Info Tech Computer

Info Tech Computer Software Development and ICT Solution Company Limited ကွန်ပျုတာ စနစ်သုံး ဈေးအရောင်း Software အား ဝယ်ယူရရှိနိုင်ပါသည်။

🔥 Laptop ပူလာပြီဆို ဒီအချက်တွေ အရင်လုပ်ပါLaptop သုံးနေရင်း အောက်ခြေက အရမ်းပူလာတယ်၊ Keyboard ပူလာတယ်၊ Fan အသံကလည်း တော်တေ...
02/09/2026

🔥 Laptop ပူလာပြီဆို ဒီအချက်တွေ အရင်လုပ်ပါ
Laptop သုံးနေရင်း အောက်ခြေက အရမ်းပူလာတယ်၊ Keyboard ပူလာတယ်၊ Fan အသံကလည်း တော်တော်ကျယ်လာတယ်ဆိုရင် ဒီအတိုင်းဆက်သုံးမနေသင့်ပါဘူး။
Laptop ပူလွန်းတာက Computer နှေးလာတာ၊ Software တွေ Lag ဖြစ်တာနဲ့ ရုတ်တရက် Shutdown ဖြစ်တာတွေ ဖြစ်စေနိုင်ပါတယ်။
ဒါဆို Laptop အပူချိန်လျော့အောင် ဘာတွေလုပ်လို့ရမလဲ?
━━━━━━━━━━━━━━
① Laptop ကို အိပ်ရာပေါ်မှာ မသုံးပါနဲ့
ခေါင်းအုံး၊ စောင်၊ မွေ့ရာပေါ်မှာ Laptop ထားသုံးရင် အောက်ဘက်က လေဝင်လေထွက်ပေါက်တွေ ပိတ်သွားနိုင်ပါတယ်။
အပူကို အပြင်ထုတ်ဖို့ ခက်သွားတာကြောင့် Laptop ပိုပူလာနိုင်ပါတယ်။
စားပွဲလို မာကျောပြီး လေဝင်လေထွက်ကောင်းတဲ့ မျက်နှာပြင် ပေါ်မှာ သုံးတာ ပိုကောင်းပါတယ်။
━━━━━━━━━━━━━━
② မလိုတဲ့ Background App တွေ ပိတ်ပါ
နောက်ကွယ်မှာ Program တွေ အများကြီး Run နေရင် CPU အသုံးပြုမှု မြင့်လာပြီး အပူပိုထွက်နိုင်ပါတယ်။
စစ်ချင်ရင် —
Ctrl + Shift + Esc
နှိပ်ပြီး Task Manager ကိုဖွင့်ပါ။
CPU အသုံးပြုမှုများနေတဲ့ Program တွေကို ကြည့်ပြီး မလိုအပ်တာတွေကို ပိတ်နိုင်ပါတယ်။
━━━━━━━━━━━━━━
③ Fan နဲ့ Air Vent တွေ သန့်ရှင်းပါ
Laptop Fan နဲ့ Air Vent တွေမှာ ဖုန်များလာရင် လေဝင်လေထွက် မကောင်းတော့နိုင်ပါတယ်။
အဲ့ဒါကြောင့် Fan က ပိုမြန်မြန်လည်ပြီး အသံကျယ်လာတာ၊ Laptop ပိုပူလာတာတွေ ဖြစ်နိုင်ပါတယ်။
ဖုန်အရမ်းများနေရင် ကိုယ်တိုင် Laptop ဖွင့်ပြီး မလုပ်တတ်ပါက Technician နဲ့ သန့်ရှင်းစစ်ဆေးတာ ပိုကောင်းပါတယ်။
━━━━━━━━━━━━━━
④ Game / Video Editing လုပ်တဲ့အချိန် သတိထားပါ
Game ဆော့တာ၊ Video Editing လုပ်တာ၊ 3D Software သုံးတာတွေက CPU / GPU ကို ပိုအသုံးပြုစေတဲ့အတွက် Laptop ပိုပူနိုင်ပါတယ်။
အပူချိန်အရမ်းတက်လာရင် ခဏနားပေးပြီး Cooling System ကို စစ်ဆေးသင့်ပါတယ်။
━━━━━━━━━━━━━━
⑤ Cooling Pad သုံးနိုင်ပါတယ်
Laptop အောက်ဘက် လေဝင်လေထွက်ကောင်းအောင် Cooling Pad သုံးနိုင်ပါတယ်။
ဒါပေမယ့် Cooling Pad တပ်လိုက်ရုံနဲ့ အပူပြဿနာအားလုံး ပြေလည်သွားမယ်လို့တော့ မယူဆသင့်ပါဘူး။
Fan ပျက်တာ၊ Air Vent ပိတ်တာ၊ အတွင်းပိုင်းဖုန်များတာ စတဲ့ ပြဿနာရှိနေရင် အကြောင်းရင်းကိုပါ ဖြေရှင်းရပါမယ်။
━━━━━━━━━━━━━━
⚠️ ဒီလိုဖြစ်နေရင် သေချာစစ်ဆေးပါ
• Laptop က ပုံမှန်ထက် အရမ်းပူနေတယ်
• Fan အသံ အမြဲတမ်းကျယ်နေတယ်
• Software တွေ ခဏခဏ Lag ဖြစ်တယ်
• Game ဆော့ရင်း Performance ကျလာတယ်
• Laptop ရုတ်တရက် Restart / Shutdown ဖြစ်တယ်
ဒီလိုလက္ခဏာတွေ ရှိနေပြီဆိုရင် အပူချိန်ကိုပဲ လျော့ဖို့ကြိုးစားတာထက် Fan, Air Vent နဲ့ Cooling System ကို သေချာစစ်ဆေးသင့်ပါတယ်။
━━━━━━━━━━━━━━
💡 မှတ်ထားသင့်တာက —
Computer နှေးလာတိုင်း RAM နည်းတာ၊ Virus ဝင်တာကြောင့်ပဲ မဟုတ်ပါဘူး။
အပူချိန်မြင့်နေတာကြောင့် CPU Performance လျော့သွားတာလည်း Computer နှေးလာရတဲ့ အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါတယ်။
ဒါကြောင့် Laptop ပူလာပြီဆိုရင် မပေါ့ဆဘဲ
လေဝင်လေထွက်ကောင်းအောင်ထားပါ
Background App တွေ စစ်ပါ
Fan နဲ့ Air Vent တွေ သန့်ရှင်းပါ
လိုအပ်ရင် Cooling System ကို စစ်ဆေးပါ။

