SkyWay Communications

SkyWay Communications Connecting Your World, The SkyWay.

🚀အခုမှ Starlink စက်ကို စ ဝယ်ဖို့စဥ်စားနေသူတွေအတွက်ထည့်သွင်းစဥ်းစားသင့်တဲ့ အချက်အလက်လေးတွေကို မျှဝေပေးချင်ပါတယ်။1. COD - ...
03/15/2025

🚀အခုမှ Starlink စက်ကို စ ဝယ်ဖို့စဥ်စားနေသူတွေအတွက်
ထည့်သွင်းစဥ်းစားသင့်တဲ့ အချက်အလက်လေးတွေကို မျှဝေပေးချင်ပါတယ်။

1. COD - Cash On Delivery ( ပစ္စည်းရောက်ငွေချေ) ပို့ပေးနိုင်သလား?

🔹Starlink ဝယ်ယူမယ့်အခါ COD ပို့ပေးနိုင်/ မပေးနိုင်စစ်ဆေးပါ။

🔹ငွေကြိုလွှဲပေးရမယ်ဆိုရင်လည်း ကိုယ်ဝယ်မယ့်ဆိုင်က ယုံကြည်စိတ်ချရ/မရ စစ်ဆေးဖို့လိုပါတယ်။

🔹ကိုယ့်အသိမိတ်ဆွေတွေထဲမှာ ဝယ်ဖူးတဲ့သူရှိ/မရှိ သေချာစုံစမ်းမေးမြန်းပြီးမှ ဝယ်သင့်ပါတယ်။

2. စက်အသစ်လား ? အကောင့်ဖောက်ထားလား?

🔹စက်အသစ်လားဆိုတာကို သေချာမေးပြီးစစ်ဆေးပါ။

🔹စက်အဟောင်း (Activate လုပ်ထားပြီး) အကောင့်ဖောက်ထားတဲ့စက် ကို ဝယ်မယ်ဆိုရင်
အကောင့်ကို လွှဲပေးနိုင်/ မလွှဲပေးနိုင် မေးမြန်းဖို့လိုပါတယ်။

🔹အကောင့်လွှဲမပေးနိုင်ရင်တော့ မဝယ်သင့်ပါဘူး။

🔹စက်အသစ်ဝယ်ရင်လည်း ကိုယ်တိုင် အကောင့်ဖောက်မယ်ဆိုရင် Email ကို သေချာလေး မှတ်ထားဖို့လိုပါမယ်။

🔹ကိုယ်တိုင် ရင်းနှီးကျွမ်းဝင်မှုမရှိသေးရင် ယုံကြည်စိတ်ချရတဲ့ Admin ထားပေးနိုင်တဲ့ Service တွေကို အပ်ဖို့ အကြံပြုပါတယ်။

🔹တကယ်လို့ Starlink စက်ပိုင်းဆိုင်ရာ ချို့ယွင်းလို့ဖြစ်စေ ၊ ဘေလ်ဆောင်တဲ့အပိုင်းမှာ အဆင်မပြေတာရှိခဲ့လို့ဖြစ်စေ၊ သေချာနားလည်တဲ့သူမှ ဒီကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းပေးနိုင်မှာပါ။ အကောင့်မရှိရင် စက်က ဆက်သုံးလို့ရတော့မှာမဟုတ်လို့ ဒီအချက်လေးကို အထူးသတိပြုဖို့ လိုပါတယ်။

3. စက်အသစ်လား? အကောင့်ဖောက်ထားတဲ့စက်လား စစ်ဆေးနည်း

👉 [starlink.com/activate](http://starlink.com/activate) ကိုသွားပါ

👉 Box လေးထဲမှာ Kit Number ဒါမှမဟုတ် Serial Number ရိုက်ထည့်ပါ။

👉 "New account" လို့ပြပေးထားတဲ့ ခလုပ်လေးကို နှိပ်ကြည့်လိုက်ပါ။

✅ နောက် စာမျက်နှာအသစ်တစ်ခုကိုရောက်သွားရင်တော့ တက်လာရင် စက်အသစ်!

