Football Games For Android & iOS

Football Games For Android & iOS Telegram- https://t.me/hp7efootball
Efootball coin/Acc Oယ်ရေ၊၊ာင်း🔥
100% safe and trust ✅
24/7 Service 🤘

ယနေ့ လာတဲ့ England Premier league Box တင်နည်းလေးပါခင်ဗျာ ကိုဖိုးချစ်လေးလဲပါပါတယ် 😁♥️
02/11/2026

ယနေ့ လာတဲ့ England Premier league Box တင်နည်းလေးပါခင်ဗျာ ကိုဖိုးချစ်လေးလဲပါပါတယ် 😁♥️

ပြင်သစ် အုပ်ကြီးတို့အဖွဲ့ တင်နည်းလေးတွေပါ ညီကိုတို့ ဗီတင်ညာ အုပ်ကြီး ဟာကိမီ ဖာရန်တောရက် တို့ကတော့ ရွှေတွေပါပဲ ဘာလေးတွေ ပ...
02/11/2026

ပြင်သစ် အုပ်ကြီးတို့အဖွဲ့ တင်နည်းလေးတွေပါ ညီကိုတို့ ဗီတင်ညာ အုပ်ကြီး ဟာကိမီ ဖာရန်တောရက် တို့ကတော့ ရွှေတွေပါပဲ

ဘာလေးတွေ ပေါက်ထားကြပြီလဲဗျို့!!

တကယ်ကိုလိုက်သင့်တဲ့ ဂျောက်ဘင်းပါ 🌚 အချိန်ကိုက်ကြီးနော်J4f
02/11/2026

တကယ်ကိုလိုက်သင့်တဲ့ ဂျောက်ဘင်းပါ 🌚 အချိန်ကိုက်ကြီးနော်

J4f

Morning ညီကိုတို့ ဒီနေ့ Monday အတွက်အကောင်းဆုံးရွေးချယ်မှုက Efootball မှာ Standard Card တောင်ကြောက်ကြရတဲ့ အုပ်ကြီးပါပဲ က...
02/11/2026

Morning ညီကိုတို့ ဒီနေ့ Monday အတွက်အကောင်းဆုံးရွေးချယ်မှုက Efootball မှာ Standard Card တောင်ကြောက်ကြရတဲ့ အုပ်ကြီးပါပဲ

ကြည့်ကြပါဦး စာရွက်ပေါ်က Stats တွေကဘာမှကိုမကွာသလိုပဲ ဒီကတ်ကလဲ F2P သမား တို့က Divi မှာ ဆရာကြီး‌တွေကိုဒုက္ခပေးဦးမှာသေချာတယ်

ရအောင်လိုက်ထားကြ Co!n လို/ရ/င်လည်း H! လိုက်ဗျို့

⚽ eFootball Mbappé Ballon d'Or Card Review Rating 8.5/10ဒီတစ်ခေါက်ထွက်လာတဲ့ Ballon d'Or Mbappé ရဲ့ ကတ်ကတော့ အရင် Big Tim...
01/11/2026

⚽ eFootball Mbappé Ballon d'Or Card Review Rating 8.5/10

ဒီတစ်ခေါက်ထွက်လာတဲ့ Ballon d'Or Mbappé ရဲ့ ကတ်ကတော့ အရင် Big Time ရှိပြီးသားသူတွေအတွက် စဉ်းစားစရာအနည်းငယ်ရှိလာပါတယ် ကတ်နှစ်ခုကို စာရွက်ပေါ်ကကိန်းဂဏန်းပိုင်းအရ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တစ်ဖက်နဲ့တစ်ဖက် အားသာချက်ကိုယ်စီရှိနေပြီး ဘယ်ကတ်က ပိုကောင်းတယ်ဆိုတာထက် ကိုယ်အသုံးပြုမယ့်ပုံစံပေါ်မှာ ပိုမူတည်လာပါတယ်

ဒါဆို ဒီ Ballon d'Or Mbappé ကတ်က တကယ်ပဲ ဖောက်သင့်တဲ့ကတ်တစ်ကတ်လား? အရင် Big Time နဲ့ ဘယ်လောက်ကွာခြားသွားလဲ? အသေးစိတ်ကြည့်ကြရအောင်

1. ကတ်နှစ်ခုရဲ့ အဓိကကွာခြားချက်

အရင် Big Time Mbappé နဲ့ ယခု Ballon d'Or Mbappé ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သိသာတဲ့ ကွာခြားချက်တစ်ခုကတော့ Finishing ပိုင်းပါပဲ

Ballon d'Or ရဲ့ Finishing က 101 အထိ ရှိပြီး Curl လည်း ပိုမိုကောင်းမွန်လာပါတယ် ဒါကြောင့် ဂိုးဧရိယာအတွင်းကနေ အဆုံးသတ်ရမယ့် အခွင့်အရေးတွေမှာ ပိုပြီးအားသာလာတယ်လို့ မြင်မိပါတယ်

