Web Hub

Web Hub WHM provides Software Development services and Developing Courses.

WEBHUB service is alive guys !Will update on website soon
26/10/2023

WEBHUB service is alive guys !

Will update on website soon

“ WEBHUB Services ကဘာတွေကူညီပေးနိုင်သလဲ “

ကျွန်တော်တို့ WEBHUB Services က မိတ်ဆွေတို့ လုပ်ငန်းအတွက် လိုအပ်နေတဲ့ software ပိုင်း Services များကို ဝန်ဆောင်မှု ပေးနေတဲ့ team တစ်ခု ဖြစ်ပါတယ်။

✅ ဘယ်လို Software အမျိုးအစားတွေကို ဝန်ဆောင် မှု ပေးနိုင်သလဲ ။

ကျွန်တော်တို့ services က E-commerce , POS , ERP , Booking System , Appointment Management System များနှင့် Company Portfolio အစရှိတဲ့ Software အမျိုးမျိုး ကို Website ဖြစ်စေ Mobile App အတွက် ဖြစ်စေ ဆောင်ရွက်ပေးနိုင် တဲ့အပြင် Customized Software အမျိုးအစား မျိုးစုံကိုလဲ မိတ်ဆွေတို့ Business နှင့် ကိုက်ညီမယ့် System ရရှိနိုင်အောင် ကူညီဆောင် ရွက်ပေး လျက်ရှိပါတယ် ။ အဓိက အားဖြင့် -

☑️ Web Design & Development
☑️ Mobile Application (Android / IOS)
☑️ Google Ads Service
☑️ CMS Service

အစရှိတဲ့ Services များကို ဝန်ဆောင်မှု ပေးနေတာ ဖြစ်ပါတယ် ။

✅ အာမခံချက် ဘယ်လောက်ထိ ပေးနိုင်လဲ ။

ကျွန်တော်တို့ Customer တွေရဲ့ software အောင်မြင်ဖို့က ကျွန်တော်တို့ Service ရဲ့ အဓိက ရည်ရွယ်ချက် တစ်ခု ဖြစ်တဲ့ အတွက် မိတ်ဆွေရဲ့ Software ပိုင်းဆိုင်ရာ အစစအရာရာဟာ ကျွန်တော်တို့ရဲ့ တာဝန်သာ ဖြစ်ပါတယ် ။ ကျွန်တော် တို့ဘက် Software ရေးသားပြီးစီးသည့်တိုင်အောင် Production မှာ ချော့ချော့မွေ့မွေ့ အလုပ်လုပ်သည် အထိ လုပ်ဆောင်ပေးမှာ ဖြစ်ပြီး မိတ်ဆွေရဲ့ Software အသုံးပြုမှုမှာ အခက်ခဲ ပြသနာ တစ်ခုခု ရှိပါကလဲ ကျွန်တော်တို့တာဝန်သာဖြစ်ပါတယ် ။ ဒါကြောင့် Software ပြီးစီး သည့်တိုင်အောင် ကျွန်တော်တို့ဘက်က Free Maintainence Lifetime ကြည့်ရှုဆောင်ရွက်ပေးနေမှာပါ ။ ကျွန်တော်တို့ အသုံးပြုနေတဲ့နည်းပညာများဟာလဲ နောက်ဆုံး ပေါ် နည်းပညာများ IT ပိုင်းမှာ အသုံးများကြတဲ့ နည်းပညာများ ဖြစ်တဲ့ အတွက် မိတ်ဆွေ Software မှာ Features တိုးချင်သည်ဖြစ်စေ Developer ငှါးရမ်းပြီး တိုးချဲ့လုပ်ကိုင်သည်ဖြစ်စေ အဆင်ပြေပြေဆောင်ရွက်နိုင်မှာဖြစ်ပါတယ် ။

✅ ဘယ်လို Process တွေနဲ့ Project ပြီးမြောက် အောင် ဆောင်ရွက်ပေးသလဲ ။

ကျွန်တော်တို့ Services က Service တစ်ခုဆောင်ရွက် ပေးတဲ့ အခါ အောက်ပါ အချက်အတိုင်း ဆောင်ရွက် ပေးလျက်ရှိပါတယ် ။

🎯 Free Consulting

မိတ်ဆွေက Software Service တစ်ခု မဆောင်ရွက် ခင် ကျွန်တော်တို့ဘက်က Free Consulting Meeting တစ်ခု ဆောင်ရွက်ပေးမှာဖြစ်ပါတယ် ။ ဒီ Meeting မှာ မိတ်ဆွေသွား ချင်တဲ့ Plan , Timeline, Budget အစရှိ တဲ့ သတ်မှတ်ချက်များ ပေါ်မူတည်ပြီး Software မှာ လိုအပ်တဲ့ Features များ ကို အသေးစိတ်တိုင်ပင် အကြံပြုပေးမှာပါ ။ ဒါအပြင် မိတ်ဆွေရဲ့ Business Plan တွေကို Develop လုပ်တဲ့အခါ Service ကြေး သက်သာအောင် ဘယ်လို phase ခွဲပြီး လုပ်ဆောင်နိုင်မလဲ ၊ Software Growth ဖြစ်အောင် ဘယ်လို Step by step သွားမလဲ ၊ software ပြီးမြောက်တဲ့ အခါ production တင်ဖို့ ဘယ်လို server မျိုးအသုံးပြုသင့်လဲ နှင့် Security ပိုင်း ၊ Data လုံခြုံမှု ပိုင်း အစရှိသည်များကို အသေးစိတ် တိုင်ပင် အကြံပြုပေးမှာ ဖြစ်ပါတယ် ။

🎯 UI/UX Service

မိတ်ဆွေရဲ့ Software က Users တွေ လာရောက် အ သုံး ပြုမယ့် Website Or Mobile App တစ်ခုဆိုပါက
မိတ်ဆွေ Software က User တွေ အသုံးပြုရ လွယ်ကူစေဖို့ ၊ User တွေ စိတ်ကျေနပ်စေဖို့ ၊ စွဲဆောင်မှု ရှိစေဖို့ကလဲ အရေးကြီးပါတယ် ။ အဲ့ဒီ လိုအပ်ချက် အတွက် ကျွန်တော်တို့ Service က Web Design , Mobile Design နှင့် UI/UX Service များကို လဲ ထည့်သွင်း ဆောင်ရွက်ပေးနေပါတယ် ။

🎯 Development

Development ပိုင်းမှာလဲ Experience ရှိတဲ့ Senior Developers တွေကိုယ်တိုင် ဆောင်ရွက်ပေးမှာ ဖြစ်ပြီး
Software Security ပိုင်း Project Timeline Management အစစအရာရာကို အစီစဉ်တကျ ဆောင်ရွက်သွားမှာ ဖြစ်ပြီး Customer တွေ စေကျနပ်မှုရှိ စေရန် တပတ်စာ လုပ်ဆောင် ပြီးစီးသည်များကိုလဲ ချပြပေးသွားမှာ ဖြစ်ပါတယ် ။

🎯 User Acceptance Testing (UAT)

Software Development လုပ်ပြီးတဲ့အခါ Customer တွေစမ်းသတ်အသုံးပြုနိုင်ဖို့ ကျွန်တော်တို့ဘက်က ထုတ်ပေးမှာ ဖြစ်ပြီး ၊ စမ်းသပ်ကာလအတွင်း ပြသနာများ အဆင်ရေမပြေမှုများကို ကျွန်တော်တို့ဘက်က ပြုပြင်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ် ။

🎯 Production

အားလုံးအဆင်ပြေပြေ ဆောင်ရွက်ပြီးလို့ Production တင်တဲ့အခါမှာလဲ အစကနေအဆုံးထိ ဆောင်ရွက် ပေးမှာဖြစ်ပါတယ် ။

🎯 Maintenance

မိတ်ဆွေရဲ့ Software ပြီးစီးပြီး Production ရောက်နေ သည့်တိုင်အောင် ဆောင်ရွက်ပေးပြီးသည့်တိုင်အောင် မိတ်ဆွေ software မှာ issues ရှိရင်ဖြစ်စေ ကျွန်တော်တို့ဘက်က Lifetime Maintenance ပြုလုပ်ပေးသွားမှာပါ ။

📈 မိတ်ဆွေရဲ့ Software Success ဖြစ်မှုက ကျွန် တော်တို့ရဲ့ Mission တစ်ခု ဖြစ်တဲ့ အတွက် မိတ်ဆွေ စီးပွါးရေးအတွက် Quality ကောင်းကောင်း နဲ့ Software တစ်ခုရရှိနိုင်ဖို့ ကျွန်တော် တို့ Service ကို
အောက်ပါ contact များမှ တစ်ဆင့် ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါတယ် ။

📞 09793148428
📧 [email protected]
🏢 Tamwe , Tamain Bayan Road , Between 161 St and 160 St , Near Tamwe Ocean





Hello guys ! WHM ရဲ့ YouTube channel မှာ အရင်က paid lesson များနဲ့ free lesson များကို public ချပေးထားပါတယ် ။ အချိန်ရရင်...
03/09/2023

Hello guys !

