Myanmar FPGA Platform

Myanmar FPGA Platform Myanmar FPGA Platform

"   #မိုက်ခရိုပရိုဆက်ဆာဆိုတာ_ဘာလဲ  "လွန်ခဲ့သောအနှစ်လေးဆယ်အတွင်း ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာကြီးကို မမှတ်မိနိုင်လောက်အော...
21/07/2023

" #မိုက်ခရိုပရိုဆက်ဆာဆိုတာ_ဘာလဲ "

လွန်ခဲ့သောအနှစ်လေးဆယ်အတွင်း ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာကြီးကို မမှတ်မိနိုင်လောက်အောင် ပြောင်းလဲစေခဲ့တဲ့အရာကို ပြပါဆိုလျှင် မိုက်ခရိုပရိုဆက်ဆာကို ပြရမှာဖြစ်ပါတယ်။ မိုက်ခရိုပရိုဆက်ဆာတွေနဲ့ တည် ဆောက်ထားတဲ့ ကွန်ပျူတာတွေ၊ ဖုန်းတွေနဲ့ အခြားသော အီလက်ထရောနစ်ပစ္စည်းတွေဟာဆိုရင် ယနေ့ခေတ်နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး နှင့် အခြားသော နယ်ပယ်များတွင် များစွာအသုံးဝင်လျက်ရှိပါတယ်။ ၎င်းမိုက်ခရိုပရိုဆက်ဆာတွေကို ဟာ့ဒ်ဝဲ (Hardware) ပုံစံအမျိုးမျိုးဖြင့် ထုတ်လုပ်ထားပြီး အသုံးပြုသည့်နယ်ပယ်အလိုက် အမျိုးမျိုးသော ပုစ္ဆာပြဿနာများကို ဖြေရှင်းနိုင်သော်လည်း မိုက်ခရိုပရိုဆက်ဆာတွေဟာဆိုရင် ပရိုဂရမ်ညွှန်ကြားမှု အစီအစဉ်ဖြင့် ဘိုင်နရီကိန်းများ (ဒေတာများ) ၏ ဂဏာန်းသင်္ချာနှင့်လော့ဂျစ်သင်္ချာကိုသာ တွက်ချက်နိုင်သည့် အီလက်ထရောနစ်ပစ္စည်းများသာဖြစ်ပါတယ်။
ဖွဲ့စည်းပုံ - မိုက်ခရိုပရိုဆက်ဆာကို အဓိကအားဖြင့် တွက်ချက်စက် (Operating Device – OD)၊ ထိန်းချုပ်စက် (Control Device - CD)၊ ဒေတာသိမ်းပစ္စည်း (Memory) နှင့် ကြားခံပစ္စည်းများ (Interface Devices) များဖြင့် တည်ဆောက်ထားပါတယ်။ ရှေးဦးစွာ တွက်ချက်ခြင်းခံရမည့် ဒေတာများကို ဒေတာသိမ်းပစ္စည်းထဲ၌ သိမ်းဆည်းထားပါတယ်။ ထို့နောက်တွက်ချက်စက်သည် မှတ်ဉာဏ်ပစ္စည်းမှ ပေးပို့လာသော ဒေတာများ၏ ဂဏာန်းသင်္ချာနှင့်လော့ဂျစ်သင်္ချကို တွက်ချက်ပေးပါတယ်။ တွက်ချက်မှုလုပ်ငန်းကို ထိန်းချုပ်ပေးရန် ပရိုဂရမ်ညွှန်ကြားချက်များ (program instructions)ကို ထုတ်ပေးနိုင်သော ထိန်းချုပ်စက်ကို သုံးထားပါတယ်။ ကြားခံပစ္စည်းများကို ပြင်ပပစ္စည်းများနှင့် မိုက်ခရိုပရိုဆက်ဆာ၏ အီလက်ထရောနစ်/လော့ဂျစ်ပိုင်းဆိုင်ရာ ချိတ်ဆက်ပေးမှု နှင့် ၎င်းတို့အကြား ဒေတာများ၏ လဲလှယ်မှုအတွက် အသုံးပြုပါတယ်။

ယနေ့မျက်မှောက်ခေတ်၌ မိုက်ခရိုပရိုဆက်ဆာစနစ်များကို အခြေခံ၍ တည်ဆောက်ထားသော ခေတ်မီလက်ကိုင်ဖုန်းများ၊ ကွန်ပျူတာများနှင့် လက်...
01/07/2023