ဒါပေမဲ့ Big Time ကလည်း အားနည်းသွားတာမျိုးတော့ မဟုတ်ပါဘူး

အရင်ကတ်မှာ Dribbling, Ball Control, Stamina, Acceleration, Offensive Awareness နဲ့ Physical Contact စတဲ့ အချက်တွေက အနည်းငယ်ပိုကောင်းနေပါတယ် Auto Allocation အရဆိုရင်လည်း ကိန်းဂဏန်းအချို့မှာ ±1-3 လောက် ကွာခြားနိုင်ပါတယ်

အကြမ်းဖျင်းပြောရရင်

Ballon d'Or ကတ်က Finishing ပိုင်းအားသာပြီး ဂိုးသွင်းအဆုံးသတ်ရာမှာ ပိုကောင်းလာတယ်

Big Time ဘောလုံးကိုင်တွယ်မှု ပြေးအားနဲ့ လှုပ်ရှားမှုအပိုင်းတွေမှာ အနည်းငယ်ပိုသာတယ်

ဒါကြောင့် ရွေးချယ်မှုက ကိုယ်လိုချင်တဲ့ Playstyle ပေါ်မှာပဲ မူတည်ပါတယ်။

2. Finishing 101 က တကယ်ပဲ အရမ်းများနေတာလား?

ဒီနေရာမှာ လူအများစု စိတ်ဝင်စားကြမယ့်အချက်ကတော့ Finishing 101 ဆိုတဲ့ ကိန်းဂဏန်းပါပဲ

တကယ်တော့ ကတ်ပေါ်က Finishing ကိန်းဂဏန်းကိုပဲ ကြည့်ပြီး ဂိုးသွင်းနိုင်စွမ်းကို အပြည့်အဝဆုံးဖြတ်လို့မရပါဘူး

ဆရာကြီး Amadeusz ရဲ့ Code Analysis တွေအရ ဂိမ်းအတွင်းမှာလည်း အသုံးပြုတဲ့အခြေအနေပေါ်မူတည်ပြီး Finishing ကို သက်ရောက်စေတဲ့ Mechanism တွေရှိပါတယ်

အထူးသဖြင့်

Weak Foot နဲ့ ကန်တဲ့အခါ
Power Gauge အပြည့်နီးပါးဖြစ်တဲ့ Purple Shot တွေမှာ
ကစားသမားရဲ့ Weak Foot Accuracy ပေါ်မူတည်ပြီး ကန်ချက်ရဲ့ တိကျမှုနဲ့ အဆုံးသတ်နိုင်စွမ်းတွေကို သက်ရောက်စေနိုင်ပါတယ်

ဥပမာ Mbappé ရဲ့ Weak Foot Accuracy က High ဖြစ်ပြီး ညာခြေသန်တဲ့ကစားသမားတစ်ယောက်ဖြစ်တာကြောင့် ဘယ်ခြေနဲ့ ကန်တဲ့အခါ အားနည်းချက်အချို့ ရှိလာနိုင်ပါတယ်

ပုံမှန်ကန်ချက်မှာ Finishing -7 လောက်၊ Purple Shot မှာဆိုရင် -10 လောက်အထိ သက်ရောက်နိုင်တယ်လို့ Amadeusz ရဲ့ Analysis မှာ ဖော်ပြထားပါတယ်

ဒါကြောင့် ကတ်ပေါ်မှာ Finishing 101 ရှိနေတယ်ဆိုပေမဲ့ ဂိမ်းအတွင်းမှာ အခြေအနေတိုင်းအတွက် 101 အပြည့်အဝ အသုံးချနိုင်တာမျိုးတော့ မဟုတ်ပါဘူး

ဒီအချက်ကြောင့်ပဲ ကိုယ်တိုင်ဆိုရင် Finishing ကို 95 လောက်ထားပြီး ကျန်တဲ့အမှတ်တွေကို အခြား Stats တွေမှာ ပြန်လည်ဖြည့်တင်းဖို့ ပိုသဘောကျပါတယ်

3. Finishing 101 ရဲ့ အားသာချက်က ဘာလဲ?

ဒီကတ်ရဲ့ Finishing 101 ကို သဘောကျမိတဲ့အကြောင်းရင်းကတော့ ကိုယ်တိုင် Build ပြန်လုပ်တဲ့အခါ အရမ်းအဆင်ပြေတာပါပဲ

Finishing ကို 101 အထိ မထားချင်ဘူးဆိုရင်လည်း 95 လောက်အထိ လျှော့ချပြီး ကျန်တဲ့အမှတ်တွေကို

