User CMA Smart & Secure - Data Analytics

User CMA Smart & Secure - Data Analytics Data Analytics ဆိုင်ရာ အထောက်အကူပြု သင်တန်းများ

Data Analytics, Cybersecurity Awareness နှင့် Microsoft Excel ဆိုင်ရာ သင်တန်းများ ပို့ချနေသော သင်တန်းကျောင်းဖြစ်ပါသည်...
ဖော်ပြပါ ပညာရပ်များနှင့်ပတ်သက်၍ စဉ်ဆက်မပြတ် အသိပညာမျှဝေမှုများကိုလည်း ဆောင်ရွက်လျက် ရှိပါသည်...

28/05/2026

📊 သင်တန်းကျောင်းမှ အခမဲ့ မျှဝေထားသော Data Analytics ဆိုင်ရာအထောက်အကူပြု (အခြေခံ) သင်တန်းများ...
🟦 Foundation of Excel & Data Analysis (FEDA) Course
🟦 Data Analytics ဆိုင်ရာနယ်ပယ်ကို အခုမှ စတင်လေ့လာမယ်ဆိုရင် ဒီ FEDA course ကို စတင်လေ့လာသင့်ပါတယ်...
🟦 Data Analytics ကို စတင်လေ့လာရာမှာ Conceptual Framework ကို နားလည်ဖို့ အရေးကြီးပါတယ်... ဒီ course မှာ Conceptual Framework ကို Excel Basic level formula/ function များနဲ့ တွဲဖက်လေ့လာရမှာ ဖြစ်ပါတယ်...
🟦 Simple case study ဖြစ်လို့ စတင်လေ့လာသူတွေအတွက် လွယ်ကူမှုရှိပါတယ်... အခြေခံအားဖြင့် လုံလောက်တဲ့ course တစ်ခုဖြစ်ပါတယ်... ကြာမြင့်ချိန် 8 Hours (live class) ဖြစ်ပါတယ်...
🟦 FEDA Course Telegram channel link
https://t.me/+7NBP4oj3SFg2NzM1
◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾
🟩 Introduction to Microsoft Power Query: Using Microsoft Excel & Power BI Desktop (IPQ) Course
🟩 Power Query ဆိုတာ Microsoft Excel မှာကော Power BI မှာကော အသုံးပြုနိုင်တဲ့ Extract, Transform, Load (ETL) tool တစ်ခုဖြစ်ပါတယ်... Data Analytics မှာ Data Accessing, Data Cleaning & Transformation အဆင့်တွေမှာ အသုံးချနိုင်ပါတယ်...
🟩 Microsoft Excel အသုံးပြုသူများအနေနဲ့ Power Query ကို အသုံးချပြီး သာမန်ထက် ပိုမိုကောင်းမွန်၊ ထိရောက်တဲ့ automated working flow တွေ တည်ဆောက်အသုံးပြုနိုင်ပါတယ်... Microsoft Excel အသုံးပြုသူတိုင်း တက်မြောက်ထားသင့်ပါတယ်...
🟩 Power BI အသုံးပြုသူများအနေနဲ့ Power Query ကို မဖြစ်မနေအသုံးပြုရပါတယ်... Power Query ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချခြင်းအားဖြင့် Data Accessing, Data Cleaning & Transformation အဆင့်တွေကို စနစ်တကျ ကိုင်တွယ်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်...
🟩 IPQ course မှာ Data Transformation အမျိုးအစား (10) မျိုးကို လက်တွေ့ case study များနဲ့ လေ့လာ၊ လေ့ကျင့်နိုင်မှာ ဖြစ်ပြီး automated workflow တည်ဆောက်တဲ့ case study များကိုပါ လေ့လာ၊ လေ့ကျင့်နိုင်မှာ ဖြစ်ပါတယ်...
🟩 Excel အသုံးပြုနေသူ၊ Power BI လက်ရှိအသုံးပြုနေသူ၊ Power BI လေ့လာရန် ရည်ရွယ်ထားသူ၊ လုပ်ငန်းနယ်ပယ်မရွေး၊ ရာထူးနေရာမရွေး လေ့လာနိုင်သော course တစ်ခု ဖြစ်ပါတယ်... ကြာမြင့်ချိန် 8 Hours (live class) ဖြစ်ပါတယ်...