WHM ရဲ့ YouTube channel မှာ အရင်က paid lesson များနဲ့ free lesson များကို public ချပေးထားပါတယ် ။ အချိန်ရရင်ရသလိုလဲ sharing လုပ်ပေးသွားပါမယ်ဗျ ။

လက်ရှိတော့ HTML, Css , JavaScript, ReactJS နှင့် Laravel 9 ကို လေ့လာနိုင်ပါတယ် ။ Lesson တွေအတွင်းမှာ Projects တွေပါဝင်တော့ အထောက်ကူပြုမယ်လို့မျှော်လင့်ပါတယ် ။

https://youtube.com/?si=vM2a32eWRNDpZihC

Thanks

Share your videos with friends, family, and the world

“ LEARN JavaScript + ReactJS with 20+ Projects “WHM ရဲ့ Eid Promotion ကြီးကတော့ Projects တွေ အမြောက်များနဲ့ ကျောင်းသားမျ...
23/06/2023

“ LEARN JavaScript + ReactJS with 20+ Projects “

WHM ရဲ့ Eid Promotion ကြီးကတော့ Projects တွေ အမြောက်များနဲ့ ကျောင်းသားများစွာလေ့လာခဲ့တဲ့ JavaScript Class နဲ့ ReactJS advanced တန်းကို Promotion အချိန်အတွင်း သက်သက် သာသာ ဝယ်ယူလေ့လာနိုင်မှာပဲ ဖြစ်ပါတယ် ။

❇️ ဘယ်လိုလူတွေလေ့လာသင့်လဲ ။

JavaScriptအခုမှ စတင်လေ့လာမယ့်သူတွေ ၊ Theory အခြေခံရှိပြီး Project ကောင်းကောင်း မရေးသားနိုင်သေးတဲ့သူတွေ ၊ JS OOP Programming နဲ့ Project ရေးချင်ပြီး React မလေ့လာခင် Functional Programmingကို ထိထိမိမိလေ့လာလိုသူများ ၊ Asynchronous, DOM, BOM အစရှိတဲ့အပိုင်းတွေကို Projects များများရေးပြီးလေ့လာလိုသူများ ၊ ReactJS ကို လက်တွေ့
လုပ်ငန်းသုံး Structure တွေ Performance tips တွေနှင့် Theory တွေကို Projects ပါတခါတည်းတွဲရေးပြီး Practice လုပ်ချင်သူများ Animation Libraries တွေနဲ့ လုပ်ငန်းမှာ အသုံးဝင်တဲ့ Libraries တွေ လေ့လာလိုသူများ တက်ရောက်သင့်ပါတယ်။

❇️ ဘာအခြေခံတွေရှိဖို့လိုလဲ ။

အခြေခံအားဖြင့် Computer အခြေခံ အသုံးပြုတက်ပြီး HTML,CSS နှင့် Bootstrap ဒါမှမဟုတ် Tailwindcss တစ်ခုခု နားလည်ထားဖို့လိုအပ်ပါတယ် ။

❇️ ဘာတွေသင်ကြားမှာလဲ ။

JavaScript ကို အခြေခံ Zero ကနေ သင်ကြားမှာ
ဖြစ်ပြီး Programming သဘောတရားနားလည်စေဖို့ Coding Challenges များနှင့် Projects အမြောက်အများ ထည့်သွင်းသင်ကြားပေးထား ပါတယ် ။ ReactJS ကိုလဲ Functional Programming Concept တွေကနေစပြီး လက်တွေ့အသုံးချနိုင်
မယ့် Libraries များကိုလဲ Projects များနှင့်တကွ ထည့်သွင်းသင်ကြားပေးထားပါတယ် ။ အသေးစိတ်ကို Course Outline တွင်ဖတ်ရှုနိုင်ပါတယ်။

❇️ JavaScript Course Outlines
Introduction
Programming Knowledge
Vaariables
Data Types
Operators
Conditional Statements (If, Else, Switch, Ternary)
Function (Part 1 - 3)
String
Number
Loops (For,While,do while)
Math Object
Date Object
Array (Part 1 - 2) & Iteration
Coding Challenges (Part 1 to 8 )
Object (Part 1 -2)
Hoisting and Strict
Error Handling
Asynchronous Programming
Fetching Api
DOM (Part 1 - 4)
BOM (Part 1 - 2)
Navigator
Object Oriented Programming ( Part 1 - 3)
Wowjs Animation Library
Modules
Login Project
Age Calculator
Digital Clock
Calculator
Show Hide Password Toggle
To Do List
Slider
Darkmode
Password Generator
Movie Project (Part 1 - 7)
Weather Project
Music App (Part 1 - 2)
Video Recording Project

❇️ ReactJS Course Outlines
Introduction
Functional Programming
Installation & Project Structure
JSX
Components & Props (Lists and Keys)
Handling Events
State Management
Hooks (useState,useRef,useEffect, and so on....)
Form
Code Splitting
Context API
Custom Hooks
Working With JSON Server
Fetch API
React Router
Redux
Redux Toolkit
Useful Libraries
Projects (include most of each lesson)
Conclusions
Counter
To Do List
Calculator
Movie App
Shopping Cart
Blog App
Custom Pagination
Weather App
Portfolio Template
Animation Libraries
Other Useful Libraries

❇️ သင်တန်းကာလ ဘယ်လောက်ကြာမှာလဲ ။

သင်ခန်းစာ Lesson ပေါင်း ၁၇၀ ကျော်ရှိပြီး Lesson များ အားလုံး Upload လုပ်ပေးထားတာ ဖြစ်တဲ့အတွက် ကျောင်းသားတို့လေ့လာအချိန်ပေးနိုင်မှုပေါ်သာမူတည်ပါတယ်။

❇️ ProMotion ကာလ က ဘယ်နေ့ထိလဲ ။

June 30 , ထိသာ ၄၀၀၀၀ ကျပ်တည်းနဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ် ။

အသေးစိတ်အချက်လက်ကို Page Chat Box မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ် ။

“ Web Fundamentals Free Class “ WHM ကနေ web development ကို စတင်ခြေလှမ်းမယ့်ကျောင်းသားတွေအတွက် အခမဲ့ သင်ယူလေ့လာနိုင်မယ့်...
16/05/2023

“ Web Fundamentals Free Class “

WHM ကနေ web development ကို စတင်ခြေလှမ်းမယ့်ကျောင်းသားတွေအတွက် အခမဲ့ သင်ယူလေ့လာနိုင်မယ့် အတန်း တစ်ခုကို စတင် ဖ္ငင့်လှစ်လိုက်ပါပြီ။

အခမဲ့ လေ့လာရမှာ ဖြစ်ပေမယ့် Web Development Fundamental ပိုင်းနှင့် ပတ်သတ်ပြီး သေချာ Deep သွားမှာ ဖြစ်ပြီး IT background မရှိတဲ့ level ကနေလဲ စတင်လေ့လာနိုင်ပါတယ် ။

ဘာတွေ သင်ကြားမှာလဲ ?