⚡ Speed
💪 Physical Contact
🎮 Dribbling
⚽ Ball Control

စတဲ့ အခြား Stats တွေမှာ ပြန်လည်ဖြည့်တင်းနိုင်ပါတယ်

ဒါကြောင့် ကိုယ်လိုချင်တဲ့ Playstyle အလိုက် Mbappé ကို ပိုပြီးစိတ်ကြိုက် Build လုပ်နိုင်တဲ့ အားသာချက်ရှိပါတယ်

Finishing ကို အလွန်အကျွံမြှင့်ထားတဲ့ ကတ်တစ်ကတ်လို့ပဲ မမြင်သင့်ဘဲ Build Flexibility ကောင်းတဲ့ ကတ်တစ်ကတ်လို့လည်း သတ်မှတ်နိုင်ပါတယ်

4. Special Skill တွေအကြောင်း

ဒီ Ballon d'Or Mbappé မှာ ပါဝင်လာတဲ့ Skill တွေကတော့

🔹 Acceleration Burst
🔹 Low Screamer

တို့ပဲ ဖြစ်ပါတယ်

Low Screamer ပါလာတာကတော့ သဘောကျစရာကောင်းပါတယ် ဒါပေမဲ့ Acceleration Burst ကတော့ အရင် Mbappé ကတ်တွေမှာလည်း ပါဝင်ခဲ့ဖူးတဲ့ Skill ဖြစ်တာကြောင့် အနည်းငယ် ထပ်နေသလို ရိုးနေတဲ့ခံစားချက် ခံစားရပါတယ်

ဒီတစ်ခေါက်မှာ Acceleration Burst အစား Momentum Dribbling လို Skill အသစ်တစ်ခုခု ပါလာခဲ့မယ်ဆိုရင် ပိုပြီးစိတ်ဝင်စားဖို့ကောင်းမယ်လို့ ထင်မိပါတယ်

အကယ်၍ Skill 3 ခုသာ ရရှိခဲ့မယ်ဆိုရင်တော့ ဒီကတ်ကိုထိန်းမနိုင်သိမ်းမနိုင်ဖြစ်သွားနိုင်ပါတယ် ပိုပြီးပြည့်စုံမှာပါ

ဒါပေမဲ့ Mbappé က ဒီ Box ရဲ့ အဓိက Featured Player မဟုတ်တာကြောင့် Skill အရေအတွက်ကို ဒီလောက်ပဲပေးထားတာလည်း ဖြစ်နိုင်ပါတယ်

နောက်ပိုင်း Showtime Club Version ထွက်လာတဲ့အခါ Skill 3 ခုနဲ့ ပြန်လည်ထွက်လာနိုင်မလားဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ (ထွက်လာဖို့များပါတယ်)

5. ဘယ်သူတွေအတွက် တန်လဲ လိုက်သင့်လဲ?

ဒီကတ်ရဲ့ တန်ဖိုးကို ဆုံးဖြတ်တဲ့အခါ အရေးကြီးဆုံးအချက်ကတော့ ကိုယ့်မှာ အရင် Mbappé ကတ်တွေ ရှိပြီးသားလားဆိုတာပါပဲ

✅ Mbappé မရှိသေးတဲ့သူများ

ဒီ Ballon d'Or ကတ်ကိုတော့ အတော်လေး Recommend ပေးချင်ပါတယ်

Finishing ကောင်းတယ် Speed ကောင်းတယ် ဂိုးသွင်းအဆုံးသတ်နိုင်စွမ်းလည်း မြင့်မားတယ် လက်ရှိအသင်းမှာ အဓိကတိုက်စစ်မှူးတစ်ယောက် လိုအပ်နေတယ်ဆိုရင် အတော်လေးအသုံးဝင်မယ့် ကတ်တစ်ကတ်ပါ

အထူးသဖြင့် အချိန်အတော်ကြာ Mbappé မရရှိသေး မကိုင်ဖူး‌ေသးတဲ့သူတွေအတွက်တော့ စဉ်းစားသင့်တဲ့ ကတ်တစ်ကတ်ဖြစ်ပါတယ်

✅ Big Time Mbappé ရှိပြီးသားသူများ

ဒီအုပ်စုအတွက်တော့ အကြံပြုချက်က Skip ပါပဲ

ကတ်နှစ်ခုရဲ့ ကွာခြားချက်က အရမ်းကြီးမားနေတာမျိုး မဟုတ်သလို အသုံးပြုရတဲ့ ခံစားချက်ပိုင်းမှာလည်း အလွန်ကွာခြားသွားမယ်လို့ မမြင်မိပါဘူး

Big Time ကတ်ဟောင်းကို ကောင်းကောင်းအသုံးပြုနေတယ်ဆိုရင် ဒီကတ်အတွက် ငွေသုံးဖို့ မလိုအပ်သေးပါဘူး အခြား Box စောင့်ပါ