🟩 IPQ Course Telegram channel link
🟩 https://t.me/+FF81sUBAGfQ3Mzg1
◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾
🟩 Applied Power Query: Real-Life Case Studies for Professionals (APQ) Course
🟢 Introduction to Microsoft Power Query (IPQ) Course အား လေ့လာပြီးပါက နောက်တစ်ဆင့်အနေဖြင့် Power Query အား လက်တွေ့လုပ်ငန်းခွင်မှာ အသုံးချနိုင်ဖို့အတွက် Applied Power Query (APQ) course အား ဆက်လက်လေ့လာနိုင်ပါသည်...
🟢 Power Query ကို လက်တွေ့အသုံးချရာမှာ ပိုမိုပြီး အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပါတယ်...
🟢 လက်တွေ့ အသုံးဝင်မယ့်၊ ချက်ချင်းအသုံးချလို့ရမယ့် real-life case study များနဲ့ လေ့လာ၊ လေ့ကျင့်ပြီး လက်တွေ့အသုံးချနိုင်မှာ ဖြစ်ပါတယ်...
🟢 Introduction to Microsoft Power Query (IPQ) Course သို့မဟုတ် သင်တန်းကျောင်းမှ ဖွင့်လှစ်ထားသော Professional Data Transformer (PDT) Course များအား လေ့လာထားပြီးသူများအတွက်သာ ဖြစ်ပါတယ်...
🟢 APQ Course Telegram channel link
🟢 https://t.me/+nlAZ_HSZk2syZmRl
◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾
🟨 Journey into KNIME Analytics Platform: A Comprehensive Self-Study Guide for Learners (KN01) Course
🟨 KNIME Analytics Platform ဆိုတာကတော့ Data Analytics, Data Science, Data Engineering နယ်ပယ်တွေမှာ အသုံးပြုနိုင်တဲ့ Advanced Tool တစ်ခုဖြစ်ပါတယ်...
🟨 KNIME Analytics Platform ရဲ့ အဓိက ထူးခြားချက်ကတော့ “No Coding” ပါ... ဒါ့ကြောင့် coding မလိုတဲ့ advanced tool ကို လေ့လာချင်တယ်ဆိုရင်တော့ အကောင်းဆုံးလို့ ညွှန်းပါတယ်...
🟨 100% free software, 100% self-study support ဖြစ်ပါတယ်... Certified KNIME Data Analyst, Certified KNIME Data Scientist, Certified KNIME Data Engineer, Certified KNIME Trainer များ အတွက်လည်း certification path တွေ ရှိပါတယ်...
🟨 Advanced Analytics Tool ကို လေ့လာချင်သူ လုပ်ငန်းနယ်ပယ်မရွေး၊ ရာထူးနေရာမရွေး လေ့လာနိုင်သော course တစ်ခု ဖြစ်ပါတယ်... ကြာမြင့်ချိန် 4 Hours (live class) ဖြစ်ပါတယ်...
🟨 KN01 Course Telegram channel link
https://t.me/+dmujjbLLb2M1YTFl
◾◾◾◾◾◾◾◾◾◾◾◾◾◾◾◾
🟥 DA နယ်ပယ်ကို လေ့လာကြသူတိုင်း အဆင်ပြေလွယ်ကူမှု ရှိကြပါစေ...
🟥 မိမိအတွက် အထောက်အကူ ဖြစ်စေတယ်ဆိုရင် ပြန်လည်မျှဝေခြင်းဖြင့် ပူးပေါင်းကူညီနိုင်ပါတယ်...
🟥 မိမိအတွက် အထောက်အကူ ဖြစ်စေတယ်ဆိုရင် မိမိထင်မြင်ချက်ကို comment မှာ ဖော်ပြခြင်းဖြင့် ပူးပေါင်းကူညီနိုင်ပါတယ်... အကြံပြုသုံးသပ်ချက်များကိုလည်း ပြုလုပ်နိုင်ပါတယ်...
💪💪💪

🚨 ပုံမှန်မဟုတ်ရင် သတိထား...🔴 Diagnostic Analytics မှာ အရေးပါတဲ့ နည်းလမ်းတစ်ခုက Anomaly Detection ပါ...🔴 သမရိုးကျ မဟုတ်တာ...
28/05/2026

