၁ ဦး(ရန်ကုန်)
(၃) Network Netplan Engineer Supervisor- ၃ ဦး(ရန်ကုန်)
(၄) Supervisor(Ground Leader)- ၅ ဦး(ရန်ကုန်)
(၅) Data Analyzer Assistant Supervisor-၁ ဦး(ရန်ကုန်)
(၆) Wholesale Supervisor- ၁ ဦး(ရန်ကုန်)
(၇) Senior Project Coordinator- ၁ ဦး(ရန်ကုန်)
(၈) Logistics Supervisor- ၁ ဦး (ရန်ကုန်)
(၉) HR Assistant Supervisor- ၂ ဦး(ရန်ကုန်)
(၁၀)Procurement Supervisor - ၁ ဦး (ရန်ကုန်)

👇 Associate နှင့် Assistant ရာထူးများ
(၁) NOC Associate Engineer- ၁၁ ဦး(ရန်ကုန်၊ မန္တလေး)
(၂) လက်ထောက်စာရင်းကိုင်- ၂၁ ဦး(ရန်ကုန်၊ မန္တလေး၊ နေပြည်တော်)
(၃) Assistant Finance(Fin Billing)- ၃ ဦး(ရန်ကုန်၊ မန္တလေး)
(၄) Assistant Finance(Fin Ticket)- ၅ ဦး(ရန်ကုန်၊ မန္တလေး)
(၅) Operation Assistant- ၈ ဦး (ရန်ကုန်)
(၆) Assistant Factory Engineer- ၂ ဦး(ရန်ကုန်)
(၇) Warehouse Associate- ၁ ဦး(ရန်ကုန်)
(၈) Assistant Fiber Optical Engineer- ၇ ဦး(ရန်ကုန်)
(၉) Assistant Fiber Engineer- ၁၀ ဦး(ရန်ကုန်၊ မန္တလေး)
(၁၀) Assistant FTTH Optical Engineer- ၂၆ ဦး(ရန်ကုန်)
(၁၁) Assistant M&E Network Engineer- ၇ ဦး(ရန်ကုန်)
(၁၂) Associate Customer Service- ၁၀ ဦး (ရန်ကုန်)
(၁၃) အိမ်အရောက် ငွေကောက်ခံသူ- ၂၉ ဦး(ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ နေပြည်တော်)
(၁၄) Assistant Project Coordinator- ၁ ဦး(ရန်ကုန်)
(၁၅) Junior Data Analyst- ၁ ဦး(ရန်ကုန်)
(၁၆) HR Associate- ၁ ဦး(ရန်ကုန်)
(၁၇) Assistant Engineer- ၄ ဦး(ပဲခူး)
(၁၈) Assistant QA Engineer- ၁ ဦး(ရန်ကုန်)
(၁၉) Assistant Field Engineer- ၁၅ ဦး(ရန်ကုန်၊ မန္တလေး)
(၂၀) Assistant Hardware Engineer- ၄ဦး(ရန်ကုန်)
(၂၁) Store Assistant- ၉ ဦး(ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်)
(၂၂) Associate Engineer(Lan Ops) - ၂ ဦး(ရန်ကုန်)
(၂၃) Sales Assistant- ၇ ဦး(ရန်ကုန်၊ မော်လမြိုင်၊ ပဲခူး)
(၂၄) Reseller Assistant- ၁၀ ဦး(ရန်ကုန်)
(၂၅) Ground Marketing- ၁ ဦး(ပဲခူး)

ℹ️ အလုပ်လျှောက်ထားရန်
📝 https://bit.ly/4JobApplicationForm4 တွင်လျှောက်လွှာပုံစံဖြည့်စွက်ခြင်း
📧 [email protected] သို့ အီးမေးလ်ပေးပို့ခြင်း
📝 Viber-09 7972 19977, 09 9492 15818 သို့ CV ပေးပို့၍ လျှောက်ထားနိုင်ပါသည်။

👇လုပ်ငန်းတာဝန်နှင့် လုပ်ငန်းလိုအပ်ချက်များလေ့လာရန်
https://bit.ly/JobDescriptionsFrontiir

"ရန်ကုန်နှင့် မန္တလေးမြို့ရှိလူငယ်များအတွက် အင်တာနက်နည်းပညာဆိုင်ရာ အင်ဂျင်နီယာဖြစ်ဖို့ အခွင့်အလမ်း"✨👷‍♂️👍Fiber Telecom E...
03/09/2026

"ရန်ကုန်နှင့် မန္တလေးမြို့ရှိလူငယ်များအတွက် အင်တာနက်နည်းပညာဆိုင်ရာ အင်ဂျင်နီယာဖြစ်ဖို့ အခွင့်အလမ်း"✨👷‍♂️