✅ Showtime Mbappé ရှိပြီးသားသူများ

ဒီအုပ်စုအတွက်လည်း အလျင်စလို ဖွင့်ဖို့ မလိုအပ်ပါဘူး

Finishing ပိုင်းမှာ အနည်းငယ်သာလာပေမဲ့ အခြား Stats တွေနဲ့ Skill တွေကိုပါ ထည့်သွင်းစဉ်းစားမယ်ဆိုရင် အရင်ကတ်ကို ဆက်လက်အသုံးပြုနိုင်ပါသေးတယ်

Low Screamer ကိုကြိုက်တယ် လိုချင်တယ်ဆိုရင်တော့ ကိုယ့်စိတ်ကြိုက် ဆုံးဖြတ်နိုင်ပါတယ်

6. Pack တစ်ခုလုံးရဲ့ တန်ဖိုး

ဒီ Box မှာ Mbappé တစ်ယောက်တည်းကိုပဲ ကြည့်ဖို့မလိုပါဘူး

Harry Kane အပါအဝင် ကျန်တဲ့ကစားသမားတွေရဲ့ အသုံးဝင်မှုကိုပါ ထည့်သွင်းစဉ်းစားသင့်ပါတယ်

အထူးသဖြင့် Mbappé နဲ့ Kane တို့လို ကစားသမားတွေက အသင်းရဲ့ အဓိကတိုက်စစ်ပိုင်းကို တာဝန်ယူနိုင်တဲ့ ကစားသမားတွေဖြစ်တာကြောင့် Box တစ်ခုလုံးရဲ့ တန်ဖိုးကလည်း မနည်းပါဘူး

ဒါပေမဲ့ လက်ရှိဂိမ်းရဲ့ အစောပိုင်းကာလဖြစ်နေသေးတာကြောင့် အလျင်စလို မဖွင့်ဘဲ နောက်ထွက်လာမယ့် ကတ်တွေကို စောင့်ကြည့်တာလည်း မမှားပါဘူး

နောက်ပိုင်း Season တွေမှာ ပိုမိုကောင်းမွန်တဲ့ Stats နဲ့ Skill တွေ ပါဝင်လာနိုင်တာကြောင့် ကိုယ့်မှာရှိတဲ့ Resources တွေကို စနစ်တကျ အသုံးပြုသင့်ပါတယ်

⭐ Final Rating: 8.5/10

ဒီ Ballon d'Or Mbappé ကတ်ကိုတော့ စုစုပေါင်း 8.5/10 ပေးချင်ပါတယ်

ကတ်ကောင်းလားဆိုရင် အရမ်းကောင်းပါတယ်

Finishing မြင့်မားတယ် Speed ကောင်းတယ် ဂိုးသွင်းအဆုံးသတ်နိုင်စွမ်းလည်း အတော်လေးထက်မြက်ပါတယ် Mbappé ရဲ့ ပုံမှန်ကစားဟန်အတိုင်း ဂိုးသွင်းဖို့နဲ့ နောက်ခံလူတွေကို ကျော်ဖြတ်ဖို့ အားလုံး ရှယ်ပါပဲ

ဒါပေမဲ့ Weak Foot ပိုင်းကိုသာ အနည်းငယ် ပြင်ဆင်ပေးနိုင်ခဲ့မယ်ဆိုရင် ဒီကတ်က ပိုပြီးကြောက်စရာကောင်းလာမှာပါ

အထူးသဖြင့် World Cup Version ရဲ့ Weak Foot ပိုင်းကို ပြန်လည်ရရှိလာခဲ့မယ်ဆိုရင်တော့ အတော်လေးကို OP ဖြစ်သွားမယ်လို့ ထင်မိပါတယ်

ဒါပေမဲ့ Game ရဲ့ Balance နဲ့ Marketing ပိုင်းကိုလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်လို့ ဒီလောက်ပဲ ပေးထားတာကို နားလည်နိုင်ပါတယ်

Mbappé မရှိသေးသူတွေအတွက်တော့ အတော်လေးတန်တဲ့ ကတ်တစ်ကတ်ပါ

Big Time Mbappé ရှိပြီးသားသူတွေအတွက်တော့ မဖြစ်မနေ ဖွင့်ရမယ့် ကတ်မဟုတ်ပါဘူး

Showtime Mbappé ရှိပြီးသားသူတွေအတွက်တော့ အလျင်စလို မဖွင့်ဘဲ နောက်ထွက်လာမယ့် ကတ်တွေကို စောင့်ကြည့်ဖို့ အကြံပြုချင်ပါတယ်