❌ "Your device has already been registered" ဆိုတဲ့အနီရောင်စာတမ်းလေးတက်လာရင်တော့အကောင့်ဖောက်ပြီးသားဖြစ်နေလို့ပါ။

4. ကိုယ်ကစက်အဟောင်းကိုပြန်ဝယ်မယ်ဆိုရင်

🔹ဗန်းမှာ အပ်ကွဲတာ၊ ပြုပြင်ထားတာ၊ ချို့ယွင်းမှုရှိမရှိ အပြည့်အစုံစစ်ဆေးပြီးမှ ဝယ်ပါ။

🔹ဗန်းမှာ အပ်ကွဲနေတဲ့အရာမျိုးတွေပါလာရင် မဝယ်ဖို့အကြံပေးပါရစေ၊

အဓိက အကြံပြုချင်တာကတော့ . . .

✅ ယုံကြည်စိတ်ချရတဲ့နေရာမှသာဝယ်ပါ။

✅ စက်အသစ်လား၊ အကောင့်ဖောက်ထားလား စစ်ဆေးပါ။

✅ စက်အဟောင်းဝယ်ရင်လည်း အကောင့်ပေးမပေးသေချာမေးမြန်းပြီးမှဝယ်ပါ။

✅စက်ဝယ်ပြီးရင်လည်း ယုံကြည်စိတ်ချရတဲ့ Admin ထားပေးနိုင်တဲ့ Service တွေကို အပ်ဖို့ပါတယ်။

💬 စက်ဝယ်ထားတဲ့သူတွေလည်း ကိုယ့်အတွေ့အကြုံလေးတွေမျှဝေပေးသွားပါဦးနော်

🚀
🌍
📡
🔥

🪐Starlink ဝယ်ဖို့စဥ်းစားနေပြီဆို Gen 2 လား ၊ Gen 3 လား နဲ့ Mini လားဘယ်တစ်ခုက ကိုယ့်အတွက် အကောင်းဆုံးဖြစ်မလဲ?Starlink ရဲ့...
02/22/2025

🪐Starlink ဝယ်ဖို့စဥ်းစားနေပြီဆို Gen 2 လား ၊ Gen 3 လား နဲ့ Mini လား

ဘယ်တစ်ခုက ကိုယ့်အတွက် အကောင်းဆုံးဖြစ်မလဲ?

Starlink ရဲ့ Model (၃) ခုမှာ ဘယ်ဟာကို သုံးသင့်လဲ ၊

ဘယ်ဟာက ပိုအဆင်ပြေမလဲဆိုတာ ရွေးချယ်ရခက်နေတဲ့သူတွေအတွက်

Model တစ်ခုချင်းစီရဲ့ အားသာချက်၊ အားနည်းချက်တွေကို မျှဝေပေးချင်ပါတယ်။

🔥Design and Portability

Gen 2 ရဲ့ အလေးချိန်က (၁၁) ပေါင်လေးပြီးတော့ Model သုံးမျိုးထဲမှာ အလေးဆုံးနဲ့ အကြီးဆုံးလို့

ပြောလို့ရပါတယ် ။ Dishy မှာ Motor Stand ပါနေတာဖြစ်တဲ့အတွက် သယ်ရပြုရတာ

နေရာတော်တော်ယူတဲ့ အထဲမှာပါပါတယ်။

Gen 3 ရဲ့ Dishy Size (ဗန်း)က ကြီးနေသေးတယ်ဆိုပေမယ့် Motor Stand မပါတော့လို့

အလေးချိန်ကလည်း (၇) ပေါင်လောက်ပဲရှိတော့လို့ သယ်ရပြုရပိုလွယ်သွားပါတယ်။

IP67 certified ဖြစ်တာကြောင့်မို့ ရာသီဥတုဒါဏ်ကိုလည်းခံနိုင်တယ်။

Mini ရဲ့ Design ကတော့ ipad တစ်လုံးသာသာပဲဆိုတော့ အလေးချိန်ကလည်း (၃) ပေါင်

လောက်ပဲရှိတော့တယ်။ အားလုံးအကြိုက် Portable Size ဖြစ်လို့ သွားလေရာမှာထည့်သွားလို့ရတော့

သယ်ဖို့ပြုဖို့ ခေါင်းမကိုက်ရတော့ဘူး လက်နဲ့ကိုင်ပြီး သယ်သွားရုံပဲ။

အရင်ကမတွေးခဲ့ဖူးတဲ့ ကျောပိုးအိတ်ထဲက ဂြိုလ်တုစလောင်းလေးပေါ့။

🔥Performance and Speed

Gen 2 က ကိုယ်သုံးတဲ့နေရာပေါ်မူတည်ပြီး 150 Mbps လောက်ထိ download speed ရနိုင်ပါတယ်။