✅ HTML5

📌 Software Development Introduction
📌 Web Development Introduction
📌 Basic HTML elements
📌 Colors
📌 HTML5 tags ( Video , Audio & Embed)
📌 Symatic HTML

✅ CSS 3

📌 Basic CSS Syntax
📌 Selectors
📌 Text & Fonts
📌 Box Model
📌 Background & Gradients
📌 Position
📌 Flexbox
📌 Grid System
📌 2D/3D transform
📌 Animation
📌 Responsive
📌 Advanced Usage
📌 Advanced Learning Resources
📌 mini Template Project

✅ JavaScript

📌 Introduction
📌 Programming Knowledge
📌 Variables
📌 Data Types
📌 Operators
📌 Conditional Statements (If, Else, Switch, Ternary)
📌 Function (Part 1 - 3)
📌 String & Number
📌 Loops (For,While,do while)
📌 Math Object
📌 Date Object
📌 Array (Part 1 - 2) & Iteration
📌 Coding Challenges (Part 1 to 😎
📌 Object (Part 1 -2)
📌 Hoisting and Strict
📌 Error Handling
📌 Asynchronous Programming
📌 Fetching Api
📌 DOM (Part 1 - 4)
📌 BOM (Part 1 - 2)
📌 Navigator
📌 Object Oriented Programming ( Part 1 - 3)
📌 Wowjs Animation Library
📌 Modules
📌 Login Project
📌 Age Calculator
📌 Digital Clock
📌 Calculator
📌 Show Hide Password Toggle
📌 To Do List
📌 Slider
📌 Darkmode
📌 Password Generator
📌 Movie Project (Part 1 - 7)
📌 Weather Project
📌 Music App (Part 1 - 2)
📌 Video Recording Project
📌 Functional Programming

✅ Bootstrap5

📌 Introduction
📌 Basic Classes
📌 Typography, Buttons & basic components
📌 Theme Customization
📌 Learn with build project

Projects တွေအမြောက်များနဲ့လေ့လာရမှာ ဖြစ်တဲ့ အတွက် နားလည်ရပိုမိုလွယ်ကူစေမှာပါ ။

ဘယ်လိုသင်ကြားမှာလဲ?

YouTube video link ကို Facebook group တွင် Guide ခွဲ ပြီး Lesson များကို upload လုပ်ပေးသွားမှာပါ ။ လက်တလော ၆၀% လောက် upload လုပ်ပေးထားပါတယ်။

Pre record lesson ဖြစ်တဲ့အတွက် အချိန်မရွေးလေ့ လာနိုင်ပါတယ် ။

သင်တန်း ဘယ်လို အပ်ရမလဲ ?

Page ကို Like & Follow လုပ်ထားပြီး သူငယ်ချင်း နှစ်ယောက် ကို Metion ခေါ်ပြီး Post ကို public ဖြင့် share လုပ်ထားတဲ့ screenshot နဲ့ အတူ Free လာရောက်လေ့လာနိုင်ပါပြီ။

လူဦးရေ အကန့်သတ်ရှိတဲ့အတွက်ကြောင့် Official Account နဲ့ အမှန်တကယ် လေ့လာလိုစိတ်နဲ့ စတင်လေ့လာမယ့်သူများသာဦးစားပေးလက်ခံပါမယ်။

အသေးစိတ် ဆက်သွယ်မေးမြန်းလိုပါက အောက်ပါ အချက်လက်များကို ဆက်သွယ်နိုင်ပါတယ် ။

➡ Phone - 09793148428 (Htet Myat Soe)
➡ Email - [email protected]
➡ Website - webhubmm.com

"သင်္ကြန်ပိတ်ရက် အိမ်မှာ Chillရင်း Web Development လေ့လာကြမယ်"မြန်မာနှစ်သစ်ကူး ရုံးပိတ်ရက်လေးတွေမှာ အိမ်မှာနေရင်း Web De...
07/04/2023

"သင်္ကြန်ပိတ်ရက် အိမ်မှာ Chillရင်း Web Development လေ့လာကြမယ်"

မြန်မာနှစ်သစ်ကူး ရုံးပိတ်ရက်လေးတွေမှာ အိမ်မှာနေရင်း Web Developmentကို လေ့လာချင်သူတိုင်းအတွက် Web Hub Myanmarရဲ့ Web Development Course များကို နှစ်သစ်ကူး အထူးပရိုမိုးရှင်းလေးတွေနဲ့ ၀ယ်ယူပြီး တက်ရောက်နိုင်အောင် စီစဉ်ပေးထားပါတယ်။

✨ ပရိုမိုးရှင်းကာလလေးက 11 April အထိပဲမို့ Discount Priceလေးတွေရတုန်း ၀ယ်ယူပြီး အခုပဲလေ့လာလိုက်ပါ။

✨ ပထမဦးဆုံး ၀ယ်ယူသူ ၇ဦးကို Envato Elementsက မိမိကြိုက်နှစ်သက်ရာ Premium Site Templateလေးတွေလည်း ပေးသွားဦးမှာပါ။

✅ Web Development Fundamental Advanced Class

ဒီ အတန်း မှာ ဘာတွေလေ့လာနိုင်မှာလဲ ။ Web Development ကို အခုမှ စတင်ဝင် ရောက် လာမယ့် လူငယ် တစ်ယောက်အတွက် လိုအပ်တဲ့ Fundamental အပိုင်းတွေကို အခြေခံ ကျကျ ကနေ လက်တွေ့ Template Projects များ ကောင်းကောင်း ရေးသားနိုင် သည် အထိ Theory တင်မကဘဲ Project ပေါင်းမြောက်များစွာနှင့် တွဲဖက် သင်ကြား ပေးသွားမှာဖြစ်ပါတယ် ။ သင်ကြားမည့် အဓိက Main Topic တွေအနေနဲ့ HTML,CSS, JAVASCRIPT, BOOTSTRAP နှင့် GIT & Github တို့တင် မကဘဲ သက်ဆိုင်ရာ အပိုင်းတွေမှာ လက်တွေ့အသုံးဝင်နေတဲ့ Resources တွေ Generator တွေနဲ့ Advanced Level ထိ လျှောက်နိုင်ဖို့ အတွက် အထောက်ကူ ဖြစ်မယ့် Resources များလဲ Sharing လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ Course Outline အသေးစိတ်ကို Post တစ်ခုချင်းစီရဲ့ အောက်တွင် ဖတ်ရှုနိုင်ပါတယ် ။

Discount Price - 60000 MMK

✅ JavaScript Advanced Class

Advanced Class လို့ ပြောလိုက်တည်းက သာမန် Theory တွေဘဲ ပါဝင်နေမှာ မဟုတ် တော့ပါဘူး ။ Programming Theory တွေ နောက်ကွယ်မှာအလုပ်လုပ် ပုံတွေအပြင် Programming Skills တိုးတက်လာအောင် Coding Challenges တွေလဲပါဝင်ပါတယ် ။
Theory Topic တစ်ခု သင်ကြားပြီးတိုင်း သက်ဆိုင်ရာ Theory ကို အသုံးချပြီး ရေးသားနိုင်
မယ့် Mini Project များလဲရေးသား သင်ကြားပေးထားသလို လုပ်တွေ့လုပ်ငန်းမှာ အသုံးတည့်စေမယ့် Projects များလဲမြောက် များစွာ ပါဝင်နေတာ ဖြစ်လို့ Programming ကို နားလည်ရခက်နေတဲ့ ကျောင်းသားများ အတွက် အထူး သင့်လျှော်ပါတယ် ။ ReactJs ကို လေ့လာဖို့အခက်တွေ့နေတဲ့ ကျောင်းသား များ အတွက်လဲ Target ထားသင်ကြား ပေးထားတာဖြစ်တဲ့ အတွက် module အပိုင်း တွေ Functional Programming ပိုင်းတွေလဲ Extra ထပ်ထည့်သင်ကြားပေးထားပါတယ်။ လက်ရှိအချိန်တွင် ကျောင်းသားပေါင်း ၆၀၀ နီးပါး လေ့လာ ခဲ့ပြီး Reviews ကောင်းများကို ပိုင်ဆိုင်ထားတဲ့ Course တစ်ခုဖြစ်လို့ လိုအပ်နေတဲ့ ကျောင်းသားများလာရောက် လေ့လာနိုင်ပါတယ် ။ Course Outline အသေးစိတ်ကို Post တစ်ခုချင်းစီရဲ့ အောက်တွင် ဖတ်ရှုနိုင်ပါတယ် ။