📌📢 နည်းပညာပိုင်းဆိုင်ရာ ဗဟုသုတတွေအတွက်တွေအတွက်:
Tiktok channel link - https://www.tiktok.com/?_r=1&_t=ZS-96K8lwFSLH5
Telegram Channel - https://t.me/infotechmm

ဆေးဆိုင်သုံး Pharmacy Pro Software ✔️Expiration Date ကုန်ခါနီး ဆေးပစ္စည်းစာရင်း. များ ကြည့်ရှုစစ်ဆေးနိုင်ခြင်း။ ✔️ဆေးပစ္...
02/09/2026

ဆေးဆိုင်သုံး Pharmacy Pro Software

✔️Expiration Date ကုန်ခါနီး ဆေးပစ္စည်းစာရင်း. များ ကြည့်ရှုစစ်ဆေးနိုင်ခြင်း။
✔️ဆေးပစ္စည်းများကို ဈေးနှုန်း သတ်မှတ်ခြင်းများ၊ Unit သတ်မှတ်ခြင်းများ၊ ကြိုက်နှစ်သက်ရာ Code နံပါတ်များ သတ်မှတ်ထားရှိနိုင်ခြင်းနှင့် Barcode အသုံးပြုနိုင်ခြင်း။
✔️User Roll အလိုက် permission များသတ်မှတ်နိုင်ပြီး User အကန့်အသတ်မရှိတည်ဆောက်အသုံးပြုနိုင်ခြင်း။
✔️ customer list, supplier list များ ထည့်သွင်းထားပြီး အကြွေးရောင်း၊ အကြွေးဝယ်စနစ်အသုံးပြုပြီး အကြွေးစာရင်းမှတ်သားနိုင်ခြင်း။
✔️နေ့စဉ်၊ လစဉ်၊ နှစ်စဉ် အရောင်းအ၀ယ် စာရင်းများ၊ ဆေးလက်ကျန်စာရင်းများအား ဆေးပစ္စည်း အမျိုးအစားလိုက်၊ ဆေးပစ္စည်း တခုချင်းစီအလိုက် ကြည့်ရှုစစ်ဆေးနိုင်ခြင်း။
✔️Data report များကို Excel ဖြင့် Import/ Export ပြုလုပ်နိုင်ခြင်း။
✔️ဘောင်ချာ၊ Logo၊ ဆေးဆိုင်အမည်၊ လိပ်စာများအား စိတ်ကြိုက်ပြင်ဆင်နိုင်ပြီး Paper size (၄) မျိုးပါတဲ့အတွက် ကြိုက်နှစ်သက်ရာ Printer ဖြင့် Print ထုတ်နိုင်ခြင်း။
✔️ငွေအသုံးစာရင်း၊ ပစ္စည်းအသုံးစာရင်း၊ ပျက်စီးဆုံးရှုးစာရင်းများ ထည့်သွင်းထားနိုင်ပြီး အရှုံးအမြတ်တွက်ပေးခြင်း။

အခုပဲလူကြီးမင်းတို့ရဲ့ဆေးဆိုင်အတွက်ဝယ်ယူလိုက်ပါ။
Telegram channel link -
https://t.me/infotechmm

🏠 လိပ်စာ - အခန်း(B-7/1) ၊ Pro 2 Housing ၊Near MICT Park၊ ယောဂီကျောင်းလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ ။

☎️ဖုန်း-09982047726/09782100193

#ဆေးဆိုင်သုံးSoftware

USB Type-C နဲ့ Lightning Port ရဲ့ ကွာခြားချက် 🔌📱 Apple တောင် Type-C ပြောင်းသွားရတဲ့ အဓိက အကြောင်းရင်း (၅) ချက်ယနေ့ခေတ် စ...
02/09/2026

USB Type-C နဲ့ Lightning Port ရဲ့ ကွာခြားချက် 🔌📱 Apple တောင် Type-C ပြောင်းသွားရတဲ့ အဓိက အကြောင်းရင်း (၅) ချက်

