14/08/2026
၁၅ နှစ် သားမှာ
ပထမဆုံး အသည်းကွဲတော့
သင်္ဘောသီးစ စားဖြစ်တာပဲ
အဲဒီတုန်းကဆို အဖေလဲ
တအံ့တသြတွေဖြစ်လို့။
မခံနိုင်အောင်နာကျင်ရတဲ့ အခါ
မလုပ်ဖူးတာတွေ လျှောက်လုပ်ကြည့်တဲ့ သဘောပဲ။
အခု ၃၆ နှစ် ရောက်တော့
မနက် မနက် ကော်ဖီဖျော်တဲ့ အကျင့်လေးရလာတယ်။
ရေနွေးတည်ရ ခွက်ရှာရ ဇွန်းတပ်ရနဲ့
၁၅ မိနစ်လောက် ကုန်သွားလဲ နည်းလား။
အားလုံးရှိနေရာက
ဘာမှမရှိတော့တဲ့ အခါ
ဘယ်သူ့ကိုမှ ဘာမှပြောမနေချင်တော့တဲ့ အခါ
ကော်ဖီဖျော်ပါ။
သောက်တာ မသောက်တာက
နောက်ကိစ္စ။