Discount Price - 20000 MMK

✅ ReactJS Advanced Class

နားလည်ဖို့ ခက်တယ် ထင်ရတဲ့ ReactJs ကို နောက်ကွယ်မှာ အလုပ်လုပ်ပုံတွေ မြင်သာအောင် Functional Programming ကို စတင်သင်ကြားပေးထားပြီး ReactJS မှာ ဆက်စပ်အသုံးပြုနေတဲ့ UI Libraries တွေ Redux Library အပြင် တခြားသော Libraries များစွာ အပြင် လက်တွေ့မှာ အရမ်း အသုံးဝင်တဲ့ Libraries များကို Projects များရေးပြီး လေ့လာရမှာဖြစ်ပါတယ် ။ ဒါတင်မပြီးသေးပါဘူး Performance ပိုင်း, Project Structure ပိုင်းနှင့် Reusuable ဖြစ်အောင် သေချာသင်ကြား ပေးထားတာဖြစ်လို့ Course ကိုဆုံးခန်းတိုင် လေ့လာထားတဲ့ ကျောင်းသားတစ် ယောက်အတွက် လုပ်ငန်းသုံး Project များကို ရေးသားရာမှာ အရမ်းကို အ ထောက်ကူ ဖြစ်စေမှာပါ ။ Course Outline အသေးစိတ်ကို Post တစ်ခုချင်းစီရဲ့ အောက်တွင် ဖတ်ရှုနိုင်ပါတယ် ။

Discount Price - 50000 MMK

✅ Learn Laravel 9 in WHM

လုပ်ငန်းတစ်ခုမှာ အံဝင်တဲ့ Laravel Developer တစ်ယောက် ဖြစ်ဖို့ အတွက် အထောက် အကူဖြစ်စေမယ့် Course တစ်ခုပါ ။ Laravel ကို က ကြီး ရေ က ကနေ စပြီး Project တစ်ခု ရေးသား နိုင်ရုံနဲ့တင် မပြီးသွားပါဘူး ။ လုပ်ငန်းတစ်ခုမှာ အမြဲလိုအပ်လေ့ရှိတဲ့ Laravel မှာ အသုံးများတဲ့ Packages တွေ များစွာကိုလဲ သင်ကြားပေးထားပြီး Api Development ပိုင်း Authentication နဲ့ တစ်ခြား Knowledge ပေါင်း စုံစုံလင်လင် သေချာ သင်ကြားပေးထားပြီး Project တစ်ခုနဲ့ အဆုံး သတ်တဲ့ Laravel Course က မိတ်ဆွေတို့ အတွက် အထောက်ကူဖြစ်စေမှာပါ ။ Course Outline အသေးစိတ်ကို Post တစ်ခုချင်းစီရဲ့ အောက်တွင် ဖတ်ရှုနိုင်ပါတယ် ။

Discount Price - 30000 MMK

❗ Pre Record Class များဖြစ်သည့်အတွက် Web Development Class ကလွဲရင် ကျန်အတန်းများအတွက် Lesson များ အစုံ တင်ပေးထားပါတယ်ဗျ။
ကျောင်းသားတို့အချိန်ပေးနိုင်တဲ့ပေါ်မူတည်ပြီး မြန်မြန်ဆန်ဆန်နဲ့တက်မြောက်နိုင်ပါတယ် ။

🌀 Facebook Private Group ကနေသင်ကြား
ပေးသွားမှာ ဖြစ်ပြီး Youtube Private List ကနေဝင်ရောက်ကြည့်ရှု ရမှာ ဖြစ်တဲ့ အတွက်
Video Quality လဲ ကြည့်ရအဆင်ပြေစေမှာပါ ။

🌀 Promotion ကာလ အတွင်းပဲ အထက်ပါ စျေးနှုန်းနဲ့ ရမှာ ဖြစ်တဲ့အတွက် 11/4/2023 မတိုင်မှီ အတွင်း အပ်နှံထားဖို့လိုအပ်ပါတယ် ။

🌀 စာမေးချင်တဲ့ကျောင်းသားများအတွက် Telegram Group များ အသင့်ရှိနေပြီး အချိန်မရွေး လာရောက်မေးမြန်းနိုင်ပါတယ် ။

🌀 အသေးစိတ် ဆက်သွယ်မေးမြန်းလိုပါက အောက်ပါ အချက်လက်များကို ဆက်သွယ်နိုင်ပါတယ် ။

➡ Phone - 09793148428 (Htet Myat Soe)
➡ Email - [email protected]
➡ Website - webhubmm.com

" 2023 အတွင်း အပိုင်ချုပ်သင့်တဲ့ နည်းပညာများ "ကျွန်တော်တို့ တစ်နှစ်ပြီး တစ်နှစ် နည်းပညာနယ်ပယ်ထဲ ဖြတ်သန်းလာကြ ပေမယ့် ဆုံး...
05/04/2023

" 2023 အတွင်း အပိုင်ချုပ်သင့်တဲ့ နည်းပညာများ "

ကျွန်တော်တို့ တစ်နှစ်ပြီး တစ်နှစ် နည်းပညာနယ်ပယ်ထဲ ဖြတ်သန်းလာကြ ပေမယ့် ဆုံးခန်းတိုင်သွားတယ် ဆိုတာ မရှိပါဘူး ။ ဘာကြောင့်လဲ ဆိုတာ အားလုံးသိကြတဲ့ အတိုင်း အချိန်နှင့်အမျှ နည်းပညာတွေက ဖွံဖြိုးတိုးတက် နေတာကြောင့်ပဲ ဖြစ်ပါတယ် ။ ကျွန်တော်တို့ နိုင်ငံအနေအထားအရ တခြားနိုင်ငံတွေ ထက် ဖွံဖြိုးမှုက အတော်လေး နှောင့်နှေး နေတယ်ဆိုပေမယ့် နည်းပညာသမား တစ်ယောက်အဖြစ်ရေရှည်ရပ်တည်မယ် ဆိုရင်
တော့ စဥ်ဆက်မပြတ် ရေစီးကြောင်းအတိုင်း လိုက်နိုင်နေဖို့လိုအပ်ပါတယ် ။ ကဲ ဒီနေ့မှာ တော့ ကျွန်တော်ကိုယ်တိုင်လဲ တစ်ချို့ နည်းပညာတွေကို လေ့လာနေပြီး လက်ရှိ ၂၀၂၃ အတွင်း လေ့လာထားသင့်တဲ့ နည်းပညာတွေ ကိုမျှဝေပေးချင်ပါတယ် ။

1. Artificial Intelligence & Machine Learning

AI နည်းပညာကတော့ ကျွန်တော်တို့သိထား တဲ့အတိုင်း လက်ရှိ ၂၀၂၃ မှာ ကမ္ဘာနှင့် အဝန်း နေရာတိုင်း လိုလိုမှာ Trend ဖြစ်နေတဲ့ နည်းပညာ တစ်ခု ဖြစ်ပါတယ် ။ AI နည်းပညာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်ထဲ ပေါ်ပေါက်နေတာဖြစ်ပြီး တကယ် လက်ရှိအခြေနေ မှာ တော့ တော်တော်လေး အသုံးဝင်နေပြီဖြစ်တဲ့ နည်းပညာ တစ်ခုလို့ဆိုလို့ ရပါတယ် ။ ဒီနည်းပညာက နေ့စဥ်နှင့်အမျှ ဖွံဖြိုး တိုးတက်နေမယ့် နည်းပညာ တစ်ခု ဖြစ်တာကြောင့် လေ့လာထားရင် ကိုယ့်အနာဂတ်အတွက် အကျိုးမယုတ်နိုင်ပါဘူး ။

