19/08/2026
Weapons - Movie Myanmarize Title
Barbarian Director Zach Cregger ရဲ့ လက်ရာ Weapons ကတော့ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကြောက်ရွံ့မှုတွေနဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို အချိုးကျကျ ရောစပ်ထားတဲ့ Horror Epic တစ်ခုလို့ ညွှန်းရမယ်ထင်ပါတယ်။
Main Character ကျောင်းဆရာမ Justine Gandy ကို အဓိကထားပြီး ညလယ်ခေါင် ၂ နာရီ ၁၇ မိနစ်တိတိမှာ သူမရဲ့ အတန်းထဲက ကလေး ၁၇ ယောက် တစ်ပြိုင်နက်တည်း အိမ်ကနေ ထွက်ပြေးပျောက်ဆုံးသွားတဲ့ အဖြစ်အပျက်ကို အခြေခံထားတာပါ။ ထူးခြားတာက တခြား Horror တွေလို ရုပ်လုံးပေါ်နေတဲ့ သရဲတစ္ဆေတွေကို မြင်ရတာထက် CCTV တွေ၊ Ring Camera တွေထဲမှာ တွေ့ရတဲ့ ကလေးတွေရဲ့ ထူးဆန်းတဲ့ လှုပ်ရှားမှုတွေနဲ့ တစ်ယောက်တည်း ကျန်ခဲ့တဲ့ ကလေးလေးရဲ့ အခြေအနေတွေကနေတစ်ဆင့် မြို့ခံတွေ ရူးသွပ်လာပုံကို တစိမ့်စိမ့်နဲ့ ရိုက်ပြသွားတာပါ။ ကလေးပျောက်ဆုံးမှု လျှို့ဝှက်ချက်တွေ၊ ထူးဆန်းတဲ့ အမှောင်စွမ်းအားတွေ၊ စုန်းကဝေ ပညာရပ်တွေနဲ့ ပတ်သက်တဲ့ ထူးဆန်းတဲ့ အဘွားအိုတစ်ယောက်ရဲ့ ခြယ်လှယ်မှုတွေ၊ ကိုယ့်ကိုယ်ကိုယ် သတိမကပ်တော့ဘဲ တစ်စုံတစ်ရာရဲ့ ထိန်းချုပ်မှုအောက်ရောက်ကုန်တဲ့ မိဘတွေနဲ့ သွေးထွက်သံယို အိပ်မက်ဆိုးတွေကို ရင်တထိတ်ထိတ်နဲ့ တစိမ့်စိမ့် ကြည့်နေရမှာပါ။
Weapons Movie အတွက် Localized Title Design ကိုတော့ မူရင်း Title Design က Typeface ကိုအခြေခံပြီး ရိုးရိုးရှင်းရှင်း မြန်မာပြန် "လက်နက်များ" ဆိုပြီးတော့ ဖန်တီးထားပါတယ်ခင်ဗျ။
21/11
#မြန်မာ