လက်ရှိအခြေအနေမှာတော့ ဒီကတ်ကို 8.5/10 ပေးပြီး အသင်းမှာ Mbappé မရှိသေးတဲ့သူတွေအတွက် အထူး Recommend ပေးချင်ပါတယ် လိုက်ပါ ကွိုင်လိုရင်လဲ Hi လိုက်ပါ 😁

ဒီလိပ်ရီဗျူးကတော့ ဒါပါပဲ ပွဲ 30ကျော်လောက်သုံးကြည့်ထားပါတယ် ညီကိုတော့ဖြည့်ချင်တာရှိရင်လဲမန့်ခဲ့ကြပါဦး

KANE VS GULLIT - ဘယ်သူပိုကောင်းလဲ? Kane ကို Gullit ရဲ့ တူတယ်လို့ နှိုင်းကြ ပြောကြပေမယ့် တကယ်တမ်း ကစားပုံ အသုံးဝင်ပုံနဲ့ ...
01/11/2026

KANE VS GULLIT - ဘယ်သူပိုကောင်းလဲ?

Kane ကို Gullit ရဲ့ တူတယ်လို့ နှိုင်းကြ ပြောကြပေမယ့် တကယ်တမ်း ကစားပုံ အသုံးဝင်ပုံနဲ့ တာဝန်ယူရတဲ့ Role တွေက မတူညီကြပါဘူး အထူးသဖြင့် လက်ရှိ Meta မှာ Playstyle ၂ မျိုးအထိ ပါဝင်လာတဲ့အတွက် ကွာခြားချက်တွေ ပိုသိသာလာပါတယ်

HARRY KANE
အရင်ထက် ပိုကောင်းလာတဲ့ Speed Agility နဲ့ Passing တွေကြောင့် တိုက်စစ်မှာပိုမိုစုံလင်လာတဲ့ Striker တစ်ဦးပါ အဆုံးသတ်ကောင်းမွန်မှု ဘောလုံးပေးပို့မှုနဲ့ တိုက်စစ်ဖန်တီးမှုတို့မှာ ထူးချွန်ပြီး BALD ကတ်ရဲ့ အဆင့်အတန်းကို ထိန်းသိမ်းထားနိုင်သူပါ

RUUD GULLIT
ဘယ်ကတ်ပဲဖြစ်ဖြစ် သူ့ရဲ့ အားသာချက်က Physical Versatility နဲ့ All-round Ability ပါ ကွင်းလယ် တိုက်စစ်နဲ့ ခံစစ်ပိုင်းတွေမှာပါ အသုံးဝင်ပြီး ဘောလုံးလိုက်လံဖိအားပေးမှု ခံစစ်ကူညီမှုနဲ့ နေရာစုံကစားနိုင်စွမ်းမှာ ထူးခြားပါတယ်

ဒါကြောင့် နှိုင်းယှဉ်မယ်ဆိုရင် မေးရမယ့်မေးခွန်းက

Kane ကို Gullit လို ကစားခိုင်းလို့ရလား? Gullit ကို Kane လို ကစားခိုင်းလို့ရလား?

Kane ကို Gullit လို ခံစစ်ကူညီ ဘောလုံးလိုက်လံဖိအားပေးခိုင်းဖို့ ခက်ခဲသလို Gullit ကိုလည်း Kane လို Passing နဲ့ Finishing အရည်အသွေးမျိုး ရရှိဖို့ မလွယ်ကူပါဘူး။

Gullit ရဲ့ ရာသီအလိုက် ရရှိလာတဲ့ Finishing ကောင်းတဲ့ ရာသီတွေကိုလည်း လျစ်လျူရှုလို့မရဘူးဆိုပေမဲ့ Finishing ကို အဓိကထားတဲ့ ရာသီတွေမှာ တခြား Ability တွေ လျော့နည်းလာနိုင်ပြီး ကစားပုံကလည်း ပိုမိုကန့်သတ်လာနိုင်ပါတယ်

အဆုံးသတ်အနေနဲ့ Kane နဲ့ Gullit က ဘယ်သူပိုကောင်းလဲဆိုတာထက် ကိုယ်က ဘယ်လိုကစားသလဲ ဘယ်လို Role အတွက် အသုံးပြုမလဲဆိုတာက ပိုအရေးကြီးပါတယ်

တစ်ယောက်က Finishing နဲ့ Passing မှာ ထူးချွန်ပြီး တစ်ယောက်က Physical နဲ့ All-round Ability မှာ ထူးချွန်တယ်

နှစ်ယောက်စလုံးတွဲကစားလိုက်ရင် ပိုတောင်မိုက်သေးတယ်

Player ကို မနှိုင်းယှဉ်‌ေနမဲ့အစား ကိုယ့် Playstyle နဲ့ ကိုက်ညီတဲ့ Player ကို ရွေးချယ်ပါ