2. Data Science

ဒီ တစ်ခုကတော့ ကျွန်တော့်ရဲ့ Dream Job တွေထဲက တစ်ခုပါ ။ Company အကြီးကြီးတွေအတွက် စီးပွားရေး ပြိုင်ဆိုင်မှုတွေ Market ထိုးဖောက်မှုတွေ Strategy ချမှတ်မှုတွေရဲ့ Technical တစ်ဖက်တစ်လမ်းမှာ Data Scientists တွေရဲ့ အထောက်အကူကလဲ အများကြီး ပါဝင် ပါတယ် ။ USA,UK,Canada အစရှိတဲ့ နိုင်ငံတွေမှာဆိုရင်တော့ Data Science နည်းပညာ ကအတော်လေး အထောက် အကူပြုတဲ့ နည်းပညာတစ်ခုဖြစ်ပြီး ကျွန်တော်တို့ အနေနဲ့ အခုလို နိုင်ငံတွေမှာ နောက်ပိုင်းသွားရောက်လုပ်ကိုင်ဖို့တွေးထားရင်တော့ ဒီနည်းပညာကိုလေ့လာထားတာကလဲ အတော်လေးအထောက်အကူဖြစ်စေမှာပါ။

3. Blockchain

Blockcain နည်းပညာကိုတော့ အဝေးကြီး ထိကြည့်စရာမလိုပါဘူး ။ ကျွန်တော်ကိုယ်တိုင် Singapore တို့လို နိုင်ငံတွေမှာ Remote Job ရှာတဲ့အချိန်မှာ JD တွေမှာ Blockchain တက်ကျွမ်းရမယ် ။ Web3 Knowledge strong ဖြစ်ရမယ် အစရှိသဖြင့်အ တော်လေးတွေ့လာ ရပါတယ် ။ ကျွန်တော်တို့ WEB 1 နှင့် WEB 2 ကိုပဲယှဥ်ကြည့်လို့ရပါတယ် ။ WEB 2 ကအတော်လေးအထောက်ကူပြုလာတော့ WEB 1 မရှိတော့သလိုပဲ ။ ကျွန်တော်တို့ လက်ရှိ WEB 2 ကလဲ တစ်ချိန်ချိန်မှာ ပျောက်ကွယ်သွားနိုင်ပါတယ် ။ ဒါကျွန်တော့် အမြင် အရပါ ။ အနည်းဆုံး ကိုယ် က Oversea ထွက်ဖို့စဥ်းစား ထားရင် တော့ လေ့လာထားသင့်တဲ့ နည်းပညာ တွေထဲမှာ ပါဝင်ပါတယ် ။

4. Cyber Security

ယနေ့ခေတ်မှာ အရာအားလုံးနီးပါးကို ကျွန်တော်တို့ Online ပေါ်ပြောင်းလဲ လာကုန်ကြပါပြီ ။ အရင်က ဆို Server တွေ On Premise ဆင်ခဲ့ပေမယ့် အခုဆို အားလုံးကို Cloud ပေါ်လုပ်ကိုင်လာကြတာ အတော်ကြာ ပါပြီ ။ ဆိုတော့ အားလုံးက Online ပေါ်ရောက်
လာကြတဲ့အလျှောက် ကျွန်တော်တို့ information တွေကလဲ လုံခြုံဖို့အရေး ကြီးလာပါပြီ ။ Data သိမ်းဆည်းမှုတွေ Online ကနေ အကူးအပြောင်းတွေမှာ လုံခြုံဖို့အတွက် Cyber Security ပိုင်းက နည်းပညာနယ်ပယ် အသီးသီး အတွက် လိုအပ်လာတဲ့ နည်းပညာ တစ်ခု လို့ပြောလို့ရပါတယ် ။ ဆိုတော့ Cyber ပိုင်း စိတ်ဝင်စားတဲ့လူတစ်ယောက်ဆို လေ့လာထားဖို့ အကြံပေးချင်ပါတယ် ။

5. IoT (Internet of Thing)

နည်းပညာ ဖွံဖြိုးမှုမှာ Software တွေပဲ ကြည့်လို့တော့ မရသေးပါဘူး ။ Hardware ပိုင်းမှာလဲ Trend ဖြစ်နေတဲ့ နည်းပညာ တစ်ခုရှိပါတယ် ။ ဒါကတော့ IoT ပါ ။ ကျွန်တော်တို့ ကားတွေမှာ ပါတဲ့ Sensor လေးတွေက စလို့ လေကြောင်းလိုင်းတွေ Remote Control တွေ Robotic တွေအဆုံး IoT နည်းပညာ ပါဝင်နေပါတယ် ။ IoT ဆိုတာ Physical Device တွေကို ချိတ်ဆက်ပေးတဲ့ Network နည်းပညာတစ်ခုဖြစ်ပြီး Hardware သမားတစ်ယောက်အတွက်လေ့လာထားသင့်တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ် ။

6. Cloud Computing

အထက်က IoT နဲ့ အခုပြောမယ့် Cloud နည်းပညာက မြန်မာနိုင်ငံမှာ တင် Trend ဖြစ်နေတာ အတော်လေးကြာပါပြီ ။ Senior Software Developer တစ်ယောက်အတွက် အလုပ်ခေါ်စာတွေမှာလဲ Cloud Knowledge က မပါမဖြစ်ပါနေတဲ့ နည်းပညာ တစ်ရပ်ဖြစ်ပါတယ် ။ Software Developer တစ်ယောက် အတွက် ကိုယ့် Software ကို Cloud Server တွေပေါ်မှာ Handle လုပ်နိုင်ဖို့ကလဲ အရေးကြီးတဲ့ အချက်တစ်ခုဖြစ်ပါတယ် ။ Cloud နည်းပညာမှာ Software Services တွေအပြင် တခြား Services ပေါင်းမြောက်များစွာနဲ့ လေ့လာစရာတွေလဲ ထုနဲ့ထေးပါပဲ ။ ကိုယ်က Software Developer တစ်ယောက်ဆိုရင်တော့
Software နဲ့ပတ်သတ်ပြီး Cloud Knowledge ရှိထားသင့်ပြီး Professional တစ်​ ယောက်​ ဖြစ်ရပ် တည်မယ်ဆိုလဲ လေ့လာထား သင့်တဲ့ နည်းပညာတစ်ရပ်ဖြစ်ပါတယ် ။

အထက်ပါဖော်ပြသွားတဲ့ နည်းပညာ တွေအားလုံး ကျွန်တော်လဲ မကျွမ်းကျင်သေး ပါဘူး ။ လေ့လာဆဲ အခြေနေတွေမှာပဲ ရှိပါသေးတယ် ။ နည်းပညာတွေအားလုံးက ကျွန်တော့်အတွေး ကျွန်တော့်အမြင်နဲ့ဖော်ပြ သွား တာဖြစ်လို့ မိတ်ဆွေတို့ အမြင်အတွေး တွေနဲ့ Comment မှာ ဖော်ပြသွားနိုင်ပါတယ် ။

"WEB Fundamental Live Class"WHM ကို Web Fundamental Live Class သင်ကြားပေးဖို့ လာရောက်တောင်းဆိုတဲ့ကျောင်းသား တစ်ချို့အတွက...
27/02/2023

"WEB Fundamental Live Class"

WHM ကို Web Fundamental Live Class သင်ကြားပေးဖို့ လာရောက်တောင်းဆိုတဲ့ကျောင်းသား တစ်ချို့အတွက် March လ ၁ ရက်နေ့ တွင် Live Class စတင်သင်ကြားပေးဖို့ရှိပါတယ် ။

Web Development ကို အခြေခံ ဘာမှမသိသေးတဲ့ Level ကနေစတင်ပြီး Fundamental Web Pages တွေ Animations. တွေကို နည်းစနစ်မှန်မှန် နဲ့ရေးဆွဲနိုင်တဲ့ Level ထိ သင်ကြားဖို့ ရည်ရွယ်ထားရင်တော့ WHM ရဲ့ Live Class ကို Join ဖို့အကြံပေးချင်ပါတယ် ။

