Gmate Myanmar

Gmate Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Gmate Myanmar, Kamayut.

31/10/2026

ရာသီဥတုပူလို့ အစားအသောက်ပျက်နေတာ ဆီးချိုအတွက် အန္တရာယ်ရှိလား?

ပူပြင်းတဲ့ရာသီမှာ ခံတွင်းပျက်လို့ အစာမဝင်တဲ့အခါ ဆီးချိုဝေဒနာရှင်တွေမှာ သွေးချိုရုတ်တရက်ကျဆင်းတဲ့ (Hypoglycemia) အန္တရာယ်နဲ့ ကြုံတွေ့ရနိုင်ပါတယ်။

✅ ဂရုစိုက်ရန် အချက်များ -

အစားကို တစ်ခါတည်း အများကြီးမစားဘဲ နည်းနည်းနဲ့ ခဏခဏ ခွဲစားပေးပါ။

ခေါင်းမူး၊ ရင်တုန်၊ ချွေးစေးထွက်လာရင် အပူရှပ်တာနဲ့ မမှားအောင် သွေးချိုကို အရင်ဆုံး တိုင်းကြည့်ပါ။

သွေးချိုရုတ်တရက်ကျဆင်းခြင်းရဲ့ လက္ခဏာတွေနဲ့ ဘာကြောင့် အသက်အန္တရာယ်ရှိနိုင်လဲဆိုတဲ့ အသေးစိတ်ကိုတော့ ဗီဒီယိုလေးထဲမှာ အဆုံးထိ ကြည့်ရှုပေးပါနော်။ 👇

⚠️ အစားအသောက် အပြောင်းအလဲကြောင့်ဖြစ်လာမယ့် သွေးချိုအတက်အကျကို မျက်ခြေမပြတ် စောင့်ကြည့်နိုင်ဖို့ အဖြေတိကျမှန်ကန်တဲ့ Gmate ဆီးချိုတိုင်းစက်နဲ့ သွေးစစ်တံများ ကို မဖြစ်မနေ ဝယ်ယူဆောင်ထားဖို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်။

27/10/2026

အသက်အန္တရာယ်ရှိတဲ့ အပူရှပ်ခြင်း (Heatstroke) ကို ဘယ်လို ကာကွယ်ကုသကြမလဲ?

ပူပြင်းတဲ့ အယ်လ်နီညိုရာသီမှာ အပူရှပ်တာကို ကြိုတင်ကာကွယ်ဖို့နဲ့ အရေးပေါ် ကုသနိုင်ဖို့ ဒီအချက်လေးတွေ မှတ်ထားပေးပါ။

✅ ကြိုတင်ကာကွယ်ရန် - ရေများများသောက်ပါ၊ နေ့လယ် (၁၀) နာရီမှ ညနေ (၄) နာရီအတွင်း နေပူထဲထွက်ခြင်းရှောင်ပါ၊ ထီး (သို့) ဦးထုပ် ဆောင်းပါ။
🆘 အရေးပေါ်ကုသရန် - လူနာကို အရိပ်ထဲရွှေ့ပါ၊ အဝတ်အစားဖြေလျှော့ပြီး ရေအေးပတ်တိုက်ပေးပါ၊ သတိရနေသေးလျှင် ရေသန့် (သို့) ဓာတ်ဆားရည် တိုက်ပါ။

အပူရှပ်ခြင်းနဲ့ ပတ်သက်ပြီး ပိုမိုသိရှိလိုတဲ့ အသေးစိတ်ကိုတော့ ဗီဒီယိုလေးထဲမှာ အဆုံးထိ ကြည့်ရှုပေးပါနော်။ 👇

⚠️ ဆီးချိုဝေဒနာရှင်တွေအနေနဲ့ အပူချိန်လွန်ကဲချိန်မှာ ရေဓာတ်ခမ်းခြောက်ပြီး သွေးချိုအတက်အကျ ပိုကြမ်းတတ်ပါတယ်။ ဒါကြောင့် သွေးချိုအပြောင်းအလဲကို နေ့စဉ် စောင့်ကြည့်နိုင်ဖို့ အဖြေတိကျမှန်ကန်တဲ့ Gmate ဆီးချိုတိုင်းစက်နဲ့ သွေးစစ်တံများ ကို မဖြစ်မနေ ဝယ်ယူဆောင်ထားဖို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်။

25/10/2026

အယ်လ်နီညို အပူဒဏ်ကို အန်တုဖို့ ဘာတွေစားပြီး ဘာတွေရှောင်ကြမလဲ?