Signal consistency အရတော့ Gen 3 လောက် မကောင်းသလို router ကလည်း Wifi 5 ကို

သုံးထားပါတယ်။

Gen 3 ကို စမ်းကြည့်သလောက်အရ speed က အသုံးပြုတဲ့နေရာပေါ်မူတည်ပြီး

100Mbps ကနေ 300 Mbps လောက်ထိတက်ပါတယ်။ Model သုံးမျိုးလုံးထဲမှာ Gen 3 က

performance အကောင်းဆုံးဖြစ်မယ်လို့ ပြောလို့ရပါတယ်။ ပိုကောင်းတဲ့ antenna(အင်တာနာ)

တွေသုံးထားတာကြောင့် ရာသီဥတုမကောင်းရင်တောင်မှ 50 Mbps ကနေ 100 Mbps

လောက်ထိတက်ပါတယ်။ Wifi မှာဆိုရင်လည်း Wifi 6 ကို သုံးပေးထားပါတယ်။

Mini မှာတော့ router ကိုသပ်သပ်မထုတ်တော့ဘဲ dish(ဗန်း) ထဲမှာထည့်ပေးလိုက်တာကြောင့်

wifi လိုင်းရောက်နိုင်တဲ့ အကွာအဝေးက Gen 2 နဲ့ Gen 3 လောက်တော့ မကျယ်ပါဘူး။

လိုင်းဆွဲအားဖြင့်ပြောရမယ်ဆိုရင်တော့ ကိုယ်တိုင်စမ်းကြည့်ထားရသလောက်တော့

ပုံမှန် 50 Mbps ကနေ 100 Mbps လောက်ထိတက်ပါတယ်။ ရာသီဥတုမကောင်းရင်တော့

လိုင်းဆွဲအားလည်း သိပ်မကောင်းပါဘူး။ ပုံမှန်သုံးနေကျ youtube တို့ facebook

လောက်ပဲ သုံးမယ်ဆိုရင်တော့ ဒီကောင်လေးက သုံးရအဆင်ပြေပါတယ်။

🔥Power Consumption

ပါဝါစား အသက်သာဆုံးကတော့ Mini လို့ပြောလို့ရမယ်။

Dishy ရော router ရောပေါင်းပြီး 2in1 လုပ်ပေးလိုက်တာကြောင့် ပါဝါသုံးစွဲမှုက

အရှေ့က version (၂) မျိုးထက် သိသိသာသာလျော့သွားပါတယ်။

Power bank နဲ့တောင် တွဲသုံးမယ်ဆိုရင်လည်း သုံးလို့ရနိုင်ပါတယ်။

Gen 3 ကတော့ ပါဝါအစားဆုံးဖြစ်ပြီး peak power consumption မှာဆိုရင်

100W နဲ့ 150W လောက်ထိစားပါတယ်။

Gen 2 ကတော့ 50W ကနေ 75W လောက်အထိပဲပါဝါစားပါတယ်။

🔥Service Plan

Starlink ကို တရား၀င်သုံးလို့ရတဲ့ နိုင်ငံတွေမှာဆိုရင် အများစုက residential plan

ကိုသုံးကြတာဖြစ်ပြီးတော့ ၊ စျေးအရဆိုရင် အခုလက်ရှိအားလုံး သုံးနေရတဲ့

roaming unlimited ထက် စျေးသက်သာတယ်လို့ ပြောလို့ရပါတယ်။

Gen 2 နဲ့ Gen 3 မှာ residential plan သုံးလို့ရပေမယ့် mini ကတော့

residential plan ကိုသုံးလို့မရပါဘူး။ ဒီမှာက တရားဝင်သုံးလို့မရသေးတာဖြစ်လို့

Roaming plan ကိုပဲ ဝယ်သုံးနေရတဲ့အတွက် Model (၃) မျိုးလုံးမှာ စျေးနှုန်းကွာခြားချက်မရှိပါဘူး။

🔥Cost and Value

Model (၃) မျိုးလုံးမှာ Mini က စျေးအကြီးဆုံးလောက်ကျပါတယ်။

ခရီးသွားတာများတဲ့သူတွေအတွက်ဆိုရင်တော့ Mini က သွားလေရာကို ပေါ့ပေါ့ပါးပါး

သယ်သွားလို့ရမှာဖြစ်ပြီး ၊ လိုင်းဆွဲအားအရလည်း ၄၊၅ ယောက်လောက် ကောင်းကောင်းသုံးလို့ရမှာပါ။

