22/08/2026
Computer သေးသေးကျစ်ကျစ်လေးတွေ ဆင်ရတာ ကြိုက်တဲ့ 2 Cents Builds နဲ့ သင်္ဘောပေါ်ထိ Gaming PC သယ်သွားချင်တဲ့ Seaman အစ်ကိုတို့ဆိုတာ တကယ့်ကို နတ်ဖက်တဲ့ စုံတွဲတွေလိုပါပဲ။ ကျွန်တော်တို့က High Performance ရတဲ့ Gaming PC အသေးစားလေးတွေ ဆင်ရတာကို အကြိုက်တွေ့၊ အစ်ကိုတို့ကလည်း ရေထဲအထိ သယ်သွားလို့လွယ်မယ့် PC မျိုးကို လိုချင်နဲ့ဆိုတော့ အံကိုကိုက်နေရောပါပဲ။
အခုဆင်ထားတဲ့ PC လေးကိုပဲ ကြည့်လိုက်ပါဦး... Intel Core Ultra 5 K Series ကို အမိုက်စား RTX 5080 နဲ့ တွဲပေးထားတာတောင် အလေးချိန်က 20 KG တောင် မပြည့်ဘူးဗျ။ Size သေးသွားလို့ စိတ်ပူစရာမလိုပါဘူး။ Heat Dissipation, Airflow နဲ့ Temps တွေကအစ၊ FPS နဲ့ Performance ပိုင်းအထိ ဘာတစ်ခုမှ လျှော့ချစရာမလိုဘဲ အပြည့်အဝစွမ်းဆောင်နိုင်ပါတယ်။ ဘယ်လောက်တောင် မိုက်လဲဗျာ။ 🔥