ဘာတွေသင်ကြားမှာလဲ

What is Software Development?
What is Web Development?
HTML5
Css 3
Css Animations and Other useful libraries
Css Components
Html + Css (Mini Projects)
JavaScript ES6
JavaScript Video Class (Gift)
Coding Challenges
Mini Projects
Js Animation Libraries
Learn Bootstrap5 with Simple Templates
Learn Git & Github
Final Projects

အစရှိတဲ့ Outlines များကို သင်ကြားမှာဖြစ်ပါတယ် ။

သင်ကြားမည့်ရက်
March 1, 2023

သင်ကြားမည့်အချိန်
Monday - Thursday (8pm - 9:30pm)

သင်တန်းကြေး
1 month - 70000 MMK

သင်တန်းကာလ
၃လ

လူဦးရေ ကန့်သတ်ထားပါတယ် ။ ၁၀ဦးမကျော်ပါဘူး ။ လက်ရှိ ၅ယောက်ရပြီဆိုတော့ နောက်ထပ်၅ဦးသာ အလွန်ဆုံးလက်ခံပါတော့မယ် ။

အသေးစိတ်ဆက်သွယ်စုံစမ်းလိုပါက
09793148428 ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Cloud Computing ကျွန်တော်က စာအုပ်စင်လေးတစ်ခု ဆောက်ချင်တယ် ။ စာအုပ်အမျိုးစား အစုံလင်နဲ့ပေါ့ ။ ဒါဆို ကျွန်တော့်အနေနဲ့ စင်အ...
25/02/2023

Cloud Computing

ကျွန်တော်က စာအုပ်စင်လေးတစ်ခု ဆောက်ချင်တယ် ။ စာအုပ်အမျိုးစား အစုံလင်နဲ့ပေါ့ ။ ဒါဆို ကျွန်တော့်အနေနဲ့ စင်အရင်ဆောက်ရမယ် ။ စာအုပ်စင်မှာ ထားချင်သမျှစာအုပ်တွေ ဝယ်ယူစု စောင်းရမယ် ။ ဒီတော့အကုန်အကျအ ရမ်းများပါတယ် ။ အကယ်လို့ စာအုပ် အငှားဆိုင်ကနေ ငှားရမ်းမယ်ဆို ကိုယ်ငှားတဲ့ စာအုပ်ဖိုးသာပေးရမှာ ဖြစ်ပြီး သူ့မှာ ကိုယ်လိုအပ်တဲ့ စာအုပ်တွေတင်မက အမျိုးအစားအစုံလင်နဲ့မနဲမနှော စာအုပ်တွေ ရှိပါတယ် ။ ကိုယ်မငှားတော့ရင်လဲ ဘာမှထပ်ပေးစရာမလိုတော့ပါဘူး ။

Cloud Computing ဆိုတာလဲ ဒီလိုပါပဲ internet connection တစ်ခုပေါ်ကနေ Applicaton တစ်ခု Create လုပ်ဖို့ Configure လုပ်ဖို့ နဲ့ Customize လုပ်ဖို့ အဆင်ပြေစေမယ့် virtualization based နည်းပညာ တစ်ခုဖြစ်ပါတယ် ။ ဒီ Cloud platform ကို အသုံးပြုပြီး ကျွန်တော်တို့ အနေနဲ့ Application Development ပြုလုပ်ဖို့ Data တွေသိမ်းဆည်းဖို့ အပြင် Backup နဲ့ Recovery ပြုလုပ်နိုင်ခြင်း Website တွေ Host လုပ်နိုင်ခြင်း Data Analysis ပြုလုပ်နိုင်ခြင်းအပြင် Audio နဲ့ Video တွေပါ Streaming ပြုလုပ်နိုင်ပါတယ် ။ ဒီနည်းပညာပေါ်ပေါက်လာတာနဲ့ ပတ်သတ်ပြီး ကောင်းကျိုးတွေမြင်သာဖို့ ဆိုရင် ယခင်က အသုံးပြုခဲ့တဲ့ ​ပုံစံတွေနဲ့ယှဥ်ကြည့်ဖို့ လိုအပ်ပါလိမ့်မယ် ။ ယခင်ကဆို IT companies တစ်ခု အတွက် ကိုယ့်ရဲ့ software တွေ mail services တွေ ဝန်ဆောင်မှုလုပ်ငန်း ပေါင်းစုံအတွက် Server Room တစ်ခုလိုအပ်ပါတယ် ။ Server Room လို့ပြောလိုက်တာနဲ့ Database Server တွေ Networking တွေ Firewalls,Router,Modem တွေ Switches တွေအပြင် တခြားသော တန်ဖိုးကြီး ပစ္စည်းပေါင်းများစွာအပြင် ဒါတွေ ကို Maintainence လုပ်ပေးနိုင်မယ့် Enginner တွေလဲ လိုအပ်ပါတယ် ။ ဒီတော့ Server Room တစ်ခုဖြစ်ဖို့အတွက် ငွေကြေးအရမ်း ကုန်ကျပါတယ် ။ ကိုယ့်စီးပွားရေးကသေးသေး
ကုန်ကျငွေက များများဖြစ်နေနိုင်ပါတယ် ။ ဒီအခက်ခဲတွေကို Internet ပေါ်ကနေ အလွယ်တကူလုပ်ဆောင်ပေးသွားနိုင်တာကတော့ Cloud Computing နည်းပညာပါပဲ ။ ဆိုတော့ Cloud အကြောင်းဆက်ရှင်းပါမယ် ။

Cloud ဆိုတာ "Distributed Computing Environment" တစ်ခုမှာ အလုပ်လုပ်ပါတယ် ။ ဆိုတော့ DCE (Distributed Computing Environment) ဆိုတာကရောဘာလဲ ။ DCE မှာပါဝင်တဲ့ Distributed ဆိုတာ ဖြန့်ဝေတာပါ ။ ဘာတွေဖြန့်ဝေတာလဲဆိုတော့ ကျွန်တော်တို့ Application တစ်ခုရဲ့နောက်ကွယ်မှာ အသုံးပြုနေတဲ့ Database တွေ Server တွေ အစရှိတဲ့ Computing Resources တွေကို Users တွေကြား မြန်မြန်ဆန်ဆန်နဲ့ ပေးပို့ပေးနိုင်ခြင်းကို ဆိုလိုတာပါ။ Server တွေရဲ့ စွမ်းဆောင်ရည်က လဲ တော်တော်လေးကောင်းမွန်ပြီး Infra Fail ဖြစ်တဲ့ ပြသနာကလဲ အတော်လေး နဲသွားပါတယ် ။ Internet ပေါ်ကနေပဲလုပ်ရတာ ဖြစ်တဲ့အတွက် User အမြောက်များကိုလဲ Share ပေးပြီး အသုံးပြုနိုင်ပြီး Computer ပေါ်မှတင်မကပါဘူး Phone Tablet ပေါ်ကနေလဲ ကိုင်တွယ်နိုင်ပါတယ် ။ ဘာကြောင့်လဲဆိုတော့ Browser တစ်ခုရှိရုံနဲ့ အလုပ်လုပ်နိုင်နေလို့ပဲ ဖြစ်ပါတယ် ။ Maintainence ပိုင်းကကြည့်မယ်ဆိုလဲ User တစ်ယောက်ချင်းဆီရဲ့ Computer မှာလိုက်ပြီး တစ်ယောက်တစ်ခုဆီ Setup ချပေး နေစရာမလို တော့တဲ့အပြင် ကိုယ်အသုံးပြုချင်တဲ့ API (Application Program Interface) services တွေကိုလဲ လွယ်လင့်တစ်ကူ အသုံးပြုနိုင်ပါတယ် ။ ကျသင့်ငွေကိုလဲ ကိုယ်အသုံး ပြုသလောက်သာ ပေးရမှာပဲ ဖြစ်ပါတယ် ။
နောက်ဆုံး အကျိုးဆက်ကတော့ အကုန်ကျအ တော်လေးသက်သာသွား တာပါပဲ ။