🚨 ပုံမှန်မဟုတ်ရင် သတိထား...
🔴 Diagnostic Analytics မှာ အရေးပါတဲ့ နည်းလမ်းတစ်ခုက Anomaly Detection ပါ...
🔴 သမရိုးကျ မဟုတ်တာကို anomaly လို့ခေါ်ပါတယ်... Data point, transaction, behavior, or pattern တစ်ခုခုဟာ မျှော်လင့်ထားတဲ့ ပုံမှန်အခြေအနေတစ်ခုနဲ့ သိသိသာသာ ကွာခြားသွားတာကို anomaly လို့ ခေါ်ပါတယ်...
🔴 Anomaly detection ကို fraud detection အတွက် initial supporting technique အနေနဲ့ အသုံးပြုနိုင်ပါတယ်... ဒါပေမယ့် ပုံမှန်အားဖြင့် anomaly ဖြစ်တိုင်း fraud (မသမာမှု) မဟုတ်ပါဘူး... ဒါကြောင့် fraud risk alert အနေနဲ့သာ warning flag လုပ်ရမှာ ဖြစ်ပါတယ်...
ဥပမာ-
….. ☑️ ပုံမှန်ထက် သိသိသာသာ များပြားတဲ့ပမာဏနဲ့ transaction တွေ ဖြစ်နေတာ...
….. ☑️ သမရိုးကျမဟုတ်ဘဲ weekend payment တွေ ဖြစ်ပေါ်နေတာ...
….. ☑️ Invoice တွေ duplicate ဖြစ်နေတာ...
….. ☑️ ရုတ်တရက်ဆိုသလို အရောင်းပမာဏ မြင့်တက်သွားတာ...
🔴 ဒီလိုအခြေအနေတွေကို anomaly လို့ခေါ်ပါတယ်။ Anomaly ဖြစ်ရတဲ့ အကြောင်းရင်းတွေက မျိုးစုံရှိနိုင်ပါတယ်...
….. ✅ Human error, System issue
….. ✅ ထူခြားတဲ့ business event တွေ ဖြစ်သွားခဲ့လို့...
….. ✅ လုပ်ငန်းတွင်း ထိန်းချုပ်မှု စနစ်တွေ အားနည်းချက်ရှိလို့...
….. ✅ မသမာမှု (fraud) တွေရှိနေလို့...
🔴 ဒါတွေကတော့ anomaly ဖြစ်ရတဲ့ အကြောင်းတွေ ဖြစ်ပါတယ်... ဒီအထဲမှာ potential fraud risk က အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်...
🔴 ဒါကြောင့် anomaly detection ကို data analytics မှာ diagnostic analytics ရဲ့ အရေးပါတဲ့ technique တစ်ခုအဖြစ် အသုံးပြုကြပြီး Audit, Accounting, Finance, Risk & Compliance နယ်ပယ်တွေမှာတော့ fraud risk alert အတွက် အဓိက supporting method တစ်ခုအဖြစ် အသုံးပြုကြပါတယ်...
💪💪💪
=> 2026061
=> DA Key Stage (4): Data Analyzing & Modeling

💰 အသုံးဝင် အကျိုးရှိစေတဲ့ Data Analytics ရလဒ်တွေ ရရှိစေဖို့...✅ Business Objective  Business Problem  Data Analytics Tec...
25/05/2026