Gen 3 ကတော့ လူအများနဲ့သုံးချင်သူတွေအတွက် အသင့်တော်ဆုံးအမျိုးအစားဖြစ်သလို

Gen 2 နဲ့လည်း စျေးနှုန်းအရ အတူတူလောက်ပဲကျပါတယ်။

Gen 2 ကိုတော့ US မှာဆိုရင် ဆက်မရောင်းတော့ပါဘူး။

သူ့မှာပါတဲ့ motor အပျက်များတာကြောင့်ရော ၊ Gen 3 နဲ့

စျေးနှုန်းခြင်းမကွာလှတာကြောင့်လည်း ပါပါတယ်။

ပြည်တွင်းက လူတွေအတွက် ရွေးချယ်စရာဆိုရင်တော့

Gen 3 ကိုရွေးချယ်ဖို့ အကြံပေးပါရစေ။

ဒီလောက်ဆိုရင် ကိုယ့်အတွက် ဘယ် model ကရွေးချယ်ဖို့

အသင့်တော်ဆုံးလဲဆိုတာ စဉ်းစားရ လွယ်သွားပြီဟုတ် ?

ကိုယ့်အတွက် အသင့်တော်ဆုံး Starlink model ကို ရွေးချယ်ပြီးသွားရင် ပစ္စည်းမှန်၊

စျေးတန်တဲ့နှုန်းထားနဲ့ ဝန်ဆောင်မှုပေးနေတဲ့ SkyWay ရှိပါတယ်

လက်ရှိ Gen 3 တွေ Instock ရှိနေတာဖြစ်လို့ Gen 3 ဝယ်ဖို့

ဆုံးဖြတ်ထားတဲ့ Customer လေးတွေ Chat Box ကို ကြွခဲ့လို့ရပါပြီ…

📢 Starlink Gen (2) | Gen (3) Now In Stock! 🚀Starlink ပစ္စည်းတွေ ယုံကြည်စိတ်ချစွာ၊ ပစ္စည်းမှန်၊ စျေးတန်တဲ့နှုန်းထားနဲ့ ဝယ...
02/20/2025

📢 Starlink Gen (2) | Gen (3) Now In Stock! 🚀

Starlink ပစ္စည်းတွေ ယုံကြည်စိတ်ချစွာ၊ ပစ္စည်းမှန်၊ စျေးတန်တဲ့နှုန်းထားနဲ့ ဝယ်ယူလိုသူတွေအတွက် SkyWay ရှိပါမယ်!

✅ 💯 Instock အသင့်ရှိ!
✅ 💰 ပစ္စည်းရောက်မှ ငွေချေ (COD) ဝယ်ယူနိုင်!
✅ 🚚 ထိုင်းအတွင်း အဓိကပို့ဆောင်မှု!
✅ 🌏 ပြည်တွင်း ဝယ်ယူလိုသူများအတွက် သီးသန့် စီစဉ်ပေးမည်!

📌 လက်ရှိ SkyWay မှာ ရနိုင်မယ့် ပစ္စည်းများ 📌
🔥 Instock Items:
🔹 Gen 2
🔹 Gen 3
🔹 Ethernet Adapter
🔹 အခြား ဆက်စပ်ပစ္စည်းများ

📦 Mini နဲ့ အခြား ဆက်စပ်ပစ္စည်းလေးတွေ အော်ဒါကြိုတင်နိုင်ပါပြီ! 💨

🌐 စတားလင့်ခ် လစဉ်ကြေး & ဘေလ်ဝန်ဆောင်မှု 🌐

🔑 Admin Account ပေးမည်
💳 Visa/Master Virtual Card ပေးမည်
🛠️ Technical Support ပေးမည်

📩 Order တင်ရန် အသေးစိတ်မေးမြန်းရန် – Chat Box ကဆက်သွယ်နိုင်ပါတယ်!