ယနေ့ခေတ် စမတ်ဖုန်း၊ Laptop နဲ့ နားကြပ် တော်တော်များများမှာ USB Type-C ကို ပြောင်းလဲ အသုံးပြုလာကြပါပြီ။
Apple ရဲ့ မူပိုင် Lightning Port နဲ့ USB Type-C ကြားမှာ ဘယ်လို ကွာခြားချက်တွေ ရှိနေလဲဆိုတာကို ယှဉ်ကြည့်လိုက်ရအောင်! 👇
၁။ Charging Speed (အားသွင်းနှုန်း အရှိန်)
USB Type-C ဟာ Power Delivery (PD) နည်းပညာနဲ့အတူ 100W ကနေ 240W အထိ ပိုမို မြင့်မားတဲ့ ဓာတ်အားကို ပို့ဆောင်ပေးနိုင်ပါတယ်။ Lightning Port ကတော့ 20W ခန့်အထိသာ အမြင့်ဆုံး ပံ့ပိုးပေးနိုင်တာကြောင့် Type-C က အားသွင်းနှုန်း သိသိသာသာ ပိုမို မြန်ဆန်ပါတယ်။
၂။ Data Transfer Speed (ဒေတာ ကူးပြောင်းမှု အရှိန်နှုန်း)
Lightning Port တွေဟာ မူရင်း USB 2.0 နည်းပညာကိုသာ သုံးထားတာကြောင့် ဒေတာကူးရင် 480 Mbps အထိပဲ ရပါတယ်။ USB Type-C (USB 3.2 / Thunderbolt 4) တွေကတော့ 40 Gbps အထိ အဆမတန် ပိုမို မြန်ဆန်စွာ ဒေတာ ပို့ဆောင်ပေးနိုင်ပါတယ်။
၃။ Universal Compatibility (စက်ပစ္စည်း အားလုံးမှာ သုံးနိုင်မှု)
Type-C ဟာ တကမ္ဘာလုံးဆိုင်ရာ စံနှုန်း (Universal Standard) ဖြစ်တာကြောင့် Laptop, Android Phone, iPad, iPhone 15/16/17 Series နဲ့ အခြား Accessories တွေကို ကြိုးတစ်ချောင်းတည်းနဲ့ အဆင်ပြေစွာ သုံးနိုင်ပါတယ်။ Lightning ကတော့ Apple Device သီးသန့်သာ သုံးလို့ရပါတယ်။
၄။ External Display & Accessories Support (အခြား စက်များသို့ ချိတ်ဆက်နိုင်မှု)
USB Type-C ကြိုးကို အသုံးပြုပြီး ဖုန်း သို့မဟုတ် Laptop ရဲ့ မျက်နှာပြင်ကို Monitor / TV တွေဆီ 4K/8K Display အဖြစ် တိုက်ရိုက် ချိတ်ဆက်ပြသနိုင်ပါတယ်။ Lightning ကတော့ ထိုသို့ တိုက်ရိုက် ချိတ်ဆက်ဖို့ အကန့်အသတ် ရှိပါတယ်။
၅။ Durability & Design (ခိုင်ခံ့မှုနှင့် ဒီဇိုင်း)
Port နှစ်ခုလုံးဟာ ဘယ်ညာ လှည့်ထိုးလို့ရတဲ့ (Reversible) ဒီဇိုင်းတွေ ဖြစ်ကြပါတယ်။ သို့သော်လည်း Type-C က ကြိုးအစို/အပူ လျှပ်စစ်အန္တရာယ်တွေကို ကာကွယ်ပေးတဲ့ Safety Pin စနစ်များ ပိုမို ပါဝင်လာတာကြောင့် ရေရှည်မှာ ပိုမို စိတ်ချရပါတယ်။
Telegram channel link -
https://t.me/infotechmm
TikTok channel link -
https://www.tiktok.com/?_r=1&_t=ZS-98p9GW4OB3l

🖥 Computer နှေးလာရင် ဘာတွေကို အရင်စစ်ဆေးသင့်လဲ?Computer ကို နေ့စဉ်အသုံးပြုလာတာနဲ့အမျှ ဖွင့်ရတာကြာလာခြင်း၊ Program များ H...
02/09/2026