💰 အသုံးဝင် အကျိုးရှိစေတဲ့ Data Analytics ရလဒ်တွေ ရရှိစေဖို့...
✅ Business Objective Business Problem Data Analytics Technique ချိတ်ဆက်မှုရှိမှ ရလဒ်က အသုံးဝင်ပြီး လုပ်ငန်းအတွက် အကျိုးကျေးဇူးတွေ ရှိပါမယ်...
✅ Data Analytics လုပ်ငန်းစဉ်ရဲ့ ပထမဆုံး key stage တစ်ခုဖြစ်တဲ့ “Understanding Business Problems” အဆင့်ဟာ အလွန်အရေးကြီးပါတယ်။ ဒီ key stage ကို ဆောင်ရွက်ဖို့ Data Analytics ရဲ့ tool တွေ အသုံးပြုနိုင်ရုံ၊ ကျွမ်းကျင်ရုံနဲ့ မလုံလောက်ပါဘူး။
✅ Microsoft Excel လား? Python, R လား? KNIME Analytics Platform လား? Power BI လား? SQL လား? အစရှိတဲ့ tool တွေနဲ့ ဆောင်ရွက်ရမယ့် အဆင့်မဟုတ်ပါဘူး။ Knowledge of Business, Stakeholder communication, Risk assessment, Business process understanding, Internal control, Critical thinking အစရှိတာတွေကို သက်ဆိုင်ရာအဆင့်အလိုက် စနစ်တကျ အသုံးချ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
🔴 များသောအားဖြင့် DA နယ်ပယ်မှာ tool တွေကို ဦးစားပေးလေ့လာပြီး tool တွေအပေါ်မှာ အာရုံစိုက်ကြတာက ပိုများပါတယ်... Tool တွေအပေါ်မှာပဲ အာရုံစိုက်နေရင် key stage (1) “Understanding Business Problems” အဆင့်ကို စနစ်တကျနဲ့ ပြည့်စုံအောင် ဆောင်ရွက်ဖို့ လွတ်သွားတက်ပါတယ်... ရလဒ်အနေနဲ့ နောက်ဆုံး DA output ထွက်တော့မှ stakeholder ရဲ့ လိုအပ်ချက်နဲ့ မကိုက်နေတာတို့၊ Dashboard တော့ ဆွဲပြီးပြီး ဘာဆက်လုပ်ရမလဲ ဘာအကြံပြုပေးရမလဲ ဆိုတာကို မမြင်တာတို့၊ ကိုယ်တိုင် ရလဒ်ကို အားမရနေတာတို့ အစရှိသဖြင့် ဖြစ်လာနိုင်ပါတယ်...
🔴 Data Analytics လုပ်ငန်းဆောင်ရွက်မှုဟာ business problem ကို စနစ်တကျ ဖော်ထုတ်ပြီး ဆောင်ရွက်ပေးဖို့ဖြစ်ပါတယ်။ Analysis Technique တစ်ခု Visualization Chart/ Dashboard တစ်ခု ဆောင်ရွက်တာက ဘယ် business problem ကို ဖြေရှင်းဖို့အတွက်လဲဆိုတာ ရှင်းလင်းသေချာမှု၊ ချိတ်ဆက်မှုရှိဖို့ လိုအပ်ပါတယ်။ Data Analyst တစ်ယောက်ရဲ့ စွမ်းဆောင်ရည်ကိုလည်း လုပ်ငန်းမှာရှိနေတဲ့ business problem/ possible business problem ဘယ်နှစ်ခုကို ဖြေရှင်းပေးနိုင်ပြီလဲ? ဆိုတာနဲ့ပဲ အဓိက တိုင်းတာရမှာ ဖြစ်ပါတယ်။
✅ Problem သိရင် အဖြေရှိပါတယ်။
💪💪💪
=> 2025015
=> DA Key Stage (1): Understanding Business Problems

⭐ Reference ⭐
UserCMA Responsible Data Analytics Framework
Download here: https://zenodo.org/records/17624281

🟢 Tool တစ်ခုကို ဂဃဏန သိဖို့ အချိန်ဘယ်လောက်ပေးရလဲ?🟢 Power Query (Data Transformation Specialization) အတွက်ကိုပဲ နာရီ 60၊ ...
23/05/2026

🟢 Tool တစ်ခုကို ဂဃဏန သိဖို့ အချိန်ဘယ်လောက်ပေးရလဲ?
🟢 Power Query (Data Transformation Specialization) အတွက်ကိုပဲ နာရီ 60၊ ကာလအားဖြင့် January 2026 က စလိုက်တဲ့အတန်းက May 2026 မှ ပြီးပါတယ်... ဒါတောင် transformation specialization အတွက်ပါပဲ... Power BI ကို reporting အတွက် မပါပါဘူး...
🟢 နာရီ 60 ကြာတဲ့ live class တစ်ခုကို အချိန်မှန် တက်ရောက်နိုင်ဖို့က အရမ်းတော့ မလွယ်ကူနိုင်ပါဘူး... Completion Certificate ရရှိသွားသူ တစ်ဦးချင်းစီတိုင်းကို Big Congratulations ပါ...
Certificate တွေ ပြင်ဆင်နေရင် တွေးမိတာလေးတွေပါ...