ဒါနဲ့... Admin က Kane ရော Gullit ရော သုံးဖူးလား မေးမနေနဲ့နော် နှစ်ယောက်လုံး ရှိတယ် လိုရင် Screenshot ကို Delivery နဲ့ပို့လိုက်မယ် 😂 ကျေးဇူးပါ

ဘာမှမလုပ်ဘူး ကဖို့ပဲသီးသန့်ထုတ်ထားတဲ့ကတ်လေးပါ 🌚
01/11/2026

ဘာမှမလုပ်ဘူး ကဖို့ပဲသီးသန့်ထုတ်ထားတဲ့ကတ်လေးပါ 🌚

ညီကိုတို့ မန်ယူပတ်မျှော်နေကြတာလား လာဖို့ရှိပေမဲ့ ဘယ်လိုပုံစံလာမလည်းမသိတော့ ရလဒ်ဆိုးနေတဲ့အပြင်နည်းပြုတ်ဖို့ကများနေပြီ    ...
31/10/2026

ညီကိုတို့ မန်ယူပတ်မျှော်နေကြတာလား လာဖို့ရှိပေမဲ့ ဘယ်လိုပုံစံလာမလည်းမသိတော့ ရလဒ်ဆိုးနေတဲ့အပြင်နည်းပြုတ်ဖို့ကများနေပြီ

🚨 KONAMI ရဲ့ အမြတ်အစွန်း အကြီးအကျယ် တိုးတက်လာ! 📈🔥KONAMI ရဲ့ ၂၀၂၇ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ် (ဧပြီလမှ စက်တင်ဘာလ ၂၀၂၆ အထိ)...
31/10/2026

🚨 KONAMI ရဲ့ အမြတ်အစွန်း အကြီးအကျယ် တိုးတက်လာ! 📈🔥

KONAMI ရဲ့ ၂၀၂၇ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ် (ဧပြီလမှ စက်တင်ဘာလ ၂၀၂၆ အထိ) ဘဏ္ဍာရေးရလဒ်များ ထွက်ပေါ်လာခဲ့ပါတယ်

ဒီတစ်ကြိမ်မှာတော့ KONAMI ရဲ့ ဝင်ငွေနဲ့ အမြတ်အစွန်းတွေဟာ သိသိသာသာ မြင့်တက်လာခဲ့ပြီး eFootball ကလည်း အဓိက မောင်းနှင်အားတစ်ခုအဖြစ် ပါဝင်ခဲ့ပါတယ်

KONAMI ရဲ့ အဓိက ဘဏ္ဍာရေးကိန်းဂဏန်းများ

စုစုပေါင်းဝင်ငွေ
ဒေါ်လာ ၁.၉၅ ဘီလီယံ
ယခင်နှစ်ထက် ၃၇% တိုးတက်လာ

လုပ်ငန်းလည်ပတ်မှုအမြတ် (Operating Profit)
ဒေါ်လာ ၇၀၄ သန်း
ယခင်နှစ်ထက် ၇၃.၁% တိုးတက်လာ

အသားတင်အမြတ် (Net Profit)
ဒေါ်လာ ၅၀၁ သန်း
ယခင်နှစ်ထက် ၇၀.၅% တိုးတက်လာ

eFootball က KONAMI ရဲ့ အောင်မြင်မှုကို ဘယ်လိုပံ့ပိုးခဲ့လဲ?

eFootball ရဲ့ အကြီးစား Update များ ကြော်ငြာ Campaign များနဲ့ ကစားသမားများရဲ့ စိတ်ဝင်စားမှု မြင့်တက်လာခြင်းတို့ဟာ KONAMI ရဲ့ ဝင်ငွေတိုးတက်မှုမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်

Digital Entertainment Division ရဲ့ ဝင်ငွေ
ဒေါ်လာ ၁.၅၄ ဘီလီယံအထိ ရောက်ရှိလာခဲ့ပြီး ယခင်နှစ်ထက် ၄၄.၃% တိုးတက်လာခဲ့ပါတယ်

ဒါ့အပြင် KONAMI ဟာ Digital Entertainment လုပ်ငန်းအတွက် တစ်နှစ်တာ ခန့်မှန်းချက်ကိုလည်း မြှင့်တင်ခဲ့ပါတယ်

တစ်နှစ်တာ ခန့်မှန်းချက်အသစ်များ

ဝင်ငွေ ဒေါ်လာ ၂.၈၅ ဘီလီယံ
လုပ်ငန်းလည်ပတ်မှုအမြတ် ဒေါ်လာ ၁.၁၅ ဘီလီယံ

ဒီရလဒ်တွေက eFootball အပါအဝင် KONAMI ရဲ့ Digital Entertainment လုပ်ငန်းဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ တိုးတက်နေတယ်ဆိုတာကို ပြသနေပါတယ်