👍Fiber Telecom Engineering နယ်ပယ်မှာ Professional တစ်ယောက်အဖြစ် ရေရှည်ရပ်တည်နိုင်မယ့် အခွင့်အရေး
👍အင်တာနက်စက်တပ်ဆင်ခြင်းနဲ့ပက်သက်ပြီး အတွေ့အကြုံများစွာရရှိနိုင်ပြီး Fiber Specialist တစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကြောင်းတစ်ခုအဖြစ် လုပ်ကိုင်နိင်မှာဖြစ်ပါသည်။
👍လုပ်ငန်းခွင်မှာလည်း ဘေးအန္တရယ်ကင်းစွာနဲ့ နည်းစနစ်ကျကျ စေတနာထားသင်ကြားပေးမှာဖြစ်ပြီး လစဥ် အကျိုးခံစားခွင့်များလည်းရရှိမှာဖြစ်လို့ ဒီအခွင့်အရေးကို လက်လွတ်မခံပဲ အမြန်ဆုံး ဆက်သွယ်လျှောက်ထားနိုင်ပြီဖြစ်တဲ့အကြောင်း သတင်းကောင်းပါအပ်ပါသည်။

👷‍♂️ ခေါ်ယူမည့် အလုပ်အကိုင်ရာထူးများ
(၁) အင်တာနက်စက်တပ်ဆင်သူ -(ရန်ကုန်-၃၀ ဦး၊ မန္တလေး-၁၀ ဦး)
(၂) ဖိုင်ဘာကြိုးဆွဲသူ -(ရန်ကုန်-၃၀ ဦး ၊မန္တလေး-၃၀ ဦး)
(၃) အငယ်တန်း ဖိုင်ဘာ အင်ဂျင်နီယာ -(ရန်ကုန်- ၁၀ဦး၊ မန္တလေး-၁၀ဦး)
(၄) အငယ်တန်း FTTH Optical အင်ဂျင်နီယာ -(ရန်ကုန်-၂၆ ဦး၊ မန္တလေး-၁၀ဦး)

အထက်ပါရာထူးများအတွက် အလုပ်လျှောက်လွှာများကို ..
📧 [email protected] သို့အီးမေးလ်ပေးပို့၍လည်းကောင်း၊
📱 Viber-09 7972 19977, 09 9492 15818 သို့ CVများ ပေးပို့၍ လျှောက်ထားနိုင်ပါသည်။

👇လုပ်ငန်းတာဝန်နှင့် လုပ်ငန်းလိုအပ်ချက်များလေ့လာရန်
https://bit.ly/4hr7mav

💁‍♀️ စုံစမ်းမေးမြန်းရန်
☎️ 09 7972 19977, 09 9492 15818

"မြန်မာနက်စတင်တပ်ဆင်မယ့် မိတ်ဆွေတို့အတွက် ၃လ ကြိုပေး ၄လသုံးနိုင်မယ့် အခွင့်အရေး "✨🆓 လစဉ်ကြေး ၃၃,၅၀၀ ကျပ်တန် အစီအစဉ်ကို ၃...
03/09/2026

"မြန်မာနက်စတင်တပ်ဆင်မယ့် မိတ်ဆွေတို့အတွက် ၃လ ကြိုပေး ၄လသုံးနိုင်မယ့် အခွင့်အရေး "✨🆓

လစဉ်ကြေး ၃၃,၅၀၀ ကျပ်တန် အစီအစဉ်ကို ၃ လစာ ကြိုတင်ပေးသွင်းတာနဲ့ ၁ လ အခမဲ့ သုံးစွဲခွင့်ရရှိမှာဖြစ်ပါတယ်။ ဒီလို အထူးအခွင့်အရေးကို ရယူဖို့ အခုပဲ အမြန်ဆုံး ဆက်သွယ်မှာယူလိုက်တော့နော်...။📣

"ပရိုမိုးရှင်းအစီအစဥ် အသေးစိတ်"
🎉 လစဉ်ကြေး - ၃၃,၅၀၀ကျပ် -22 Mbps (၃ လစာ ကြိုတင်ပေးသွင်းပါက ၁ လ အခမဲ့ ရရှိမည်)
🎉 တပ်ဆင်ကြေး - ၃၀,၀၀၀ ကျပ်
🎉 စပေါ်ငွေ ၁၀,၀၀၀ ကျပ်
🎉 ပရိုမိုးရှင်းကာလ - ဒီဇင်ဘာလကုန်ထိ
* မြန်မာနက်စက်အသစ် စတင်တပ်ဆင်မည့်သူများသာ
*ရန်ကုန်မြို့ရှိ မြို့နယ်အများစု၊ မန္တ‌လေးမြို့ရှိ ချမ်းမြသာစည်၊ချမ်းအေးသာစံ၊မဟာအောင်မြေ မြို့နယ်များ၊နေပြည်တော်နှင့် ပျဥ်းမနားမြို့များအတွက် တပ်ဆင်ကြေး အခမဲ့ 🤩

💁‍♂️ အော်ဒါတင်ရန် နှင့် စုံစမ်းရန်
📞 ဝ၉ ၇၆၅၄ ၇၉၁၂၅
🏠 မြန်မာနက်စတိုးများ - https://bit.ly/MyanmarNetStores
🌐 www.myanmarnet.com

Address

140 Paya Lebar Road #05/12
Singapore
409015

Alerts

Be the first to know and let us send you an email when Myanmar Net posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share