🖥 Computer နှေးလာရင် ဘာတွေကို အရင်စစ်ဆေးသင့်လဲ?
Computer ကို နေ့စဉ်အသုံးပြုလာတာနဲ့အမျှ ဖွင့်ရတာကြာလာခြင်း၊ Program များ Hang ဖြစ်ခြင်း၊ Internet သုံးနေစဉ် လေးလံနေခြင်း စတဲ့ ပြဿနာတွေ ကြုံတွေ့နိုင်ပါတယ်။ 😥
ဒါပေမယ့် Computer နှေးလာတိုင်း Hardware ပျက်သွားတာ သို့မဟုတ် Computer အသစ်ဝယ်ဖို့လိုတာ မဟုတ်ပါဘူး။ အောက်ပါအချက်တွေကို အရင်ဆုံး စစ်ဆေးကြည့်သင့်ပါတယ်။ 👇
🔹 1. Startup Programs များလွန်းနေသလား?
Computer ဖွင့်လိုက်တာနဲ့ Software အများအပြား Auto Start ဖြစ်နေပါက Computer Boot တက်ချိန် ပိုကြာနိုင်ပါတယ်။
👉 Task Manager > Startup Apps မှာ မလိုအပ်တဲ့ Startup Program တွေကို Disable ပြုလုပ်နိုင်ပါတယ်။
🔹 2. Storage နေရာ လုံလောက်မှုရှိသလား?
Drive ထဲမှာ Storage နေရာ အရမ်းနည်းနေပါက Windows နှင့် Program များ အလုပ်လုပ်ရာတွင် ထိခိုက်နိုင်ပါတယ်။
👉 မလိုအပ်တော့တဲ့ File များ၊ Download File အဟောင်းများနှင့် အသုံးမပြုတော့သော Software များကို ရှင်းလင်းပေးပါ။
🔹 3. RAM အသုံးပြုမှု များနေသလား?
Browser Tab များစွာဖွင့်ထားခြင်း၊ Program အများကြီး တစ်ပြိုင်နက် အသုံးပြုခြင်းတို့ကြောင့် RAM Usage များပြီး Computer လေးလံနိုင်ပါတယ်။
👉 အသုံးမပြုနေတဲ့ Program နှင့် Browser Tab များကို ပိတ်ထားပေးပါ။
🔹 4. Virus သို့မဟုတ် Malware ရှိနေလား?
မသိသော Website များမှ Software Download လုပ်ခြင်း သို့မဟုတ် မယုံကြည်ရသော File များကို ဖွင့်ခြင်းကြောင့် Virus နှင့် Malware များ ဝင်ရောက်နိုင်ပါတယ်။
👉 Antivirus ဖြင့် ပုံမှန် Scan ပြုလုပ်ပြီး မယုံကြည်ရသော Software များကို မသွင်းသင့်ပါ။
🔹 5. Computer ကို Restart လုပ်ကြည့်ပါ 🔄
Computer ကို အချိန်ကြာကြာ Restart မလုပ်ဘဲ အသုံးပြုထားပါက Background Process များနှင့် ယာယီ System ပြဿနာများကြောင့် Performance ကျဆင်းနိုင်ပါတယ်။
👉 Program Hang ဖြစ်နေခြင်း သို့မဟုတ် Computer လေးလံနေခြင်းရှိပါက Restart လုပ်ကြည့်ပါ။
📌 အရေးကြီးသောအချက်
Computer နှေးလာရခြင်းမှာ Software၊ Storage၊ RAM၊ Virus သို့မဟုတ် Hardware စတဲ့ အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် Computer အသစ်ဝယ်ဖို့ မဆုံးဖြတ်ခင် ပြဿနာရဲ့ အကြောင်းရင်းကို အရင်ဆုံး စစ်ဆေးသင့်ပါတယ်။ 👍
💻 Computer ကို ပုံမှန်စစ်ဆေးပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားခြင်းက Performance ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်ရန် အထောက်အကူဖြစ်စေပါတယ်။
Tiktok channel link🔗
https://www.tiktok.com/?_r=1&_t=ZS-98p9GW4OB3l

Telegram channel link🔗
https://t.me/infotechmm

🤝 ကျေးဇူးအထူးတင်ရှိပါသည် 🤝ဆေးရုံအတွက် Clinic Pro EMR Software ကို ရွေးချယ်အသုံးပြုပေးသော ဘိုကလေးမြို့ မှ "Myanmar Compas...
02/09/2026

🤝 ကျေးဇူးအထူးတင်ရှိပါသည် 🤝

ဆေးရုံအတွက် Clinic Pro EMR Software ကို ရွေးချယ်အသုံးပြုပေးသော ဘိုကလေးမြို့ မှ "Myanmar Compassion Clinic " အား Global Info Tech Software Company မိသားစုမှ ကျေးဇူးအထူးတင်ရှိပါကြောင်း ဖြင့် စီးပွားရေး ဒီရေအလား ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်ရှင့်🙏

Clinic Pro EMR Software မှာ ပါဝင်တဲ့ Features ​တွေက​တော့

🔹OPD, Inpatient, Referring Doctor,Appointmentစနစ်များပါရှိခြင်း။
🔹lab result များ print ထုတ်နိုင်ခြင်း။
🔹EMR Treatment ပိုင်းများကို Vitals Chart ဖြင့် ကြည့်ရှုနိုင်ခြင်း။
🔹​ဆေးပစ္စည်းများကို Barcode ထုတ်၍အသုံးပြုနိုင်ခြင်း။
🔹stock transfer အပိုင်းတွေပါဝင်ခြင်း။
🔹​ဆေးလက်ကျန်၊ ​ဆေးအဝင်အထွက်စာရင်းများကို တိကျမှန်ကန်စွာတွက်ချက်​ပေးခြင်း။
🔹Expiration Date စာရင်းများ၊ ကုန်ခါနီး ​ဆေးပစ္စည်းစာရင်းများ ကြည့်ရှုစစ်​ဆေးနိုင်ခြင်း။
🔹​ဘောင်ချာ၊ invoice Logo၊ ဆေးခန်းအမည်၊ လိပ်စာများအား စိတ်ကြိုက်ပြင်ဆင်နိုင်ခြင်း။
🔹ကြိုက်နှစ်သက်ရာ Printer ဖြင့် Print ထုတ်နိုင်ခြင်း။
🔹​အရှုးအမြတ် တွက်ချက်​ပေးခြင်း
🔹ရက်၊ လ၊ နှစ်အလိုက် reportများ အချိန်နှင့်တပြေးညီကြည့်ရှုနိုင်ခြင်း