KONAMI ရဲ့ အောင်မြင်မှုနောက်ကွယ်မှာ ကစားသမားတွေရဲ့ အားပေးမှုနဲ့ ပံ့ပိုးမှုတွေ အများကြီး ပါဝင်နေပါတယ်

ညီကိုတို့သိသင့်တယ်ထင်လို့ ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်
Coin များများဖြည့်နိုင် နှိုက်နိုင်ကြပါစေ 😁😝

🔥 Harry Kane Review | ပွဲ ၈၁ ပွဲ သုံးအပြီး ဂိုး ၈၀ သွင်းKane ကို ပွဲပေါင်း ၈၁ ပွဲအထိ အသုံးပြုပြီးနောက်မှာတော့ ဒီကတ်ရဲ့ အ...
31/10/2026

🔥 Harry Kane Review | ပွဲ ၈၁ ပွဲ သုံးအပြီး ဂိုး ၈၀ သွင်း

Kane ကို ပွဲပေါင်း ၈၁ ပွဲအထိ အသုံးပြုပြီးနောက်မှာတော့ ဒီကတ်ရဲ့ အားသာချက်တွေကို ပိုပြီးသဘောပေါက်လာခဲ့ပါတယ်

အထူးသဖြင့် သူ့ကို SS (Second Striker) နေရာမှာ အသုံးပြုတဲ့အခါ စွမ်းဆောင်ရည်က သိသိသာသာ ပိုကောင်းလာတာကို တွေ့ရပါတယ်

ဒါပေမဲ့ Kane တစ်ယောက်တည်းနဲ့တင် မဟုတ်ပါဘူး သူနဲ့အတူ တွဲဖက်ကစားမယ့် ကစားသမားတွေရဲ့ ပုံစံကလည်း အရေးကြီးပါတယ်

CF နေရာမှာ Goal Poacher တစ်ယောက်၊ နောက်ကနေ အချိန်ကိုက် ပြေးတက်လာမယ့် Hole Player တစ်ယောက်သာ ရှိနေမယ်ဆိုရင် Kane ရဲ့ အစွမ်းကို အပြည့်အဝ မြင်တွေ့ရမှာပါ

💎 Kane + Yamal = အရမ်းကိုက်ညီတဲ့ Duo

Yamal ကို Roaming Flank ပုံစံနဲ့ တွဲဖက်အသုံးပြုတဲ့အခါလည်း Kane အတွက် အခွင့်အရေးတွေ အများကြီး ဖန်တီးပေးနိုင်ပါတယ်

Kane ရဲ့ Passing Stats မြင့်မားမှုကြောင့် ဘောလုံးကိုင်ထားတဲ့အချိန်မှာ ကိုယ်တိုင်ဂိုးသွင်းဖို့ပဲ မစဉ်းစားဘဲ နောက်ခံလူတွေရဲ့ နောက်ကျောကို ထိုးဖောက်သွားမယ့် Through Pass တွေကိုလည်း တိကျစွာ ပေးပို့နိုင်ပါတယ်

တစ်ချက်တည်းနဲ့ 5CB ပြိုင်ဘက်ခံစစ်ကို ခွဲထုတ်နိုင်တဲ့ အရည်အသွေးမျိုးပါ

🎯 Deep Lying Forward လား? Fox in the Box လား?

ကျွန်တော့်အမြင်အရ Kane ဟာ ဒီ Playstyle နှစ်မျိုးရဲ့ အားသာချက်တွေကို တစ်ကိုယ်တည်း ပိုင်ဆိုင်ထားတဲ့ ကစားသမားတစ်ယောက်ပါ

ဘောလုံးကို လာတောင်းယူတဲ့ပုံစံ နေရာလွတ်ရှာဖွေတဲ့ပုံစံနဲ့ ဂိုးဧရိယာအတွင်း ပြေးဝင်နေရာယူပုံတွေကို သေချာကြည့်မယ်ဆိုရင် သူ့ရဲ့ ထူးခြားချက်ကို မြင်ရမှာပါ

အထူးသဖြင့် Ibra, Gerd Müller, Haaland တို့လို Fox in the Box ပုံစံကစားသမားတွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ Kane ရဲ့ Movement နဲ့ နေရာယူမှုက ကျွန်တော့်အတွက် ပိုပြီး သဘောကျစရာကောင်းပါတယ်

ဒါဟာ သူ့ရဲ့ အဓိကအားသာချက်တွေထဲက တစ်ခုလို့ ပြောလို့ရပါတယ်

ဘောလုံးတောင်းယူမှုနဲ့ Movement က အရမ်းကောင်းတယ်

Kane ကို အသုံးပြုရင်း သဘောကျမိတဲ့အချက်တစ်ခုကတော့ သူဟာ ဘောလုံးကို လက်ခံတောင်းယူဖို့ အမြဲလှုပ်ရှားနေတတ်တာပါ