🚀
🌍
📡
🔥

🚀Pocket Mini စတားလင့်ခ်စက်ဆိုပြီး Customer တော်တော်များများလာမေးနေကြလို့ ရှင်းပြပါရစေ🔥 လတ်တလော social media တွေပေါ်ကနေ S...
02/18/2025

🚀Pocket Mini စတားလင့်ခ်စက်ဆိုပြီး Customer တော်တော်များများလာမေးနေကြလို့ ရှင်းပြပါရစေ

🔥 လတ်တလော social media တွေပေါ်ကနေ Starlink Pocket Mini ဆိုတဲ့
စက်လေးတွေကို တွေ့လို့ Starlink က ထုတ်ထားတဲ့ စက် ဟုတ်/မဟုတ်
လာမေးကျတဲ့ customer တွေအတွက် ရည်ရွယ်ပြီး ဒီ post လေးကို Knowledge Sharing အနေနဲ့ မျှဝေလိုက်ပါတယ်။

🔥 အခု ပုံမှာတွေ့ရတဲ့ Rev1 နဲ့ Rev 2 (သို့) Gen 1 ဟာ Starlink ကနေ ပထမဦးဆုံးစတင် မိတ်ဆက်ခဲ့တဲ့ Dishy Version ဖြစ်ပါတယ်။ ပြီးတော့ 2022 ခုနှစ်မှာ Gen 1 ရဲ့ Updated Version အဖြစ် Rev 3 (or) Gen 2 ကို စျေးကွက်ထဲမှာ ရောင်းချခဲ့ပါတယ်။

🔥 ဒီ Gen 2 Version ကိုပဲ ပိုပြီး လိုင်းအားကောင်းကောင်းကောင်း အသုံးပြုလို့ရနိုင်အောင် ရည်ရွယ်ပြီးတော့ Gen 2 High Performance နဲ့ Flat High Performance ဆိုပြီး Updated Version (၂ )မျိုးလုံးကို အဲ့ဒီနှစ်အတွင်းမှာပဲ ထုတ်လုပ်ခဲ့ပါတယ်။Gen 2 Version ရဲ့ Dishy (စတားလင့်ခ် ဗန်း ) က ဂြိုလ်တုနဲ့ ချိတ်ဆက်ဖို့အတွက် အော်တိုလှည့်ပေးတဲ့ motor တွေက မီးအားမငြိမ်းတဲ့အခါမျိုးမှာဆို လောင်ပြီး အပျက်များကြတဲ့ အားနည်းချက်တွေရှိပါတယ်။

📡ဒါကြောင့် 2023 မှာ ထွက်လာခဲ့တဲ့ Rev 4 (or) Gen 3 version မှာ motor မပါတော့ဘဲ လက်လှည့် လိုက်ရွေ့လို့ လွယ်အောင် ဘုတ်အပြားစုံစံ Dishy ဒီဇိုင်းကို ပြောင်းလဲခဲ့ပါတယ်။

📡အခုနောက်ဆုံးထွက်ထားတဲ့ Version ကတော့ Starlink Mini ဖြစ်ပြီး
သူ့မှာတော့ router က သပ်သပ် Dishy က သပ်သပ် မဟုတ်တော့ဘဲ
2 in 1 ပုံစံ ကျစ်ကျစ်လစ်လစ်ဖြစ်အောင် ပြောင်းလဲထားပါတယ်။ အရွယ်အစားအနေနဲ့လည်း Ipad တစ်လုံးသာသာပဲ ရှိတော့တာမို့ သယ်ရတာ ပိုပြီးလွယ်ကူသွားပါတယ်။

📡ဆိုတော့ Starlink ကနေ တရား၀င်ထုတ်လုပ်ထားတဲ့ Starlink model က လက်ရှိအချိန် အထိ စုစုပေါင်း (၇) မျိုး သာရှိပါတယ်။ စက်အမျိုးအစားပုံစံတွေကိုတော့ အခုပုံထဲမှာ ပြပေးထားသလို Starlink Official Website မှာလည်း သွားရောက်ကြည့်ရှု့နိုင်ပါတယ်။

🌍အခုလက်ရှိ လာမေးနေကြတဲ့ Starlink mini pocket အရွယ်အစားအားဖြင့်
လက်ဖဝါး တစ်ခုစာရှိတဲ့စက်ကလေးက Starlink ကတရား၀င် ထုတ်ထားတဲ့
စက်မဟုတ်ပါ။ ဆင်းကဒ်ထည့်ပြီးမှ သုံးရတဲ့ Wifi Modem (ဝိုင်ဖိုင်စက်) အမျိုးအစားသာ ဖြစ်ပါတယ်။