ပူပြင်းတဲ့ရာသီမှာ အပူရှပ်တာ၊ ရေဓာတ်ခမ်းခြောက်တာတွေ မဖြစ်အောင် အစားအသောက် ရွေးချယ်မှုက အရေးကြီးပါတယ်။

✅ အဓိက စားသင့်သည်များ - ဖရဲသီး၊ သခွားသီး၊ ဘူးသီး၊ အုန်းစိမ်းရေနဲ့ ရေသန့်။
❌ အဓိက ရှောင်ရန်များ - အပူအစပ်၊ ဆီကြော်စာ၊ အချိုရည်၊ ကော်ဖီနဲ့ အရက်ဘီယာ။

ဘာကြောင့် စားသင့်၊ ရှောင်သင့်လဲဆိုတဲ့ အသေးစိတ်ကိုတော့ ဗီဒီယိုလေးထဲမှာ အဆုံးထိ ကြည့်ရှုပေးပါနော်။ 👇

⚠️ ဆီးချိုဝေဒနာရှင်များအနေနဲ့ ရာသီဥတုပူပြင်းချိန်မှာ ရေဓာတ်ဆုံးရှုံးပြီး သွေးချိုအတက်အကျ ပိုကြမ်းတတ်ပါတယ်။ အစားအသောက် ဂရုစိုက်ရင်း မိမိရဲ့သွေးချိုကို အိမ်မှာတင် အလွယ်တကူနဲ့ တိကျစွာ စစ်ဆေးနိုင်ဖို့ Gmate ဆီးချိုတိုင်းစက်နဲ့ သွေးစစ်တံများ ကို ရွေးချယ်လိုက်ပါ။

20/10/2026

🎉 Gmate Myanmar ရဲ့ သီတင်းကျွတ်အထူး လက်ဆောင်ပေးမယ့် အစီအစဉ်ကြီး လာပါပြီ။

ဒီအစီအစဉ်မှာ ပါဝင်ကံစမ်းပြီး ဖုန်းဘေလ်လက်ဆောင်တွေ ရယူနိုင်ဖို့ ဗီဒီယိုလေးကို အဆုံးထိ ကြည့်ရှုပေးပါနော်။ 👇

🎁 ပါဝင်ကံစမ်းနိုင်မယ့်ဆုများ

ပထမဆု - ၁၀,၀၀၀ ကျပ်တန် ဖုန်းဘေလ်

ဒုတိယဆု၊ တတိယဆု - ၅,၀၀၀ ကျပ်တန် ဖုန်းဘေလ်

✅ ပါဝင်ရန် စည်းကမ်းချက်များ
၁။ Gmate Myanmar TikTok Page ကို Like & Follow လုပ်ပါ။
၂။ ဒီ Post လေးကို Like & Repost Share လုပ်ပါ။
၃။ Comment မှာ သီတင်းကျွတ်ဆုတောင်းလေး ရေးပေးခဲ့ပါ။

ကံထူးရှင်တွေကို (၂) ပတ်အတွင်း ရွေးချယ်ပေးသွားမှာမို့ နောက်မကျခင် အမြန်ဆုံး ပါဝင်ကံစမ်းလိုက်ကြရအောင်။

🙏 ယခုလို သီတင်းကျွတ်အခါသမယမှာ မိသားစုတိုင်း ရောဂါဘယကင်းဝေးပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေကြောင်း Gmate Myanmar မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

18/10/2026

💚 Gmate Activity at Gonyi Clinic 🩺

ကျန်းမာရေးစောင့်ရှောက်မှုအတွက် Gmate နဲ့အတူ ခြေလှမ်းတစ်လှမ်း! 💚

ဂုဏ်ရည် Clinic မှာ ပြုလုပ်ခဲ့တဲ့ Gmate Activity လေးမှာ လူကြီးမင်းတို့ရဲ့ သွေးတွင်းသကြားဓာတ်ကို စစ်ဆေးစောင့်ကြည့်နိုင်ဖို့ Gmate Blood Glucose Monitoring System အကြောင်း မိတ်ဆက်မျှဝေပေးခဲ့ပါတယ်။ 🩸✨

ကျန်းမာရေးကို ဂရုစိုက်ခြင်းက ကိုယ့်ကိုယ်ကို ချစ်ခြင်းရဲ့ အစပါပဲ။ 🫶

Gmate နဲ့အတူ ကျန်းမာတဲ့နေ့ရက်တွေကို ပိုင်ဆိုင်လိုက်ပါ။ 💚

#ကျန်းမာရေးစောင့်ရှောက်မှု

30/09/2026

ဝိတ်ချနေတာမျိုး မရှိဘဲ အစားတွေအများကြီးစားလျက်နဲ့ ကိုယ်အလေးချိန်တွေ ရုတ်တရက်ကျသွားလို့ ဝမ်းသာနေလား? 😲 တကယ်တော့ ဒါဟာ သာယာစရာမဟုတ်ဘဲ ဆီးချိုရောဂါအတွက် အရေးကြီးတဲ့ သတိပေးလက္ခဏာတစ်ခု ဖြစ်နေနိုင်ပါတယ်။ 🚨