ပြိုင်ဘက်နောက်ခံလူနားမှာပဲ ရပ်နေပြီး ဘောလုံးကို စောင့်နေတာမျိုး မဟုတ်ဘဲ နေရာလွတ်တွေကို ရှာဖွေကာ ဘောလုံးလက်ခံဖို့ အဆင်သင့်ရှိနေတတ်ပါတယ်

ဒါကြောင့် Possession Play ကစားတဲ့အခါ ဘောလုံးပေးဖို့ ရွေးချယ်စရာ ပိုများလာပြီး အသင်းရဲ့ တိုက်စစ်တည်ဆောက်မှုမှာလည်း အများကြီး အထောက်အကူပြုပါတယ်

တကယ်ကို အသုံးပြုရတာ စိတ်ကျေနပ်စရာကောင်းတဲ့ ကစားသမားပါ

🛡️ AMF နေရာမှာ အသုံးပြုရင်လည်း ထူးခြားတယ်

Kane ကို AMF နေရာမှာ ထားပြီး ကစားကြည့်တဲ့အခါ နောက်တစ်မျိုး ထူးခြားတဲ့ အားသာချက်ကို တွေ့ရပါတယ်

အသင်းက ဘောလုံးဆုံးရှုံးသွားတဲ့အချိန်မှာ သူဟာ အတော်လေး နောက်ဆင်းပြီး ခံစစ်ကို ကူညီပေးတတ်ပါတယ်

တချို့အခြေအနေတွေမှာတော့ ကိုယ့်အသင်းရဲ့ CB နှစ်ယောက်ကြားအထိ ဆင်းပြီး နေရာယူနေတာကို တွေ့ရပါတယ်

ဒါကြောင့် Kane ဟာ တိုက်စစ်ပိုင်းမှာသာ အသုံးဝင်တဲ့ ကစားသမားမဟုတ်ဘဲ အသင်းရဲ့ ကစားကွက်တည်ဆောက်မှုနဲ့ ခံစစ်ပိုင်းမှာပါ အထောက်အကူပြုနိုင်တဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်

နောက်ဆုံးသုံးသပ်ချက်

Possession Game ကို နှစ်သက်တဲ့သူတွေအတွက် Kane ရဲ့ ဒီကတ်ဟာ တကယ်ကို ရွေးချယ်သင့်တဲ့ ကစားသမားတစ်ယောက်လို့ ကျွန်တော်မြင်ပါတယ်

သူ့ရဲ့ Passing, Movement, Positioning နဲ့ ဘောလုံးလက်ခံယူပုံတွေက အရမ်းကို ထူးခြားပါတယ်

ပွဲပေါင်း ၈၁ ပွဲ အသုံးပြုပြီးတဲ့အထိ ကျွန်တော့်ကို စိတ်ပျက်စေခဲ့တာ မရှိသလောက်ပါပဲ

Kane ဟာ Stats တွေကြည့်ရုံနဲ့ အပြည့်အဝ နားလည်နိုင်တဲ့ ကစားသမားမျိုးမဟုတ်ပါဘူး ကိုယ်တိုင်အသုံးပြုပြီး သူ့ရဲ့ Movement နဲ့ ကစားပုံကို ခံစားကြည့်မှ ပိုပြီး သဘောပေါက်လာမယ့် ကတ်တစ်ကတ်ပါ

ကျွန်တော့်အတွက်တော့ ဒီ Kane ကတ်ဟာ အရည်အသွေးမြင့် CF တစ်ယောက်ဆိုတာထက် ပိုပါတယ် အသင်းရဲ့ တိုက်စစ်ကစားပုံကိုပါ ပြောင်းလဲပေးနိုင်တဲ့ ကစားသမားတစ်ယောက်ပါပဲ

ဒါကတော့ ဆရာကြီး LaCasAA ရဲ့ပြောဆိုချက်တွေကိုပြန်လည်မျှဝေးပေးလိုက်ပါတယ် ကျွန်တော်ကတော့ ပုံပါအတိုင်းတင်ရင် CF မှာတော်တော်လေး သဘောတွေ့နေတာပါ

Harry Kane ကိုသုံးကြည့်ပြီး10/10 ဆိုရင် ညီကိုတို့ ဘယ်လောက်ပေးမလဲ?? မန့်ခဲ့ကြပါဦး 👇

ที่อยู่

Phuket

เบอร์โทรศัพท์

+959754599748

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Football Games For Android & iOS โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Football Games For Android & iOS:

ทางลัด

แชร์


บริการคอมพิวเตอร์และอุปกรณ์อิเล็กทรอนิกส์อื่นๆ ใน Phuket

แสดงผลทั้งหมด