Cloud Computing နဲ့ပတ်သတ်ပြီး စတင်ပေါ်ပေါက်လာတာ ၁၉၉၉ လောက်ကဆိုပေမယ့်် ဒီလို Computing ပိုင်းတွေကို Utility တစ်ခုလိုရောင်း နိုင်တယ်ဆိုတဲ့ Idea က ၁၉၆၁ လောက်ထဲက John MacCharty က MIT မှာပြော ခဲ့ဖူးပါတယ် ။ အဲ့ဒီခေတ်တုန်းကတော့ နည်းပညာမဖွံဖြိုးသေးတာကြောင့် အကောင်ထည်မဖော်နိုင်ပေမယ့် ၁၉၉၉ မှာ Saleforce က စတင်ပြီး Cloud Computing Service တွေကို Utility တစ်ခုအနေနဲ့ ရောင်းချပေးတဲ့ website တစ်ခုနဲ့ စီးပွားရေးနယ်ပယ်ထဲစဝင်လာပါတယ် ။ သူ့ နောက်မှာ ၂၀၀၂ မှာ AWS ၂၀၀၆ မှာ ကျွန်တော်တို့အတွက်အရမ်းအထောက်ကူပြုတဲ့ EC2 Service နဲ့ ၂၀၀၉ မှာ Google Apps ကလဲ Clod Computing Enterprise App တွေ ထုတ်လုပ်လာပါတယ် ။ လက်ရှိဆို ကမ္ဘာပေါ်မှာ Cloud Services ဝန်ဆောင်မှုပေးနေတဲ့ Companies ပေါင်းမြောက်များစွာရှိပြီး AWS (Amazon Web Service) , Microsoft Azure, GCP (Google Cloud Platform) တို့က ထိပ်ဆုံးမှာရပ်တည်နေတဲ့ companies တွေပဲ ဖြစ်ပါတယ် ။ ကမ္ဘာပေါ်က Companies တွေရဲ့ 94% လောက်ကလဲ Cloud Computing နည်းပညာကိုအသုံးပြုလျက်ရှိနေပါတယ် ။

Cloud Computing အကြောင်းပြောမယ်ဆိုရင်
Cloud အမျိုးအစားတွေ Cloud Services Model တွေ Virtualization နည်းပညာတွေကိုလဲ အသေးစိတ် ပြောဖို့လိုအပ်ပါတယ် ။ ဒီအကြောင်းတွေကိုလဲ သူ့ Topic နဲ့သူ အသေးစိတ် ထပ်ရှင်းပြပါမယ် ။ AWS,Azure တို့လို Provider Services တွေနဲ့ DevOps ပိုင်းတွေ မလေ့လာခင် Computing အကြောင်းသိထား ဖို့လိုအပ်ပါလိမ့်မယ် ။ ဒါမှသာလေ့လာတဲ့အခါ ထိရောက်ပြီး အကျိုးရှိစေမှာပါ ။

" နှစ်သစ်ကူး ပရိုမိုးရှင်းနှင့် WEBHUB Myanmar ၏ Development Courses များကို လေ့လာလိုက်ပါ! "၂၀၂၂ ဇန်နဝါရီလ တစ်ရက်နေ့ မှာ...
30/12/2022

" နှစ်သစ်ကူး ပရိုမိုးရှင်းနှင့် WEBHUB Myanmar ၏ Development Courses များကို လေ့လာလိုက်ပါ! "

၂၀၂၂ ဇန်နဝါရီလ တစ်ရက်နေ့ မှာ WHM ကနေ JavaScript Donation Class တစ်ခု စတင် ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး နောက်ပိုင်း Paid Class အဖြစ်ထပ်မံရောင်းချခဲ့ရာ လက်ရှိ တစ်နှစ်တာအတွင်းကျောင်းသား ၅၀၀ ကျော်လောက်လေ့လာနိုင်ခဲ့ပါတယ် ။

WHM ရဲ့ နှစ်ကုန် အစီစဥ်သစ်လေးကတော့ WHM ရဲ့ JavaScript Course ကို Course Promotion ကာလ အတွင်း အခမဲ့ တက် ရောက် နိုင်မှာဖြစ်ပါတယ် ။ Theory ကို အရှင်းလင်းဆုံးနားလည်စေမယ့် Projects တွေ
အပြင် လက်တွေ့ လုပ်ငန်းခွင်မှာလဲ အကျိုးရှိစေမယ့် Projects များလဲ ပါဝင်ပြီး Programming စတင်လေ့လာ သူများ အတွက်လဲ အဆင်ပြေစေဖို့ Coding Challenges များလဲ ထည့်သွင်း သင်ကြားပေးထားပါတယ် ။ ကျောင်းသားဟောင်း များ အနေနှင့်လဲ Group အသစ် Guide အသစ် Join လိုလျှင်လဲ လာရောက် ဆက်သွယ်နိုင်ပါပြီ ။

ဒါ့အပြင် တခြား Course တွေဖြစ်တဲ့ ReactJS နဲ့ Laravel Class များကိုလဲ 20% discount နဲ့ ဝယ်ယူနိုင်ပါပြီ။

JavaScript နဲ့ ReactJS Courses များမှာ Project Based Courses များဖြစ်ပြီး Coding Challenges တွေ Related ဖြစ်တဲ့ Packages တွေနဲ့ Projects အများအပြားကို လေ့လာနိုင်ပါတယ် ။ Laravel Courses ကတော့ Real World အသုံးများတဲ့ Packages တွေ Usage တွေအများအပြားပါဝင်ပြီး News App တစ်ခုပါဝင်ပါတယ် ။

✨ Course Outline အသေးစိတ်ကို ပုံတစ်ပုံ ချင်းစီကို ထောက်ကြည့်ပြီး ဖတ်ရှုနိုင်ပါတယ် ။

✨ Courses အားလုံးမှာ Pre recording Class များဖြစ်ပြီး Youtube Private Channel ကိုအသုံးပြုပြီး တင်ပေးထားပါတယ်။

✨ Facebook Private Group တွင်တော့ Guide အလိုက် နံပါတ်စဥ်နှင့်တစ်ကွ စီစဥ် ပေးထား တဲ့အတွက် အလွယ်တကူ လေ့လာ နိုင်ပါ တယ်ဗျ ။

✨ သင်တန်းအပ်နှံငွေလွှဲရန် ဖုန်းနံပါတ် အချက်လက်များကို Page Chat Box တွင်လာရောက်တောင်းယူနိုင်ပါပြီ ။

Courses Promotion များမှာ ၂၀၂၃ ဇန်နဝါရီလ ၅ ရက်နေ့အထိသာ Promotion ရှိမှာဖြစ်တဲ့အတွက် အမြန်ဆုံး ဝယ်ယူ လေ့လာ နိုင်ပါပြီ ။

webhubmm.com
[email protected]
09793148428 (Htet Myat Soe)

Laravel and realtime part 3Presence channelPresence channel ကတော့ channelကိုလာ subcribe လုပ်မှ ထားသေးသ၍ dataတွေကို ဖလှယ်...
28/12/2022