💡 ကျန်းမာရေး ဗဟုသုတအချက်များ (Short Facts):
👉 ခန္ဓာကိုယ်က အင်ဆူလင် (Insulin) ကို ကောင်းကောင်းမသုံးနိုင်တဲ့အခါ သွေးထဲကသကြားဓာတ်တွေဟာ ဆဲလ်တွေဆီကို စွမ်းအင်အဖြစ် မရောက်ရှိနိုင်တော့ပါဘူး။
👉 အဲဒီအခါ လိုအပ်တဲ့စွမ်းအင်ရဖို့ ခန္ဓာကိုယ်ထဲက ကြွက်သားနဲ့ အဆီပိုတွေကို ဖျက်ဆီးသုံးစွဲရတဲ့အတွက် အစားဘယ်လောက်စားစား ပိန်ချုံးပြီး အားအင်ကုန်ခမ်းစေတာပါ။

အကြောင်းရင်းမရှိဘဲ ဝိတ်ကျလာပြီဆိုရင်တော့ သွေးချိုပမာဏကို သေချာစစ်ဆေးဖို့ အထူးလိုအပ်နေပါပြီ။ အဖြေတိကျမှန်ကန်ပြီး အလွယ်တကူစစ်ဆေးနိုင်တဲ့ Gmate ဆီးချိုတိုင်းစက်နဲ့ သွေးစစ်တံလေးတွေကို အခုပဲ ယုံကြည်စိတ်ချစွာ ဆောင်ထားလိုက်ပါရှင်။ 🥰

28/09/2026

ခဏခဏ ဖျားနာပြီး ဆီးအောင့်၊ ဆီးကျဉ်တာတွေ ဖြစ်နေတာ ဆီးချိုကြောင့် ဖြစ်နိုင်လား? 🤔 တခြားသူတွေထက် အအေးမိလွယ်၊ ဖျားလွယ်နေရင် သင့်ကိုယ်ခံအားစနစ်ကို သွေးချိုက နှောင့်ယှက်နေတာ ဖြစ်နိုင်ပါတယ်။ 🚨

💡 ကျန်းမာရေး ဗဟုသုတအချက်များ (Short Facts):
👉 သွေးတွင်းသကြားဓာတ် မြင့်တက်နေချိန်မှာ သွေးဖြူဥတွေ အလုပ်ကောင်းကောင်းမလုပ်နိုင်လို့ ကိုယ်ခံအားကျဆင်းပြီး ရောဂါကူးစက်လွယ်ပါတယ်။
👉 ပိုလျှံနေတဲ့ သကြားဓာတ်တွေကို ဆီးကနေတစ်ဆင့် စွန့်ထုတ်တဲ့အခါ ဘက်တီးရီးယားနဲ့ မှိုပိုးတွေ ပေါက်ဖွားဖို့ အကောင်းဆုံးအစာဖြစ်သွားလို့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI) အဖြစ်များစေပါတယ်။

ဒီလိုပြဿနာတွေ ကင်းဝေးဖို့ ရေများများသောက်၊ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်တဲ့အပြင် "သွေးချိုပမာဏ" ကို အမြဲ ပုံမှန်တိုင်းတာဖို့ အရေးကြီးပါတယ်။ အဖြေတိကျမှန်ကန်တဲ့ Gmate ဆီးချိုတိုင်းစက်နဲ့ သွေးစစ်တံလေးတွေကို အိမ်မှာ ယုံကြည်စိတ်ချစွာ ဆောင်ထားလိုက်ပါရှင်။ 🥰

26/09/2026

ရေဘယ်လောက်သောက်သောက် ရေဆာမပြေဖြစ်နေလား? 💧 ခဏခဏလည်း အိမ်သာပြေးနေရတယ်ဆိုရင် ဒါဟာ ရာသီဥတုပူလို့မဟုတ်ဘဲ သွေးချိုတက်နေတဲ့ သတိပေးခေါင်းလောင်းသံ ဖြစ်နိုင်ပါတယ်။ 🚨

💡 ကျန်းမာရေး ဗဟုသုတအချက်များ (Short Facts):
👉 သွေးထဲ သကြားဓာတ်များလာရင် ကျောက်ကပ်က ဆီးအဖြစ် အတင်းစစ်ထုတ်ရလို့ ရေဓာတ်ပိုခမ်းခြောက်စေပါတယ်။
👉 ရေဆာတယ်ဆိုပြီး အချိုရည်တွေ ထပ်သောက်ရင် သွေးချိုပိုတက်ပြီး အခြေအနေ ပိုဆိုးနိုင်ပါတယ်။

