Ratha Sone Lin

Ratha Sone Lin ​နေ့စဉ်ဘဝ အမောတွေ ပြေပျောက်ဖို့၊ အတွေးသစ်တွေ ရရှိဖို့ "ရသစုံလင်" နဲ့ အတူတူ ဖြတ်သန်းလိုက်ပါ။

10/10/2026

မေတ္တာပေးရင်မေတ္တာပြန်ရတယ်...
ကြည့်ရှုတဲ့တစ်ယောက်ခြင်းဆီကို ကျေးဇူးတင်ပါတယ်...


09/10/2026

ကြည့်ရှုတဲ့တစ်ယောက်ခြင်းဆီကို ကျေးဇူးတင်ပါတယ်...
ကလေးကြီးများအတွက်..

ဆရာအောင်သင်းပြောသော လူ့ကျင့်ဝတ်များ🌻🌻🌻စောင့်ထိန်းအပ်သော လူမှုကျင့်ဝတ်များ✍✍✍(၁) ဘယ်လောက်ပဲ ချစ်ခင်ရင်းနှီးပါစေ။ စကားကို ...
23/08/2026

ဆရာအောင်သင်းပြောသော လူ့ကျင့်ဝတ်များ🌻🌻🌻

စောင့်ထိန်းအပ်သော လူမှုကျင့်ဝတ်များ✍✍✍

(၁) ဘယ်လောက်ပဲ ချစ်ခင်ရင်းနှီးပါစေ။ စကားကို လက်လွတ်စပယ် မပြောပါနဲ့။ ခံစားတတ်တဲ့ ဝေဒနာဆိုတာ လူတိုင်းမှာ ရှိပါတယ်။..

(၂) ဘယ်လောက်ပဲ မုန်းတီးနေပါစေ။ အခြားသူရဲ့ ပုဂ္ဂိုလ်ရေးကို နှိမ့်ချစော်ကားတာမျိုး မပြုလုပ်ပါနဲ့။ လေးစားမှုဆိုတာ လူတိုင်းနဲ့ ထိုက်တန်သလို မိမိကိုယ်တိုင်နဲ့လည်း ထိုက်တန်ပါတယ်။...

(၃) ဘယ်လောက်ပဲ သဘောကောင်းတဲ့သူနဲ့ တွေ့ပါစေ အခွင့်အရေးကို တဆုံးမနှိုက်ပါနဲ့။ မိမိကိုယ်ကိုယ် ထိန်းသိမ်းတတ်ပါစေ။ အခွင့်အရေးသမားကို လူတိုင်းက ရွံမုန်းကြပါတယ်။...

(၄) ဘယ်လောက်ပဲ အလကားရနေပါစေ။ မိမိရသင့်တဲ့ အတိုင်းအရှည် ပမာဏကို အသိစိတ်နဲ့ ဆင်ခြင်တတ်ပါစေ။ သိက္ခာတရားဆိုတာ မွေးမြူသင့်ပါတယ်။...

(၅) ဘယ်လောက်ပဲ အခက်အခဲပြဿနာနဲ့ ကြုံရပါစေ မိမိကိုယ်ပိုင် အစွမ်းအစနဲ့ အရင်ဖြေရှင်းတတ်ပါစေ။ အကူအညီကို အလွယ်တကူ လိုချင်တဲ့သူ မဖြစ်ပါစေနဲ့။...

(၆) ဘယ်လောက်ပဲ ရိုးသားတဲ့သူကို တွေ့ပါစေ။ သင့်အကျိုးအမြတ်အတွက် အသုံးမချပါနဲ့။ ရိုးသားမှုဆိုတာ အရည်အသွေးတစ်ခုဖြစ်ပြီး အခြားသူအတွက် ဖြစ်တည်နေတာ မဟုတ်ပါဘူး...

(၇) ဘယ်လောက်ပဲ အင်အားကြီးမားတဲ့သူ သင်ဖြစ်နေလည်း အလွယ်တကူ အနိုင်ကျင့်ချင်တဲ့ စိတ်ဓာတ်မျိုး မမွေးပါနဲ့။ ဒီကနေ့ အင်အားကြီးမားသူဟာ နောင်တစ်နေ့မှာ အင်အား ပျောက်ဆုံးသွားနိုင်လို့ပါ။ သံသရာဆိုတာ လည်ပတ်နေပါတယ်...

(၈) ဘယ်လောက်ပဲ အတွေးအခေါ်တွေ ဆန့်ကျင်ဘက် ဖြစ်နေပါစေ။ ကိုယ်ပဲ မှန်နေတယ်လို့ မထင်ပါနဲ့။ မကျင့်သုံးနိုင်ရင် ပယ်လိုက်ပါ။ အခြားသူရဲ့ အတွေးအခေါ်ထဲ သင်လည်း မနေနိုင်သလို သူလည်း နေမှာမဟုတ်ပါဘူး...

(၉) သင်ဘယ်လောက်ပဲ ထူးချွန်ထက်မြက်နေပါစေ တခြားသူကို ညံ့ဖျင်း တုံးအတယ်လို့ အလွယ်တကူ မှတ်ချက်မပေးပါနဲ့။ နောက်ခံ အခြေအနေဆိုတာ တသမတ်တည်း ရရှိနိုင်တာ မဟုတ်လို့ အရည်အချင်းတွေ ကွဲပြားနေတာကို သတိပြုမိပါစေ...