✨Device ကန့်သတ်ချက်မရှိခြင်း – မိမိနှစ်သက်ရာ Device မှ အချိန်နဲ့တပြေးညီ Login ဝင်ကြည့်ရှုနိုင်ခြင်း
✨Data ဆုံးရှုးမှုမရှိအောင် Cloud စနစ်အပြည့်အဝ အသုံးပြုထားခြင်း
✨ဝန်ထမ်းများအလိုက် Role သတ်မှတ်ကာ Permission ကန့်သတ်နိုင်ခြင်း

အစရှိသဖြင့် function များစွာ ပါဝင်သောကြောင့် စီးပွားရေးအတွက် အထူးသင့်လျော်သော Software ကောင်း တစ်ခုပဲဖြစ်ပါတယ်။

ဆက်သွယ်ရန်လိပ်စာ:
🏠 အခန်း(B,71) ၊ Pro 2 Housing ၊Near MICT Park၊ ယောဂီကျောင်းလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ ။
📞 ၀၉၇၈ ၂၁၀ ၀၁၉၃၊ ၀၉၉၈ ၂၀၄ ၇၇၂၆

Tiktok channel link🔗
https://www.tiktok.com/?_r=1&_t=ZS-98p9GW4OB3l



✨ Easy Stock Pro Softwareသင့်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အဆင့်မြင့် POS Software 💻 Laptop / Desktop အပြင် 📱 Mobil...
01/09/2026

✨ Easy Stock Pro Software

သင့်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အဆင့်မြင့် POS Software

💻 Laptop / Desktop အပြင် 📱 Mobile Phone ဖြင့်လည်း အသုံးပြုနိုင်ပါသည်။

Easy Stock Pro Software ရဲ့ အားသာချက်များ

🎯 ကျွမ်းကျင် Developer များရေးသားထားသောကြောင့် Error ပိုင်းမှာ တာဝန်ယူမှုရှိပါသည်။

🎯 စျေးနှုန်းသက်သာပြီး Function များစွာကို စိတ်ကြိုက် အသုံးပြုနိုင်ပါသည်။

🎯 ဘာသာစကားများကို အလွယ်တကူပြောင်းလဲအသုံးပြုနိုင်ခြင်း။

📊 လုပ်ဆောင်နိုင်သော အဓိက Feature များ

✅ အဝယ်စာရင်းနှင့် အရောင်းစာရင်း

✅ ကုန်လက်ကျန်စာရင်းနှင့် အကြွေးစာရင်း

✅ ကုန်ကျစရိတ်နှင့် အသုံးစာရင်း

✅ အရှုံးအမြတ်စာရင်း

✅ ကုန်ပစ္စည်းများကို အကန့်အသတ်မရှိ စိတ်ကြိုက် ထည့်သွင်းနိုင်ခြင်း

✅ လက်ကျန်နည်းနေသောကုန်ပစ္စည်းများကို အသိပေးနိုင်ခြင်း

✅ Category များ အဆင့်ဆင့် ခွဲခြားထားနိုင်ခြင်း

✅ Supplier နှင့် Customer စာရင်း စနစ်ကျစွာ ထိန်းသိမ်းနိုင်ခြင်း

✅ ရက်၊ လ၊ နှစ်အလိုက် အစီရင်ခံစာများ အချိန်နှင့်တပြေးညီ ကြည့်ရှုနိုင်ခြင်း

✅ ဘောက်ချာဒီဇိုင်းကို စိတ်ကြိုက်ပြင်ဆင်နိုင်ခြင်း

🏪 သင့်ဆိုင်အတွက် အသုံးပြုနိုင်သော နယ်ပယ်များ

📌 အဝတ်အထည်ဆိုင်များ

📌 ဖန်စီပစ္စည်းဆိုင်များ

📌 ကုန်မျိုးစုံဆိုင်များ

📌 အားကစားပစ္စည်းဆိုင်များ

📌 ပရိဘောဂဆိုင်များ

📌 ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းဆိုင်များ

📌 အိမ်ဆောက်ပစ္စည်းဆိုင်များ

📌 စာရေးကိရိယာဆိုင်များ

✨ Device ကန့်သတ်ချက်မရှိခြင်း – မိမိနှစ်သက်ရာ Device မှ အချိန်နဲ့တပြေးညီ Login ဝင်ကြည့်ရှုနိုင်ခြင်း

✨Data ဆုံးရှုံးမှုမရှိအောင် Cloud စနစ်အပြည့်အဝ အသုံးပြုထားပါသည်။

✨ ဝန်ထမ်းများအလိုက် Role သတ်မှတ်ကာ Permission ကန့်သတ်နိုင်ခြင်း

Easy Stock Pro Software သုံးပြီး သင့်ရဲ့ စီးပွားရေးလုပ်ငန်းကို ပိုမိုထိရောက်စွာ အဆင့်မြှင့်တင်လိုက်ပါ။ 🎉

💡💡💡 အသေးစိတ် သိရှိလိုပါက

🏠 လိပ်စာ - အခန်း(B-7/1) ၊ Pro 2 Housing ၊ ယောဂီကျောင်းလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ ။

☎ ဖုန်း - 09782100193, 09982047726



Telegram -https://t.me/infotechmm
TikTok -https://www.tiktok.com/?_r=1&_t=ZS-96K8lwFSLH5

🔋 ဖုန်းဘက်ထရီကို ၁၀၀% အပြည့်သွင်းသင့်သလား? ဘာတွေဖြစ်တတ်လဲ?၁။ ဘက်ထရီကို ၁၀၀% အပြည့် (သို့မဟုတ်) ၀% အထိ ကုန်အောင် ဘာကြောင့...
01/09/2026

🔋 ဖုန်းဘက်ထရီကို ၁၀၀% အပြည့်သွင်းသင့်သလား? ဘာတွေဖြစ်တတ်လဲ?