ကိုယ့်ရဲ့ သွေးချိုအခြေအနေကို ဆေးရုံသွားစရာမလိုဘဲ အိမ်မှာတင် အလွယ်တကူနဲ့ တိကျစွာ စစ်ဆေးနိုင်ဖို့ Gmate ဆီးချိုတိုင်းစက်နဲ့ သွေးစစ်တံများကို ယုံကြည်စိတ်ချစွာ ရွေးချယ်လိုက်ပါရှင်။ 🥰

11/09/2026

စက်တင်ဘာလအတွက် GMATE ရဲ့ သတင်းကောင်း! 🎉

ဆီးချိုရောဂါရှိ၊ မရှိ အခမဲ့ စမ်းသပ်ချင်သူတွေနဲ့ ဆီးချိုတိုင်းစက် အသစ်လေး လက်ဆောင်ရယူချင်သူတွေအတွက် အထူးပရိုမိုးရှင်း အစီအစဉ်ကြီး လာပါပြီ။ 📢

✨ အခမဲ့ ဆီးချိုစစ်ဆေးပေးမည့် နေရာများ

စက်တင်ဘာ (၉) ရက် - Swan Pharmacy (အမှတ် ၈၈/၉၂၊ မြေညီထပ်၊ အနော်ရထာလမ်းမကြီး၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။)

စက်တင်ဘာ (၁၉) ရက် - iki iki Wellness Festival (Daiichi Life Myanmar - ဝန်ကြီးများရုံး)

🎁 Strips ဝယ်ရုံနဲ့ စက်အသစ် လက်ဆောင်ရမည့် နေရာများ

စက်တင်ဘာ (၁၇) နှင့် (၁၈) ရက် - City Care (အလုပ်သမားဆေးရုံရှေ့၊ အရိုးကုန်းလမ်းထိပ်)

စက်တင်ဘာ (၂၃) နှင့် (၂၄) ရက် - City Care (အမှတ် ၈၇/ဘီ၊ မကြီးကြီးလမ်း၊ စမ်းချောင်း)

ငွေမကုန်ဘဲ ကျန်းမာရေးစစ်ဆေးရင်း GMATE ရဲ့ အထူးပရိုမိုးရှင်းမှာ ပါဝင်ဖို့ သတ်မှတ်ရက်တွေမှာ နီးစပ်ရာ ဆေးဆိုင်တွေကို အမြန်ဆုံး သွားရောက်လိုက်ကြစို့။ 👇 အသေးစိတ်ကို ဗီဒီယိုထဲမှာ ဆက်ကြည့်လိုက်နော်။

30/08/2026

🏥💙 City Care Grand Opening မှာ Gmate Myanmar နဲ့ ကျန်းမာရေးစစ်ဆေးကြမယ်!

နေပြည်တော်က မိတ်ဆွေတွေအတွက် သတင်းကောင်းလေးလာပါပြီနော်! 🎉

📍 Gamone Pwint, Nay Pyi Taw မှာ ကျင်းပနေတဲ့ City Care Grand Opening ပွဲမှာ Gmate Myanmar ကလည်း ပါဝင်ပြီး အားလုံးအတွက် ကျန်းမာရေးစစ်ဆေးပေးခြင်း Activity လေး ပြုလုပ်ပေးနေပါတယ်။ 🩺✨

ကိုယ့်ကျန်းမာရေးကို ပုံမှန်စောင့်ရှောက်ဖို့က အရေးကြီးတာမို့
🎯 လာရောက်ရင်း ကျန်းမာရေးလေးလည်း စစ်ဆေးလိုက်ရအောင်နော်!

📅 ဒီနေ့ကနေ နောက် ၃ ရက်တိုင်တိုင်
(30 August to 2 September)📍 Gamone Pwint, Nay Pyi Taw

City Care Grand Opening ကို လာရောက်ရင်း Gmate Myanmar နဲ့အတူ ကိုယ့်ကျန်းမာရေးကိုလည်း ဂရုစိုက်လိုက်ပါနော်! 💙

📸 လာရောက်စစ်ဆေးပြီး အမှတ်တရလေးတွေလည်း မျှဝေပေးခဲ့ကြပါဦးနော်! 🥰

#ကျန်းမာရေးစောင့်ရှောက်မှု

Address

Kamayut
11041

Telephone

+959977703040

Website

Alerts

Be the first to know and let us send you an email when Gmate Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Gmate Myanmar:

Shortcuts

Share

Nearby computer & electronics services