🌍Customer များအနေနဲ့ 🚀Starlink ဝယ်ယူကျတဲ့အခါ အသေအချာ ချိတ်ဆက်မေးမြန်းပြီး ယုံကြည်စိတ်ချရတဲ့သူတွေဆီမှာသာ ဝယ်ယူကြဖို့ အကြံပြုလို့ပါတယ်။

🚀
🌍
📡

📢 Starlink Gen (2) | Gen (3) Now In Stock! 🚀Starlink ပစ္စည်းတွေ ယုံကြည်စိတ်ချစွာ၊ ပစ္စည်းမှန်၊ စျေးတန်တဲ့နှုန်းထားနဲ့ ဝယ...
02/07/2025

📢 Starlink Gen (2) | Gen (3) Now In Stock! 🚀
Starlink ပစ္စည်းတွေ ယုံကြည်စိတ်ချစွာ၊ ပစ္စည်းမှန်၊ စျေးတန်တဲ့နှုန်းထားနဲ့ ဝယ်ယူလိုသူတွေအတွက် SkyWay ရှိပါမယ်!
✅ 💯 Instock အသင့်ရှိ!
✅ 💰 ပစ္စည်းရောက်မှ ငွေချေ (COD) ဝယ်ယူနိုင်!
✅ 🚚 ထိုင်းအတွင်း အဓိကပို့ဆောင်မှု!
✅ 🌏 ပြည်တွင်း ဝယ်ယူလိုသူများအတွက် သီးသန့် စီစဉ်ပေးမည်!
📌 လက်ရှိ SkyWay မှာ ရနိုင်မယ့် ပစ္စည်းများ 📌
🔥 Instock Items:
🔹 Gen 2
🔹 Gen 3
🔹 Ethernet Adapter
🔹 အခြား ဆက်စပ်ပစ္စည်းများ
📦 Mini နဲ့ အခြား ဆက်စပ်ပစ္စည်းလေးတွေ အော်ဒါကြိုတင်နိုင်ပါပြီ! 💨
🌐 စတားလင့်ခ် လစဉ်ကြေး & ဘေလ်ဝန်ဆောင်မှု 🌐
🔑 Admin Account ပေးမည်
💳 Visa/Master Virtual Card ပေးမည်
🛠️ Technical Support ပေးမည်
📩 Order တင်ရန် အသေးစိတ်မေးမြန်းရန် – Chat Box ကဆက်သွယ်နိုင်ပါတယ်!
🚀
🌍
📡
🔥

📢 Starlink Gen (2) | Gen (3) Now In Stock! 🚀Starlink ပစ္စည်းတွေ ယုံကြည်စိတ်ချစွာ၊ ပစ္စည်းမှန်၊ စျေးတန်တဲ့နှုန်းထားနဲ့ ဝယ...
02/06/2025

📢 Starlink Gen (2) | Gen (3) Now In Stock! 🚀

Starlink ပစ္စည်းတွေ ယုံကြည်စိတ်ချစွာ၊ ပစ္စည်းမှန်၊ စျေးတန်တဲ့နှုန်းထားနဲ့ ဝယ်ယူလိုသူတွေအတွက် SkyWay ရှိပါမယ်!

✅ 💯 Instock အသင့်ရှိ!
✅ 💰 ပစ္စည်းရောက်မှ ငွေချေ (COD) ဝယ်ယူနိုင်!
✅ 🚚 ထိုင်းအတွင်း အဓိကပို့ဆောင်မှု!
✅ 🌏 ပြည်တွင်း ဝယ်ယူလိုသူများအတွက် သီးသန့် စီစဉ်ပေးမည်!

📌 လက်ရှိ SkyWay မှာ ရနိုင်မယ့် ပစ္စည်းများ 📌
🔥 Instock Items:
🔹 Gen 2
🔹 Gen 3
🔹 Ethernet Adapter
🔹 အခြား ဆက်စပ်ပစ္စည်းများ

📦 Mini နဲ့ အခြား ဆက်စပ်ပစ္စည်းလေးတွေ အော်ဒါကြိုတင်နိုင်ပါပြီ! 💨

🌐 စတားလင့်ခ် လစဉ်ကြေး & ဘေလ်ဝန်ဆောင်မှု 🌐

🔑 Admin Account ပေးမည်
💳 Visa/Master Virtual Card ပေးမည်
🛠️ Technical Support ပေးမည်

📩 Order တင်ရန် အသေးစိတ်မေးမြန်းရန် – Chat Box ကဆက်သွယ်နိုင်ပါတယ်!