၁။ ဘက်ထရီကို ၁၀၀% အပြည့် (သို့မဟုတ်) ၀% အထိ ကုန်အောင် ဘာကြောင့် မသုံးသင့်တာလဲ?

* အကြောင်းရင်း: ဖုန်းတွေမှာသုံးတဲ့ Lithium-ion ဘက်ထရီတွေဟာ အစွန်းရောက်တဲ့ အခြေအနေတွေဖြစ်တဲ့ ၀% အထိ လုံးဝကုန်သွားတာ (Deep Discharge) နဲ့ ၁၀၀% အပြည့်သွင်းပြီး အချိန်ကြာမြင့်စွာ ဆက်တိုက်ထိုးထားတာ (High Voltage Stress) တွေကို အလွန်မုန်းပါတယ်။ ဒီလိုအခြေအနေတွေက ဘက်ထရီဆဲလ်တွေကို ဖိအားများစေပြီး သက်တမ်းကို တိုစေပါတယ်။

၂။ ၁၀၀% အပြည့် အမြဲသွင်းရင် ကြာလာရင် ဘာတွေဖြစ်တတ်လဲ?

* ဘက်ထရီ သက်တမ်းတိုသွားခြင်း (Battery Lifespan Degradation): နေ့စဉ် ၁၀၀% အပြည့်သွင်းပြီး ညဘက်အိပ်ရာဝင်တိုင်း မီးခွက်ထိုးထားတာမျိုး မကြာခဏလုပ်ရင် ဘက်ထရီရဲ့ စွမ်းဆောင်ရည် (Health) တဖြည်းဖြည်း ကျဆင်းလာပါမယ်။
* ဘက်ထရီ ဖောင်းပွလာခြင်း (Battery Swelling): အပူချိန်လွန်ကဲတာနဲ့ ဗို့အားဖိအားများတာတွေ ကြာလာတဲ့အခါ ဘက်ထရီ အထဲကဓာတ်ပြုမှုတွေ ပျက်စီးပြီး ဘက်ထရီ ဖောင်းပွလာတဲ့အထိ ဆိုးကျိုးဖြစ်တတ်ပါတယ်။
* အားတဟုန်ထိုး ကုန်မြန်ခြင်း: အရင်က တစ်နေ့လုံးခံတဲ့ဖုန်းက နာရီပိုင်းနဲ့ အားကုန်တာမျိုး၊ ရုတ်တရက် ပါဝါပိတ်သွားတာမျိုးတွေ ကြုံလာရပါမယ်။

၃။ ဒါဆိုရင် ဘယ်လောက်အထိပဲ သွင်းသင့်သလဲ? (အကောင်းဆုံး နည်းလမ်း)

* ၈၀% မှ ၈၅% (သို့မဟုတ်) အများဆုံး ၉၀% အထိ: ဖုန်းဘက်ထရီ သက်တမ်း အရှည်ကြာဆုံး ခံနိုင်ဖို့အတွက် ခေတ်ပေါ်ဖုန်းအများစုမှာ "Protect Battery" (သို့မဟုတ် Optimized Battery Charging) ဆိုတဲ့ စနစ်ပါရှိပါတယ်။ အဲ့ဒီစနစ်ကို ဖွင့်ထားလိုက်မယ်ဆိုရင် အားက ၈၀% သို့မဟုတ် ၈၅% ရောက်တာနဲ့ အလိုအလျောက် ရပ်သွားမှာ ဖြစ်ပါတယ်။
* အကယ်၍ အပြင်သွားဖို့ရှိလို့ အပြည့်လိုတယ်ဆိုရင်တော့ တစ်ခါတလေ ၁၀၀% ထိ သွင်းလို့ရပေမဲ့ နေ့စဉ်ပုံမှန်သုံးတဲ့အခါ ၂၀% အောက် မရောက်အောင် နဲ့ ၈၀% - ၉၀% ဝန်းကျင်မှာ ဖြုတ်ပစ်တာက ဘက်ထရီကို အသက်အရှည်ဆုံး ဖြစ်စေပါတယ်ရှင်။

💡 Admin ရဲ့ အရေးကြီးဆုံး အကြံပြုချက်

ဖုန်းအားသွင်းနေစဉ်မှာ ဂိမ်းဆော့တာ၊ ရုပ်ရှင်ကြည့်တာ၊ ဖုန်းပြောတာ တွေ လုပ်တာဟာ ဖုန်းကို ပိုပြီး ပူလာစေပြီး ဘက်ထရီကို နှစ်ဆပိုပျက်စီးစေပါတယ်။ ဒါကြောင့် အားသွင်းနေချိန်မှာ ဖုန်းကို ခဏအနားပေးထားတာက ဘက်ထရီသက်တမ်းကို အကောင်းဆုံး ထိန်းသိမ်းပေးနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်ရှင်။