📊 Career switch to Data Analytics field🔵 အခုတလော Data Analytics (Myanmar) group မှာ career switch အကြောင်း မကြာခန ဆွေးနွ...
22/05/2026

📊 Career switch to Data Analytics field
🔵 အခုတလော Data Analytics (Myanmar) group မှာ career switch အကြောင်း မကြာခန ဆွေးနွေးမေးမြန်းကြတာ သတိပြုမိပါတယ်...
🔵 ကျွန်တော့ ယူဆချက်နဲ့ အကြံပြုချက်ကတော့ ဒီလိုပါ...
🔴 (1) Data Analytics ကို စိတ်ဝင်စားလို့...
🔴 DA ကို စိတ်ဝင်စားရင် စနစ်တကျ road map ချပြီး လေ့လာသင့်ပါတယ်... အချိန်အတိုင်းအတာတစ်ခု ပေးဖို့လိုပါတယ်...
🔴 DA နယ်ပယ်မှာ ဒါတွေဖြည့်ဖို့ လိုပါတယ်.......... 🔶 DA core foundation (Conceptual Framework, Statistics, Advanced Excel)....... 🔶 Advanced tools (Power Query, Python, KNIME Analytics Platform, etc.)....... 🔶 Database (SQL, My SQL, etc.)....... 🔶 Visualization tools (Power BI, Tableau, etc.)....... 🔶 Communication, Continuous Learning, Networking, etc........ 🔶 Project portfolio and Related certification
🔴 အဲ့တော့ဗျာ... လက်ရှိ အလုပ်တစ်ခုလုပ်နေတယ်... DA နယ်ပယ်ကို စိတ်ဝင်စားလို့ career ပြောင်းဖို့ စဉ်းစားတယ်ဆိုရင် ပထမဆုံး အကြံပြုချင်တာက လက်ရှိအလုပ်ကိုပဲ ဆက်လုပ်နေပါ... DA learning အတွက် road map စနစ်တကျပြင်ဆင်ပါ... အချိန်ပေးပါ... ပုံမှန်လေ့လာပါ... ဒါက အထိရောက်ဆုံးနည်းလမ်းဖြစ်ပါတယ်... ကိုယ်တိုင် confident ရလာတဲ့အချိန်မှာ DA position တစ်ခု ရရင်ပြောင်းလိုက်ပါ...
🟢 (2) Data Analytics က popular ဖြစ်လို့၊ အခွင့်အလမ်းပိုများနိုင်လို့၊ လစာပိုများနိုင်လို့...
🟢 ပထမဆုံးသိထားရမှာက global trend အရ အဲ့ဒါတွေမှန်ပါတယ်... Local မှာတော့ အဲ့လိုဖြစ်နေပါတယ်လို့ ပြောနိုင်တဲ့ အထောက်အထားမရှိပါဘူး... DA position နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီး ရှိမနေသေးပါဘူး... ရှိတဲ့ DA job တိုင်းကလည်း global trend လောက် လစာတွေ မရနေသေးပါဘူး...
🟢 Local မှာ DA အလုပ်အကိုင်အခွင့်အလမ်း ပေါများပါတယ်... လစာတွေကောင်းပါတယ်လို့ ပြောတာကြားရင် အထောက်အထား တောင်းကြည့်လိုက်ပါ...
🟢 အဲ့တော့ ကိုယ်လက်ရှိအလုပ်ကိုပဲ လုပ်နေသင့်ပါတယ်... DA ကို ရသလောက်လေ့လာထားမယ်... အချိန်ကာလအတိုင်းအတာတစ်ခုမှာ local မှာလည်း အတိုင်းအတာတစ်ခုအထိ ရောက်လာနိုင်ပါတယ်...
🟣 (3) လက်ရှိလုပ်ငန်းခွင်မှာ အဆင်မပြေလို့...
🟣 ဘာကြောင့်အဆင်မပြေတာလဲ? လုပ်ငန်းခွင်မှာ အဆင်မပြေတာနဲ့ career ပြောင်းတာနဲ့က တိုက်ရိုက်မသက်ဆိုင်ဘူးလို့ ထင်ပါတယ်... ဆိုလိုတာက လက်ရှိလုပ်ငန်းခွင်မှာ အဆင်မပြေရတဲ့ အကြောင်းရင်းမျိုးစုံရှိလိမ့်မယ်လို့ထင်ပါတယ်... အကြောင်းရင်းတိုင်းက career ပြောင်းရုံနဲ့ မပြေလည်စေနိုင်ပါဘူး...
🔵 အဲ့တော့ အနှစ်ချုပ်ရရင် ကိုယ့်အလုပ်ကိုယ်လုပ်နေပါ... DA ကို road map နဲ့ စနစ်တကျ လေ့လာပါ...
🔵 DA ဆိုတာ လုပ်ငန်းနယ်ပယ်တိုင်း၊ ရာထူးနေရာတိုင်းအတွက် အသုံးဝင်တဲ့ add on skill တစ်ခုလည်းပဲ ဖြစ်ပါတယ်... DA ကို လေ့လာထားလို့ ဘယ်သူ့အတွက်မှ အလဟသ မဖြစ်ပါဘူး... တကယ်လို့ confident ရလာတဲ့ အချိန်မှာ DA related position ကို ပြောင်းလို့ရပါတယ်...
🔵 ကျွန်တော့အမြင်ပါ...