🚀
🌍
📡
🔥

📢 Starlink Gen (2) | Gen (3) Now In Stock! 🚀Starlink ပစ္စည်းတွေ ယုံကြည်စိတ်ချစွာ၊ ပစ္စည်းမှန်၊ စျေးတန်တဲ့နှုန်းထားနဲ့ ဝယ...
02/06/2025

📢 Starlink Gen (2) | Gen (3) Now In Stock! 🚀

Starlink ပစ္စည်းတွေ ယုံကြည်စိတ်ချစွာ၊ ပစ္စည်းမှန်၊ စျေးတန်တဲ့နှုန်းထားနဲ့ ဝယ်ယူလိုသူတွေအတွက် SkyWay ရှိပါမယ်!

✅ 💯 Instock အသင့်ရှိ!
✅ 💰 ပစ္စည်းရောက်မှ ငွေချေ (COD) ဝယ်ယူနိုင်!
✅ 🚚 ထိုင်းအတွင်း အဓိကပို့ဆောင်မှု!
✅ 🌏 ပြည်တွင်း ဝယ်ယူလိုသူများအတွက် သီးသန့် စီစဉ်ပေးမည်!

📌 လက်ရှိ SkyWay မှာ ရနိုင်မယ့် ပစ္စည်းများ 📌
🔥 Instock Items:
🔹 Gen 2
🔹 Gen 3
🔹 Ethernet Adapter
🔹 အခြား ဆက်စပ်ပစ္စည်းများ

📦 Mini နဲ့ အခြား ဆက်စပ်ပစ္စည်းလေးတွေ အော်ဒါကြိုတင်နိုင်ပါပြီ! 💨

🌐 စတားလင့်ခ် လစဉ်ကြေး & ဘေလ်ဝန်ဆောင်မှု 🌐

🔑 Admin Account ပေးမည်
💳 Visa/Master Virtual Card ပေးမည်
🛠️ Technical Support ပေးမည်

📩 Order တင်ရန် အသေးစိတ်မေးမြန်းရန် – Chat Box ကဆက်သွယ်နိုင်ပါတယ်!

🚀
🌍
📡
🔥

မင်္ဂလာပါ SkyWay ကနေ ကြိုဆိုပါတယ် 🙏Starlink ပစ္စည်းတွေ နဲ့ပတ်သက်လို့ ယုံကြည်စိတ်ချရပြီးပစ္စည်းမှန်၊စျေးတန်တဲ့ နှုန်းထားန...
01/28/2025

မင်္ဂလာပါ SkyWay ကနေ ကြိုဆိုပါတယ် 🙏

Starlink ပစ္စည်းတွေ နဲ့ပတ်သက်လို့ ယုံကြည်စိတ်ချရပြီးပစ္စည်းမှန်၊စျေးတန်တဲ့ နှုန်းထားနဲ့ ဝယ်ယူလိုသူတွေအတွက် SkyWay ရှိပါမယ်။

- instock ရမယ် ၊​ ပစ္စည်းရောက် ငွေချေ (COD) ဝယ်ယူနိုင်ပါတယ်။
- ထိုင်းနိုင်ငံအတွင်း အဓိကပို့ဆောင်ပေးပါတယ်။
- ပြည်တွင်းက ဝယ်ယူလိုသူတွေအတွက်လည်း သီးသန့် စီစဥ်ပေးပါတယ်။

လက်ရှိ SkyWay မှာ ရနိုင်မယ့် ပစ္စည်းတွေကတော့

Gen 2
Gen 3
Ethernet Adapter
အခြား ဆက်စပ်ပစ္စည်းများ
မှာယူနိုင်ပါတယ်။ Mini နဲ့ အခြား ဆက်စပ်ပစ္စည်း လေးတွေကတော့
အော်ဒါကြိုတင်ထားလို့ရပါတယ်။

စတားလင့်ခ် လစဥ်ကြေး ဘေလ်ဝန်ဆောင်မှုကိုလည်း
Admin account
Virtual Card
Technial Service
စတဲ့ ဝန်ဆောင်မှုများနဲ့ ဆောင်ရွက်ပေးသွားဖို့ရှိပါတယ်။






Address

U
Los Angeles, CA
90001

Website

Alerts

Be the first to know and let us send you an email when SkyWay Communications posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share