ဒီအချက်လေးတွေ သိထားရုံနဲ့ ကိုယ့်ရဲ့ ဖုန်းဘက်ထရီကို နှစ်နဲ့ချီပြီး ပျက်စီးမှုမရှိဘဲ ကြာရှည်စွာ အကောင်းဆုံး အသုံးချနိုင်မှာ ဖြစ်ပါတယ်ရှင်။
မိမိတို့ သူငယ်ချင်းတွေထဲမှာရော ဖုန်းအားသွင်းရင် ၁၀၀% အပြည့် အမြဲထိုးထားတတ်တဲ့သူတွေ ရှိလားဟင်? အဆင်ပြေအောင် ဒီဗဟုသုတလေးကို Share ပြီး လက်တို့ပေးလိုက်ပါဦးရှင်။ 🥰

Telegram link 🔗
https://t.me/infotechmm

TikTok link 🔗
https://www.tiktok.com/?_r=1&_t=ZS-98muYdr4tUW

, , , , ,

01/09/2026

Global Info Tech Software Company တွင် Xprinter, D520 Barcode Printer, ဖုန်း၊ Tablet၊ Computerနဲ့ တွဲသုံးလို့ရသည့် Zywell Printer ZM06များကိုလိုသလောက် လက်လီ၊ လက်ကား ဝယ်ယူရရှိနိုင်ပါပြီရှင်။ လက်‌ကားဈေးသီးသန့်လဲ ရှိပါတယ်ရှင်။ ဆက်သွယ်မှာယူလိုပါက -

🏠 လိပ်စာ - အခန်း(B-7/1)၊Pro 2 Housing ၊ Near MICT Park၊ ယောဂီကျောင်းလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

📞 viber ဖုန်း -09982047726,

📞 ဖုန်း- 09782100193 မှတဆင့် ဆက်သွယ်ဝယ်ယူနိုင်ပါသည်ရှင်။

TikTok link 🖇️

https://www.tiktok.com/?_r=1&_t=ZS-98muYdr4tUW

Telegram channel link 🖇️

https://t.me/infotechmm





printer

💻 Computer နှေးလာတာ RAM နည်းလို့လား? SSD/HDD ပြည့်လို့လား?Computer တစ်လုံးက အရင်က မြန်တယ်။အခုတော့ Software ဖွင့်တာကြာ၊ F...
31/08/2026

💻 Computer နှေးလာတာ RAM နည်းလို့လား? SSD/HDD ပြည့်လို့လား?
Computer တစ်လုံးက အရင်က မြန်တယ်။
အခုတော့ Software ဖွင့်တာကြာ၊ Folder ဖွင့်တာကြာ၊ တစ်ခါတလေ Hang ဖြစ်တယ်။
ဒီလိုဖြစ်တိုင်း “RAM နည်းလို့” လို့ မသတ်မှတ်သင့်ပါဘူး။
━━━━━━━━━━━━━━
🧠 RAM နည်းရင် ဘာဖြစ်တတ်လဲ?
RAM က Computer မှာ လက်ရှိအသုံးပြုနေတဲ့ Program တွေကို ခဏသိမ်းထားပြီး အလုပ်လုပ်ပေးတဲ့ Memory ပါ။
Chrome Tab တွေ အများကြီးဖွင့်ထားတာ၊ Photoshop လို Software တွေသုံးတာ၊ Program အများကြီး တစ်ပြိုင်နက် Run ထားတာတွေမှာ RAM အသုံးများနိုင်ပါတယ်။
RAM မလုံလောက်ရင်—
• App တွေ နှေးလာတာ
• Switching လုပ်ရင် ကြာတာ
• Computer Hang ဖြစ်တာ
• Multitasking လုပ်ရခက်တာ
တွေ ဖြစ်နိုင်ပါတယ်။
━━━━━━━━━━━━━━
💾 Storage ပြည့်ရင်ရော?
SSD / HDD ထဲမှာ Free Space အရမ်းနည်းနေပြီဆိုရင်လည်း Computer Performance ထိခိုက်နိုင်ပါတယ်။
အထူးသဖြင့် Windows က System အလုပ်လုပ်ဖို့ လိုအပ်တဲ့ Temporary Files နဲ့ Update Files တွေကို Storage မှာ အသုံးပြုရပါတယ်။
ဒါကြောင့် Storage ကို လုံးဝပြည့်နေအောင် မထားသင့်ပါဘူး။
━━━━━━━━━━━━━━
🔍 ဘယ်ဟာက ပြဿနာလဲ စစ်ကြည့်မယ်
Ctrl + Shift + Esc
နှိပ်ပြီး Task Manager ဖွင့်ပါ။
Performance ထဲမှာ—
Memory → RAM အသုံးပြုမှု
Disk → Storage အသုံးပြုမှု
ကို ကြည့်နိုင်ပါတယ်။
━━━━━━━━━━━━━━
⚠️ Storage ပြည့်နေတယ်ဆိုရင်
မလိုတဲ့—
• Temporary Files
• Download အဟောင်းတွေ
• မသုံးတော့တဲ့ Software
• Recycle Bin ထဲက Files
• Video / Photo အကြီးတွေ
ကို စစ်ပြီး ရှင်းနိုင်ပါတယ်။
━━━━━━━━━━━━━━
💡
RAM → Program တွေ အများကြီးတစ်ပြိုင်နက်သုံးတဲ့အခါ အရေးကြီး
SSD / HDD → Windows နဲ့ File တွေ သိမ်းတဲ့နေရာ
Computer နှေးတာက RAM တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။
RAM + Storage + CPU + Software + Startup Apps အားလုံးကို စဉ်းစားပြီး စစ်ဆေးသင့်ပါတယ်။
📌📢 နည်းပညာပိုင်းဆိုင်ရာ ဗဟုသုတတွေအတွက်တွေအတွက်:
Tiktok channel link - https://www.tiktok.com/?_r=1&_t=ZS-96K8lwFSLH5
Telegram Channel - https://t.me/infotechmm

