18/11/2025
❗MaxxB Fiber Internet တပ်ဆင်သုံးစွဲထားသူများ ဘေပေးဆောင်ရာတွင် သတိပြုသင့်သောအရာများ....❗
“ MaxxB Fiber Internet's Bill Payments များပေးဆောင်ရာတွင် သတိပြုရန်🔔 ’’
1. MaxxB Fiber Internet Company သည် Bill Payment များပေးဆောင်ပေးရန် အတွက် Online Banking's,PAYs များတွင် “လူပုဂ္ဂိုလ် အမည်ပါသော အကောင့်နံပါတ် (သို့) ဖုန်းနံပါတ်များ” ဖြင့် တောင်းခံခြင်းမရှိပါ။
2. Online Banking's, Pays များတွင် “လူပုဂ္ဂိုလ် အမည်ပါသော အကောင့်နံပါတ် (သို့) ဖုန်းနံပါတ်များ” ပေး၍ တောင်းခံလာသော ဆက်သွယ်မှုများသည် MaxxB Fiber Internet Company မှ မဟုတ်ကြောင်း သတိပြုရန်လိုအပ်ပါသည်။
3. Scam_ မူမမှန်သော Bill တောင်းခံမှုများအား ငွေမလွှဲခင်မှန်ကန်ကြောင်း စစ်ဆေးအတည်ပြုရန် အတွက် MaxxB Fiber Internet Company ၏ တရားဝင်ဆက်သွယ်ရန် ( 📞 09 771000 900 ) သို့မဟုတ် ( MaxxB Fiber Internet page ) တွင်လည်း လာရောက်အတည်ပြု စစ်ဆေးနိုင်ပါသည်။
4. MaxxB Fiber Internet သည် Online Bankings, Pays များတွင် “လူပုဂ္ဂိုလ် အမည်ပါသော အကောင့်နံပါတ် (သို့) ဖုန်းနံပါတ်များ “များဖြင့် ဖော်ပြခြင်းမရှိပဲ ၊ ငွေပေးချေခြင်းဆိုင်ရာနည်းလမ်းများသည် { Kpay ဖြင့်ဘေလ်ဆောင် သူများအနေဖြင့် QuickPay , Wave Pay ဖြင့်ဘေလ်ဆောင်သူများအနေဖြင့် အင်တာနက်ဘေလ် , CB Pay ဖြင့်ဘေလ်ဆောင်သူများအနေဖြင့် Pay Bill , AYA Pay ဖြင့် ဘေလ်ပေးဆောင်သူများအနေဖြင့် Pay Bill ] ထဲမှ Search Bar ကနေတဆင့် “ MaxxB Fiber ‘’ ဟုပေါ်လာမှသာ အမှန်ဖြစ်ပြီး၊ Customer များ၏ ငွေတောင်းခံလွှာတွင် ပါရှိသော အချက်လက်များ ( နာမည် ၊ Customer ID ၊ ငွေပမာဏ ၊ ငွေတောင်းခံလွှာအမှတ် ၊ ဖုန်းနံပါတ် )စသော အချက်အလက်များကို ဖြည့်သွင်းပြီး ပေးဆောင်နိုင်ပါသည်။
5. MaxxB သုံးစွဲသူ Customers များအနေဖြင့် ယခုအချိန်အခါတွင် Online ငွေကြေးလိမ်လည်သူများဟာ တရားဝင်ပုံစံတူများဖြင့် “ဖုန်းခေါ်ဆိုခြင်း ၊ SMS ၊ Viber ၊ Telegram ၊ page အတုများ “ကို ကျွမ်းကျင်စွာဖန်တီးလာနိုင်သည့်အတွက်၊ မည်သည့်ငွေကြေးတောင်းခံလွှာမဆို သက်ဆိုင်ရာ တရားဝင် Company များအား အရင်ဆုံးစစ်ဆေးအတည်ပြုပြီးမှသာလျှင် ဆက်လက်လုပ်ဆောင်သွားကြဖို့ သတိပေးတိုက်တွန်းအပ်ပါသည်။
6. MaxxB ငွေပေးဆောင်ရန်အတွက် တရားဝင်နည်းလမ်းများ
https://www.facebook.com/share/v/14NYw8kMf7r/
တစုံတရာ အသေးစိတ်သိရှိလိုပါက page Chatbox မှာလဲ စုံစမ်းမေးမြန်းနိုင်သလို
Viber Channel ဖြစ်တဲ့ ( 09 45 222 96 36 ) သို့လဲ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့် .....