Laravel and realtime part 3
Presence channel

Presence channel ကတော့ channelကိုလာ subcribe လုပ်မှ ထားသေးသ၍ dataတွေကို ဖလှယ်လို့ရပါတယ်။ သူ့ကိုအဓိက အားဖြင့် user online offline status တွေမှာသုံးကြပါတယ်အသုံးတော့နည်းပါတယ်။ ရေးပုံကတော့ private channel နဲ့အတူတူပါဘဲ channel create လုပ်တဲ့ချိန်မှာ PresenceChannel ဆိုတဲ့ key word ကို သုံးပါတယ် ။ authenticate စစ်တဲ့နေရာမှာ private channel မှာလို မဟုတ်ဘဲ $user က null မဖြစ်ဘူးဆိုရင် အဲ့ user ရဲ့ dataတွေကို ထုတ်ပေးလိုက်တာပါ။ private channel နဲ့ကွာသွားမှာက presence channel မှာ listen အပြင် here, joining, leaving ဆိုပြီး method 3ခုပိုပါတယ်။
Presence channel ကို subcribe လုပ်ဖို့က join ဆိုတဲ့ method ကိုသုံးပါတယ် သူ့မှာ channel nameကိုထည့့်ရပါတယ်။ here() method ကတော့ channel ကို လာ subcribe လုပ်တဲ့ user မှန်သမျှကို count လုပ်ထားပြီး user name လို userရဲ့ dataတွေကိုလက်ခံထားပါတယ် အဲ့ဟာတွေကို joining()method ကနေ ပြီး ဘယ်သူကတော့ online ဖြစ်နေပါတယ်ဆိုပြီ တယောက်က်ချင်းဆီကို ပြလို့ရပါတယ်။ leaving() method ကတော့ရှင်းပါတယ် channel ကနေထွက်သွားတဲ့ကို ဖယ်ထုတ်ပေးပါတယ်။အဲ့ဒီ method 3ခုလုံးမှာ parameter တွေပါပါတယ်။ code အပြည့်စုံကိုပုံမှာကြည့်ရင်တော့နားလည်မှာပါ။

//Ye Aung Khant (WHM Team Member)

Laravel and realtime part 2Laravel and Realtime ရဲ့ အရင်အပတ်က အဆက်ဖြစ်တဲ့ private channel ကိုပြောပြသွားပါမယ်။Private cha...
28/12/2022

Laravel and realtime part 2
Laravel and Realtime ရဲ့ အရင်အပတ်က အဆက်ဖြစ်တဲ့ private channel ကိုပြောပြသွားပါမယ်။

Private channel

Private channel ဆိုတာကတော့ ကိုယ့် dataတွေကို ရောက်စေချင်တဲ့ နေရာ ဒါမှမဟုတ် ရောက်စေချင်တဲ့ user ဆီကိုဘဲ ပို့ပေးတာပါ။ ရှေ့အပတ်ကပြောခဲ့တဲ့ Public channel လို နေရာတိုင်းကိုမပို့တော့ပါဘူး ဒါကြောင့် ပိုလုံခြုံပြီး performance လည်းပိုကောင်းပါတယ်။ ဘယ်လိုနေရာမှာအသုံးပြုလို့ရလည်းဆိုတော့ chat appတွေ၊ notification ပို့တဲ့ feature တွေမှာသုံးလို့ပါတယ် တခြားအသုံးပြုလို့ရတဲ့နေရာတွေအများကြီးရှိပါသေးတယ်။
Private channel တခုကို စလုပ်ဖို့ event တခုကို create လုပ်ပါ။ Example အနေနဲ့ chat app တခုမှာလိုအပ်တဲ့ အဆင့်တွေနဲ့လုပ်ပြသွားပါမယ်။
Event မှာက public channel လို data တခုထဲ ကို ဖမ်းလို့မရတော့ပါဘူး။ ကိုယ်က စာပို့ချင်တဲ့ user id တွေကို ပါဖမ်းထားဖို့လိုပါပြီ။

ပထမပုံမှာ message send button ကို နှိပ်ရင် axios နဲ့ message နဲ့ စာပို့ချင်တဲ့ user id ကို ထည့်ပေးလိုက်ပါတယ်။ အဲ့ဒါကို controller ဘက်ကနေ ဖမ်းပြီး ခုနက create လုပ်ခဲ့တဲ့ Event ဆီကို broadcast လုပ်လိုက်ပါတယ်။

Event ရဲ့ constructor မှာ controller ကနေ broadcast လုပ်လိုက်တဲ့ user id နဲ့ message ကို ထည့်လိုက်ပါတယ်။ broadcastOn function မှာက channel ကို သတ်မှတ်ပေးရပါမယ် ကျွန်တော်တို့ လိုချင်တဲ့ channel က private မို့လို့ PrivateChannel ဆိုတဲ့ keywordကိုသုံးရပါတယ် channel name ပေးတဲ့နေရာမှာ တခုသိရမှာက ကျွန်တော်တို့ message ပို့ချင်တဲ့ user ရဲ့ idကို တွဲထည့့်ပေးရပါမယ် ဒါမှ လူတိုင်းဆီမရောက်မှာပါ။ ဒီနည်းကိုသုံးပြီး public မဟုတ်တဲ့ dataတွေကို target userဆီကို ပို့လို့ရပါတယ်။

ကျွန်တော်တို့ရဲ့ channel က private channel မို့လို့ user authenticate ဖြစ်မဖြစ်စစ်ပေးဖို့လိုပါတယ်။ မစစ်စ်ထားရင် error တက်ပါတယ် ဘာမှပို့လို့ရမှာမဟုတ်ဘူး။ ဘာမှာစစ်မှာလည်းဆိုတော့ route/channel.php မှာ ပုံထဲကအတိုင်းရေးလိုက်ပါ။ Event file ထဲမှာ channel ကို create လုပ်တုန်းက ပို့ချင်တဲ့ user id ကိုထည့်ခဲ့တဲ့အတွက် channel.php မှာ ရေးရင်လည်း user idကို accept လုပ်မယ့်နေရာတခုလိုပါတယ် channelname အနောက်မှာ ကိုယ်ပေးချင်တဲ့ parameter ပေးလိုက်ပါ။ function ထဲက $user ဆိုတာဘယ်ကလာတာလဲဆိုတော့ user model နဲ့တခါထဲချိတ်ပြီးသားပါ channel.php မှာ နဂိုပါတဲ့ broadcast တခုကိုအပေါ်မှာတွေ့ရမှာပါ အဲ့မှာ $user ကို user modelနဲ့ချိတ်ထားလိုက်တာပါ။ $user ကို ပြန်ယူသုံးလိုက်တဲ့သဘောပါ။ second parameter က ခုနက channel nameအနောက်ကနေ ထည့်ပေးလိုက်တဲ့ user id ကိုလက်ခံတဲ့ parameter nameဖြစ်ရပါမယ်။ $user နဲ့ second parameter ညီရင် return true ဖြစ်တဲ့ အတွက် authenticate ဖြစ်သွားပါပြီ errorမတက်တော့ပါဘူး။ ခုဆိုရင် ကျွန်တော်တို့ပို့လိုက်တဲ့ message က pusher ဆီရောက်သွားပါပြီ။ ဆိုတော့ message တွေကို blade မှာပြန်ပြဖို့ channel ကို subcribe လုပ်ရပါမယ်။
private channel ကို subcribe လုပ်ဖို့က
Echo.private('channelname.{{auth()->user()->id}}') ဆိုပြီး channelnameအနောက်မှာ authenticate user idကိုထည့့်လိုက်ရင် ရပါပြီ မြင်အောင်ပြောရရင် pusher မှာရောက်နေတဲ့ channelက channelname.4 ဆိုရင် user id 4 ကို ပို့တဲ့ message ဖြစ်တဲ့အတွက် auth user 4 ကဘဲ အဲ့ channel ကို subcribe လုပ်သွားမှာပါ။ message ကိုတွေမြင်ရဖို့အတွက် listen ထက်လုပ်ရပါမယ် listen လုပ်ပုံကတော့ public channel ကို listen လုပ်တာနဲ့အတူတူပါဘ မသိသေးရင် ဒီ link ကနေဖတ်ကြည့်ပါ
https://www.facebook.com/100146849002344/posts/236521628698198/?mibextid=Nif5oz
။ ဒါဆိုရင် ကျွန်တော်တို့ message တွေကို blade မှာမြင်ရပါပြီ။ codeအပြည့်စုံကို ပုံထဲမှာကြည့်ပါ။

Pusher private channel documentation https://pusher.com/docs/channels/using_channels/private-channels/

//Ye Aung Khant (WHM Team member)

Address

Pagoda Road
Yangon

Alerts

Be the first to know and let us send you an email when Web Hub posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Web Hub:

Share