လူကြီးမင်းတို့၏ စားသောက်ဆိုင်များကို Reataurant POS Software ကွန်ပျူတာစနစ်ဖြင့်ထိန်းချုပ်လိုပါသလား?Restaurant POS Softwa...
31/08/2026

လူကြီးမင်းတို့၏ စားသောက်ဆိုင်များကို Reataurant POS Software ကွန်ပျူတာစနစ်ဖြင့်ထိန်းချုပ်လိုပါသလား?

Restaurant POS Software မှာ ပါ တဲ့ Features လေးတွေပါရှင့်
✔️ ဒီနေ့ရောင်းရငွေ၊ လက်ရှိမှာယူထားသော order များ၊ အသုံးပြုနိုင်သေးသောtableများ၊ လက်ကျန်နည်းနေသောပစ္စည်းများနှင့် နောက်ဆုံးမှာယူထားသော order များကို တစ်နေရာထဲတွင်လွယ်ကူစွာ ကြည့်ရှုနိုင်ခြင်း။
✔️Order တင်တဲ့အချိန်မှာ Dine-in, Takeaway, Delivery အမျိုးအစားကို ရွေးပြီး Menu Item များကို Category အလိုက် ရွေးရောင်းနိုင်ခြင်း။
✔️ Menu Item တွေထည့်တဲ့အချိန်မှာ ပုံ၊ အမျိုးအစား(Category)၊ဈေးနှုန်း၊ ဟင်းချက်ရန်ကြာချိန်(Preparation Time) နှင့် အသုံးပြုသောပါဝင်ပစ္စည်း(Ingredient) များကို ထည့်သွင်းနိုင်ခြင်း။
✔️ ရောင်းရငွေကို နေ့စဉ်၊ အပတ်စဉ်၊ လစဉ် အလိုက် ကြည့်ရှုနိုင်ပြီး order အရေအတွက်ကိုလည်း တစ်နေရာ ထဲတွင်လွယ်ကူစွာ စစ်ဆေးနိုင်ခြင်း။
✔️ Customerနှင့်ဝန်ထမ်းများ၏ အချက်အလက်များကို သိမ်းဆည်းနိုင်ပြီး အလုပ်အချိန်ဇယား၊ အလုပ်ဝင်/ထွက်ချိန် မှတ်တမ်းများနှင့် ဝန်ထမ်းရာထူးများကို စီမံနိုင်ခြင်း။
✔️ ပစ္စည်းလက်ကျန်စာရင်းများ၊ ဟင်းချက်နည်းများ နှင့် ပစ္စည်းပေးသွင်းသူများကို စီမံနိုင်ပြီး Kitchen orderများနှင့် Delivery order များကို လွယ်ကူစွာ စီမံနိုင်ခြင်း။
✔️ ကုန်ကျစရိတ်(Expense)များကိုလဲမှတ်ထားနိုင်ပြီး Payment Method များကိုလဲ စိတ်ကြိုက်သတ်မှတ်နိုင်ခြင်း။
✔️ အရောင်း၊ အဝယ်၊ ပစ္စည်းလက်ကျန်နှင့်အရှုံးအမြတ်စာရင်းများကို ကြည့်ရှုနိုင်ပြီး Excel fileအဖြစ်လည်း ထုတ်ယူနိုင်ခြင်း။
✔️ Promotion များကိုလဲကိုယ်တိုင်သတ်မှတ်နိုင်ပြီး order အလိုက် Kitchen မှာ ဘောင်ချာ ထွက်တဲ့စနစ် ပါရှိပြီး စနစ်ကို စိတ်ကြိုက်ပြင်ဆင်နိုင်ခြင်း။

Restaurant POS Software သုံးပြီး လူကြီးမင်းတို့ရဲ့restaurantလုပ်ငန်းကို ပိုမိုထိရောက်စွာ အဆင့်မြှင့်တင်လိုက်ပါ။ 🎉

💡💡💡 အသေးစိတ် သိရှိလိုပါက

🏠 လိပ်စာ - အခန်း(B,71) ၊ Pro 2 Housing ၊ ယောဂီကျောင်းလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ ။

☎ ဖုန်း - 09782100193, 09982047726

Tiktok channel link🔗
https://www.tiktok.com/?_r=1&_t=ZS-98p9GW4OB3l
Telegram channel link🔗
https://t.me/infotechmm

Address

Yangon

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959664173833

Alerts

Be the first to know and let us send you an email when Info Tech Computer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Info Tech Computer:

Shortcuts

Share