ယနေ့မျက်မှောက်ခေတ်၌ မိုက်ခရိုပရိုဆက်ဆာစနစ်များကို အခြေခံ၍ တည်ဆောက်ထားသော ခေတ်မီလက်ကိုင်ဖုန်းများ၊ ကွန်ပျူတာများနှင့် လက်ပ်တော့ပ်များသည် မြန်မာနိုင်ငံရှိ သုံးစွဲသူအများစု၏ လက်ဝယ်သို့ ရောက်ရှိနေကြပြီ ဖြစ်သော်လည်း ၎င်းပစ္စည်းများအတွင်းရှိ မိုက်ခရိုပရိုဆက်ဆာများ (microprocessors) မည်ကဲ့သို့ အလုပ်လုပ်နေသည်ကို သိရှိသူ အရေအတွက်မှာ များပြားလှသည် မဟုတ်ပါ။ မိုက်ခရိုပရိုဆက်ဆာစနစ်များအကြောင်း ရေးသားထားသော နည်းပညာဆိုင်ရာ စာအုပ် စာတမ်း အများစုမှာလည်း အနောက်တိုင်းဘာသာစကားများဖြင့် ရေးသားထုတ်ဝေထားကြသဖြင့် ပြည့်စုံ တိကျစွာ နားလည်ရန် ခက်ခဲပါသည်။
ကွန်ပျူတာသိပ္ပံနှင့်နည်းပညာဆိုင်ရာ ဘာသာရပ်များသည် နည်းပညာစကားလုံးများ၏ ဝေါဟာရအဓိပ္ပါယ်များ၏ ဗဟုသုတမရှိပါက ကွန်ပျူတာရှိ မိုက်ခရို ပရိုဆက်ဆာတစ်ခုသည် “အမှန်တကယ် ဘယ်လိုတွက်ချက်နေသလဲ” ဆိုသည့်မေးခွန်းကို တိကျစွာအဖြေပေးနိုင်ရန် ခက်ခဲနေပေလိမ့်မည်။ စာပေသင်ကြားပေးမှုအရ ကျောင်းသားအများစုသည် ကွန်ပျူတာတစ်ခု၏ အခြေခံအစိတ်အပိုင်းများအကြောင်း နှင့် ယေဘုယျအလုပ်လုပ်ပုံကို သိရှိကြသော်လည်း ၎င်းကွန်ပျူတာ၏ အတွင်းပိုင်း၌ “မည်သို့မည်ပုံ အလုပ်လုပ်နေသည်၊ မည်ကဲ့သို့ ဖွဲ့စည်းတည်ဆောက် ထားသည်” ကို ရှင်းရှင်းလင်းလင်း သိရှိသူမှာ နည်းပါးလှ၏။
ထို့ကြောင့် ဒီဂျစ်တယ် လျှပ်စီးပတ်လမ်းများနှင့် မိုက်ခရိုပရိုဆက်ဆာစနစ်တစ်ခု၏ တည်ဆောက်မှုနှင့် အသေးစိတ် အလုပ်လုပ်ပုံကို သိရှိနားလည်ရန်မှာ ကွန်ပျူတာနည်းပညာ ဘာသာရပ်များကို လေ့လာ နေသော ကျောင်းသားများအတွက် စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်နေ၏။ ယင်းစိန်ခေါ်မှုကို ကျော်လွှားနိုင်ရန် အလို့ငှာ မြန်မာနိုင်ငံရှိ တက္ကသိုလ်ကျောင်းသား/ကျောင်းသူများအတွက် ဖြည့်ဆည်းနိုင်ရန်အလို့ငှာ ကျွန်တော်သည် “ဒီဂျစ်တယ်လျှပ်စီးပတ်လမ်းများနှင့် မိုက်ခရိုပရိုဆက်ဆာတည်ဆောက်ခြင်း (လက်တွေ့ လေ့ကျင့်ခန်း)” များနှင့် သက်ဆိုင်သော
(က) မှတ်ဉာဏ်မဲ့လျှပ်စီးပတ်လမ်းများ
(ခ) မှတ်ဉာဏ်လျှပ်စီးပတ်လမ်းများ
(ဂ) ခုန်လှိုင်းပါသော မှတ်ဉာဏ်လျှပ်စီးပတ်လမ်းများ
(ဃ) ကြိမ်နှုန်းခွဲစက်
(င) ကြိမ်နှုန်းရေတွက်စက်
(စ) ဂဏာန်းသင်္ချာနှင့် လော့ဂျစ်သင်္ချာတွက်စက်
(ဆ) မှတ်ဉာဏ်ပါသော ဂဏာန်းသင်္ချာနှင့်လော့ဂျစ်သင်္ချာတွက်ချက်စက်
(ဈ) မိုက်ခရိုပရိုဂရမ်ထိန်းချုပ်မှုပါဝင်သော မိုက်ခရိုပရိုဆက်ဆာ
ပညာရပ်များကို “ Myanmar FPGA Platform ” page မှ ဆွေနွေး မျှဝေသွားမည်ဖြစ်ပါသည်။

Myanmar FPGA Platform သည် ဒီဂျစ်တယ်လျှပ်စီးပတ်လမ်းများ (Digital circuits)  တည်ဆောက်ခြင်း၊ ဒီဂျစ်တယ်ဒေတာတွက်ချက်မှုစနစ်မျ...
22/06/2023

Myanmar FPGA Platform သည် ဒီဂျစ်တယ်လျှပ်စီးပတ်လမ်းများ (Digital circuits) တည်ဆောက်ခြင်း၊ ဒီဂျစ်တယ်ဒေတာတွက်ချက်မှုစနစ်များ (Digital signal processing)၊ FPGA အသုံးပြုမှုများကို သင်ကြားဆွေးနွေးသွားမည့် နယ်ပယ်တစ်ခုဖြစ်ပါသည်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Myanmar FPGA Platform posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar FPGA Platform:

Share