👍 အဆင်ပြေမယ်ထင်ရင်လုပ်ပါ...⚫ Source dataset တစ်ခုရှိမယ်... AI ထဲ ပစ်ထည့်... Data Analytics Report or Dashboard တန်းထွက်မ...
20/05/2026

👍 အဆင်ပြေမယ်ထင်ရင်လုပ်ပါ...
⚫ Source dataset တစ်ခုရှိမယ်... AI ထဲ ပစ်ထည့်... Data Analytics Report or Dashboard တန်းထွက်မယ်... 😲😲😲
⚫ လုပ်လို့ရလားဆိုတော့ ရပါတယ်... ChatGPT (free) ကတော့ သိပ်မစွမ်းပါဘူး... Claude ကတော့ free version မှာတောင် ဒါမျိုးကို သေချာလေး ထုတ်ပေးနိုင်ပါတယ်...
⚫ ဒါမျိုးကို testing or study အတွက် သုံးမယ်ဆိုရင်တော့ ဘာမှအထွေအထူး ဆွေးနွေးစရာမရှိပါဘူး... ဒီနေ့ခေတ်မှာ အဲ့လောက်တော့ လုပ်နေရမှာပါ...
⚫ ဒါပေမယ့် AI ထဲ တိုက်ရိုက်ပစ်ထည့်ပြီး ရလာတဲ့ ရလဒ်ကို လုပ်ငန်းခွင်မှာ အသုံးပြုမယ်ဆိုရင်တော့ 😬😬😬 မှန်ကန်တဲ့နည်းလမ်း မဟုတ်ဘူးလိုပဲ ယူဆပါတယ်...
⚫ စဉ်းစားကြည့်လေ... လုပ်ငန်းခွင်တစ်ခုကို interview ရောက်လာတယ်... ဘာလုပ်တက်လဲမေးရင် dataset ကို AI ထဲထည့်ပြီး Report or Dashboard ထုတ်တက်တယ်လို့ ပြန်ဖြေမယ်ဆိုပါစို့... လုပ်ငန်းရှင်က ဘာပြောမယ်ထင်လဲ? 🤔🤔🤔
⚫ ဘယ်နယ်ပယ်အတွက်မဆို AI ကို support အနေနဲ့ ထိထိရောက်ရောက်သုံးနိုင်ဖို့ပဲ လိုပါတယ်... လုပ်ငန်းရှင်တွေကလည်း အင်တာဗျူးတွေမှာ AI သုံးတက်လား? ဘယ်လိုအသုံးချလဲ? ဆိုတာမျိုးတွေကို မဖြစ်မနေထည့်သွင်းမေးကြဖို့ စဉ်းစားလာကြပါပြီ...
⚫ ဘာမှလာမပြောနဲ့ ကိုယ့်နည်းစနစ်နဲ့ ကိုယ်ပဲဆိုရင်လည်း အဆင်ပြေတယ်ထင်ရင် သဘောပါ... ပုံထဲကလိုတော့ ပေါင်နည်းနည်းပြဲပါလိမ့်မယ်...

Address

Naypyidaw
11211

Alerts

Be the first to know and let us send you an email when User CMA Smart & Secure - Data Analytics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share