(၁၀) မိမိကြိုက်နှစ်သက်တဲ့ လူ အရာဝတ္ထု၊ အတွေးအခေါ် အခြေအနေ တစ်ခုကို မိမိဘာသာ စိတ်ကြိုက် နှစ်သက်ခွင့်ရှိပါတယ်။ ဒါပေမယ့် သူတစ်ပါး ကြိုက်နှစ်သက်တဲ့အရာတွေကိုတော့ ကဲ့ရဲ့ ရှုတ်ချပြီး သင်ကြိုက်တဲ့အရာတွေကို ဂုဏ်တင်ပြီး ပြောတာမျိုးတော့ မဖြစ်သင့်ပါ...
...
#အောင်သင်း

#စာပေ #ခွန်အားရှိသောစာပေ
#ဗဟုသုတ

တန်ဖိုးရှိသော ဘဝနေနည်း #စာအုပ်စာပေ #ဗဟုသုတ  #ရသစုံ  #အောင်သင်း
09/08/2026

တန်ဖိုးရှိသော ဘဝနေနည်း
#စာအုပ်စာပေ
#ဗဟုသုတ
#ရသစုံ
#အောင်သင်း

💪💪💪
06/08/2026

💪💪💪

ငါးကကောင်းကင်ကို မပိုင်ဘူး✖✖ ငှက်ကလည်း ရေပြင်ကို မပိုင်ဘူး✖✖တစ်ကောင်က ရေအောက်ကမ္ဘာကို🏘 အိမ်လို့ခေါ်တယ်…တစ်ကောင်က ကောင်းက...
05/08/2026

ငါးကကောင်းကင်ကို မပိုင်ဘူး✖✖
ငှက်ကလည်း ရေပြင်ကို မပိုင်ဘူး✖✖
တစ်ကောင်က ရေအောက်ကမ္ဘာကို🏘 အိမ်လို့ခေါ်တယ်…
တစ်ကောင်က ကောင်းကင်ပြာကို 🌄လွတ်လပ်မှုလို့ခေါ်တယ်…
ဘဝနှစ်ခုက မတူညီသလို…
လျှောက်ရမယ့်လမ်းတွေလည်း မတူကြဘူး။🎢

ဒါပေမယ့်…
ရေမျက်နှာပြင်နဲ့ ကောင်းကင်ဆုံတဲ့
မျဉ်းတစ်ကြောင်းကိုတော့ နှစ်ယောက်လုံး
နေ့တိုင်း ကြည့်နေကြတယ်လေ..
တချို့ဆုံတွေ့မှုတွေက ပိုင်ဆိုင်ဖို့ မဟုတ်ဘူး…
နှလုံးသားထဲမှာ ထာဝရကျန်ရစ်ဖို့ပဲ ဖြစ်တယ်🥰🥰

ငှက်ရဲ့အတောင်ပံမှာ ရေမရှိဘူး…
ငါးရဲ့အသက်ရှူမှာ လေမရှိဘူး…
သဘာဝက သူတို့ကို
အတူမရှင်သန်နိုင်အောင် ဖန်တီးခဲ့ပေမယ့်…
တစ်ယောက်ကိုတစ်ယောက်
သတိရဖို့တော့ မတားခဲ့ဘူးလေ..
တစ်ကောင်က ကောင်းကင်ကို ငေးတယ်…
တစ်ကောင်က ရေမျက်နှာပြင်ကို ငေးတယ်…
အကြည့်နှစ်ခု ဆုံတဲ့အခိုက်အတန့်မှာ…
စကားလုံးမရှိတဲ့ ချစ်ခြင်းတစ်ခု မွေးဖွားခဲ့တယ်။🥰🥰

❤တစ်ခါတလေ…
အချစ်ဆိုတာ လက်ကိုင်ထားရတာ မဟုတ်ဘူး…
အဝေးကနေ တိတ်တိတ်လေး
မြတ်နိုးနေရတာလည်း အချစ်ပဲ။❤

နီးဖို့ မဖြစ်နိုင်တဲ့ ကံကြမ္မာက…
မေ့ဖို့လည်း အမိန့်မပေးခဲ့ဘူး။
ဒါကြောင့်…
ငါးက ရေအောက်မှာ ဆက်ရှင်သန်နေမယ်…
ငှက်က ကောင်းကင်မှာ ဆက်ပျံသန်းနေမယ်…
ဒါပေမယ့်… ရေပြင်နဲ့ ကောင်းကင် ဆုံတဲ့အရပ်ကိုတော့ နှစ်ယောက်လုံး ဘယ်တော့မှ ငေးကြည့်တာ မရပ်နိုင်ကြဘူး။
တချို့အချစ်တွေက ပိုင်ဆိုင်ခြင်းနဲ့ မပြီးဆုံးဘူး…
မဆုံနိုင်ခြင်းကြားထဲမှာတောင်
ထာ၀ရအသက်ရှင်သန် နေတတ်တယ်....လေ😶😶

#ချစ်ချင်းမေတ္တာ

#အချစ်

04/08/2026

ဟာသကားလေး တစ်ကား



#ဟာသကား

ဒါက Cm ပွင့်ပြီးလား
01/08/2026

ဒါက Cm ပွင့်ပြီးလား

ဒီအနေထားက ဘာဆက်လုပ်ကမှာလည်း ပြောပြပါဦး
01/08/2026

ဒီအနေထားက ဘာဆက်လုပ်ကမှာလည်း ပြောပြပါဦး

10/07/2026

ကြမ်းမှကြမ်းတဲ့ ဇာတ်ကားကောင်းလေး

゚viralシ

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Ratha Sone Lin โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์